Wednesday, December 2, 2015

" ကြို တင်ပြင်ဆင်သင့်ပါပြီ "


ယနေ့ နိုင်ငံတော်အဆင့် ပြု ပြင်ပြောင်းလည်းမှု အခြေအနေကို အများ
သိကြပြီးဖြစ်ပါတယ်...ပြောင်းလည်းဖြစ်ပေါ်လာမယ့် အခြေအနေအရ
စီးပွားရေးအသင်းအဖွဲ့ များလည်း..ပြု ပြင်ပြောင်းလည်းသွားကြဖို့  အဓိ
ကလိုအပ်တယ်လို့ မြင်မိပါတယ်...နိုင်ငံတော်ရဲ့ ....စီးပွားရေးကဏ္ဍတိုး
တက်ရန်အတွက် နိုင်ငံတော်အစိုးရတခုတည်းနဲ့ လုပ်လို့ မရပါဘူး..ပုဂ္ဂ
လိက စီးပွားရေးကဏ္ဍ တိုးတက်ဖို့ လည်းလိုပါတယ်....ပြီးခဲ့တဲ့ ကာလ
ကိုပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင်..ပုဂ္ဂလိက စီးပွားရေးကဏ္ဍ..တိုး
တက်မှုမရှိဘူးလို့ ပြောလို့ ..မရပါဘူး...တိုးတက်သူများက အဆမတန်
တိုးတက်ခဲ့ကြပြီး..လုပ်ပိုင်ခွင့်များကိုအသုံးချ..နိုင်ငံတော်ကယုံကြည်စွာ
တာဝန်ပေးထားမှုကို အခွင့်ကောင်းယူတတ်တဲ့သူများရဲ့ ...တိုးတက်မှု
များကတော့..အတိုင်းထက်အလွန်လို့ မြင်မိပါတယ်...
နိုင်ငံတော်မှာ..ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုးတက်တဲ့နေရာမှာ...မညီမျှ
မှုတွေကြောင့်.....ပြီးခဲ့တဲ့ အဖြေတရပ်..ပေါ်ထွက်လာရတာလို့ မြင်မိပါ
တယ်...ပုဂ္ဂလိကပိုင်စီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ စီးပွားရေးအသင်း
အဖွဲ့ များရဲ့ မှန်ကန်သောအောင်မြင်မှု မရှိတာကလည်း..ပုဂ္ဂလိကပိုင်စီး
ပွားရေးကဏ္ဍကို များစွာထိခိုက်ခဲ့ကြောင်းမြင်တွေ့ ရပါတယ်...ပုဂ္ဂလိက
စီးပွားရေးအသင်းအဖွဲ့ များက နိုင်ငံတော်ရဲ့  စီးပွားရေးကဏ္ဍ တိုးတက်
ရေးကို အထောက်အကူမပြုခဲ့ကြဘဲ...အသင်းအဖွဲ့ များကိုဦးဆောင်နေ
ကြသူတို့ ရဲ့  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ အဓိကအနေဖြင့်အ
ထောက်အကူ ဖြစ်ခဲ့တယ်လို့ လည်း သုံးသပ်မိပါတယ်...
ထားတော့..ကျွန်တော်တို့  သဘောထားကြီးစွာ..ခ၀ါချ လိုက်ကြတာပေါ့
ယနေ့ အခြေအနေမှာတော့...ကျွန်တော်တို့ ..နောက်တစ်ကြိမ် ခ၀ါချ ရ
တဲ့..အခြေအနေမျိုးကိုတော့ အရောက်မခံနှိုင်တော့ပါဘူး...စီးပွားရေးအ
သင်းအဖွဲ့ များ..အသင်းကို အသင်းနဲ့ တူအောင် လုပ်ကြဖို့ လိုလာပါပြီ..
အသင်းတရပ်မှာ..အဓိကကျ တဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းများကို ခေတ်နဲ့  ညီ
ညွတ်မျှ တအောင်.. ပြောင်းလည်းရေးဆွဲကြရပါမယ်..အသင်းသာအား
လုံးရဲ့  သဘောတူညီမှု ဆန္ဒကို ရယူပြီး အတည်ပြုကြရပါမယ်...အခြေ
ခံကစပြီး..အဆင့်ဆင့်ကို အသင်းသားများရဲ့ အများဆန္ဒနဲ့ ရွေးချယ်တင်
မြှောက်စေတဲ့စနစ်ကို ပီပြင်အောင် အကောင်အထည်ဖေါ်ရပါ့မယ်......
ကျွန်တော်တို့  ဆန်စပါးအသင်းအဖွဲ့ တွေမှာဆိုရင်..အတော်ပုံမကျဘူး
လို့ သုံးသပ်ရပါတယ်...ဆန်စပါးလုပ်ငန်းတစ်ခုတည်အနေဖြင့်......ဆန်
စက်ပိုင်ရှင်များအသင်း...ဆန်စပါးကုန်သည်များအသင်း...စိုက်ပျိုးထုတ်
လုပ်သူများအသင်း...တွေရယ်လို့  နေရာတစ်ခုကို ဦးဆောင်ကြဖို့ အဓိ
ကထားလုပ်ခဲ့ကြလို့ ..ပုဂ္ဂလိကပိုင် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်များ
အနေဖြင့် စည်းလုံးမှု မရှိခဲ့ကြတဲ့အပြင် သွေးကွဲမှုကိုဖေါ်ဆောင်ခဲ့ကြပြီး
အုပ်စုဖွဲ့ ကာ.အခွင့်ထူးခံခဲ့ကြတာတွေလည်းရှိခဲ့တယ်လို့ မြင်မိပါတယ်..
ညီနောင်အသင်းများလို့ .အမည်တပ်ထားကြတဲ့...ဆန်စပါးအသင်းတွေ
အနေဖြင့်......အသင်းရဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းပါ အတည်ပြုချက်များနှင့် လုံး
ဝကိုက်ညီမှုမရှိခဲ့ကြဘူးလို့ မြင်မိပါတယ်.....မှန်ကန်သော အသင်းသား
စာရင်းမရှိ......ကျွန်တော့်အမြင်တင်ပြရမယ်ဆိုရင်..အသင်းသားအဖြစ်
ရပ်တည်လို့ ရတာ မရှိဘူးလို့ ဆိုချင်ပါတယ်...အသင်းအဖွဲ့ တရပ်မှာ အ
သင်းသားကစလို့ ...အဆင့်ဆင့်သောတာဝန်ရှိသူတို့ ရဲ့..တာဝန်နဲ့ ..၀တ္တ
ရား..လုပ်ပိုင်ခွင့် စတဲ့သတ်မှတ်ချက်တွေအနက်..အသင်းသားတစ်ဦး အ
နေဖြင့် လိုက်နာရမည့် အနိမ့်ဆုံးတာဝန်ဖြစ်တဲ့..အသင်းဝင်ကြေး..နှစ်စဉ်
ကြေး..များကို သတ်မှတ်ကာလအတွင်း ထည့်ဝင်ရမည် ဆိုတာကို မျက်
ကွယ်ပြုခဲ့ကြပါတယ်...အသင်းကိုဦးဆောင်နေကြသူများအနေဖြင့်..မသိ
ဟန်ဆောင်နေကြတာလား...အသင်းအဖွဲ့ တွေမှာ မရှိမဖြစ်လိုအပ်တဲ့ စီ
မံရေးရာ စရိတ်တွေကိုဘယ်ကရတဲ့ငွေတွေနဲ့ သုံးနေကြတာလည်း.. ဒါ
ဆိုရင်..အသင်းရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ရလာတဲ့ကိုယ်ကျိုးငွေတွေ ရှိ
နေလို့  စိုက်ထုတ်သုံးစွဲလုပ်နေနှိုင်တာလား...ဒါမှမဟုတ် မှန်ကန်တိကျ
တဲ့ အသင်းသားစာရင်းကို..မရှိတာလား...ရှိနေတယ်ဆိုရင်လည်း အသံ
တွေကို ကြောက်လို့  မကောက်ခံရဲတာလား...လားပေါင်းများစွာမေးစရာ
တွေက ရှိနေပါသေးတယ်...
အသင်းကိုဦးဆောင်နေသူများအနေဖြင့်...မိမိကိုယ်တိုင်က အသင်းသား
ဖြစ်နေရမယ်ဆိုတာသိကြလား...အသင်းသားများကိုယ်စားဦးဆောင်သူ
တွေအနေနဲ့ ..အသင်းသားတစ်ဦးအနေဖြင့် အနိမ့်ဆုံးလိုက်နာရမည့်တာ
ဝန် တစ်ရပ်ကိုပင် မစွမ်းဆောင်နှိုင်ခဲ့ကြတယ်ဆိုတာကိုရော..မိမိကိုယ်မိ
မိ..သုံးသပ်ခဲ့ကြဘူးရဲ့ လား....အနိမ့်ဆုံးလိုက်နာရမယ့်တာဝန်ကိုပင် အ
မှန်ဖြစ်အောင် မဆောင်ရွက်နှို င်ခဲ့တဲ့..ဦးဆောင်သူတို့ ..အခြားအခြား
သောတာဝန်များကို လုပ်နှိုင်တယ်ဆိုတာကို ကျွန်တော်တို့ ကလက်ခံနေ
ရဦးမှာလား....
စာရှည်သွားပြီဗျာ..ပြောချင်တာတွေကအများကြီးပါ...ကျွန်တော်တို့  ပြီးခဲ့
တာတွေကို ခ၀ါချနှိုင်ပါတယ်..ရှေ့ ဆက်ပြီး ပြောင်းလည်းမှု မရှိခဲ့ရင်တော့
လက်မခံတော့ဘူးဆိုတာ...ကိုတော့ သိနှိုင်ကြပါစေ..........................။

No comments:

Post a Comment