Wednesday, March 19, 2014

အာရာ ၀မ်း...အာရာ တူး...အာရာ သရီး


ဓနုဖြူက..လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး..အဖြေရှာတဲ့ပွဲမှာ ကျွန်တော် သိလိုက်ရတဲ့အဖြေတစ်ခုပါ
တောင်သူလယ်သမားများ အားလုံး  အဓိကတင်ပြတဲ့ အခက်အခဲ  ကတော့ .အာရာ ၀မ်း...အာရာ တူး
အာရာ သရီး ...

မြန်မာသံစစ်စစ်နဲ့  တင်ပြပြောဆိုခဲ့ကြတဲ့  R1...R2...R3  ဆိုတဲ့လယ်ယာမြေအဆင့်အတန်းသတ်မှတ်
ချက်ပါ...ပထမတန်းစားလယ်မြေ...ဒုတိယတန်းစားလယ်မြေ...တတိယတန်းစားလယ်မြေရယ်လို့ ကျွန်
တော်သဘောပေါက်ခဲ့ရပါတယ်...R-2 နဲ့ R-3 လယ်မြေများကိုသာပိုင်ဆိုင်လုပ်ကိုင်နေကြတဲ့ တောင်သူ
လယ်သမားများအနေနဲ့ တော့..ဘယ်တော့မှဆင်းရဲဒုက္ခကလွတ်ကင်းလာဖို့ ဆိုတာမလွယ်ကူနှိုင်.ကုန်း
ပိုင်းကျလို့ အောင်ရေကမရ...ရေကြီးနစ်မြုတ်လို့  စိုက်ပျိုးပြီးသီးနှံကပျက်...ချေးကြစမ်းပါဗျာ..ကြိုက်သ
လောက်ထုတ်ချေးကြစမ်းပါဗျာ...ဘာနဲ့ ပြန်ဆပ်ကြမလည်း...ပြန်ရတဲ့ငွေကစရိတ်တောင်မရ.ရာသီဥတု
ဖေါက်ပြန်မှုနဲ့  တွေ့ ရင် အဲ့ဒီနှစ် အရင်းပြုတ်...

ကျွန်တော်.... တောင်သူလယ်သမားတို့ ကိုပြောပါတယ်...ခင်ဗျားတို့ ဗျာ..စီးပွားရေးတွက်ခြေမကိုက်ဘဲ..
ဘာဖြစ်လို့ ငွေတွေချေးပြီး..မြုတ်နှံနေကြတာလည်း..ကိုယ့်လယ်မြေကအကျိုးအမြတ်ရှိနှိုင်မလားဆိုတာ
ကိုစဉ်းစားပြီးမှ ငွေချေးပြီးမြုတ်နှံ သင့်တယ်..မဟုတ်ရင် ချေးငွေတွေကို ဘယ်လို  ပြန်ဆပ်ကြမှာလည်း..
ဆရာပြောတာဟုတ်ပါတယ်တဲ့ဒါပေမယ့်ကျွန်တော်တို့ မှာက.ချေးငွေနဲ့ ဘဲလည်ပတ်စားသောက်နေရတာ
ပါတဲ့.မဆပ်နှိုင်တော့လည်း..အရေးယူတာခံလိုက်ရုံပေါ့တဲ့..စပါးဈေးတက်လာခဲ့ရင်..မတ်ပဲဈေးတက်လာ
ခဲ့ရင်နဲ့ ..ဒီလိုဘဲ မျှော်လင့်ချက်နဲ့ လုပ်နေရတာပါ...တွက်ချေမကိုက်ဘူးဆိုပြီးလယ်တွေကို...မစိုက်ဘဲပစ်
ထားလို့ မှမဖြစ်တာတဲ့..အာရာ ၀မ်း နဲ့ ရောပြီးလုပ်နေရတဲ့သူတွေကတော့တော်သေးပေမယ့်..အာရာ တူး နဲ့ အာရာ သရီး တွေဘဲပိုင်တဲ့လယ်သမားတွေကတော့ ဒုက္ဒတွင်းထဲက ထွက်နှိုင်မယ်မထင်ပါဘူးတဲ့.....

လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးတဲ့..မျိုးကောင်းမျိုးသန့် တွေစိုက်ကြပါတဲ့..ခေတ်မှီဆန်စက်တွေပြောင်း
လည်းဖို့ လိုနေပြီတဲ့..ပုလဲသွယ်ဆိုတာကိုတန်ချိန်၅သိန်းလောက်ပြည်ပကိုတင်ပို့ မလို့ တဲ့..လယ်ယာလုပ်
သားရှားပါးမှုအတွက်  စက်မှုလယ်ယာစနစ်ကို ပြောင်းမလို့ တဲ့...ကုန်ထုတ်လမ်းတွေ ရေသွင်း ရေထုတ်
မြောင်းတွေလိုအပ်တယ်တဲ့....အဲ့ဒီအပြောတွေက..ယနေ့ အထိ..Expoပွဲတွေထဲမှာ..အစည်းအဝေးခန်းမ
တွေထဲမှာ..အလုပ်ရုံဆွေးနွေးပွဲတွေထဲမှာ..စာတမ်းဖတ်ပွဲတွေထဲမှာ...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး
လို့ အော်ဟစ် နေရာယူ လုပ်စားနေကြသူများရဲ့ အပြောတွေထဲမှာသာရှိနေပါသေးတယ်...

R-1 ဆိုတဲ့ပထမတန်းစားလယ်မြေတွေအတော်များများကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကပိုင်ကုန်ကြပြီ
သူတို့ ကလယ်စိုက်စားဖို့ ဝယ်ထားကြတာမဟုတ်ဘူး...အခြားနည်းလမ်းများဖြင့်အသုံးပြုဖို့ ဝယ်ထားကြ
တာ..ဒါဆိုရင် ကျန်နေတာများတဲ့ R-2..R-3 တွေနဲ့ လုံးလယ်လိုက်နေကြတဲ့..တောင်သူလယ်သမားတွေ ကိုဆင်းရဲတွင်း ဒုက္ခတွေထဲက ဘယ်လို ကယ်ထုတ်ကြမှာလည်းဗျာ...

ပြည်တွင်း..ပြည်ပကုမ္မဏီများကလည်း..ကူညီချင်လိုက်ကြတာ..မျိုးကောင်းမျိုးသန့် .တွေတဲ့.....ခေတ်မှီ
လယ်ယာသုံးစက်ကရိယာတွေတဲ့...ဓါတ်မြေသြဇာ..ပိုးသတ်ဆေးအမျိုးမျိုးနဲ့ ..သွင်းအားစုတွေတဲ့..သူတို့ 
ပစ္စည်းတွေကိုရောင်းချင်တာကအဓိက..လယ်ယာမြေတွေမကောင်းတာသူတို့ မသိကြတာမဟုတ်.အနိမ့် 
အမြင့်မညီနေတဲ့ လယ်တွေကို သူတို့ ရဲ့ ကွန်ပေါင်းတွေ..မြေသြဇာတွေနဲ့ ပြုပြင်လို့ ..ရသလိုလို..သြော်.. လယ်ယာကဏ္ဍကဖွံ့ ဖြိုးတိုးတက်မှုသာမရှိခဲ့တာ..သူတို့ ကတော့လယ်ယာကဏ္ဍနဲ့ ထားစရာမရှိအောင် ချမ်းသာကုန်ကြပြီ.မရှိဆင်းရဲသားတောင်သူလယ်သမားတွေရဲ့ ချွေးနည်းစာတွေကို စားရက်ကြတယ်ဗျာ...

သမ္မတကြီးခင်ဗျား..အရင်ကတော့စပါးတောင်လိုပုံတဲ့..စပါးအိုးကြီးတဲ့.ယခုများတော့တောင်တွေလည်း
ကုန်လို့ စပါးတွေလည်းတောင်လိုပုံမထားနှိုင်ကြတော့ပါဘူး..စပါးအိုးကြီးထဲမှလည်း..စပါးတွေထက်အ
မှိုက်တွေကများနေပါပြီ...သမ္မတကြီးအနေနဲ့ .လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်စေဖို့ ..တောင်သူလယ်
သမားများရဲ့  လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့ အတွက်....တောင်သူလယ်သမားများရဲ့ လယ်ယာ
မြေများအား " အာရာ-တူး...အာရာ-သရီး လယ်မြေများကို အာရာ-၀မ်း လယ်မြေအဆင့်ရောက်အောင် လယ်ယာမြေပြုပြင်မှုများကိုဆောင်ရွက်ပေးပါရန်" တောင်သူလယ်သမားများကိုယ်စားတင်ပြလိုက်ရပါ
တယ်..ခင်ဗျား...........။

ပြောင်းလည်း သွားသော လယ်ကွင်းများ။

ငယ်ငယ်တုန်းက.....ကျွန်တော့်အဖေက ၀န်ထမ်းဆိုတော့ တာဝန်ကျရာ မြို့ ကနေ သူ့ ဇာတိ ရွာကို ကျွန်တော်တို့ မိသားစု အလည်သွားတတ်ပါတယ်...ရထားစီးလို့  ပေါ့ဗျာ...အဲဒီနေရာမှာ...ရထားအ
ကြောင်းလေးကြော်ငြာဝင်လိုက်ရဦးမယ်...ရေနွေး ငွေ့ စက်ခေါင်းနဲ့ ဆိုပေမယ့်...ရထားပျက်တာ..အ
ချိန်နောက်ကျတာသိပ်မရှိခဲ့ဘူးဗျ...အဖေက၀န်းထမ်းဆိုတော့  ရိုးရိုးတန်းလောက်သာ စီးနှိုင်ကြတာ
ဒါပေမယ့် ရိုးရိုးတန်းတွဲတွေမှာ...သုံးရေနဲ့ လက်ဆေးကန်ပါတယ်ဗျ...မှောင်ရင်လည်းမီးထိန် အောင်
လင်းတယ်ဗျ....ရထားက သိပ်မလှုပ်တော့ နံရံတို့ ခုံတို့ ကို ကိုင်စီးရတာမျိုး တော့မရှိခဲ့ဘူးဗျ....အခု
ခေတ်ရထားတွေလိုပခက်စီးရတာမျိုး...မြင်းစီးရတာမျိုး တွေလို..အရသာအမျိုးမျိုးတော့ မခံစားရဘူး
ပေါ့ဗျာ...ကျွန်တော်ငယ်ငယ်ကတည်းကမှတ်မိနေခဲ့တာက.ရထားပေါ်ကမြင်ခဲ့ရတဲ့လယ်ကွင်းတွေပါ.
.အဲဒီအချိန်က  ဘာစပါးမျိုးတွေစိုက်တယ်တော့မသိပါဘူး....လယ်သမားကြီးတွေ လယ်ကွင်းတွေထဲ
သွားနေတာ.သူတို့ ဆောင်းထားတဲ့ခမောက်တွေသာမြင်ရပါတယ်..စပါးပင်အရပ်တွေက..အဲ့လောက်
မြင့်တာ.... ရွာရောက်တော့...ဦးကြီးတွေနဲ့ သူတို့   ရဲ့ လယ်ကွင်းတွေထဲလိုက်သွားရတာ...ပျော်စ ရာ အလွန်ကောင်းဗျာ..လယ်ထဲကစပါးပင်တွေကြားမှာ..ငါးလေးတွေဗျာအများကြီး..ကန်သင်းရိုးတစ်ခုနဲ့ 
တခုကြားရေစီးကြောင်းဘေးက..မြေကြီးထဲမြုတ်ထားတဲ့စဥ့်အိုးထဲမှာငါးတွေကအရွယ်စုံအများကြီးဗျ.
.ရေစီးကြောင်းဆန်တဲ့လာတဲ့ငါး တွေကိုထောင်ဖမ်းတာတဲ့..၀ါးနဲ့ လုပ်ထားတဲ့ မြှုန်းဆိုတဲ့အထဲတွေမှာ
လည်းငါး လေးတွေအများကြီး..မြေကြီးတွေနဲ့ ဝိုင်းလို့ ကျင်းပေါက်လေးတွေပုဇွန်လုံးတွေ နေတာတဲ့..
လယ်ထဲကအပြန်မှာ..ဦးကြီးက.မိထားတဲ့ငါးတွေထဲ့..အရွက်တွေအများကြီးဗျငါးပိချက်နဲ့ တို့ စားဖို့ တဲ့..
အဲ့ဒါတွလည်း ခူးလာသေးတယ်ဗျ...ထမင်းစားကြတော့...ကောင်းမှကောင်းဗျာ...လယ်ထဲကငါးချက်..
.ငါးပိချက်နဲ့  ခူးလာတဲ့ အရွက်တွေ..အဲဒီတုန်းကကြားဘူးခဲ့တာ..လယ်ငါးခူတဲ့..ငါးပိတို့ ငံပြာရည်တို့ ဆို တာ..လယ်ကရတဲ့ငါးတွေနဲ့ ..တနှစ်စာရနေတာတဲ့.... နွေမှာ ရောက်တဲ့အခေါက်...လယ်ထဲကိုအမှိုက်
သွားချမလို့ ..လှည်းစီးရအောင်လိုက်ကြမလားတဲ့.ဘကြီးက.လိုက်တာပေါ့ဘယ်နေပါ့.ဟား.မချောင်ဘူး
.လှည်း ပေါ်မှာက နွားချေးတွေရော.သစ်ရွက်အမှိုက်တွေရော.တယ်နံ..ဒါပေမယ့်လှည်းစီးရတာဆိုတော့
ပျော်တာပေါ့ဗျာ..အဲဒီအချိန်တုန်းက..ဓါတ်ဆားဆိုတာမကြားဘူးသေးဘူးဗျ..ပိုးသတ်ဆေးဆိုတာလည်း.
.ရှိမယ်မထင်ပါ..အဲ...စာချောက်ရုပ်ဆိုတာတော့ရှိတယ်.လယ်ကွင်းတိုင်းလိုလိုပါဘဲ...ယခုကျွန်တော်...
လယ်ကွင်းတွေထဲရောက်ပါတယ်..ငါးဆိုတာမရှိ...လယ်ငါးခူဆိုတာကရော..ဘယ်လယ်ကွင်းတွေကလာ
တယ်မသိ..ပုဇွန်လုံးဆိုတာ မြို့ ထဲမှာဘဲတခါတလေတွေ့ ရတော့တယ်..ကောက်ရိုးနွယ်တဲ့..ကျွန်တော်
သိပ်ကြိုက်တာ.ဒါ ပေမယ့်မစားရဲတော့ဘူး..စပါးပင်တွေကတော့ မြင်ကြတဲ့အတိုင်း..လူဖြတ်သွားရင် ဒူးခေါင်းတောင်မြင်နေရပြီ..လယ်သမားတွေ..ငါးပိ..ငံပြာရည်..အတုတွေဝယ်စား နေကြရပြီ..တို့ စရာ
အတွက်..မြို့ ကဈေးကိုလူကြုံမှာနေရပြီ....စိုက်ပျိုးသီးနှံကလွဲလို့ ..လယ်ကွင်းတွေထဲကဘာမှမခံစားကြ
ရတော့ပါလားဗျာ။

Sunday, March 16, 2014

Dr Myo Aung Kyaw ' s rice trial plot.


Follow up check to the rice trial plots in Kyaik Lat. We made trial plots using Buffalo Head Fertilizers in different preparations: Golden N, 46P+, Rice 1 and Rice 2. Although the final results will be come out in next month, we can say ours are really effective for both hybrid as well as high yield varieties. 

Myo Aung Kyaw's photo.
Myo Aung Kyaw's photo.


Myo Aung Kyaw's photo.

Saturday, March 15, 2014

လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် တကယ်လုပ်နေတဲ့ ဦးချစ်ခိုင်။

ကဉ္စနကျွန်းသာကုမ္မဏီလီမိတက်ဥက္ကဌကြီးမှ..လမ်းဘေးဝဲ..ယာ မြောင်းများကိုမိမိအနေဖြင်.စက်ယန္တယား 
 
များအသုံးပြုပြီး..တူးဖေါ်သွားနှိုင်ရန်..ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း..တောင်သူများအနေဖြင့်..ရေ
 
လမ်းမှထုတ်ကုန်ပစ္စည်းများကိုသယ်ယူရာတွင်အသုံးဝင်နှိုင်ခြင်း..စိုက်ပျိုးရေလိုအပ်မှုအတွက်အဆင်ပြေနှိုင်
 
ခြင်း..ရေကြီးနစ်မြုတ်မှုမှကာကွယ်နှိုင်ခြင်း...ကျေးလက်ဒေသမီးဘေးအန္တရယ်ဖြစ်ပေါ်ပါကရေလုံလောက်မှု
 
ရရှိခြင်း တို့ အတွက်ရည်ရွယ်ပြီးလုပ်ဆောင်မှာလို့ ဆိုပါတယ်................။
 
 
Photo: ကဉ္စနကျွန်းသာကုမ္မဏီလီမိတက်ဥက္ကဌကြီးမှ..လမ်းဘေး ၀ဲ..ယာ မြောင်းများကို

မိမိ အနေဖြင်.စက်ယန္တယား များအသုံးပြုပြီး..တူးဖေါ်သွားနှိုင်ရန်..ညှိနှိုင်းဆောင်

ရွက်သွားမည်ဖြစ်ကြောင်း...တောင်သူများအနေဖြင့်...ရေလမ်းမှ ထုတ်ကုန်ပစ္စည်း

များကို သယ်ယူရာတွင်အသုံးဝင်နှိုင်ခြင်း..စိုက်ပျိုးရေလိုအပ်မှုအတွက်အဆင်ပြေ

နှိုင်ခြင်း..ရေကြီးနစ်မြုတ်မှုမှကာကွယ်နှိုင်ခြင်း...ကျေးလက်ဒေသမီးဘေးအန္တရယ်

ဖြစ်ပေါ်ပါကရေလုံလောက်မှုရှိခြင်း တို့ အတွက်ရည်ရွယ်ပြီးလုပ်ဆောင်မှာလို့ ဆိုပါ
တယ်................။

ကဉ္စကျွန်းသာကုမ္မဏီ ဥက္ကဌ ၏ လယ်ယာကဏ္ဍ ဆောင်ရွက်မည့်အစီအစဉ်။

ဓနုဖြူမြို့ ..မှာကျင်းပပြုလုပ်ခဲ့တဲ့...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရေးအတွက်.တောင်သူလယ်သမားတို့ 
၏အမှန်တကယ်လိုအပ်ချက်များကိုဆွေးနွေးအဖြေရှာသည့်.တွေ့ ဆုံပွဲအပြီးမှာ.ကဉ္စနကျွန်းသာကုမ္မဏီလီမိ
တက်မှ..ဓနုဖြူမြို့ နယ်အတွင်း..ကျေးလက်ဒေသဖွံ့ ဖြိုးရေး..ကုန်ထုတ်လမ်းများဖေါ်ဆောင်ပေးရေး..ရေစီး
ရေလာကောင်းမွန်ရေး...ရည်ရွယ်ချက်များ နှင့်ဆောင်ရွက်မှုအစီအစဉ်အရ..ပံ့ပိုးလှူဒါန်းသည့်..ကွန်ကရစ်
လမ်းတစ်ခုသို့ သွားရောက်ခဲ့ပါတယ်...

ကဉ္စနကျွန်းသာကုမ္မဏီလီမိတက်ဥက္ကဌကြီးအား...ဓနုဖြူမြို့ နယ်ကဲ့သို့ အခြားဒေသမြို့ နယ်များကိုလည်း...
လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်.လိုအပ်နေမှုများကို.ဒေသလိုအပ်ချက်များအပေါ်ဦးစားပေးအစီ
စဉ်ဖြင့် ဆက်လက်ကူညီပံ့ပိုးပေးနှိုင်ပါရန် တင်ပြဆွေးနွေးခဲ့ပါတယ်...

ဥက္ကဌကြီးအနေဖြင့်...ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း..မိမိကုမ္မဏီအနေဖြင့်၎င်း..မြန်မာနိုင်ငံဆန်
စပါးအသင်းချုပ်အနေဖြင့်၎င်း..မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကုမ္မဏီ(MAPCO)အနေဖြင့်၎င်း..ဒေသ
အလိုက်လယ်ယာသုံးစက်ကရိယာများအငှားလိုက်ဝန်ဆောင်မှုစခန်းများ၊ဒေသလိုအပ်ချက်ရှိသောနေရာများ
တွင်သိုလ်/ရုံများ.ဆန်စက်များနှင့် တောင်သူလယ်သမားများ၏.လိုအပ်ချက်များကို ဒေသအလိုက်ဦးစားပေး
ဆောင်ရွက်ပေးမည့်.ကိစ္စရပ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်.ဒေသအလိုက်ဆောင်
ရွက်မည့်လုပ်ငန်းများကိုလည်း...သက်ဆိုင်ရာဒေသ ရှိတောင်သူလယ်သမား ကိုယ်စားလှယ်များပါဝင်သော
လုပ်ငန်းကြီးကြပ်မှုကော်မတီများဖွဲ့ စည်းပြီးဆောင်ရွက်သွားမယ်လို့ လည်းပြောကြားခဲ့ကြောင်းပါ..ခင်ဗျာ။
 
 
Nay La's photo.

တော်သေးတာပေါ့... ကြွက်တွေက အရက်ကြိုက်လို့ 


ကျွန်တော့်  လယ်မြေမှာ သီးထပ် စမ်းစိုက်ကြည့်တဲ့..အစေ့ထုတ်ပြောင်းခင်း အဖူးတွေ ရင့်ခါနီးမှ...
.ကြွက်ဖလောင်းတွေကိုက်လို့ ဗျို့ ...ကိုင်းဘက်က  ဆရာတွေကို...လှမ်းမေးတော့..ဆန်စေ့တွေကို
အရက်နဲ့ နယ်ပြီး ပတ်ကြားအက်တွေထဲ လိုက်ထဲ့လိုက်တဲ့...ဟုတ်သားလား...ဆန်စေ့တွေတော့..
မတွေ့ ရတော့ဘူး...ပြောင်းဖူးတွေလည်းဆက်ပြီးအကိုက်မခံရတော့ဘူး...ပြောင်းဖူးကတော့ဘယ်
လောက်ရမယ်မသိ..ကြွက်တွေကို...မခူးမချင်း နေ့ စဉ်အရက်တိုက်ရမယ်ကိန်းတော့ဆိုက်နေပြီ..။

သြော်...ကိုယ်တိုင်လုပ်ကြည့်တော့မှ...ကိုယ်ချင်းစာနာမိခဲ့ရ..စိုက်ပျိုးထုတ်လုပ်သူတွေရဲ့ ..အခက်
အခဲတွေ..မနည်းပါလား...အပင်ပန်းခံ..ငွေကုန်ခံပြီးဘယ်လောက်လုပ်လုပ်...ပျက်စီးဆုံးရှုံးမှု..ဖြစ်
လာရင်..အကျိုးအမြတ်ထားလို့ အရင်းတောင်ပြန်ရဖို့ မလွယ်ပါလား...................။


Photo: " တော်သေးတာပေါ့... ကြွက်တွေက အရက်ကြိုက်လို့ "

ကျွန်တော့်လယ်မြေမှာ သီးထပ်စမ်းစိုက်ကြည့်တဲ့..အစေ့ထုတ်ပြောင်းခင်း
အဖူးတွေရင့်ခါနီးမှ....ကြွက်ဖလောင်းတွေ  ကိုက်လို့ ဗျို့ ...ကိုင်းဘက် က
ဆရာတွေကို.လှမ်းမေးတော့..ဆန်စေ့ကိုအရက်နဲ့ နယ်ပြီးပတ်ကြားအက်
တွေထဲလိုက်ထဲ့လိုက်တဲ့...ဟုတ်သားလား...ဆန်စေ့တွေတော့..မတွေ့ ရ
တော့ဘူး..ပြောင်းဖူးတွေလည်းဆက်အကိုက်မခံရတော့ဘူး..ပြောင်းဖူးက
တော့ ဘယ်လောက်ရမယ်မသိ...ကြွက်တွေကိုတော့...မခူးမချင်း နေ့ စဉ်
အရက်တိုက်ရမယ်ကိန်းတော့ဆိုက်နေပြီ.....

သြော်...ကိုယ်တိုင်လုပ်ကြည့်တော့မှ...ကိုယ်ချင်းစာနာမိခဲ့ရ..စိုက်ပျိုးထုတ်
လုပ်သူတွေရဲ့ ..အခက်အခဲတွေ..မနည်းပါလား...အပင်ပန်းခံ..ငွေကုန်ခံပြီး
ဘယ်လောက်လုပ်လုပ်..ပျက်စီးဆုံးရှုံးမှု..ဖြစ်လာရင်..အကျိုးအမြတ်ထား
လို့ အရင်းတောင်ပြန်ရဖို့ မလွယ်ပါလား...................။

လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး..လိုအပ်ချက်များ..အဖြေရှာသည့်ပွဲ


ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့ မှာ...ကဉ္စနကျွန်းသာကုမ္မဏီလီမိတက် နှင့် တောင်သူလယ်သမားကိုယ်စား
လှယ်များ...တွေ့ ဆုံဆွေးနွေးပြီးလယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကိုအဖြေရှာကြတဲ့ ပွဲကို.တက်ရောက်ခွင့်ရခဲ့ပါတယ်...

တွေ့ ဆုံဆွေးနွေးပွဲသို့ ..ကဉ္စနကျွန်းသာ(GoldDealta)ကုမ္မဏီလီမိတက်ဥက္ကဌဦးချစ်ခိုင် နှင့်ကုမ္မဏီမှတာဝန်

ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ပို့ုကုန်မြှင့်တင်ရေးဦးစီးဌာန.ညွှန်ကြားရေးမှူး ဦးစိုးအောင်၊  မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန...ခရိုင်အုပ်ချုပ်ရေးမှူး၊  မအူပင်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့ နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံနိုင်ငံရေးပါတီများမှတာဝန်ရှိပုဂ္ဂိုလ်များ၊အရပ်ဖက်အဖွဲ့ အစည်းများမှတာဝန်ရှိ

ပုဂ္ဂိုလ်များ၊ ဒေသခံတောင်သူလယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်...

အစည်းအဝေးမှာ...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်..တောင်သူလယ်သမားများ၏လက်ရှိအခြေ

အနေ..သူတို့ ၏လိုအပ်ချက်များကို..ရင်းနှီးပွင့်လင်းစွာဆွေးနွေးနှိုင်ကြရန်အတွက်...ကျေးရွာအုပ်စုအလိုက်
နံနက်ပိုင်းနှင့်နေ့ လည်ပိုင်းနှစ်ကြိမ်ခွဲပြီးပြုလုပ်ခဲ့ပါတယ်...

တွေ့ ဆုံဆွေနွေးပြီး....အဖြေရှာခဲ့ကြတဲ့....ဒီပွဲဟာထိုက်သင့်တဲ့အောင်မြင်မှုရရှိခဲ့ပါတယ်...ကဉ္စနကျွန်းသာ

ကုမ္မဏီလီမိမတက်မှတောင်သူလယ်သမားတို့ ၏လိုအပ်ချက်များကို..ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့်အခြေအ
နေ...တောင်သူလယ်သမားတို့ ဖက်မှလည်း..လက်ရှိခံစားနေကြရတဲ့..လိုအပ်ချက်များ..တို့ ကိုပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြပါတယ်...ခရိုင်အုပ်ချုပ်ရေးမှူးမှ တောင်သူလယ်သမားတို့ အနေဖြင့်နှစ်စဉ်ခံစားနေရသော..
.ရေကြီးနစ်မြုတ်မှုကိစ္စရပ်များအားကာကယ်ပေးနှိုင်ရေးအတွက်..စီစဉ်ဆောင်ရွက်ပေးမည်ကို.အသေးစိတ်
ဆွေးနွေးခဲ့ပါတယ်...နိုင်ငံရေးပါတီများမှတာဝန်ရှိပုဂ္ဂိုလ်များ နှင့်အရပ်ဖက်အဖွဲ့ အစည်းများမှပုဂ္ဂိုလ်များက
လည်းတောင်သူလယ်သမား၏လက်ရှိအခြေအနေနှင့်လိုအပ်ချက်များကို.ကဉ္စနကျွန်းသာကုမ္မဏီလီမိတက်
မှကူညီပံ့ပိုးနေမှုများကို  သိရှိနေခဲ့ပြီးဖြစ်သော်လည်း...ယခုလိုလက်တွေ့ မြင့်တွေ့ ရသည်အတွက်ဒေသခံ
တောင်သူလယ်သမားများ၏ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့်ကုမ္မဏီအနေဖြင့်ဆက်လက်ပြီးပံ့ပိုးမှုအား
ဆောင်ရွက်ပေးပါရန်နှင့်..မိမိတို့ တောင်သူလယ်သမားများအနေဖြင့်လည်း..ကုမ္မဏီအားပြန်လည်ကျေးဇူးပြု
သည့်အနေဖြင့်မိမိတို့ ဘက်မှလည်းလိုအပ်ချက်မရှိအောင်ကြိုးစားဆောင်ရွက်သင့်ကြောင်းတို့ ကို..အသေး
စိတ်.ဆွေးနွေးခဲ့ကြပါတယ်....

ကျွန်တော့်အမြင်ပါ...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ..တကယ်တော့လိုအပ်

ချက်တွေကအများကြီးရှိနေပါတယ်..နိုင်ငံတော်အပိုင်းကလည်း..လိုအပ်ချက်တွေအားလုံးကိုတပြိုင်တည်း.
.ဆောင်ရွက်ပေးနှိုင်တဲ့အနေအထားမှာ..မရှိသေးပါဘူး..ကျွန်တော်တို့ ယခုကျင်းပခဲ့တဲ့ပွဲလိုပါ..သက်ဆိုင်ရာ
ဒေသအလိုက်မှာ.လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်အမှန်တကယ် စေတနာထားဆောင်ရွက်နေကြ

သူ..ငွေကြေးစိုက်ထုတ်ဆောင်ရွက်ပေးနှိုင်သူတို့ နှင့်ကျွန်တော်တို့ လုပ်အားစိုက်ထုတ်စေတနာထားဆောင်
ရွက်နှိုင်သူတို့ ပေါင်းစပ်ပြီးဆောင်ရွက်နှိုင်သမျှဆောင်ရွက်သွားကြမယ်ဆိုရင်.လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်
မှုဆိုတာ..အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနှိုင်ကြောင်းပါ.........။

Monday, March 10, 2014

အသင်းအဖွဲ့ များတွင် လူမှန်နေရာမှန် ဖြစ်မလာသ၍ အောင်မြင်မှုဆိုတာမရနှိုင်။

ကျွန်တော့်အမြင် ( ၃ )

ကျွန်တော်တို့ အသင်းအဖွဲ့ များဖွဲ့ စည်းဆောင်ရွက်တဲ့အခါ...သင်းဖွဲ့ စည်းမျဉ်းများကိုရေးဆွဲတဲ့နေရာမှာ
အသင်းရဲ့  ဖွဲ့ စည်းပုံ ဆိုတဲ့ ကဏ္ဍကလည်းအရေးပါလှပါတယ်..ကျွန်တော်တို့ ဖွဲ့ စည်းပုံရေးဆွဲတဲ့နေရာ
မှာ..အသင်ကြီးအတွက်အမှန်တကယ်လိုအပ်တဲ့...ရာထူးနေရာများသာ..သတ်မှတ်ရေးဆွဲသင့်ပါတယ်
ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ ..အားနာတတ်ခြင်း..ပြတ်သားမှုမရှိခြင်း..လူမှုရေးကိုရှေ့ တန်းတင်ပြီး
လုပ်ဆောင်မှုများကြောင့်...အသင်းအဖွဲ့ တွေမှာ မလိုလားအပ်ဘဲ ရာထူးနေရာတွေက.များနေပါတယ်
အရေအတွက်များပြီး အရည်အချင်းမရှိကြတာကပိုဆိုးပါတယ်..တရားဝင်အစည်းအဝေးတစ်ခုဖြစ်ဖို့ ဆို
တာက..EC သို့ မဟုတ် CEC အဖွဲ့ ဝင်များအရေအတွက်ရဲ့ ထက်ဝက်ကျော်..ဒါမှမဟုတ် ၇၅% တက်
ရောက်ပါမှ..အစည်းအဝေးဆိုတာတရားဝင်အထမြောက်တာပါ..အခုတော့အစည်းအဝေးခေါ်ရင်ဘာအ
ခွင့်အရေးရနှိုင်လည်း အရင်စုံစမ်းတယ်..ကိုယ်အတွက်အကျိုးမရှိရင် Oversea ..နေပြည်တော် စတဲ့
အကြီးကြီးတွေပြောပြီးရှောင်လွှဲတတ်ကြပါတယ်...ထူးခြားမှုတစ်ခု..အဲ ဟုတ်ဘူး နှစ်ခု..မြန်မာပြည်ရဲ့ 
သမိုင်းမှာ..ဆန်စပါးအသင်းချုပ်ရွေးချယ်ပွဲ..မနက်၈း၃၀ ကစတာ ည ၇း၀၀ကျော်မှပြီးတယ်..UMFCCI
ရွေးချယ်ပွဲလုပ်တာ.မနက် ၈း၃၀ လောက်ကစတာ.နောက်နေ့ မနက် ၅း၀၀ ကျော်သွားတယ်..ထူးခြား
တာဘာလည်းသိကြလား..လူကြီးနေရာလုပ်ချင်သူများအားလုံး..အဲဒီလောက်အချိန်ပေးရတာတောင်
Oversea ..နေပြည်တော်ဆိုတာမရှိ..ကျန်းမာရေးမကောင်းတဲ့သူတစ်ဦးမှမရှိ..အသင်းအဖွဲ့ တွေမှာအ
တက်ကြွဆုံးက..ဒီတစ်ချိန်သာရှိခဲ့ကြပါတယ်...

ကျွန်တော်တို့ နိုင်ငံမှာ...ဆိုရှယ်လစ်ခေတ်က..တစ်ပါတီစနစ်..ဗဟိုဦးစီးစနစ်..ပါတီကရာထားသူကို
ယှဉ်ပြိုင်အရွေးခံလို့ မရ...နောက် ၈၈ နောက်ပိုင်းခေတ်..ပြတ်တယ်..ရွေးစရာကိုသိပ်မလိုတာ.စနစ်
က Top Down ...ယနေ့ ခေတ်ကျွန်တော်တို့ ပွင့်လင်းမြင်သာလာကြပြီ..လွတ်လပ်စွာရွေးချယ်တင်
မြှောက်ခွင့်တွေရနေကြပြီ..အများဆန္ဒတွေပြခွင့်ရပြီ..ဟောဗျာ..ပြခွင့်ရပြန်တော့လည်းအမှန်ဆိုတာ
ကိုမဖေါ်ထုတ်ရဲကြပြန်..အာဏာကိုကြောက်လို့ မဟုတ်ဘူး..ကိုယ်ကျိုးကြည့်ပြီးလူမှုရေးကိုရှေ့ တန်း
တင်ဦးစားပေးကြတာ..အများဆန္ဒနဲ့ ရာသက်ပန်ဥက္ကဌ နေရာယူတဲ့နည်းလေးတစ်ခုပြောပြရဦးမယ်
အသင်းပြန်လည်ဖွဲ့ စည်းမယ်လုပ်တော့..အကြိုညှိနှိုင်းအစည်းအဝေးအရင်လုပ်တယ်ဗျ..ပွင့်လင်းတဲ့
ခေတ်ဆိုတော့..အများသဘောအတိုင်းရွေးချယ်ကြဖို့ ပေါ့..ဥက္ကဌစကားပါ....ဒါပေမယ့်..အစည်းအ
ဝေးမှာဖြန့် ဝေတဲ့..အသင်းရဲ့ နောက်ဆုံးဘဏ္ဍာရေးရှင်တမ်းမှာ..ပြည်သူတွေလိုအပ်ချက်အတွက်အ
သင်းက တာဝန်ယူလုပ်တဲ့လုပ်ငန်းမှာ..ကျပ်သိန်းထောင်ကျော်  ဥက္ကဌစိုက်ငွေပြထားတယ်..ဟုတ်
မဟုတ်တော့မသိ..ဘယ်သူကအမုန်းခံမေးလို့ ..ဘယ်သူကရောအမုန်းခံဖြေမလည်း..ရွေးချယ်ပွဲနေ့ 
မှာတော့..ဥက္ကဌ ကြီးသာ..ရာသက်ပန် ဥက္ကဌ ရာထူးနဲ့ သင့်တော်ပါကြောင်းတညီတညွတ်တည်း ဒီ
မိုကရေစီကျကျ တင်မြှောက်လိုက်ကြပါတယ်..ဘယ်သူကယှဉ်ရွေးမလည်း..မတော်တဆ ဥက္ကဌ..
ဖြစ်သွားမှ သူစိုက်ထားတဲ့ငွေ ကိုယ်ကပြန်စိုက်ပေးနေရဦးမယ်...

မှန်ပါတယ်...ကျွန်တော်ကအလယ်ကလူပါ..အထက်အောက်မျှမြင်တတ်ပါတယ်..ဗဟိုလိုအဆင့်မျိုး
မှာ..ရန်ကုန်မှာအမြဲနေထိုင်သူတွေကပိုပြီးအဆင်ပြေပါတယ်..ဒါပေမယ့်အထက်အောက်..အပြန်အ
လှန်လေးစားမှုတော့ရှိကြရပါမယ်..ယခုခေတ်မှာ..ဆက်သွယ်ရေးနည်းတွေကအများကြီးတိုးတက်
လာနေပြီ..ဗဟိုအဆင့်ကပုဂ္ဂုလ်တွေအနေနဲ့  တိုင်းနဲ့ ပြည်နယ်..မြို့ နယ်တွေကိုသီးခြားတာဝန်တွေ
ခွဲယူထားသင့်ပါတယ်..အစည်းအဝေးတိုင်းသာနယ်ကသူတွေရန်ကုန်လာနေရရင်လည်း..မွဲကုန်ဖို့ 
သာရှိပါတော့တယ်..မိမိတာဝန်ယူရတဲ့ နယ်မြေတွေ..စဉ်ဆက်မပြတ် ဆက်သွယ်ရေးနည်းလမ်းတ
ခုခုနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ကြမယ်ဆိုရင်...ကျင်းပတဲ့အစည်းအဝေးတိုင်းအသက်ဝင်နေမှာပါ..

ကျွန်တော်...မည်သည့်နေရာ..ရာထူးမှမလိုအပ်ပါ..မကြာခဏ..အစည်းအဝေးသွားတဲ့ရတဲ့ဒါဏ်ကို
လည်း..မခံနှိုင်တော့ပါ..ဒါပေမယ့်ကျွန်တော်..အသင်းအဖွဲ့ တွေအောင်မြင်ဖို့ အတွက်ဆိုရင်..မည်
သည့်နေရာကဖြစ်ပါစေ..တတ်နှိုင်သမျှဆောင်ရွက်သွားမည့်သူပါ...

အသင်းအဖွဲ့ တွေမှာက..လုပ်နေတဲ့သူအချို့ ကို..အရည်အချင်းလိုအပ်ချက်တွေရှိနေတယ်လို့ ပြော
နေကြပေမယ့်...အရည်အချင်းရှိပါတယ်ဆိုတဲ့သူတိုင်းလည်း..မလုပ်နှိုင်ကြပါဘူး..ဒါကြောင့်..လုပ်
နှိုင်သူ..အရည်အချင်းရှိသူတို့ ပေါင်စပ်ပြီးလုပ်ကိုင်နှိုင်အောင်..အသင်းအဖွဲ့ တွေမှာ လူမှန်နေရာမှန်
ဖြစ်အောင် ၀ိုင်ဝန်းဆောင်ရွက်ကြဖို့ က အားလုံးမှာတာဝန်ရှိတာပါ....

ကျွန်တော်အမြင်ပါ...အသင်းအဖွဲ့ မှာ လူမှန် နေရာမှန် ဆိုတာ ဖြစ်မလာသ၍..အောင်မြင်တဲ့အသင်း
အဖွဲ့ ဆိုတာဖြစ်မလာနှိုင်ပါဘူး...............။






အသင်းအဖွဲ့ များအောင်မြင်မှုရရှိရေးအတွက်..သင်းဖွဲ့ စည်းမျဉ်းများက..အဓိကကျ။

ကျွန်တော့်အမြင် ( ၂ )

ကျွန်တော်တို့ ...အသင်းအဖွဲ့ တစ်ခုကို ဖွဲ့ စည်းမယ်လို့ စတင်ချိန်မှာ များသောအားဖြင့် စိတ်တူကိုယ်တူ
ခံယူချက် အနီးစပ်ဆုံးတူညီကြသူများ ဖြင့်စတင်ခဲ့ကြတာပါဘဲ..ရပါတယ် သဘောထားတူကွဲပြားမှုရှိသူ
တွေလည်း..ပါဝင်မှုရှိနှိုင်ပါတယ်..လူတန်းစားအမျိုးမျိုး..ခံယူချက်အမျိုးမျိုးရှိသူတွေလည်းပါဝင်လို့ ရပါ
တယ်...လိုအပ်တာက..အသင်းမှာပါဝင်မည့် အသင်းသားထက်ဝက်ကျော်က..အတည်ပြုလက်ခံကြတဲ့
အသင်းနဲ့ ပါတ်သက်တဲ့..ဖွဲ့ စည်းပုံစည်းမျဉ်း..စည်းကမ်းများကို အသေးစိတ်  ပြည့်စုံအောင်ရေးဆွဲပြီး.
လိုက်နာဆောင်ရွက်ကြဖို့ ပါ.....

ကျွန်တော်တို့ နိုင်ငံမှာ...အသင်းအဖွဲ့ တွေဘာကြောင့်အောင်မြင်မှုတွေနည်းနေရတာလည်း..စည်းကမ်း
လိုက်နာမှုတွေက အတော်နည်းနေကြလို့ ပါ..အသင်းအဖွဲ့ တွေကရေးဆွဲချမှတ်ထားတဲ့.စည်းကမ်းတွေ
ကို လိုက်နာဖို့ ဝေးရော..ဘာတွေရေးဆွဲထားတယ်..ဆိုတာတောင်သိကြရဲ့ လားမသိပါဘူးဗျာ..

တကယ်တော့...အသင်းအဖွဲ့ တစ်ခုရဲ့ သင်းဖွဲစည်းမျဉ်းဆိုတာက အဲဒီအသင်းအဖွဲ့ ရဲ့ အဓိကကျတဲ့..အ
သက်ဖြစ်သလို..သင်းဖွဲ့ စည်းမျဉ်းများရဲ့ ..ပြည့်စုံမှု..ခိုင်မာမှုတို့ က..အသင်းရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်
မှု တို့ အတွက်အဓိက ပြယုဒ် ဖြစ်ပါတယ်..မိမိတို့ အသင်းအဖွဲ့ များနဲ့ ဆက်ဆံလုပ်ကိုင်လိုကြတဲ့.အခြား
သော ပြည်တွင်း/ပြည်ပက အသင်းအဖွဲ့ များ..ကုမ္မဏီများ..လူပုဂ္ဂိုလ်များအနေဖြင့်..သူတို့ အတွက်အာ
မခံ ဘယ်လောက်ရှိနေတယ်ဆိုတာ..ကိုပြသဖို့ က..ခိုင်မာတဲ့သင်းဖွဲ့ စည်းမျဉ်းက အဓိကကျပါတယ်...

ဒါတင်မကပါဘူး..ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ ..အာနည်းချက်တွေဖြစ်တဲ့..အားနာတတ်မှု..အမုန်း
မခံလိုမှု..တွေနဲ့ အတူ..အမှန်ဆိုတာကိုဖေါ်ထုတ်ရခက်တဲ့ ပြဿနာများကိုလည်း..ပြည့်စုံခိုင်မာတဲ့သင်း
ဖွဲ့ စည်းမျဉ်းပါအချက် များကလွယ်ကူစွာရှင်းပေးသွားနှိုင်မှာပါ...

ကျွန်တော့်အမြင်ပြောရရင်တော့...အသင်းအဖွဲ့ တစ်ခုရဲ့ သင်းဖွဲ့ စည်းမျဉ်းကို ခိုင်မာပြည့်စုံအောင်ရေးဆွဲ
မှုမရှိခြင်း..လိုက်နာဆောင်ရွက်မှု မရှိကြခြင်းတို့ က..အသင်းအဖွဲ့ ၏အောင်မြင်မှုမရရှိရခြင်း အကြောင်း
များဖြစ်ပါတယ်......။

အပြန်အလှန်လေးစားမှုမရှိခြင်းက..အသင်းအဖွဲ့ များ၏အောင်မြင်ကိုထိခိုက်နှိုင်။

ကျွန်တော့် အမြင် ( ၁ )

ကျွန်တော်တို့ ...အသင်းအဖွဲ့ ဆိုတာတွေကိုဖွဲ့ စည်းဆောင်ရွက်ကြတဲ့အခါမှာ
လူတန်းစားအမျိုးမျိုး..ခံယူချက်အမျိုးမျိုးတွေနဲ့ ကြုံတွေ့ ရမှာပါ..စိတ်တူကိုယ်
တူ..သဘောထား တစ်ထပ်တည်းဖြစ်နေကြဖို့ ကလည်း မလွယ်ပါဘူး..မှန်ပါ
တယ်ဗျ..သဘောထားခြင်းတူ..ခံယူချက်ခြင်းတူနေတိုင်းလည်းကောင်းတယ်
လို့ ပြောလို့ မရပါဘူးခင်ဗျ..မကောင်းတာခြင်းတွေသဘောတူနေကြမယ်.ဝေ
စားကြမယ်ဆိုတဲ့သဘောထားတူနေမယ်..ခံယူချက်တူနေလို့ ကတော့ဘယ်
ဖြစ်ပါ့မလည်းနော်....

ဟုတ်ပါပြီ...အသင်းအဖွဲ့ တစ်ခုဖွဲ့ စည်းတဲ့အခါမှာ...အနိမ့်ဆုံးကအသင်းသား
အဖြစ် သတ်မှတ်တာက စရပါ့မယ်...အသင်းသားတစ်ဦးအဖြစ် လက်ခံနှိုင်ဖို့ 
အရည်အချင်း သတ်မှတ်ချက်ပေါ့ဗျာ....ဆန်စပါးအသင်းဖွဲ့ တာ...ဆန်စပါးနဲ့ 
ပါတ်သက်တဲ့အလုပ် ဘာမှမလုပ်တဲ့ သူတွေကပါလာမယ်..မဟုတ်တာတော့
မလုပ်ပါဘူး..နေရာလေးတစ်ခုကို..ထင်ပေါ်ချင်လို့  ယူထားချင်တာလည်းဖြစ်
ကောင်းဖြစ်နှိုင်ပါတယ်...အသင်းနဲ့ ပါတ်သက်ပြီး မဟုတ်တာမလုပ်ဘူးဆိုပေ
မယ့်..အသင်းအတွက် အမှန်တကယ်...လိုအပ်တဲ့သူတစ်ဦးအတွက်...နေရာ
တစ်ခုကနစ်နာရပြန်ပါတယ်..

နောက်တစ်ခုက...တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်လေးစားတတ်မှု..အသင်းအ
ဖွဲ့ တစ်ခုမှာ...ဦးဆောင်တဲ့နေရာမှာလုပ်မယ်လို့  ရည်ရွယ်ပြီဆိုရင်..မိမိကိုယ်
မိမိ အရင်ဆုံးဆင်ခြင်သင့်ပါတယ်..ငါလူကြီးတစ်ယောက်လိုနေနှိုင်ပြီလား.
ပျော်အပါးတွေကို..စွန့် လွှတ်နှိုင်ပြီလား..ကျွန်တော်..မဟုတ်တာတွေပြောနေ
တာမဟုတ်ဘူး.လက်တွေ့ .အပေါ်ပိုင်းအစည်းအဝေးတစ်ခုမှာ...လူကြီးနေရာ
ကပြောနေတာကို..လက်မခံကြတဲ့သူတွေက..အစည်းအဝေးကို..အစည်းအ
ဝေးလို..စည်းကမ်းနဲ့ မဆွေးနွေးကြတော့ဘဲ..KTV မှာသွားပြော..မာဆတ်မှာ
သွားပြောတို့ အသံထွက်လာပါလေရော.ကောင်းလားဗျာ..ပြောတဲ့သူတွေက
ရော..အစည်းအဝေးထဲမှာပြောစရာလား..လူချင်းခင်မင်လို့ ဘဲဖြစ်ဖြစ်...မုန်း
လို့ ဘဲဖြစ်ဖြစ် မပြောသင့်ဘူး.အပေါ်ကပြောတဲ့လူကြီးကရော.အစည်းအဝေး
မှာဟေ့ကောင်.ဘာကောင်မခေါ်သင့်ဘူး.အပြင်မှာကြိုက်သလောက်ရင်းနှီးပ
စေ..အစည်းအဝေးတက်လာကြတဲ့ အချိန်မှာတော့..ဦး..တတ်ပြီးခေါ်သင့်ပါ
တယ်..ခင်ဗျား..ကျွန်တော်နဲ့ တော့ပြောသင့်ပါတယ်...ကိုယ်ကလေးစားပါမှ..
ကိုယ့်ကို..ပြန်လေးစားမှာပေါ့ဗျာ။ဂေါပက လည်းလုပ်ချင်..သောက်သောက်
စားစားနဲ့  အပျော်အပါးတွေလည်းမစွန့် လွှတ်ချင် တော့ဘယ်ဖြစ်ပါ့မလည်း..
တခုခုတော့ စွန့် လွှတ်ရမှာပေါ့ဗျာ။

ကျွန်တော့်အမြင်...ပြောရ ရင်တော့..................................................

"အပြန်အလှန်လေးစားမှု...မရှိခြင်းသည်...အသင်းအဖွဲ့ များ အောင်မြင်မှုမရ
ရှိခြင်း၏...အကြောင်းအရာတစ်ခုဖြစ်ပေသည်။"

Saturday, March 8, 2014

တောင်သူတို့ အတွက်...နေရာမှန်။


 ဆိုရှယ်လစ်ခေတ်..လက်ရှိအများသူငါ..မကြိုက်ကြတဲ့ခေတ်..(စနစ် နဲ့ လူ)
တောင်သူလယ်သမားတို့ အတွက်....ညီလာခံဆိုတာ....တောင်သူလယ်သ
မား..အများစု...နေထိုင်လုပ်ကိုင်ကြတဲ့....ကျေးလက်ဒေသများ...ဖြစ်ကြတဲ့
ဒူးယား....ခပေါင်း....ဆိုတဲ့နေရာတွေမှာ..လုပ်ခဲ့ကြပါတယ်.......

ယနေ့ ခေတ်...တောင်သူလယ်သမားတွေအတွက်...လယ်ယာကဏ္ဍဖွံ့ ဖြိုး
တိုးတက်စေဖို့ အတွက်...မြို့ ကြီးတွေမှာဘဲ..လုပ်ပါတော့တယ်..။

တခုခုကတော့..အမှန်ဖြစ်မှာပါ...အမှန်ကိုဖေါ်ထုတ်ရခက်ခဲလှတဲ့ခေတ်ကြီး
မှာ..ကျွန်တော်လည်း..အမှန်ဆိုတာ..ဘာလည်းဆိုတာကိုတော့.မဆုံးဖြတ
တတ်တော့ပါဘူးဗျာ..........။

ကျွန်တော်က အလယ်ကလူ...ဒါပေမယ့် စကားမ၀ဲပါ

 
ကျွန်တော်က..လယ်ယာဖွံ့ ဖြိုးတိုးတက်ရေး.နဲ့ ..ဆန်စပါးအသင်အဖွဲ့ များရဲ့ အား
နည်းချက်အားသာချက်များကို ရေးသားတင်ပြတဲ့အခါမှာ အချို့ သောပုဂ္ဂိုလ်များ
အနေဖြင့် အောက်ခြေများက အားနည်းချက်များရှိနေတာကို ထောက်ပြခဲ့ကြပါ
တယ်...။

မှန်ပါတယ်ခင်ဗျ...ကျွန်တော်အပေါ်ပိုင်းကို အဓိကထားပြီးရေးသားတင်ပြရတဲ့အ
ကြောင်းကတော့ FB ဆိုတာအပေါ်ကသူတွေကသာ အသုံးများကြလို့ ပါ...ဒါပေ
မယ့် ကျွန်တော်အောက်ခြေကအားနည်းချက်များကိုလည်း တတ်နှိုင်သမျှ အမုန်း
ခံပြောဆိုရှင်းပြနေပါတယ်...ကျွန်တော့်..အမှတ်တရတစ်ခု..ကျွန်တော်က ဇလွန်
ပြည်တော်ပြန်ဘုရားကြီးကို တစ်လ ၃ ခေါက်လောက်သွားပြီး..ပဌါန်းရွတ်ပါတယ်
တစ်ခေါက်မှာ ဇလွန်မြို့ က အထောက်အကူပြုဥက္ကဌလည်းဖြစ် ဆန်စက်လုပ်ငန်း
ရှင်လည်းဖြစ်တဲ့ မိတ်ဆွေတစ်ဦးက သူတို့ မြို့ မှာ လယ်သမားများစုပေါင်းပြီးစိုက်
ပျိုးထုတ်လုပ်ရေး သမ၀ါယမအသင်းဖွဲ့ စည်းဖို့ ယနေ့ .နေ့ လည်မှာ မြို့ နယ်ထွေ
အုပ်ရုံး ခန်းမ မှာပြုလုပ်မယ့်..တောင်သူကိုယ်စားလှယ်များနဲ့  အကြိုညှိနှိုင်းပွဲကို
တက်ပေးဖို့ ဖိတ်ခဲ့ပါတယ်..ကျွန်တော်တက်ခဲ့ပါတယ်.လယ်သမားကိုယ်စားလှယ်
ကတော့ခန်းမအပြည့်ပါ......

ကျွန်တော်ပြောခဲ့တာတွေ..မှတ်မိသလောက်တင်ပြပါ့မယ်...ယခုပွဲကိုတောင်သူဦး
ကြီးတို့  တက်လာတဲ့လူဦးရေ ကြည့်ခြင်းအားဖြင့် တောင်သူဦးကြီးတွေမှာ လိုအပ်
မှုတွေ ရှိနေလို့ အားကိုးတကြီးနဲ့  တက်ရောက်လာကြတာလို့ ထင်ပါတယ်.လိုအပ်
ချက်ဆိုတာထက် ငွေဘယ်လောက်ချေးလို့ ရလာဦးမှာလည်း ဆိုတဲ့မျှော်လင့်ချက်
တွေကများပါလိမ္မယ်...

ဦးကြီးတို့ .မှားနေပါတယ်.ဦးကြီးတို့ ကိုခေတ်အဆက်ဆက် ကတည်းကငွေ ထုတ်
ချေးလာတာ ဦးကြီးတို့  တိုးတက်လာလို့ လား..ချေးငွေဆိုကတည်းက အတိုးရှိပါ
တယ်..သတ်မှတ်ရက်ပြန်ဆပ်ရပါမယ်..ဦးကြီးတို့ ချေးယူထားတဲ့ငွေ နဲ့ သတ်မှတ်
ကာလအတွင်းမှာ..အတိုးတွက်ကိုက်အောင် အရင်းပြန်ရအောင် လုပ်နှိုင်မယ်ထင်
လို့ ချေးယူတာလား..နောင်မှရှင်းမယ်ဆိုပြီး ရသမျှအခွင့်အရေးယူမယ်ဆိုပြီးယူကြ
တာလား..အရေးကြီးတာက ဦးကြီးတို့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကသင့်တင့်တဲ့
အကျိုးအမြတ်ရဖို့ ပါ..ကျွန်တော်သတင်းစာမှာဖတ်လိုက်ရပါတယ်..မကွေးတိုင်းမှာ
သမ္မတကြီး..တောင်သူများနဲ့ တွေ့ ဆုံပွဲမှာ တောင်သူတစ်ဦးက..စိုက်ပျိုးထုတ်လုပ်
ဖို့ ရင်းနှီးငွေများလိုပါကြောင်း..အရင်းအနှီးငွေများများရရင် သူတို့ တိုးတက်လာမှာ
ဖြစ်ကြောင်း..သမ္မတကြီးကပြန်ဖြေပါတယ်.လယ်ယာပိုင်ဆိုင်မှုအထောက်အထား
လက်မှတ်တွေ.ရတော့မှာဖြစ်ကြောင်း..အဲဒါတွေရလာရင် ဘဏ်တွေမှာပေါင်လို့ ရ
ပြီဖြစ်ကြောင်း..တစ်ဧက ၆ သိန်းလောက်ထုတ်ချေးရန်ရှိ..ကြောင်း......

မဟုတ်ဘူး...ခင်ဗျားတို့ စဉ်းစားကြည့်ကြဦး.တစ်ဧက ၆သိန်းရရင် ခင်ဗျားတို့ .စပါး
တွေအထွက်ကောင်းအောင်..လယ်တွေပြင်မှာလား.ရေနှုတ်မြောင်းတွေဖေါက်တာ
တွေလုပ်မှာလား..ဒါမှမဟုတ်.သားသမီးတွေပူဆာနေတဲ့..ဆိုင်ကယ်တွေ .ဖုန်းကဒ်
တွေ..ဟန်းဆက်တွေ ၀ယ်မှာလား..တစ်ဧက ၆သိန်း.တပြည်လုံးဆိုရင်.ငွေပမာဏ
တွက်ကြည့်ကြဦး.ငွေဖေါင်းပွမှုအရင်ဖြစ်လာမယ်.တခြားမစဉ်းစားနဲ့ ခင်ဗျားတို့မသုံး
မဖြစ် ဓါတ်မြေသြဇာနဲ့ သွင်းအားစုတွေ လယ်ယာသုံးကရိယာတွေက အရင်ဈေးနဲ့ 
ရပါဦးမလား..ခင်ဗျားတို့ လိုချင်တဲ့..စပါးဈေး..တက်ချင်တိုင်းတက်လို့ ရမလား.ဈေး
ကွက်ဆိုတာ..ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ ရတာမဟုတ်ဘူး.ပြည်ပဈေးကွက်ကိုလည်း
ကြည့်ရသေးတယ်.မှန်ကန်သင့်တင့်တဲ့စပါးဈေးတခုအပေါ်မှာ.ကိုယ့်အတွက်လည်း
သင့်တင့်တဲ့အကျိုးရှိဖို့  ထုတ်လုပ်မှုစရိတ်တွေလျှော့ချနှိုင်ဖို့ တောင်းဆိုရမှာ....

ခင်ဗျားတို့  ထုတ်လုပ်မှုစရိတ်တွေလျှော့ချ နှိုင်ဖို့ ..လုပ်သားရှားပါးမှု..စရိတ်ကြီ
မှုပြောဦးမယ်..မှန်ပါတယ်.ဒါတွေပြေလည်အောင်သင့်တင့်တဲ့ထွန်ယက်ခနဲ့ လုပ်
ပေးနှိုင်မယ့်..လယ်ယာသုံးပစ္စည်းအငှားလိုက်ဝန်ဆောင်မှု စခန်းတွေလုပ်ပေးဖို့ 
တောင်းဆိုရမှာ....ဓါတ်မြေသြဇာ စက်ရုံထုတ်ဈေးက ၁၄၄၀၀ိ/- ခင်ဗျားတို့  အဲဒီ
ဈေးနဲ့ ခံစားဘူးကြလား..အထူးပြုတွေကတဆင့်တဲ့..သူတို့ ကအပြင်ရောင်းစာကြ
တယ်..ခင်ဗျားတို့ ကအပြင်ပေါက်ဈေးအတိုင်းပြန်ဝယ်သုံးရတယ်..ခင်ဗျားတို့ စက်
ရုံဈေးအတိုင်းသုံးရဖို့ တောင်းဆိုရမှာ....စပါးထွက်ခါစ ကုန်ထုတ်လမ်းတွေကမရှိ
တော့ စပါးကို စက်ဘီးနဲ့ ကန်သင်းရိုးပေါ်ကသယ်..ကဲစပါးတစ်အိတ်ဘယ်လောက်
ပေးရတယ်ဆိုတာ ခင်ဗျားတို့ အသိ.....ရေကြီးနစ်မြုတ်ပါပြီတဲ့..ချေးထားတဲ့ငွေတွေ
ပြန်မဆပ်လို့ ရမလား..ရေကြီးနစ်မြုတ်မှုက ကာကွယ်ပေးဖို့ ..ကုန်ထုတ်လမ်းတွေ
ဖေါက်ပေးဖို့  အဲဒါတွေခင်ဗျားတို့ တောင်းဆိုရမှာ...ခင်ဗျားတို့ ငွေတွေချေးပြီး..အဲ့
ဒါတွေလုပ်မယ်ဆိုလို့ ရမလား..ပုံသေမြုတ်နှံမှုကို ငွေချေးလုပ်လို့ ကတော့..နလန်
ထူမှာမဟုတ်ဘူး...

နောက်တစ်ခု...ခင်ဗျားတို့ ..တကယ်အလုပ်မလုပ်ကြဘူး (ကျွန်တော့်ကို ပြူးပြီးဝိုင်း
ကြည့်ကြတယ်..ကျွန်တော်လည်းနည်းနည်းတော့လန့် သွားတယ်)..ဟုတ်ပါတယ်
ခင်ဗျားတို့ ကတော့ပြောမယ်..နေပူ..မိုးမရွာမရှောင်လုပ်နေရတယ်..ဟုတ်ပါပြီ.ခင
ဗျားတို့  လယ်စိုက်တယ် သိပ်ပင်ပမ်းပါတယ်..တစ်နှစ်လုံး တစ်ရက်မပြတ်လုပ်နေရ
လို့ လား..စပါးစိုက်ပြီးရင် ၃ လလောက်နားနေရတယ်..စပါး ရိတ် သိမ်း ခြွေလှေ့ ပြီး
သီးထပ်စိုက် ၃ လလောက်နားရပြန်တယ်..ကျွန်တော် ခင်ဗျားတို့ တကယ်အလုပ်မ
လုပ်ဘူးလို့ ခင်ဗျားတို့ အတွက်ပြောတာ.လယ်စိုက်ပြီးနားနေချိန်မှာလယ်ထဲဆင်းပြီး
ကိုယ်စိုက်ထားတဲ့.စပါးမျိုးသန့် ရဲ့လား.ပင်ပွားနှုန်းကောင်းရဲ့ လား.ရေလိုနေလားရေ
များနေလား..ပိုးမွှားအခြေအနေ..ဘယ်နှစ်ယောက်များစဉ်ဆက်မပြတ်နေ့ စဉ်ဆင်း
ကြည့်ခဲ့ကြဘူးလား...မျိုးမသန့် လို့ တဲ့..၀ယ်တဲ့မျိုးတွေကလည်းဈေးကြီးပြီး မသန့် 
လို့ တဲ့...စပါးမျိုးကွဲဆိုတာ..ခင်ဗျားတို့ မသိတာဘာမှမရှိဘူး...မျိုးသန့် ရအောင်ခင်
ဗျားတို့ စိုက်ထားတဲ့စပါး..ရိတ်သိမ်းရမယ့်အချိန်မှာ..အအောင်မြင်ဆုံးစပါးနှံတွေကို
မျိုးအတွက်ရွေးပြီးခူးထားပါလား..မလုပ်ကြဘူး..ခင်ဗျားတို့ လယ်က စပါးမျိုးကိုရွေး
ပြီးပြန်စိုက်တော့ ကိုယ့်ဒေသရဲ့ ရာသီဥတု...မြေအမျိုးအစားတွေနဲ့ ...မကိုက်ညီမှာ
မပူရတော့ဘူးပေါ့...

ကျွန်တော်မြန်မာပြည်တောင်နှံ့ အောင်မရောက်ဖူးဘူး..ပြည်ပတော့ဝေးရော..ဒါပေ
မယ့်..တိုးတက်တဲ့နိုင်ငံတွေက..စပါးစိုက်ပျိုးမှုတွေကိုတတ်နှိုင်သမျှ အင်တာနက်က
လေ့လာပါတယ်..သူတို့ ဆီကလည်သမားတွေက လယ်ထဲကတက်တာမဟုတ်ဘူး.

ခင်ဗျားတို့ ကဗျာ...ကျေးဇူးရှင်တောင်ဦးကြီးတွေဆိုပြီး..ခေတ်အဆက်ဆက်က ၀ိုင်း
မထားကြတော့ သူများအားကိုးချင်တဲ့စိတ်ကများနေတယ်...

ခင်ဗျားတို့ ....လက်သည်ကိုချည်းအားကိုး မနေကြပါနဲ့  ကိုယ်တိုင်လည်းညှစ်အား
လေးထည့်ကြပါဦးလို့ ....ပြောထဲ့လိုက်တာ.....

လက်ခုတ်သံကြားရတော့မှ...တော်ပါသေးရဲ့ ..တော်ကြာအပြန်လမ်းတောင်မပြန်ရဲ။

ကျွန်တော်ရွာပြင်ရောက်နေလို့ ..ရွာပြင်ကလူတွေဘက်ကရေးနေတယ်..မထင်ကြ
ပါနဲ့ ခင်ဗျာ...ရွာပြင်မှာလည်း မှန်တာတွေဘဲပြောနေပါတယ်..ရွာပြင်ကမှ လက်မခံ
ရင်တော့လည်းအိမ်ထဲက မထွက်ဘဲနေလိုက်ရုံပေါ့ဗျာ....။
3Like · ·