Wednesday, December 2, 2015

" ကြို တင်ပြင်ဆင်သင့်ပါပြီ "


ယနေ့ နိုင်ငံတော်အဆင့် ပြု ပြင်ပြောင်းလည်းမှု အခြေအနေကို အများ
သိကြပြီးဖြစ်ပါတယ်...ပြောင်းလည်းဖြစ်ပေါ်လာမယ့် အခြေအနေအရ
စီးပွားရေးအသင်းအဖွဲ့ များလည်း..ပြု ပြင်ပြောင်းလည်းသွားကြဖို့  အဓိ
ကလိုအပ်တယ်လို့ မြင်မိပါတယ်...နိုင်ငံတော်ရဲ့ ....စီးပွားရေးကဏ္ဍတိုး
တက်ရန်အတွက် နိုင်ငံတော်အစိုးရတခုတည်းနဲ့ လုပ်လို့ မရပါဘူး..ပုဂ္ဂ
လိက စီးပွားရေးကဏ္ဍ တိုးတက်ဖို့ လည်းလိုပါတယ်....ပြီးခဲ့တဲ့ ကာလ
ကိုပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင်..ပုဂ္ဂလိက စီးပွားရေးကဏ္ဍ..တိုး
တက်မှုမရှိဘူးလို့ ပြောလို့ ..မရပါဘူး...တိုးတက်သူများက အဆမတန်
တိုးတက်ခဲ့ကြပြီး..လုပ်ပိုင်ခွင့်များကိုအသုံးချ..နိုင်ငံတော်ကယုံကြည်စွာ
တာဝန်ပေးထားမှုကို အခွင့်ကောင်းယူတတ်တဲ့သူများရဲ့ ...တိုးတက်မှု
များကတော့..အတိုင်းထက်အလွန်လို့ မြင်မိပါတယ်...
နိုင်ငံတော်မှာ..ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုးတက်တဲ့နေရာမှာ...မညီမျှ
မှုတွေကြောင့်.....ပြီးခဲ့တဲ့ အဖြေတရပ်..ပေါ်ထွက်လာရတာလို့ မြင်မိပါ
တယ်...ပုဂ္ဂလိကပိုင်စီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ စီးပွားရေးအသင်း
အဖွဲ့ များရဲ့ မှန်ကန်သောအောင်မြင်မှု မရှိတာကလည်း..ပုဂ္ဂလိကပိုင်စီး
ပွားရေးကဏ္ဍကို များစွာထိခိုက်ခဲ့ကြောင်းမြင်တွေ့ ရပါတယ်...ပုဂ္ဂလိက
စီးပွားရေးအသင်းအဖွဲ့ များက နိုင်ငံတော်ရဲ့  စီးပွားရေးကဏ္ဍ တိုးတက်
ရေးကို အထောက်အကူမပြုခဲ့ကြဘဲ...အသင်းအဖွဲ့ များကိုဦးဆောင်နေ
ကြသူတို့ ရဲ့  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ အဓိကအနေဖြင့်အ
ထောက်အကူ ဖြစ်ခဲ့တယ်လို့ လည်း သုံးသပ်မိပါတယ်...
ထားတော့..ကျွန်တော်တို့  သဘောထားကြီးစွာ..ခ၀ါချ လိုက်ကြတာပေါ့
ယနေ့ အခြေအနေမှာတော့...ကျွန်တော်တို့ ..နောက်တစ်ကြိမ် ခ၀ါချ ရ
တဲ့..အခြေအနေမျိုးကိုတော့ အရောက်မခံနှိုင်တော့ပါဘူး...စီးပွားရေးအ
သင်းအဖွဲ့ များ..အသင်းကို အသင်းနဲ့ တူအောင် လုပ်ကြဖို့ လိုလာပါပြီ..
အသင်းတရပ်မှာ..အဓိကကျ တဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းများကို ခေတ်နဲ့  ညီ
ညွတ်မျှ တအောင်.. ပြောင်းလည်းရေးဆွဲကြရပါမယ်..အသင်းသာအား
လုံးရဲ့  သဘောတူညီမှု ဆန္ဒကို ရယူပြီး အတည်ပြုကြရပါမယ်...အခြေ
ခံကစပြီး..အဆင့်ဆင့်ကို အသင်းသားများရဲ့ အများဆန္ဒနဲ့ ရွေးချယ်တင်
မြှောက်စေတဲ့စနစ်ကို ပီပြင်အောင် အကောင်အထည်ဖေါ်ရပါ့မယ်......
ကျွန်တော်တို့  ဆန်စပါးအသင်းအဖွဲ့ တွေမှာဆိုရင်..အတော်ပုံမကျဘူး
လို့ သုံးသပ်ရပါတယ်...ဆန်စပါးလုပ်ငန်းတစ်ခုတည်အနေဖြင့်......ဆန်
စက်ပိုင်ရှင်များအသင်း...ဆန်စပါးကုန်သည်များအသင်း...စိုက်ပျိုးထုတ်
လုပ်သူများအသင်း...တွေရယ်လို့  နေရာတစ်ခုကို ဦးဆောင်ကြဖို့ အဓိ
ကထားလုပ်ခဲ့ကြလို့ ..ပုဂ္ဂလိကပိုင် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်များ
အနေဖြင့် စည်းလုံးမှု မရှိခဲ့ကြတဲ့အပြင် သွေးကွဲမှုကိုဖေါ်ဆောင်ခဲ့ကြပြီး
အုပ်စုဖွဲ့ ကာ.အခွင့်ထူးခံခဲ့ကြတာတွေလည်းရှိခဲ့တယ်လို့ မြင်မိပါတယ်..
ညီနောင်အသင်းများလို့ .အမည်တပ်ထားကြတဲ့...ဆန်စပါးအသင်းတွေ
အနေဖြင့်......အသင်းရဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းပါ အတည်ပြုချက်များနှင့် လုံး
ဝကိုက်ညီမှုမရှိခဲ့ကြဘူးလို့ မြင်မိပါတယ်.....မှန်ကန်သော အသင်းသား
စာရင်းမရှိ......ကျွန်တော့်အမြင်တင်ပြရမယ်ဆိုရင်..အသင်းသားအဖြစ်
ရပ်တည်လို့ ရတာ မရှိဘူးလို့ ဆိုချင်ပါတယ်...အသင်းအဖွဲ့ တရပ်မှာ အ
သင်းသားကစလို့ ...အဆင့်ဆင့်သောတာဝန်ရှိသူတို့ ရဲ့..တာဝန်နဲ့ ..၀တ္တ
ရား..လုပ်ပိုင်ခွင့် စတဲ့သတ်မှတ်ချက်တွေအနက်..အသင်းသားတစ်ဦး အ
နေဖြင့် လိုက်နာရမည့် အနိမ့်ဆုံးတာဝန်ဖြစ်တဲ့..အသင်းဝင်ကြေး..နှစ်စဉ်
ကြေး..များကို သတ်မှတ်ကာလအတွင်း ထည့်ဝင်ရမည် ဆိုတာကို မျက်
ကွယ်ပြုခဲ့ကြပါတယ်...အသင်းကိုဦးဆောင်နေကြသူများအနေဖြင့်..မသိ
ဟန်ဆောင်နေကြတာလား...အသင်းအဖွဲ့ တွေမှာ မရှိမဖြစ်လိုအပ်တဲ့ စီ
မံရေးရာ စရိတ်တွေကိုဘယ်ကရတဲ့ငွေတွေနဲ့ သုံးနေကြတာလည်း.. ဒါ
ဆိုရင်..အသင်းရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ရလာတဲ့ကိုယ်ကျိုးငွေတွေ ရှိ
နေလို့  စိုက်ထုတ်သုံးစွဲလုပ်နေနှိုင်တာလား...ဒါမှမဟုတ် မှန်ကန်တိကျ
တဲ့ အသင်းသားစာရင်းကို..မရှိတာလား...ရှိနေတယ်ဆိုရင်လည်း အသံ
တွေကို ကြောက်လို့  မကောက်ခံရဲတာလား...လားပေါင်းများစွာမေးစရာ
တွေက ရှိနေပါသေးတယ်...
အသင်းကိုဦးဆောင်နေသူများအနေဖြင့်...မိမိကိုယ်တိုင်က အသင်းသား
ဖြစ်နေရမယ်ဆိုတာသိကြလား...အသင်းသားများကိုယ်စားဦးဆောင်သူ
တွေအနေနဲ့ ..အသင်းသားတစ်ဦးအနေဖြင့် အနိမ့်ဆုံးလိုက်နာရမည့်တာ
ဝန် တစ်ရပ်ကိုပင် မစွမ်းဆောင်နှိုင်ခဲ့ကြတယ်ဆိုတာကိုရော..မိမိကိုယ်မိ
မိ..သုံးသပ်ခဲ့ကြဘူးရဲ့ လား....အနိမ့်ဆုံးလိုက်နာရမယ့်တာဝန်ကိုပင် အ
မှန်ဖြစ်အောင် မဆောင်ရွက်နှို င်ခဲ့တဲ့..ဦးဆောင်သူတို့ ..အခြားအခြား
သောတာဝန်များကို လုပ်နှိုင်တယ်ဆိုတာကို ကျွန်တော်တို့ ကလက်ခံနေ
ရဦးမှာလား....
စာရှည်သွားပြီဗျာ..ပြောချင်တာတွေကအများကြီးပါ...ကျွန်တော်တို့  ပြီးခဲ့
တာတွေကို ခ၀ါချနှိုင်ပါတယ်..ရှေ့ ဆက်ပြီး ပြောင်းလည်းမှု မရှိခဲ့ရင်တော့
လက်မခံတော့ဘူးဆိုတာ...ကိုတော့ သိနှိုင်ကြပါစေ..........................။

" MRF ...လည်းပြောင်းလည်းမှ ဖြစ်တော့မည် "


ယနေ့ ...ကျွန်တော်တို့ တိုင်းပြည်..ပြည်သူတို့ ဆန္ဒအတိုင်း စတင်ပြောင်း
လည်းနေပါပြီ...ပြောင်းလည်းခွင့်ကို ရရှိအောင် ခွင့်ပြုပေးသူတို့ ကလည်း
ခွင့်ပြုခဲ့ပါပြီ....ပြောင်းလည်ခွင့်ရရှိအောင် အနစ်နာခံခဲ့ကြသူတို့ ကလည်း
ပြည်သူတို့ ဆန္ဒကိုပေါ်လွင်အောင်ဖေါ်ထုတ်ပေးနှိုင်ခဲ့ကြပါပြီ...ကျွန်တော်
တို့  စည်းလုံးညီညွတ်ကြဖို့ ...၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ...ဥပဒေကို
လေးစားလိုက်နာကြဖို့ ...ကာလ..ဒေသ..အခြေအနေ..အချိန်အခါပေါ် မူ
တည်ပြီး.....ထုတ်ပြန်တဲ့ စည်းကမ်းများကို...လိုက်နာကြဖို့ ....ဆိုတာက
တော့ ပြည်သူတရပ်လုံးရဲ့  ထာဝရ တာဝန် လို့ ခံယူကြရမှာပါ.....

ကျွန်တော် နိုင်ငံရေးကို မကျွမ်းကျင်လို့ ဒီမျှသာ....ကျွန်တော် ရေးလိုတာ
က လယ်ယာကဏ္ဍ..ဆန်စပါးလုင်ငန်းရှင်များကဏ္ဍ..စားသုံးသူတို့ ကဏ္ဍ
.အဲဒီကဏ္ဍတွေရဲ့ အချုပ်ဖြစ်တဲ့ MRF မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်....
MRF...ကိုပြောင်းလည်းဖို့ လိုပြီလို့ ပြောရ..ရေးရ မယ့်အချိန်အခါ မဟုတ်
တော့ပါဘူး...ပြောင်း ကို ပြောင်းလည်းရတော့မှာပါ...တိကျတဲ့မူဝါဒတွေ
ချမှတ်ဖို့ လိုနေပါပြီ...၀ိတ်တွေသုံး..နေရာယူပြီး ကိုယ်ကျိုးရှာလို့ မဖြစ် နှိုင်
တော့တဲ့ အချိန်အခါကို ရောက်တော့မှာပါ.....ညီနောင်အသင်းများဆိုတဲ့
အသင်းများအနေနဲ့ လည်း...အုပ်စုဖွဲ့ နေရာယူ...ကိုယ်ကျိုးကလွဲပြီး..စိုက်
ပျိုးထုတ်လုပ်သူ...ကြိတ်ခွဲကုန်သွယ်ကြသူ..စားသုံးသူတို့ အကျိုး ကိုဘာ
မှ လုပ်မပေးနှိုင်ဘဲ ရပ်တည်နေမှုကို..ကျွန်တော်တို့ လက်မခံနှိုင်တော့ပါ
ဘူး...အခြေခံက စလို့ .....ကိုယ့်ဒေသတစ်ခုကို အခြေခံပြီး..အဆင့်ဆင့်
ရွေးချယ်တင်မြှောက်တဲ့ စနစ်ဖြစ်လာဖို့  ကျွန်တော်တို့ ဆောင်ရွက်ကြရ
ပါတော့မယ်...နှစ်ပေါင်းများစွာ..နေရာယူလာပြီး ဘာရုပ်မှ မပေါက်ခဲ့တာ
ကိုလည်း...ကိုယ့်..ကို ကိုယ်ပြန်လည်ဆန်းစစ်ကြဖို့ လိုပါမယ်...
MRF ဆိုတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဟာ...ပြည်ပ က လေးစား
ယုံကြည်မှု အပြည့်အ၀ ကိုခံရဖို့ လိုလာပါပြီ...နိုင်ငံတော်အစိုးရက လယ်
ယာကဏ္ဍတိုးတက်ရေး...ပြည်ပတင်ပို့ နှိုင်ရေးနဲ့ ..စားသုံးသူတို့ အတွက်
ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခြင်း..လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်
ထားခြင်းခံရဖို့ လိုလာပါပြီ..ယနေ့ နိုင်ငံတော်မှာ..အဓိက မရှိမဖြစ်လိုအပ်
တဲ့ နိုင်ငံတော် အရန်ဆန်ဝယ်ယူထားရှိဖို့ အခက်အခဲဖြစ်နေပါတယ်.တာ
ဝန်ပေးဆောင်ရွက်စေဖို့  အခက်အခဲဖြစ်နေပါတယ်...ကျွန်တော်တို့ ဆန်
စပါးအသင်းအဖွဲ့ တွေ နိုင်ငံတော်အရန်ဆန် ၀ယ်ယူမှု ကို အောင်မြင် မှု
ရှိအောင် မဆောင်ရွက်နှိုင်ခဲ့တာ အလွန်ရှက်ဖို့ ကောင်းလှပါတယ်..ကိုယ်
ကျိုးတွေရှေ့ တန်းတင်ခဲ့ခြင်းကြောင့် အောင်မြင်မှု မရရှိခဲ့ခြင်းပါ....
ကဲ...MRF နဲ့ ညီနောင်အသင်းများအားလုံးအသင်းကိုအသင်းနဲ့ တူအောင်
အသင်းတွေရဲ့ ...ဖွဲ့ စည်းပုံစည်းမျဉ်းပါ...စည်းကမ်းသတ်မှတ်ချက်များ အ
တိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြအောင်...နိုင်ငံတော်က ယုံကြည်
အားထားရတဲ့ အသင်းအဖွဲ့ တွေအဖြစ် ရပ်တည်နှိုင်အောင် ပြုပြင်ပြောင်း
လည်းကြဖို့ ..ယခုဘဲ စလိုက်ကြပါစို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ပြောင်းလည်းဖို့ အချိန်တန်နေပြီ......ဆိုကြပါသော်လည်း"


ရေချိုးမလို့ လုပ်နေတာ...သမီးတို့ က..အဖေ...အဖေနဲ့ သိတဲ့ဟိုလူကြီး
ဆန်စပါးအကြောင်းဗျူးနေတာ...mn tv မှာလာနေတယ်တဲ့.....ဘူ..များ
လည်းလို့ ...သူပြောတာတော့...မမှီလိုက်ပါဘူး.....သတင်းတော့ဆက်
ပြီး နားထောင်ဖြစ်ခဲ့....ပြည်ပကတရားမ၀င် ဆန်တွေဝင်တဲ့အကြောင်း
ပြည်တွင်းက ဆန် ဟုတ်/မဟုတ်...MRF နဲ့ စီးပွားကူးသန်းကို ဆန်နမူ
နာပို့ ထားကြောင်း..ဆန်တွေကို ခေတ္တတားထားကြောင်း..အကောက်
ခွန်.....စားသုံးရန်သင့်/မသင့်စတဲ့အကြောင်းတွေနဲ့ ပေါ့...ပြည်တွင်းက
စိုက်ပျိုးထုတ်လုပ်သူတို့  အကာအကွယ်စတာတွေပေါ့...ပြောတာကြား
လိုက်ရတာတွေက....

ခက်ပြီ.....ပြည်ပဆန် ဟုတ်/မဟုတ် MRF ကိုပို့ ပြီး..မေးထားတယ်တဲ့
လား...ပိုင်ရှင်ကရော..ဘူတုန်း..ပြည်ပက သွင်းတဲ့...ဆန် ဆိုရင်တော့
သွင်းတဲ့သူက...လက်လီဆန်သမားတော့ မဖြစ်နှိုင်....ဆန်လုပ်ငန်းရှင်
ကြီးကြီးတွေကဖြစ်နှိုင်...MRF မှာတောင်.သူက ဘာတာဝန်ရှိနေသေး
တယ်မသိနှိုင်...EC လား...CEC လား...စီ/ခန့် လား....
ကျွန်တော်..အံ့သြမိတာလေး တခုတော့..ဖြစ်မိသား....ကိုယ့်ဆီကို ခိုး
သွင်းတဲ့ဆန် ကိုတော့..MRF တို့ ..စီးပွားကူးသန်းတို့  နမူနာပို့  ရ ပါ
သတဲ့...ကိုယ့်က မှောင်ခိုလုပ်နေတဲ့ တရုပ်ဈေးကွက်...တရားဝင်ပို့ တဲ့
အာဖရိက ဈေးကွက် ပို့ နေကြတဲ့ဆန်တွေ အရည်အသွေး မမှီလို့ ဈေး
ကွက်တွေပျက်..ဈေးကွက်ပျက်တော့..ဆန်ဈေး မရ..ဆန်ဈေးမရတော့
စိုက်ပျိုး ထုတ်လုပ်သူတွေထိခိုက်..အချိန်တွနည်းသလား...ပြည်ပပို့ တဲ့
ဆန် အရည်အသွေးမမှီလို့ ဖြစ်ခဲ့တဲ့ ပြတ်သနာတွေကမနည်း ဖြစ်ခဲ့ပြီး
ပြီ...ဘယ်သူက ဘယ်အဖွဲ့ အစည်း...ဘယ်ဌာနကို နမူနာပို့  စစ်ခိုင်းခဲ့
ကြလည်း...ဘယ်သူက နမူနာ စစ်ပြီး အရေးယူခဲ့ကြဘူးလို့ တုန်း....
ရေကြီးနစ်မြုတ်မှု ဖြစ်တော့...အလှူဆန်တွေ ရောင်းကြတယ်..အရည်
သွေးညံ့တာတွေ ရောင်းကြလို့ ..အသံတွေက ဆိုရှယ်မီဒီယာပေါ် မှာ
ဒီလောက်ဆူညံခဲ့တာ...MRF နဲ့  စီးပွားကူးသန်းကို ဆန် နမူနာပို့  စစ်
ခိုင်းတယ်မကြားမိပါလား....
ခက်တယ်..TV ကလာသမျှ..ဆန်စပါးသတင်းတွေ ရာနှုန်းပြည့် အမှန်
လို့ ထင်တဲ့..အိမ်သားတွေကြောင့် အေးရတဲ့ကြားထဲ..ရေချိုးနောက်ကျ
ရပြန်ပါပြီ...ကိုယ်ကလည်းချက်ခြင်းရေးလိုက်ရမှ....အင်း..စောင့်ကြည့်
ရမှာပေါ့....MRF နဲ့  စီးပွားကူးသန်း ကထွက်လာမယ့်အဖြေ...........
အဲ...အဲ.....ကျွန်တော်ကတော့ ဆန်ကို မကြည့်တော့ပါဘူးဗျာ...အဖြေ
မှန် ဖေါ်ထုတ်ချင်ရင်....ဆန်လာတဲ့လမ်းကြောင်း ခင်ဗျားတို့ သိပြီးသား
ပါ...မြန်မာနိုင်ငံမှာ..ဘယ်ဒေသက ဆန်စပါးစိုက်ပျိုးတဲ့ ဒေသ..ယခု အ
ချိန်အခါမှာ..ကောက်စောက ဘယ်ဒေသတွေကထွက်တယ်...ဟိုတုန်း
က နယ်စပ်ဒေသတွေက ဆန်ဈေးအကြီးဆုံး ဖြစ်ပါလျှက်....ပြည်တွင်း
နယ်စပ်ဒေသ ကဆန် လမ်းကြောင်းပြောင်းပြန်သယ် လာတယ် ဆိုက
တည်းက..သိသိကြီးနဲ့  ဗျာ....

"ဆုတောင်း...မျှော်လင့်လျှက်ပါ "


ယခုနှစ် မိုးစပါး...ရေကြီးနစ်မြုတ်မှု လွတ်ကင်းသော လယ်များမှာ
စပါးအထွက်နှုန်း ကောင်းလာသည်ဟု....ကောက်စောထွက် ရှိမှု
အခြေအနေကိုမှန်းဆရပါသည်၊ပြီးခဲ့သည့်..မိုးစပါးစိုက်ပျိုးမှု မှာအ
ထူးဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ...ပုံမှန်စိုက်ပျိုးသည့်အခြေ
အနေမှာသာဖြစ်ကြောင်းသိရပါသည်....ရာသီဥတုက စပါးများကို
ရှင်သန်အားကိုကောင်းစေခဲ့သည်လား..စနစ်တကျအတန်းလိုက်
စိုက်ပျိုးခြင်းက စပါးအထွက်တိုးစေပေမယ့်....ကြဲခင်းများမှာတော့
စပါးများသိပ်သီးစွာသန်မြန်ပေါက်ခဲ့ခြင်း..မြက်များကအပင်သန်ပြီး
ထူထပ်စွာပေါက်ခဲ့ခြင်းကြောင့်..အချို့ သောရိတ်သိမ်းခြွေလှေ့စက်
များက ရိတ်သိမ်းပေးရန် ငြင်းဆိုမှုများရှိခဲ့ကြောင်း သိရပါတယ်...
ယခုနှစ် မိုးစပါးအနေဖြင့် ကြဲပက်စိုက်ပျိုးမှု နဲ့ .. စနစ်တကျစိုက်ပျိုး
သည့်လယ်များနှင့်နှိုင်းယှဉ်လျှင်...အထွက်နှုန်းမှာ....ယခင်နှစ်များ
ထက်ပိုမို ကွာဟတယ်လို့ သိရပါတယ်...ယခုနှစ်မိုးရာသီ မှာရေ
ကြီးနစ်မြုတ်မှုမရှိတဲ့ လယ်များအနေဖြင့် ရာသီဥတုက စပါးကြိုက်
ရာသီဥတုလို့ ထင်မှတ်ရပါတယ်...
သို့ ပါသော်လည်းပြောင်းလည်းလာတဲ့...ရာသီဥတုကြောင့်လား
လယ်မြေများဟာ များသောအားဖြင့် မြေအစိုဓာတ် ထိမ်းထားနှိုင်
ခြင်းမရှိဘဲ..စောလျှင်စွာ ပတ်ကြားအက်များဖြစ်လာတာကိုတွေ့ 
နေရပါတယ်...ကျွန်တော်တို့ ဒေသဟာ မိုးစပါးပြီးချိန်မှာ..သဘာ
ဝမြေ အစိုဓာတ်ကို အချိန်မှီ အားကိုးလို့  မတ်ပဲ ကို သီးထပ်စိုက်
ပျိုးကြရတာပါ..ရေသွင်းရမယ်ဆိုရင် ကုန်ကျစရိတ်များအပြင် ရေ
ရရှိမှု အခက်အခဲများကလည်းရှိနေပါတယ်....မြေအစိုဓာတ်အမှီ
မတ်ပဲပြန်လည်စိုက်ပျိုးနှိုင်ကြဖို့  ရင့်မှဲ့ ပြီဖြစ်တဲ့စပါးများကို အမြန်
ဆုံး ရိတ်သိမ်း လိုကြပါတယ်...
ဒါပေမယ့်..လိုအပ်နေတာက ရိတ်သိမ်းခြွေလှေ့စက်ပါ....တောင်
သူလယ်သမားတို့ လိုအပ်ချက်အတွက် ရိတ်သိမ်းခြွေလှေ့ စက်
ဝန်ဆောင်မှု လုပ်ငန်းများက မဖြည့်ပေးနှိုင်တာကိုတွေ့ ရပါတယ်
ပုဂ္ဂလိက ၀န်ဆောင်မှုလုပ်ငန်းရှင်များဖက်က ကြည့်မယ် ဆိုရင်
လည်း...တနှစ်မှာ မိုးစပါး...နွေစပါးရာသီလောက်သာ အလုပ်ရှိ
တဲ့..ရိတ်သိမ်းခြွေလှေ့ စက်လုပ်ငန်းကို ရင်းနှီးမတည်ထားကြရ
ဖို့ ခက်ပါတယ်...အချိန်တူကာလတူ...တပြိုင်တည်းရိတ်သိမ်းမှု
ကိုပြု ကြတာဖြစ်လို့ ..ကာလရှည်လုပ်ကိုင်လို့ မရပါဘူး....
တောင်သူလယ်သမားတို့ အတွက်..နိုင်ငံတော်က ဘယ်လို ကူ
ညီပေးနှိုင်မလည်းဆိုတာ စဉ်းစားရမှာပါ....သီးထပ်စိုက်ပျိုးမှု အ
တွက်လိုအပ်တဲ့...သဘာဝမြေအစိုဓာတ် ကိုမှီအောင် ရိတ်သိမ်း
ခြွေလှေ့ စက်များကို လုံလောက်မှုရှိအောင် ကူညီပံ့ပိုးပေးနှိုင် မ
လား..ဒါမှမဟုတ် သီးထပ်စိုက်ပျိုး ရေ လိုအပ်မှုအတွက် ကုန်ကျ
စရိတ် အသက်သာဆုံးဖြစ်စေမယ် ရေ ရရှိမှုကိုဖန်တီးပေးမလား
ဆိုတာပါ...
ဒီနေရာမှာ...ထုတ်လုပ်သူနဲ့ စားသုံးသူအကြား အဆင်ပြေစေနှိုင်
တဲ့ အတွေးတစ်ခုဝင်ခဲ့ပါတယ်...တောင်သူလယ်သမားများအနေ
ဖြင့် စပါးဈေးမကောင်းသော်လည်း သီးထပ် မတ်ပဲဈေးကောင်းရ
ခဲ့ရင် ရပ်တည်နှိုင်တဲ့အခြေအနေမှာရှိခဲ့တာကို တွေ့ နေရပါတယ်
ပြီးခဲ့တဲ့ မတ်ပဲဈေးနှုန်း ဆိုရင်တကြိမ်တစ်ခါမှ..မဖြစ်ဘူးခဲ့တဲ့ ဈေး
နှုန်းဖြစ်ခဲ့ပါတယ်..ပိသာ ၂၀ တစ်တင်းကို ၇၀၀၀၀ိ/-ကျော်အထိ
ဖြစ်ခဲ့တာပါ..ဈေးကွက်မှာ ဈေးကစားလို့ ဖြစ်လာတဲ့ ဈေးနှုန်း...မ
ဟုတ်ပါဘူး..ပြည်ပဈေးကွက်လိုအပ်ချက်အရ ဖြစ်လာတဲ့ ဈေးနှုန်း
ပါ...မတ်ပဲ ဆိုတာ ဈေနှုန်းကြိုက်သလောက်တက်...စိုက်ပျိုးထုတ်
လုပ်သူတောင်သူတို့ အတွက်အကျိုးရှိစေပြီး....ပြည်တွင်း စားသုံး
မှု မရှိတာကြောင့် ပြည်သူတို့ စားသုံးမှုကို မထိခိုက်စေပါဘူး....
ဒါဆိုရင် ကျွန်တော်တို့ ...စဉ်းစားရပါမယ်....ပြည်တွင်းစားသုံးမှု
အဆင်ပြေရေးအတွက် စပါးသီးနှံကို စိုက်ပျိုးထုတ်လုပ်သူတောင်
သူလယ်သမားတို့ အတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်း စားသုံးသူ
တို့ ခံနှိုင်တဲ့ ဈေးနှုန်းလောက်ဖြစ်လာရင်ရပြီ..တောင်သူလယ်တိုး
တက်ဖို့ အတွက် ပြည်ပဈေးကွက်မှာလိုအပ်ချက်ရှိနေတဲ့..သီးထပ်
မတ်ပဲ..ပဲတီစိမ်း တို့ ကို အထွက်နှုန်းပိုလာအောင်..ဈေးကွက်မြဲ
နေအောင်..စိုက်ပျိုးထုတ်လုပ်လုပ်ရာမှာ အခက်အခဲတွေ မရှိလေ
အောင် ကူညီဖို့ လိုလာပါမယ်...
ဘယ်သူတွေက လုပ်ပေးကြမလည်း..နိုင်ငံတော်အပိုင်းက ရော
လုပ်ပေးနှိုင်မလား..ကိုယ်တို င်လုပ်မပေးနှိုင်ခဲ့ရင်..အမှန်စေတနာ
ထားလုပ်မယ်လို့ ယုံကြည်ရတဲ့..အဖွဲ့ အစည်းတွေကို ပံ့ပိုးပေးနှိုင်
မလား...ပံ့ပိုးပေးတယ်ဆိုတဲ့ နေရာမှာလည်း..ဘယ်လောက်အထိ
ပြတ်ပြတ်သားသားလုပ်နှိုင်မလည်း...ဆိုလိုတာက နိုင်ငံတော် က
ပံ့ပိုးပေးပါလျှက် ကိုယ်ကျိုးကိုသာလုပ်ခဲ့ရင် ပြတ်ပြတ်သားသားအ
ရေးယူမှာလား ဆိုတာပါ..အဲ့ဒီလို မပြတ်သားရင်တော့...မအောင်
မြင်နှိုင်ဘူးဆိုတာ....နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကို သာပြန်
လည်သုံးသပ် ဖို့ လိုပါမယ်..နိုင်ငံတော်အနေနဲ့ ..လူနည်းစု ၀ိသမ
သားတို့ နဲ့ တွဲဖက်လုပ်....အောင်မြင်မှုမရှိတာတွေကို ပြတ်သားတဲ့
အရေးယူမှု မလုပ်နှိုင်..မျက်နှာနာနေကြမယ်ဆိုရင်တော့...အများစု
သော ပြည်သူတို့ ရဲ့ ငြို ငြင်မှုကိုခံစားကြရမှာ...သတိပြုကြဖို့ လို ပါ
တယ်လို့ တင်ပြပါရစေ....
ကျွန်တော် အရောင်မရှိပါဘူး...လယ်ယာကဏ္ဍတိုးတက်စေလိုပါ
တယ်..တောင်သူလယ်သမားတို့ ကို ဆင်းရဲတွင်းကလွတ်စေလိုပါ
နိုင်ငံတော်ကို အဆင်းရဲဆုံးနိုင်ငံစာရင်းထဲက လွတ်မြောက်စေလို
ပါတယ်.လာမည့်အစိုးရမှာ..အဲ့ဒါတွေကို အမှန်တကယ်စိတ်ဝင်စား
ပြီး လုပ်ကိုင်နှိုင်မည့်...လုပ်ကိုင်မည့် ပုဂ္ဂိုလ်ကြီးများ ပါဝင်လာပါစေ
လို့ ဆုတောင်းရင်း...မျှော့်လင့်လျှက်..............( Nay La

မိုးစပါး


မိုးစပါးများစတင်ထွက်ရှိနေပြီဖြစ်လို့ ..ဆန်ပြတ်လပ်မှုဆိုတာမဖြစ်နှိုင်
ဆန်သစ်များဈေးကွက်အတွင်းဝင်ရောက်နေသလို...ဆန်ဟောင်းများ
ကလည်းဈေးကွက်အတွင်းမှာရှိနေပါသေးတယ်....
ကောက်စောအနေဖြင့်ကတော့..အသွယ်စပါးများသာဦးစွာထွက်ပေါ်
လာတာဖြစ်လို့ ...စပါးတင် ၁၀၀ ကို ဒေသပေါ်မူတည်ပြီး ၅၂၀၀၀၀ိ-
ခန့် ဈေးဖြစ်နေပါတယ်..အစိုဓာတ်ပေါ်မူတည်ပြီးတစ်တင်းလျှင်၅၀lb
ပါတ်ဝန်းကျင်ဖြင့်ဝယ်ယူနေကြပါတယ်...ဆန်ဈေးကွက်အနေဖြင့် တ
ရုပ် ၀ယ်လက်များ...ဆန်သစ်များဝယ်ယူနေပါပြီ...ဈေးကွက်စမ်းသပ်
မှု နမူနာအနေဖြင့်လား..ဈေးကွက်ကိုက ကိုက်ညီမှုရှိနေတာလားလို့ 
တော့ မမှန်းတတ်ပါ...သေချာတာကတော့...တရုပ်အနေဖြင့်ရာသီဥ
တု ကြောင့် ယခုနှစ် ဆန်လိုအပ်ချက်ရှိနေမယ်လို့ မှန်းဆရပါတယ်...
တရုပ်အနေဖြင့်လိုအပ်ချက်ရှိလာနှိုင်တဲ့ဆန်ကို...ယခင်လို..မူဆယ်
ဈေးကွက်ကဘဲ တရားမ၀င် တင်သွင်းမှုကို မသိဟန်ဆောင်ပြီးဝယ်
ယူမလား...မြန်မာ့ဆန်ကို နယ်စပ်ကနေ...တရားဝင်ဝယ်ယူလက်ခံ
မှာလား...မြန်မာ့ဆန်ကုန်သည်ကြီးများကရော....ဘယ်လိုဈေးကွက်
တွေဖန်တီးသွားကြမယ်ဆိုတာကတော့ မှန်းရခက်တာဖြစ်လို့  ပိတ်
ကားပေါ်မှာသာ စောင့်ကြည့်ရမှာပါ....
ယခုအချိန်မှာ ရိတ်သိမ်းထွက်ရှိမှုက ပမာဏမများသေးလို့ ဈေးကွက်
မှာစပါးဝယ်လိုအားက.များနေပါတယ်..ကြိတ်ခွဲထွက်ရှိလာတဲ့ ဆန်
သစ်အနေဖြင့်ဈေးကောင်းနေသေးလို့  ကြိတ်ခွဲကြသူများ အနေဖြင့်
လည်းအကျိုးအမြတ် ပိုရနေကြပါတယ်..လယ်သမားလည်းစပါးဈေး
ရ...စက်ပိုင်နဲ့ ကုန်သည်တို့ လည်း အကျိုးအမြတ်ရကြတဲ့ အခြေအ
နေလို့ ဆိုရပါမယ်.....ဒီလိုအခြေအနေမျိုးကမြဲနှိုင်သလား...မြဲနှိုင်ရင်
တော့အကောင်းဆုံးပါ....
ယခုအချိန်အခါမှာ.စပါးအစိုဓာတ်ရှိနေတာကြောင့် စပါးအခြောက်ခံ
ရတဲ့ကာလရှိနေတာကြောင့် ဈေးကွက်မှာစပါးဝယ်လိုအားရှိကောင်း
နေပါတယ်...စပါးအခြောက်ခံစက် လုံလောက်မှု မရှိသေးတာက တ
ကြောင်း..တောင်သူတို့ အနေဖြင့်လုပ်သားအခက်အခဲ သယ်ယူမှုစ
ရိတ်..နေရာအခက်အခဲတွေကြောင့်..နီးစပ်ရာ ကားလမ်းမတွေပေါ်
မှာ နေလှမ်းနေကြရတာ ကိုမြင်တွေ့ နေကြရမှာပါ...
တောင်သူလယ်သမားတို့ ..အနေဖြင့် ဈေးကောင်းလေးမှီဖို့  ကြိုးစား
နေကြရတဲ့ကာလပါ...ကားလမ်းပေါ်ခရီးသွားလာကြသူတွေအနေနဲ့ 
အထူးသဖြင့်သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်တွေမှာခရီးသွား
သူတွေများလာပြီဖြစ်လို့ ....မိမိတို့ သွားရာကားလမ်းတလျှောက် မှာ
စပါးနေလှမ်းထားမှုများနဲ့ ကြုံတွေ့ ရမှာပါ....အဲ့ဒီလိုကြုံတွေ့ တဲ့အခါ
စိတ်မညစ်..စိတ်မပျက်ကြပါနဲ့ .....မိမိတို့ လည်းအန္တရယ်မရှိအောင်
သတိထားမောင်းနှင်ကြခြင်းဖြင့်......လယ်သမားတို့ ကို တဖက်တ
လမ်းမှ..အထောက်အကူပြုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်
ခံအပ်ပါတယ်...။

လယ်သမားတို့ အားထားရာ..စပါးလှန်းကွင်းပါ သီးခံပြီးတော့ သွားလာပေးကြပါဗျာ။

လယ်သမားတို့ အားထားရာ..စပါးလှန်းကွင်းပါ
သီးခံပြီးတော့ သွားလာပေးကြပါဗျာ။






Soe Aung Soeaung added 2 new photos.
Dryer တွေမလုံလောက် သေးသမျှ ကါးလမ်းကိုဘဲ အားကိုးနေရပါသည်။(ကျောင်းကုန်းနှင့်ပန်းတနော်
ကြား)

"အဆင်းရဲဆုံးနိုင်ငံဖြစ်ရတာ...ဂုဏ်ယူနေကြသူများ"


ကိုယ်ကလည်း...ပြည်ပ ဆိုလို့ ဝေး..သိချင်တာလေးတွေရှိရင်တော့ စပ်စုပြီး
ဗဟုသုတရှာရတာပေါ့ဗျာ.ကျွန်တော်တို့ နိုင်ငံက ပေါင်းဆန် ဥရောပကိုတင်
ပို့ နှိုင်တာက...ဥရောပနိုင်ငံတွေက..ကျွန်တော်တို့ နိုင်ငံက ဆန်တင်ပို့ မှုကို
အခွန်မကောက်ဘူးတဲ့..အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံဖြစ်နေလို့ တဲ့..တွေ့ ဆုံ
ပွဲတစ်ခုမှာ ပေါင်းဆန်စက်ပိုင်ရှင်ကြီးတစ်ဦး ပြောတာကိုမှတ်ထားတာ.....

သြော်....ကိုယ့်နိုင်ငံဆင်းရဲလို့ ရလာတဲ့အခွင့်အရေး တစ်ရပ်အပေါ် ဥရောပ
နိုင်ငံတွေက လက်ခံနှိုင်တဲ့ အရည်အသွေးရှိတဲ့...ပေါင်းဆန်တွေ တင်ပို့ နေ
တဲ့ ဆန်စပါးလုပ်ငန်းရှင်ကြီးများကို လယ်သမားတို့ ကိုယ်စား ကျေးဇူးတင်ရ
မှာပေါ့...ကိုယ့်ထက်အရည်အသွေးသာတဲ့ ဆန်ရောင်းနိုင်ငံတွေအနေနဲ့ အ
ခွန်ကြောင့်တွက်ခြေမကိုက်ကြလို့ ..တင်ပို့ နှိုင်ခြင်းမရှိတဲ့ ဥရောပကို ကိုယ့်
နိုင်ငံက အရည်အသွေးမှီတဲ့ ဆန်ကို..အခွန်ကင်းလွတ်တဲ့ အခွင့်အရေးတစ်
ရပ်အနေနဲ့ တင်ပို့ နှိုင်တော့ဈေးကွက်လေးတော့ထိမ်းထားနှိုင်တာပေါ့.......
ဒါပေမယ့်...ကြားရပြန်တဲ့ သတင်းက...စိတ်မချမ်းသာစရာဖြစ်လာရပြန်ပါပြီ
ထိုင်းက ဆန်ကို ပြည်တွင်းကိုသွင်းတယ်..ပြီးတော့မြန်မာ့ဆန် ဆိုပြီး ဥရော
ပကိုတင်ပို့ တာ လုပ်နေကြပြန်ပြီတဲ့...အဆင်းရဲဆုံးနိုင်ငံအဖြစ်..အခွန်ကင်း
လွတ်ခွင့်ရတဲ့ အခွင့်အရေးကို အသုံးချပြီး စီးပွားရှာကြပြန်ပါပြီ...ဥရောပနိုင်
ငံတွေက ကျွန်တော်တို့ နိုင်ငံဆင်းရဲမှု.....ကျွန်တော်တို့ နိုင်ငံကလယ်သမား
တွေ ဆင်းရဲမှုကို ညှာတာထောက်ထားလို့  သီးခြားအခွင့်အရေးပေးနေတာ
ကို..ကျွန်တော်တို့ ပြည်တွင်းက ဆန်စပါးစိုက်ပျိုးသူတွေကို တဖက်တလမ်း
ကကူညီနေတာလို့ မြင်မိပါတယ်....အခုတော့ဗျာ.ထိုင်းကဆန်ကို ပြည်တွင်း
သယ်ပြီး မြန်မာ့ဆန် အဖြစ်နဲ့ ဥရောပတင်ရတယ်လို့ ဗျာ.ကိုယ့်ပြည်တွင်းက
လယ်သမားမျက်နှာကိုကြည့်ကြပါဦးဗျာ...
ထိုင်းကဆန်သွင်းချင်တော့..စားသုံးသူတို့ မျက်နှာကြည့်သလိုလို..ပြည်ပတင်
ပို့ ချင်တော့ စိုက်ပျိုးသူလယ်သမားအတွက်လိုလို နဲ့ ...အဆင်းရဲဆုံးစာရင်းဝင်
နိုင်ငံဖြစ်ရတာ...ဂုဏ်ယူနေကြပါသော..သူဌေးများပါလားလို့ ပါ.................။

""စားသုံးသူနဲ့ လယ်သမားကြည့်မလား...ကုန်သည်နဲ့ စက်ပိုင်ကိုကြည့်မလား ......ပြောကြပါဦး....."


ထိုင်းကဆန်တွေ ၀င်လာလို့ တဲ့...ယခုအချိန်မှာပြည်တွင်း၂၅%ဆန်၁၀၈ပေါင်
ကိုဆန်ဟောင်းကနှစ်သောင်းပါတ်ဝန်းကျင်ဖြစ်နေတော့...ဈေးကွက်သာရာဝင်
လာတာအဆန်းလား..ကိုယ့်ဘက်ဝင်လာတဲ့မှောင်ခိုဆန်တော့..ထောက်ပြကြ
တယ်..မှောင်ခိုဘဲအားမပေးတဲ့စိတ်ဓာတ်လိုလိုနဲ့ ....ကိုယ်ကြတော့ တရုပ် ကို
မှောင်ခိုရောင်းနေကြတာ...မဟုတ်ဘူးလား....တရုပ်ကဘယ်နိုင်ငံကမှ ဆန်မ
ဝယ်ပေမယ့် သူ့ နယ်စပ်စားသုံးသူသက်သာဖို့  မသိဟန်ဆောင်နေခဲ့လို့ ရောင်း
နေကြရတာ...အခုကိုယ့်ပြည်တွင်းဈေးကတက်လို့..ဈေးကွက်ကိုက်ညီလို့ ထိုင်း
ကဆန် ၀င်လာတာ..စားသုံးသူအတွက် အထောက်အကူဖြစ်စေတာပေါ့..ဘာ
လည်းလယ်သမားစပါးဈေးမရမှာစိုးရိမ်လို့ ဆိုတဲ့ အရှက်မရှိတဲ့ စကားတွေနဲ့ ဗျူး
နေကြဦးမှာလား..ခင်ဗျားတို့ ကုန်သည်..စက်ပိုင်တွေ..လေနဲ့ ပြောနေတဲ့ စေတ
နာတွေသာမှန်နေရင်...မျှဝေလုပ်ကိုင်စားသောက်ကြမယ်ဆိုတဲ့စိတ်ရင်းရှိနေရင်
လယ်သမားတွေ ယခုလောက်ဆင်းရဲနေစရာ အကြောင်းမရှိဘူး...

စပါးပေါ်လာတော့ ဈေးဆွဲချ..လယ်သမားလက်ထဲစပါးမရှိတော့မှ ဆန်ဈေးတက်
လယ်သမားလည်း အကျိုးမရှိ...စားသုံးသူလည်း မသက်သာ...စက်ပိုင်နဲ့  ကုန်
သည်များကသာ...ရေမီးအစုံနဲ့ လေထီးခုန်နေကြတာတွေသာ တွေ့ နေရတယ်
မီဒီယာများကိုတဆိတ်လောက်လောက်...ပြောချင်တယ်ဗျာ..အသင်းအဖွဲ့ တွေ
မှာ အပေါ်ပိုင်းတာဝန်ရှိသူတွေပြောတိုင်း...%ပြည့်အမှန်တရားတွေလို့ ထင်ပြီး
ရေးမနေကြပါနဲ့ ...သူတို့ ပြောခဲ့တာတွေ ဖြစ်လာသလား...ဆိုတာကိုပြန်ပြီးသုံး
သပ်ကြဦး...ခင်ဗျားတို့ ဗျူးတဲ့သူတွေ လုပ်နေတဲ့အသင်းအဖွဲ့ တွေအောင်မြင်နေ
ပြီလား..လေ့လာကြဦး..လယ်သမားအကြောင်းကိုသိချင်ရင် အစည်းအဝေးခန်း
တွေမှာ သွားဗျူးမနေကြပါနဲ့ ...လယ်တောထဲဆင်းပြီးလယ်သမားတွေနဲ့ တွေ့ ဆုံ
ပြီးမေးကြပါလို့ ..ပြောလိုက်ပါရစေ.........

Why ?


ကမ္ဘာ့ အကောင်းဆုံးဆန် ထွက်ရှိပါသော...နိုင်ငံမှ
တောင်သူလယ်သမားများ...ဆင်းရဲကြပါ၏ ။
 
Myo Thuya Aye to Myanmar Rice Mrf
2011 World best rice award ( Hochimin city, Vietnam)
Myanmar Pawsan Rice ( Ayeyarwaddy)

“ရေးလိုစိတ်မရှိတော့ပါသော်လည်း...ရေးမိပြန်ပါ၏”


အမှန်အတိုင်းပြောရရင်..…ဆန်စပါးနဲ့ ပါတ်သက်ရင်…မရေးချင်တော့ပါဘူး
စေတနာနဲ့ ...အနာဂတ်ဖြစ်လာနှိုင်တာတွေရေးပြန်တော့...အချို့ ကမကြိုက်
ကြပြန်ပါဘူး…ကျွန်တော်ရေးနေတာစေတနာအမှန်ပါ..သိထားခဲ့တဲ့သတင်း
များအပေါ် မူတည်ပြီးဖြစ်လာနှိုင်တာတွေကို စဉ်းစားတင်ပြနေတာပါ..ဖတ်
ရသူတို့ လည်းမိမိတို့ ကြုံတွေ့ ရမှုများအပေါ် ကြိုတင်စဉ်းစားနှိုင်ကြဖို့ ပါ.....
ကျွန်တော်တို့  ဆန်စပါးဈေးကွက် ဆိုတာအမြဲပြောင်းလည်းနေမှာပါ..ကျွန်
တော်တို့ နိုင်ငံမှာက..ငါးပွက်ရာ ငါးစာဝိုင်းချနေ ရတဲ့ဈေးကွက်ကသာထွန်း
ကားနေတာ…ဈေးကွက်တည်ညိမ်မှုဆိုတာဖြစ်မလာနှိုင်သေးပါဘူး...ဈေး
ကွက် တစ်ခုကောင်းလာရင်…အားလုံးက ၀ိုင်းအုံလာကြတာ….လူများလာ
တာနဲ့ အမျှ ဈေးကွက် မှာ ပြဿသနာကအမျိုးမျိုးစလာပါတော့တယ်…ဒါကကျွန်
တော်နိုင်ငံရဲ့ ပုံမှန်ဖြစ်စဉ်လိုဖြစ်နေတော့….တည်မြဲနေတဲ့ ဈေးကွက်ဆိုတာ
ယနေ့ အချိန်အထိ ပြစရာမရှိသေးပါဘူး….
ယနေ့ ..ကျွန်တော်တို့ ဆန်စပါးဈေကွက်…တရုပ်လမ်းပုံမှန်ပြန်ဖွင့်ပြန်တော့
အသံတွေမရပ်..တမျိုးပြောင်းလာကြပြန်ပါတယ်…နယ်စပ်ကုန်စည်ဒိုင်ကိစ္စ.
ထိုင်းက မှောင်ခိုဝင်လာတဲ့ဆန်ကိစ္စ…နယ်စပ်ဆန်ပါမစ် အရောင်းအ၀ယ်..
ကျွန်တော့်အမြင် ဆန်စပါးဈေးကွက် အနာဂတ်ကာလ အကြို စတင်ပြောင်း
လည်းလာတော့မှာပါ….ယနေ့  WFP ကပြည်တွင်းမှာ အလှူဆန်ဝယ်ရတာ
ဈေးနှုန်း…..အရည်အသွေး မကိုက်ညီလို့ ...ပြည်ပက ဆန် တင်သွင်းလာဖို့ 
တောင်းဆိုနေပြီ…ထိုင်းနိုင်ငံက..လက်ရှိပြည်တွင်းဆန်ဈေးနှုန်းအရ..မြန်မာ
နိုင်ငံကို ဆန်တင်ပို့ ရောင်းချခွင့်အကြိမ်ကြိမ်တင်ပြနေပြီ…တရားဝင်တင်ပို့ ခွင့်
မရခဲ့ရင်..မှောင်ခိုဝင်လာတော့မှာပါ…ထိုင်းကဆန် မှောင်ခို ၀င်မလာဖို့ အော်
ကြဦးမှာလား…ခင်ဗျားတို့ တရုပ်ရောင်းနေတာလည်း..တရုပ်ဖက်ကကြည့်ရင်
မှောင်ခို သွင်းနေတာလေ…မှောင်ခိုဆိုတော့ အခွန်လွတ်တာပေါ့..အခွန်လွတ်
လို့ လည်း တွက်ခြေ ကိုက်နေကြတာပေါ့..ပုံမှန်တရားဝင်ဆိုရင် ကျွန်တော်တို့ 
ဆန်ဝယ်ပါ့မလား…ဥရောပကို ပေါင်းဆန်ပို့ တယ်..ဘာေ့ကြာင့်ပို့ နှိုင်သလည်း
အခွန်လွတ်နေလို့ …ကျွန်တော်တို့ နိုင်ငံက…ဆင်းရဲတဲ့နိုင်ငံဖြစ်နေလို့  အခွန်
လွတ်နေတာလို့ သိရပါတယ်…ဒါဆိုရင် အများနည်းတူ ပုံမှန် ကုန်သွယ်မှု ဆို
တာဖြစ်လာရင် ကျွန်တော်တို့ ဆန် ၀ယ်ပါဦးမလား..ကျွန်တော်တခါက တင်ပြ
ခဲ့သလိုပေါ့..အချို့ လုပ်ငန်းများ...မီတာခ ပုံမှန်ဆောင်ရရင်မကိုက်ဘူး..အရှုံးပေါ်
တယ်..ဒီတော့ မီတာ ခိုးပြီးလုပ်တော့မှ အကျိုးအမြတ်ရတယ်…အဲဒီအကျိုးအ
မြတ် ဆိုတာ လုပ်ငန်းပေါ်က...ရတာလား…မီတာခိုးလို့ ရလာတဲ့ ၀င်ငွေလား…
ကျွန်တော်တို့  ယနေ့ ဆန် ပို့ လို့ ရနေသေးတာ..ဈေးကွက်အရကိုက်ညီလို့ 
ပို့ နေနှိုင်တာလား..မှောင်ခိုဈေးကွက်အရ လွတ်နေတဲ့ အခွန်ကိုခံစားနေကြတာ
လားဆိုတာ စဉ်စားကြဖို့ လိုပါတယ်…
ဒါတွေအားလုံးဟာ…ကျွန်တော်တို့ လုပ်ခဲ့ကြတဲ့ အကျိုးဆက်တွေကြောင့်ဖြစ်
လာတာပါ…..ပြည်ပတင်ပို့ မှုတွက်ခြေကိုက်ခဲ့ကြတယ်...ပိုပြီးတွက်ခြေကိုက်
ချင်ကြတော့ အရည်အသွေးလျှော့ချ တင်ပို့ ကြတယ်..ယနေ့ အာဖရိက ပင်
လက်မခံတော့တဲ့ ဆန်စုတ်များ…ရေဘေးအလှူဆန်လောကထဲဝင်ရောက်ခဲ့
ကြတာ..ကိုယ့်ဈေးကွက်ကို ကိုယ်သတ်သလိုဖြစ်ခဲ့ကြရပြီ...အလှူရှင်များက
ပြည်ပဆန်ဈေး..ဆန်အရည်အသွေးတွေနဲ့ နှိုင်းယှဉ်ပြီးမြင်ကုန်ကြပြီ…အလှူ
ဆန်ကိုပြည်တွင်းက မ၀ယ်လိုကြတော့….ပြည်ပကတင်သွင်းလိုလာကြပြီ….
ယနေ့  ထိုင်း..အိန္ဒိယ..ကဆန်များ..မှောင်ခိုဝင်လာရင်..ဈေးကွက်ပြောင်းပြီး
လုပ်ကြပေဦးမည်…တရုပ်လိုင်းပိတ်တော့…..စိုက်ပျိုးသူတောင်သူတွေ ကို ဦး
ထိပ်ထားပြီး အော်ခဲ့ကြသူတို့ ..ထိုင်းက မှောင်ခိုဆန် ဈေးကွက် ကိုက်ရင်လုပ်
ကြဖို့ ပြင်ဆင်နေကြပြီ….ငါးပွက်ရာကို ငါးစာဝိုင်းချကြပေဦးမည်….
လာမည့်နှစ်အနည်းငယ်အတွင်း…အာဆီယံနိုင်ငံများနှင့် သဘောတူညီချက်
များအတိုင်းလုပ်ကြရပေတော့မည်..ဆန်စပါးဈေးကွက်လုံးဝပြောင်းလည်းပေ
တော့မည့်…စိုက်ပျိုးထုတ်လုပ်မှုသီးနှံများ.. ဈေးကွက်နှင့် ကိုက်ညီရာပြောင်း
လည်းစိုက်ပျိုးလာကြပေတော့မည်…ကျွန်တော်တို့  စည်လုံးညီညွတ်စွာဖြင့်
ယှဉ်ပြိုင်လုပ်ကိုင်နှိုင်ကြဖို့ …ပြင်ဆင်ကြရမည့်အစား…သွေးကွဲနေကြ၏
ကျွန်တော်တို့ ဆန်စပါးလောက တနပ်စားလုပ်ခဲ့ကြတဲ့ ဖြစ်စဉ်တွေကြောင့် ဈေး
ကွက် တည်မြဲမှု ဆိုတာ ကြာကြာမခံခဲ့….သို့ သော်…လုပ်ခဲ့ကြပါ၏….လုပ်နေ
ကြပါ၏..ဆက်လက်လုပ်နေကြဦးမည်ဟုမြင်မိပါ၏။

“ဆန်စပါးလောကကို….အတွေးနယ်လွန်ခဲ့ခြင်း”( ၂ )


ဆန်စပါးလောကကို…အတွေးနယ်မိတာလေး…ဆက်ရပါဦးမယ်…ယနေ့ အခြေ
အနေတွေပေါ်မူတည်ပြီး...ဖြစ်လာခဲ့တဲ့အတွေးတွေပါ….
ပုသိမ်တွေ့ ဆုံပွဲမှာ…တိုင်းကုန်သွယ်မှုမြှင့်တင်ရေး ညွှန်ကြားရေးမှုး..ပြောခဲ့တာ
လေးပါ…လက်ရှိတိုင်းဒေကြီးအစိုးရအဖွဲ့ ရဲ့  ၅နှစ်နီးပါးသက်တန်းကာလမှာ.ဆန်
စက်အလုံးရေပေါင်း ၁၀၀ ကျော်တိုးတက်ခဲ့ကြောင်းပါ….မှန်ပါတယ် တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ အနေနဲ့ ဆိုရင်တိုးတက်မှုလို့ ဆိုရပါမယ်…..ဒါပေမယ့်ကျွန်တော်
တို့ ဆန်စပါးလောက လက်ရှိအခြေအနေနဲ့ သုံးသပ်ကြည့်ကြရအောင်ပါ………
ကျွန်တော်တို့ ဆန်စပါးလောက မှာ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ကြရာမှာ..လာမယ့်
အနာဂတ်ကာလမှာ ဖြစ်လာနှိုင်တဲ့..ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု..ကြိတ်ခွဲထုတ်
လုပ်မှု..ကုန်သွယ်မှုအတွက်..ကြိုတင်စဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်…အထူး
သဖြင့်ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းပါ….ဆန်စက်အရေအတွက်တွေ တိုးတက်များ
လာခြင်းက ရင်းနှီးမြုတ်နှံမှုတန်ဘိုးတွေပိုမိုလာခြင်းဖြစ်ပါတယ်…ငွေဖေါ်ရန်ခက်
ခဲစေတဲ့ ပုံသေပိုင်ပစ္စည်းအနေနဲ့ မြုတ်နှံကြရတာပါ…ဒီလိုရင်းနှီးမြုတ်နှံမှုတွေက
အနာဂတ်ကာလ အတွက် အားသာမှုရှိလာမလား.ဆိုတာကျွန်တော်တို့ စဉ်းစား
ကြရမှာပါ…
ဆန်စက်….ဆန်စက်ဆိုတာ အဓိက ကုန်ကြမ်းဖြစ်တဲ့ စပါးသီးနှံကိုသာအားထား
လုပ်ကိုင်ကြရတာပါ…ကျွန်တော်တို့ က ဆန်စက်တွေအဆင့်မြှင့်..ဆန်စက်အရေ
အတွက်တွေတိုးပြီးမြုတ်နှံနေကြပေမယ့်..အဓိကကုန်ကြမ်းဖြစ်တဲ့ စပါးသီးနှံတွေ
က..စိုက်ပျိုးထုတ်လုပ်မှုမှာ..အထွက်တွေတိုးလာနေလို့ လား…စိုက်ဧကတွေက
ပိုလာနေလို့ လား..စိုက်ပျိုးထုတ်လုပ်သူတွေက စီးပွားရေးတွက်ခြေကိုက်နေတဲ့
အခြေအနေကိုရောက်နေကြပြီလား…နှစ်စဉ်စပါးသီးနှံထွက်ရှိလာမှု..ပမာဏက
တိုးလာနေပြီလား.တိုးလာတယ်ထားဦးတော့..လက်ရှိအဆင့်မြှင့်ပြီးတဲ့ဆန်စက်
အရေအတွက်အရ...ကြိတ်ခွဲ..ထုတ်လုပ်နှိုင်မှုက လုံလောက်တဲ့အခြေအနေမှာ
မရှိသေးလို့ လား…ဒါတွေသုံးသပ်ကြရပါမယ်…ကုန်ုကြမ်းဖြစ်တဲ့ စပါးသီးနှံကတိုး
တက်လာမှုမရှိဘဲ…နှစ်စဉ် ဆန်စက်အရေအတွက်တွေ တိုးတက်များပြားလာမှု
က..ဆန်စပါးလောက မှာ..အားနည်းချက်..အားသာချက်တွေ.. ဘယ်လိုထူးခြား
ပြောင်းလည်းလာနေပြီလည်း….
အပြိုင်အဆိုင်ဈေးကွက်ရဖို့ အတွက်..ဆန်စက်တွေကိုအဆင့်မြှင့်…ဆန်စက်တွေ
ထပ်မံတိုးမြှင့်တည်ဆောက်ကြ…မတည်မြဲတဲ့ ဈေးကွက်တွေကို အလုအယက်ရှာ
ကြ…ဟုတ်ကဲ့ပါ…..ခင်ဗျားတို့  ဆန်စက်ပိုင်ရှင်ကြီးတွေ အဓိကအားထားရတဲ့ကုန်
ကြမ်းဖြစ်တဲ့..စပါးသီးနှံ ထွက်ရှိမှုကျဆင်းနေတာကို သတိထားမိကြရဲ့ လား..စပါး
သီးနှံ စိုက်ပျိုးထုတ်လုပ်နေကြတဲ့ တောင်သူလယ်သမားတွေ ရေရှည်စိုက်ပျိုးနှိုင်
ကြဖို့ သူတို့ ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို ၀ိုင်ဝန်းကူညီသင့်တယ်လို့ ..တွေးမိ
ကြရဲ့ လား…..
ယနေ့ …ငွေကြေးချမ်းသာလို့  ဆန်စက်လုပ်ငန်းဝင်ရောက်လုပ်ကိုင်သူများကလွဲ
လို့ .များသောအားဖြင့်ဆန်စက်ပိုင်ရှင်အများစုက..ချေးငွေလိုအပ်ချက်က အဓိက
ဖြစ်နေကြပါတယ်.…မိမိပိုင်ဆန်စက်ကို အာမခံထားပြီး….ချေးငွေပေါင်းများစွာကို
တောင်းဆိုနေကြပါတယ်….ဆန်စက်တော့လုပ်နှိုင်တယ်…လုပ်ငန်းလည်ပါတ်ရန်
ရင်းနှီးငွေလိုနေကြတယ်လို့ မြင်မိပါတယ်…နိုင်ငံတော်ကိုချေးငွေအတွက်တောင်း
ဆိုကြတယ်…ကျွန်တော့်အမြင်..ဆန်စက်တွေကလိုအပ်တဲ့ချေးငွေသာ..ထုတ်ချေး
ပေးနှိုင်တဲ့ အစိုးရတစ်ရပ်ပေါ်လာခဲ့ရင်တော့…ဆန်စက်အရေအတွက်တွေက ယခု
ထက် တိုးလာကြဦးမှာပါ…
ကျွန်တော် တင်ပြခဲ့သလို…ရာနှုန်းပြည့်ပွင့်လင်းမြင်သာလာမှု..ရာနှုန်းပြည့်လွတ်
လပ်စွာ လုပ်ကိုင်ခွင့်တွေရလာတော့မယ့် အနာဂတ်ကာလ…ဆန်စက်များရဲ့ အဓိ
ကကုန်ကြမ်းဖြစ်တဲ့ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သူတွေက…လွတ်လပ်စွာလုပ်ကိုင်
ခွင့်တွေ..လွတ်လပ်စွာ စပါးသီးနှံအတိုင်း ပြည်ပရောင်းချခွင့်တွေ..ရလာခဲ့မယ်ဆို
ရင်ပေါ့….စပါးစိုက်ပျိုးထုတ်လုပ်မှုကတွက်ခြေမကိုက်လို့ …အခြားတွက်ခြေကိုက်
စေမည့် အစားထိုးသီးနှံတွေပြောင်းလည်းစိုက်ပျိုးလာကြရင်ပေါ့…..ကျွန်တော်တို့ 
နိုင်ငံမှာ နှစ်စဉ် အရေအတွက်တိုးလာနေတဲ့ ဆန်စက်တွေရဲ့  အနာဂတ်ကာလ…
အဲ့ဒီလို ဖြစ်စဉ်တွေဖြစ်လာ့ခဲ့မယ်ဆိုရင်...ဆန်စက်တွေကချေးယူထားတဲ့ချေးငွေ
များ ပြန်လည်ပေးဆပ်နှိုင်ကြဖို့  အခြေအနေ….စဉ်းစားကြရပါမယ်…..ယခုလိုအ
ခြေအနေမျိုးမှာ ကိုယ့်မှာရှိတဲ့အရင်းအနှီးတွေနဲ့ ဆန်စက်တည်..လည်ပါတ်ငွေအ
တွက် ဘဏ်ချေးငွေကို အားကိုးပြီးလုပ်သင့်လား….
ဒါဆိုရင်…ဒေသတွင်းမှာ…ကုန်ကြမ်းဖြစ်တဲ့…စပါးသီးနှံ စိုက်ဧကတိုးတက်လာခြင်း
မရှိ…အထွက်နှုန်းတွေတိုးတက်လာခြင်းမရှိဘဲ…စပါးသီးနှံကုန်ကြမ်းနဲ့ သာလုပ်ကိုင်
ကြရတဲ့ …ဆန်စက်အရေအတွက်တွေ တိုးတက်များလာခြင်းက…ဆန်စပါးလောက
ရဲ့  တိုးတက်မှုတရပ် ဖြစ်လာနှိုင်သလားဆိုတာကို..အတွေးနယ်လွန်မိကြောင်းပါ.။

“ဆန်စပါးလောကကို….အတွေးနယ်လွန်ခဲ့ခြင်း”( ၁


ကျွန်တော်တို့ ဆန်စပါးလောက…ပြီးခဲ့တာတော့ ထားတော့…ယနေ့ အခြေအနေ
တွေကိုလည်းအများ အမြင်မှာ သိကြနေကြပါပြီ…..ကျွန်တော်အတွေးလွန်မိတာ
လား…နယ်လွန်သွားလေသလား…တော့ မခန့် မှန်းနှိုင်…အနာဂတ်အတွက်…….
အများဆန္ဒ. အဓိကဖြစ်လာတော့မယ့် စနစ်..ပီပြင်စွာဖြစ်ပေါ်လာတော့မယ်ဆိုရင်
ပေါ့…စားသုံးမှု အပိုင်းမှာ…လူတိုင်းနဲ့ ပါတ်သက်မှုရှိနေတာက..ဆန်….ဆန်စပါး
လောကကိုကြည့်ပြန်ရင်လည်း…စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့ 
မှာ အများစုက တွက်ခြေမကိုက်ကြလို့  ဆင်းရဲနေကြရ..ဒါကို ကယ်တင်ပို့ ခေတ်
အဆက်ဆက် နည်းလမ်းတွေရှာလုပ်ခဲ့ကြပေမယ့်..အောင်မြင်မှုကမရှိသေး……
တောင်သူလယ်သမားတွက်ခြေကိုက်ဖို့ ...ကြိုက်တဲ့နည်းစနစ်တွေလုပ်..ချေးငွေ
တွေလိုသလောက်ထုတ်ချေး…အဓိက….စပါးသီးနှံရောင်းရငွေက..စိုက်ပျိုးထုတ်
လုပ်တဲ့ စရိတ်ထက် ထိုက်သင့်တဲ့ ပိုငွေရှိမှ ဖြစ်မှာ..…ဒီနေ့ လယ်သမားက ချေး
ငွေတွေအကြွေးတင်နေမှုကိုဖြေရှင်းနေရတဲ့…အခြေအနေမှာသာရှိနေသေးတာ
သူတို့ တစ်ဧကချေးငွေ.....သောင်းဂဏန်း ကနေ ယနေ့ သိန်းဂဏန်း တွေအထိ
ကြွေးတင်လာကြတာကိုဖြေရှင်းနေကြရပါပြီ..လူတစ်ဦး..မိသားစု တစ်စုမှာ ကြွေး
ပမာန တိုးတာခြင်းက..ပိုများလာခြင်းက ပိုးပြီးတိုးတက်လာသလား..တိုးတက်ဖို့ 
အခြေအနေတွေနဲ့  ပို၍ဝေးလာသလားဆိုတာ..စဉ်းစားကြည့်ကြပါဦး…
နောက်….တဖက်က..စားသုံးသူကဏ္ဍ….လယ်သမားတိုးတက်စေဖို့ …စပါးဈေးပိုရ
စေတဲ့ နည်းလမ်းကိုလည်း..အပီအပြင်လုပ်လို့ မရ..ပြည်တွင်းစားသုံးမှု မှာဖြစ်လာ
စေတဲ့ အခက်အခဲပြန်ကြည့်နေရ…ပြန်မကြည့်လိုလည်းမရ..ဆင်းရဲတဲ့လူတန်းစား
များတဲ့…ဆင်းရဲတဲ့နိုင်ငံဖြစ်ပြန်…တနေ့ တာ သတ်မှတ်လုပ်ခ နဲ့ တွက်ကြည့်ပြန်ရင်
ဆန်ဈေး ဆိုတာ အတိုင်းတာ တစ်ခုထက်ပိုလို့ ..မဖြစ်ပြန်ဘူးလေ…
ဒီတော့.စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့ လည်းတိုးတက်..စားသုံးသူ
ပြည်သူ တို့ လည်း အဆင်ပြေစေမယ့် အခြေအနေကို ယနေ့ အချိန်ထိ ဖန်တီးနှိုင်
ခြင်းမရှိသေး…ဒီကြားထဲမှာ..ကြိတ်ခွဲထုတ်လုပ်သူနဲ့ ..ကုန်သွယ်သူတို့ ….သူတို့ က
လည်း..ယနေ့ အထိအဆင်မပြေနှိုင်သေးတဲ့…လယ်သမားနဲ့ စားသုံးသူတို့ ကြားမှာ
စီးပွားရှာနေရင်း..အချင်းချင်း..အဆင်မပြေမှု ကတမှောင့်နဲ့ .ကဲဘာလုပ်ကြမတုန်း
ယနေ့ ..ကျွန်တော့်အမြင်…သမ္မတရုံးက Hmuu Zaw အကောင့်မှာ သမ္မတကြီးရဲ့ 
လယ်ယာမှာ စမ်းသပ်စိုက်ပျိုးနေမှုတွေအကြောင်းတင်ပြမှုမှာ..ကြယ်ပဲစိုက်ပျိုးမှု
ရဲ့ တွက်ခြေကိုက်မှု….လယ်မှာ ကြယ်ပဲစိုက်မယ်ဆိုရင်..လယ်သမားတို့ တိုးတက်
နှိုင်မှု တို့ ကဖတ်ရပြန်တော့…စပါးစိုက်ပျိုးတဲ့ လယ်မြေတွေမှာ....စီးပွားရေးတွက်
ခြေကိုက်စေနှိုင်မယ့် ဈေးကွက်ကောင်းစေနှိုင်တဲ့..စပါး အစားထိုးအခြားသီးနှံတွေ
ကို..ပြောင်းလည်းစိုက်ပျိုးခွင့်ရနေပြီလား..စပါးထက်တွက်ခြေကိုက်စေမယ့် အခြား
သီးနှံတွေကို ပြောင်းလည်းစိုက်ပျိုး ကြတော့မယ်..ဆိုရင်…ဘာတွေဖြစ်လာနှိုင် မှာ
လည်း..ကြိုတင်တွေးပြီးကြပြီလား….
မနေ့ က..ပုသိမ်မှာလုပ်တဲ့တွေ့ ဆုံပွဲ မှာ...ကုန်သွယ်မှုမြှင့်တင်ရေးက ညွှန်ကြားရေး
မှူး ဦးစိုးအောင်ပြောခဲ့တဲ့...ဆန်ဈေးကွက်အခြေအနေ…ထိုင်းက မြန်မာပြည်ကိုဆန်
ရောင်းချင်လို့ ခွင့်ပြုချက်တောင်းနေပြီ…ပြည်တွင်းက ဆန်စပါးလုပ်ငန်းရှင်အချို့ က
လည်း…လက်ရှိဖြစ်တည်နေတဲ့ ပြည်တွင်းဆန်ဈေး အရ..အရည်အသွေးသာပြီးဈေး
နှုန်းကိုက်ညီနေတဲ့ ပြည်ပနိုင်ငံအချို့ က ဆန် ကိုပြန်ဝယ်သွင်းချင်နေကြပြီ….တဲ့….
ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက…အခြေအနေတွေပေါ်မူတည်ပြီး ထိမ်းချုပ်မှုတွေနဲ့ 
လုပ်နေကြရတယ်…လယ်သမားတို့ အတွက်…စားသုံးသူတို့ အတွက်..စက်ပိုင်ကုန်
သည်တွေ တို့ အတွက်..…ကာလ..ဒေသ..အခြေအနေ..အချိန်အခါ..ပေါ်မူတည်ပြီး
အဆင်ပြေသလို လုပ်နေကြတာ…လုပ်လို့ ရနေသေးတယ်…ဘာ့ကြောင့် လုပ်လို့ ရ
နေတယ်လို့ ဆိုရင်..ကျွန်တော့်အမြင် ရာနှုန်းပြည့်..လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ မ
ရှိသေးလို့ ပါ…
ဟုတ်ကဲ့…ရာနှုန်းပြည့်လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေရလာပြီတဲ့…လယ်သမားကသူ
တွက်ခြေကိုက်စေမယ့် အခြားသီးနှံတွေပြောင်းစိုက်မယ်.စားသုံးသူတို့ ဆန်ဈေးနှုန်း
ကြီးမြင့်မှုတွေ မဖြစ်လာအောင်..ဈေးသက်သာစေမယ့်..ပြည်ပက ဆန်တွေပြန်ဝယ်
သွင်းမယ်…ဆိုတာတွေဖြစ်လာခဲ့ရင်…ယနေ့ ဆန်စက်ပိုင်တွေ….ဆန်ကုန်သည်တွေ
တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့ အမြင်တွေနဲ့ ..…တခါတရံဖြစ်လာတဲ့ ဖြစ်စဉ်တွေအပေါ်.
အနစ်နာမခံချင်မှုတွေနဲ့ …မညီညွတ်နေကြမယ်ဆိုရင်….အနာဂတ်ကျွန်တော်တို့ …

Friday, August 21, 2015

“စဉ်းစားချင့်ချိန်ပြီးမှ…အော်သင့်ကြောင်းပါ”


ပုသိမ်ကမိတ်ဆွေ တစ်ဦးနဲ့ ဖုံးဆက်ပြီး ဆန်စပါးကိစ္စပြောဖြစ်ခဲ့တာ…ဒီနှစ်ပုသ်မ်
မှာ ဈေးကွက်အရ..ကောက်ငယ်စပါးများထက်..ဈေးကွက်မှာ ပိုပြီးအ၀ယ်လိုက်
လာတဲ့ ပေါ်ဆန်းစပါးများ…ယမန်နှစ်ကထက်..ပိုမိုစိုက်ပျိုးလာကြတယ်လို့ ဆိုပါ
တယ်…လူချမ်းသာများသာမက...လူလတ်တန်းစားများပါ ပေါ်ဆန်း ဆန်ကိုစား
သုံးလာကြတယ်လို့ မြင်ပါတယ်….ပေါ်ဆန်း ဆန်ကိုပြည်ပတင်ပို့ ရောင်းချခွင့်ရှိ
ပေမယ့် ပြည်တွင်းဈေးနှုန်းနဲ့ မကိုက်တာကြောင့်…ပြည်ပပို့ တင်ပို့ မှုမရှိတာလို့ 
ထင်ရပါတယ်…ပေါ်ဆန်း ဆန်ကပြည်တွင်းဈေးကွက်မှာ…ဈေးကောင်းနဲ့ နေရာ
ရလာတော့….ပေါ်ဆန်းစိုက်တောင်သူတွေအတွက်ကတော့…စိတ်အေးရပြီပေါ့
ဒါပေမယ့် ပေါ်ဆန်းစပါး ဆိုတာနေရာဒေသတိုင်းမှာ…စိုက်ပျိုးလို့ ရတာ မဟုတ်
လေတော့…အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေအတွက်..စိတ်မကောင်း
ဖြစ်မိပါတယ်….
ယခုနှစ်စပါးရာသီမှာ..ရေကြီးနစ်မြုတ်အကြောင်းတွေများနေတာနဲ့ ..ကျွန်တော်
ရဲ့ အဓိက လယ်သမားတွေအကြောင်းမရေးဖြစ်ခဲ့ပါဘူး…ရေးရတာ.သာထပ်နေ
ပြီး..ဘာမှဖြစ်မလာတာလည်းပါတာပေါ့ဗျာ….ဒါပေမယ့်..ကျွန်တော်ဒီနေ့ တော့
တောင်သူလယ်သမားတွေဘက် ကနေပြီး..စားသုံးသူတို့ ကို ရှင်းပြ တောင်းပန်
လိုပါတယ်…အေးအေးဆေးဆေး..စဉ်းစားပေးကြပါ…ကိုယ်ပိုင်အသိတွေနဲ့  ဆုံး
ဖြတ်ပေးကြပါလို့ …အလေးအနက်ပြောပါရစေ….
ကျွန်တော်အနည်းငယ်ရှင်းပြပါရစေ….ယနေ့ တောင်သူလယ်သမားတွေ အနေ
ဖြင့်..လယ်ယာမြေကို မိုးစပါး နဲ့ သီးထပ်ဆိုပြီး တနှစ် နှစ်သီးသာစိုက်နှိုင်ကြတဲ့
အနေအထားမှရှိနေပါသေးတယ်….မိုးပါးမှာတော့..လယ်ယာမြေအမျိုးအစားပေါ်
မူတည်ပြီး..ပျှမ်းမျှ တစ်ဧက ၇၀ တင်းခန့် သာထွက်ရှိကြပါတယ်…ထွက်ရှိလာတဲ့
စပါး..တောင်သူလယ်သမားတို့ အခြေခံဈေးနှုန်း ၄၀၀၀၀၀ိ လောက်ရမယ်ဆိုရင်
တစ်ဧကအပေါ်မှာ တောင်သူတို့ ရဲ့ လုပ်အားခ မပါ….၁၅၀၀၀၀ိ/- အကျိုးအမြတ်
ရနှိုင်ပါတယ်…သီးထပ် က လည်း သီးနှံပေါက်ဈေးပေါ်..မူတည်လို့  တစ်ဧက အ
ကျိုးအမြတ် ၁၅၀၀၀၀ိ/- ရတယ်ထား.တနှစ်တောင်သူတို့ လယ်မြေတစ်ဧက ၀င်
ငွေက ၃၀၀၀၀၀ိ/-ဆိုတာ ပျှမ်းမှအားဖြင့်အမြင့်ဆုံးရကြမှာပါ…လယ်ယာ ၅ ဧက
လုပ်နေသူလယ်သမားအနေဖြင့် တနှစ်ဝင်ငွေ ၁၅၀၀၀၀၀ိ/-ပါ..တစ်လ ၀င်ငွေက
တော့..၁၂၅၀၀၀ိ ပါ…ကျွန်တော်တို့ နိုင်ငံအနိမ့်ဆုံးလစာ ၀င်ငွေနဲ့  နှိုင်းယှဉ် စဉ်း
စားပေးကြစေလိုပါတယ်…သို့ ပါသော်လည်း..လစာဆိုတာကျိန်းသေပေါက်တည်
မြဲနှိုင်တဲ့ ၀င်ငွေဖြစ်ပေမယ့်..တောင်သူလယ်သမားတို့ အဖို့ မှာကတော့…ရာသီဥ
တုက မျက်နှာသာပေးပါမှ..ရနှိုင်တဲ့ဝင်ငွေပါ…ရာသီဥတုဘေးကလွတ်မြောက်ပြန်
တော့လည်း…ကမ္ဘာ့ပေါက်ဈေးနှုန်း….ပြည်တွင်းပေါက်ဈေးနှုန်းတွေက မတည်မြဲ
နှိုင်ပါဘူး…ဒီကြားထဲ ဆန်ဈေး..စပါးဈေးမြင့်တက်လာရင်..ထိမ်းချုပ်မှုတွေကဖြစ်
လာကြပြန်ပါတယ်…တောင်သူတို့ နေရကနေပြီး..စဉ်းစားပေးကြပါဦး…သူတို့  န
လံထူလာ စရာ အခွင့်အရေးကဘယ်မှာလည်း….
စပါးဈေး..၄၀၀၀၀၀ိ နှုန်းတည်မြဲပါမှ…ဆန်ဈေး က..စက်ပိုင်..ကုန်သည် အကျိုး
အမြတ်ပါပြီး..ဧည့် ၂၅%.၁၀၈ ပေါင်တစ်အိတ် လက္ကားဈေးနှုန်း ၁၇၀၀၀ိ ဖြစ်မှာ
ပါ..လက်လီဈေးကွက် ဆန်တစ်အိတ် တန်ဘိုး ၁၈၀၀၀ိ..ဆန်တစ်ပြီ ဈေးနှုန်းက
၈၀၀ိ/…ဆန်နို့ ဆီဘူး တစ်လုံး ကို ၁၀၀ိ/-သာရှိပါတယ်…ယနေ့ ဖြစ်တည်နေတဲ့
အခြားသောပစ္စည်းများ တန်ဘိုးတွေနဲ့ နှိုင်းယှဉ် စဉ်းစားပေးပါ..ယနေ့ ငွေကြေး
အရ..ငွေ ၁၀၀ိ ဆိုတာ တောင်းတဲ့သူကိုပေးရင်တောင် နည်းတယ်ထင်ပြီး ကျေး
ဇူးတင်မခံ ရတဲ့ ပမာဏပါ…ကျွန်တော်တွက်ပြတာက..အခြေခံဆန်ကြမ်းပါ..ဆန်
ကောင်းရင်တော့..ကောင်းသလို ဈေးနှုန်းကွာသွားမှာပါ…ကျွန်တော်တို့ နိုင်ငံမှာ
အကောင်းဆုံး ဆိုတဲ့ ရွှေဘိုပေါ်ဆန်း ယနေ့ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တာ..၆၀၀၀၀ိ/-
ထက်မပိုပါဘူး..တစ်ပြီကို၂၅၀၀ိ/-..နို့ ဆီဘူးတစ်ဘူး ကို ၃၂၀ိ/- ခန့် ….ကမ္ဘာမှာ
အကောင်းဆုံးဆုရထားတဲ့ ဆန် အနေနဲ့ ..အခြားစားသောက်ကုန်များနဲ့ နှိုင်းယှဉ်
စဉ်းစားနှိုင်ကြဖို့ ပါ…ကျွန်တော်တို့ နိုင်ငံကစားသုံးဆန် ဈေးနှုန်းက နို့ ဆီတစ်ဘူး
အမြင့်ဆုံးမှ ၃၀၀ိ ကျော်နဲ့  အနိမ့်ဆုံး ၁၀၀ိ သာရှိနေပါတယ်….
နောက်တခုက..ကျွန်တော်တို့ စားသုံးသူတွေက..ဈေးမြင့်တယ်ဆိုပြီးအော်တဲ့ အ
ချိန်က..လယ်သမားလက်မှာ စပါးမရှိတော့ဘူး…အဲ့ဒါ ကုန်သည်တွေ လုပ်တဲ့ဈေး
ဟော..ဆန်ဈေးနှုန်းကိုထိမ်းချုပ်..စပါးလည်းပေါ်ရော.စပါးဈေးက နလံမထူတော့
ဘူး….အမှန်တော့..ဆန်ဈေးထိမ်းချုပ်တာတွေ မလုပ်ပါမှ…နောင်နှစ် စပါးပေါ်ချိန်
မှာ…ဈေးကောင်းလေးရနှိုင်ဖို့ မျှော်လင့်ချက်ရှိနေနှိုင်ပါသေးတယ်….
ကျွန်တော်တို့ နိုင်ငံက တောင်သူလယ်သမားတွေ ဆိုတာ မြန်မာတိုင်းရင်းသား..
ဗုဒ္ဓဘာသာဝင်တွေပါဗျာ..တရုပ်..ကုလားက လယ်မစိုက်ပါဘူး….ကျွန်တော်တို့ 
တယ်လီနောတွေ…အော်ရီဒူးတွေ တောင်အားပေးနေကြရသေးတာ..ကျွန်တော်
တို့ ငွေတွေ ပြည်ပကိုသယ်သွားကြမယ့်သူတွေလေ…လယ်သမားရတဲ့ ၀င်ငွေက
ပြည်တွင်းမှာသာကျန်နေရစ်မှာပါ..သူတို့ ဝင်ငွေကောင်းရင်.အခြားသောရောင်း
ဝယ်မှုတွေပါ ပိုမိုထွန်းကားလာစေတာ သိကြပြီးပါ….
ကျွန်တော်တို့  တိုင်းရင်းသား..လယ်သမားတွေကိုပြန်ကြည့်ကြပါဦးဗျာ…ဆန်ဈေး
တက်လို့ အော်ကြမယ်ဆိုရင်..တအားရမ်း မအော်ကြပါနဲ့ …အခြားခြားသောကုန်
ပစ္စည်းဈေးတွေ..ငွေဖောင်းပွမှု တွေနဲ့ နှိုင်းယှဉ်..စဉ်းစားပြီး…မှ အော် ကြပါ.အ
ခြားအခြားသော ကုန်ပစ္စည်းဈေးနှုန်များနဲ့ နှိုင်းယှဉ်ပြီးများနေတယ်ဆိုမှ အော်
ကြပါ.လို …တောင်သူလယ်သမား များကိုယ်စား..တောင်းပန်အပ်ပါတယ်ဗျာ။

“လှေနံ နှစ်ဘက်နင်းထားရတဲ့.…ဆန်စပါးအသင်းချုပ်”


မြန်မာနိုင်ငံမှာ...ဖြစ်ပွားခဲ့တဲ့..ဖြစ်ပွားနေတဲ့ရေကြီးနစ်မြုတ်မှုတွေကြောင့်.…ဆန်
ဈေးနှုန်းများထိုက်သင့်သ၍တော့ တက်လာတာအမှန်ပါ.…ယမန်နှစ် ယခုအချိန်
ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင်…၂၀၀၀ိ..မှ ၃၀၀၀ိခန့် ပိုနေပါတယ်….
ပြည်တွင်းစားသုံးဆန်ချော..အဓိကထွက်တဲ့..ပုသိမ်မြို့ ဆန်ဈေးနှုန်း(လက္ကား)ကို
ယနေ့ မေးမြန်းစုံစမ်းခဲ့ပါတယ်...ဆန်သား ၇၀%ပါ နွေဆန်၁၀၈ပေါင် တစ်အိတ်
ကို ၂၂၅၀၀ိ/-…မိုးဆန်မနောသုခ ၅%တစ်အိတ်ကို ၂၅၀၀၀ိ/-….ရွှေသွယ်လေး
၅%တစ်အိတ်ကို ၂၇၀၀၀ိ/- အထိဈေးမြင့်တက်ခဲ့ပါတယ်…ယမန်နှစ်ဈေးအနေ
ဖြင့် ဆန်သစ်ပေါ်ချိန် ဆန်ဟောင်းဖြစ်တတ်တဲ့ဈေးနှုန်းပါ...ယခုချိန်လိုကာလက
တည်းကဖြစ်နေပြီလို့ ပြောရပါတယ်…..ဆန်စပါးလက်ကျန်အနေဖြင့်…..ပျက်စီး
ဆုံးရှုံးမှု အနည်းငယ်သာရှိခဲ့ပေမယ့်…ရေကြီးနစ်မြုတ်မှုခံစားရသူများကို စေတ
နာဖြင့်လှူဒါန်းကြသူများရဲ့  ၀ယ်လိုအားတွေကြောင့်…ဈေးနှုန်းများမြင့်တက်ခဲ့ပါ
တယ်…တချိန်ကသာမန်ဘာမှမဖြစ်တဲ့အချိန်မှာတော့ပုံမှန်ကုန်သွယ်မှုအရတန်ရာ
တန်ကြေးပစ္စည်းများကို..ကုန်သည်အချင်းချင်းဖြစ်လို့ ပေးခဲ့ကြပေမယ့်…ဒီလိုအ
ချိန်မှာ….ဆန်အရည်အသွေးကိုနားမလည်တဲ့ အလှူရှင်များအပေါ် တန်ရာတန်
ကြေးပစ္စည်းများကိုမပေးဘဲ….နိမ့်ကျတဲ့ပစ္စည်းများကိုထိုးပေးခဲ့တဲ့...၀ိသမလော
ဘသားတွေကြောင့်….အရည်အသွေးမမှီတဲ့ ဆန်တောင်..ဒီလိုဈေးရတယ်ဆိုပြီး
ဈေးကွက်မှာ….တက်သင့်တာထက်ပိုမိုပြီးဈေးတက်လာခဲ့တယ်လို .သုံးသပ်မိပါ
တယ်….
ဆန်ဈေးနှုန်းတက်လာမှုနဲ့ ..ဆန်ပြတ်လပ်မှုမဖြစ်စေရေးတို့ အတွက်…MRF က
တရုပ်နယ်စပ်မှတင်ပို့ မှုကိုခေတ္တရပ်နားစေဖို့ ..သက်ဆိုင်ရာတို့ နဲ့ ညှိနှိုင်းဆောင်
ရွက်ခဲ့တယ်လို့  သိရပါတယ်…ကျွန်တော်နားမလည်တာ…တစ်ခုတော့ရှိပါတယ်
ဟိုအရင်..တရုပ်နယ်စပ်ကိုဆန်တင်ပို့ ရောင်းချခွင့်မရှိစဉ်ကာလတုန်းက.စားဆန်
တစ်အိတ်တောင်သယ်ယူခွင့်မရှိတဲ့ ၁၀၅ မိုင်စစ်ဆေးရေးဂိတ်မှ မတားဘဲ..ဘာ့
ကြောင့်မန္တလေး၁၆ မိုင်ဂိတ်ကပိတ်ရတာလည်းဆိုတာပါ….ကျွန်တော်ဆိုလိုတာ
ကအရင် ၁၀၅မိုင်ကဆန်ဖြတ်သန်းခွင့်မရှိခဲ့တဲ့ကာလတလျှောက်လုံး.ရှမ်းမြောက်
က.အဆင်ပြေနေခဲ့ကြတာပါ.သူ့ ဒေသထွက်ဆန်ရယ်..ခိုးသွားနေတဲ့ဆန်ချောရယ်
တို့ နဲ့ အဆင်ပြေနေကြတယ်ထင်ပါတယ်….
အမှန်တော့….ကျွန်တော်တို့ စားသုံးသူတို့ ဖက်ကကြည့်မယ်ဆိုရင်...ပြီးခဲ့တဲ့ရေ
ကြီးနစ်မြုတ်မှုမဖြစ်မှီ ကာလ..ဆန်ဈေးထက်..ပိုမိုတက်လာတဲ့…ဆန်ဈေးနှုန်းကို
မခံနှိုင်ကြတာပါ……မှန်ပါတယ်…မှန်ပါတယ်ဆိုတာ စားသုံးသူတို့ ဖက်ကနေပြီး
ကြည့်ရင်မှန်ပါတယ်လို့ ပြောရမှာပါ..စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမား
ဖက်ကကြည့်မယ်ဆိုရင်တော့…ရေကြီးနစ်မြုတ်မှုမဖြစ်မှီက ဆန်ဈေးနှုန်းက..သူ
တို့ စိုက်ပျိုးထုတ်လုပ်မှုမှာ..တွက်ခြေမကိုက်ခဲ့ကြလို့  ကြဲခင်းများအဖြစ်စိုက်ပျိုးနေ
ကြပါပြီ….သူတို့ ဖက်ကတော့……ဒီနှစ်ဘာ့ကြောင့်ဘဲဖြစ်ဖြစ် ဆန်ဈေးတက်ပါမှ
လာမယ့်စပါးပေါ်ရာသီ စပါးဈေးကောင်းမယ်လို့ မျှော်လင့်ကြမှာပါ……သူတို့ ကို
လောဘကြီးတယ်လို့ တော့မပြောကြပါနဲ့ ..ယခုမြင့်တက်နေတဲ့ဆန်ဈေးအတိုင်း
မြဲနေခဲ့ရင်တောင် သူတို့ မချမ်းသာနှိုင်ပါဘူး…စားရရုံတော့ဖြစ်လာကြမှာပေါ့ဗျာ
ကဲ….MRF ဘာလုပ်မလည်း….စားသုံးသူကဆန်ဈေးကြီးလာတော့….အော်ကြ
တာခံရ…အနေမတတ်..၀င်လုပ်တော့ကြိုက်တဲ့သူရှိသလို..ကိုယ့်ဂွင်နဲ့ မကိုက်တဲ့
သူတွေက..မကြိုက်ပြန်.MRFကဆန်တွေဈေးဆက်တက်ရင်အရင်းအတိုင်းရောင်း
ပေးနှိုင်ဖို့ အရန်ဆန်တွေဝယ်နေတယ်ဆိုပါလား…MRF မှာဘယ်ကငွေရှိနေလို့ 
လည်း…ဘယ်သူတွေက၀ိုင်းထည့်ကြလို့ လည်း…ထားပါတော့…ဆန်ဈေးမတက်
အောင် ၀င်ထမ်းနေတာ…လယ်သမားတွေက ကြိုက်ကြပါ့မလား….လယ်သမား
တွေဘက်ကျွန်တော်နေကြည့်မယ်.…လက်ရှိဆန်ဈေး စပါးဈေးနဲ့ တောင်နလံမ
ထူနှိုင်တဲ့ အထဲ..ဆန်ဈေးကိုထိမ်းချုပ်ဖို့ လုပ်နေကြတယ်…လယ်သမားဘက်က
ပြောလိုက်မယ်..ဆန်ဈေးကျအောင်လုပ်သူ..တို့ ရန်သူဘဲ….
ဘယ်နှယ်လည်း MRF..လယ်သမားစပါးဈေးမရလို့ ..ပူညံ..ပူညံဖြစ်လာပြန်တော့
ဈေးထိမ်းဝယ်ကြပါဦးဟ..လုပ်ကြပါဦးဟ..နဲ့ လက်ဝင်လျှို…ဘယ်သူကလိုက်နာ
ကြလို့ လည်း..အချောင်နှိုက်မယ့်သူတွေကသာများနေတာ…...ဟောဗျာ….ဆန်
တွေဈေးတွေတက်လို့ ထိမ်းကြပါဆိုတော့..လောဘသားတို့ နဲ့ စားသုံးသူအကြား
ဗျာများနေရပြီ….
ကျွန်တော့်အမြင်..MRFကဘာနဲ့တူနေသလည်းဆိုတော့ လှေနံ နှစ်ဘက်ကို နင်း
ထားရသလိုဖြစ်နေတာ.စားသုံးသူဘက်လိုက်မလား…စိုက်ပျိုးထုတ်လုပ်သူတောင်
သူဘက်လိုက်မလား…တဖက်ကို အားသာပေးလိုက်မယ်ဆိုရင်လည်းလှေမှောက်
မှာသွားမှာ…လှေနံ နှစ်ဘက်ညီနေအာင်..ဘယ်လောက်ကြာကြာ ထိမ်းထားနှိုင် မ
လည်းဆိုတာ စောင့်ကြည့်ရပါဦးမယ်…
ကျွန်တော်…အမြင်ပြောရရင်…MRF ကခေါင်းဝင်ခံနေတာ…တကယ်တော့ လှေနံ
နှစ်ဘက်ကို မျှတအောင်နင်းထားနှိုင်ဖို့  အဓိကလုပ်ရမှာက အစိုးရလေ…MRF က
အနေအထိုင်မတတ်လေတော့…လုပ်လည်းလုပ်ရသေး..အပြောလည်းခံနေရသေး
ဆိုတဲ့အဖြစ်ပါလားဗျာ……………

"ဟန်ချက်တွေက..မညီလေတော့ပြီ"


ရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်...မြန်မာနိုင်ငံအထက်ပိုင်းမှာ
မိုးရေချိန်ပိုမိုလာလို့ ...ရေကြီးနစ်မြုတ်မှုတွေ အစဦးဆုံးဖြစ်ခဲ့ပါတယ်..အဲ့ဒီရေ
တွေကျဆင်းချိန်မှာ..အလယ်ပိုင်းကမြို့ တွေဖြစ်တဲ့..မြို့ တွေမှာ ရေကြီးရေလျှံမှု
တွေဖြစ်ခဲ့ပါတယ်....အဲ့ဒီမြို့ တွေကရေကျပြန်တော့...ဧရာဝတီရဲ့ အောက်ပိုင်း
ဟင်္သာတ....ဇလွန်မြို့ တွေမှာရေကြီးနစ်မြုတ်ကြရပြန်ပါတယ်...တစ်ခါအဲ့ဒီမြို့ 
တွေက ရေကျပြန်တော့..ဧရာဝတီကခွဲထွက်သွားတဲ့ င၀န်မြစ်ရေက.ရေကြည်
ငါးသိုင်းချောင်း..အသုတ်..ကျောင်းကုန်း..သာပေါင်း စတဲ့ဒေသတွေမှာ ရေကြီး
နစ်မြုတ်မှုကိုနောက်ဆုံးခံစားနေရပါပြီ....

ဒီနှစ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေ ကိုကြည့်မယ်ဆိုရင်..ဧရာဝ
တီမြစ်သာမက..ကျန်မြစ်ချောင်းများ အားလုံးဟာ..ကောနေပြီ..မြစ်ချောင်း အ
ခြေအနေတွေပြောင်းလည်းနေပြီ ဆိုတာပေါ်လွင်နေပါတယ်...ရေစီးဆင်းမှု
များက အဟန့် အတားတွေရှိနေလို့ ..မြစ်ချောင်းတွေ ဟာ ဟန်ချက်ညီညီ စီး
ဆင်းနှိုင်တဲ့အနေအထားမှာ..မရှိတော့တာလို့ ထင်မြင်မိပါတယ်...
ယခင်တုန်းကနွေရာသီမှာ..ရေလမ်းကိုအသုံးပြုခဲ့နှိုင်တဲ့ ချောင်းများ..ယခုအခါ
မှာတော့..လုံးဝအသုံးပြုလို့ မရတော့ပါဘူး...ရေလုံးဝခန်းခြောက်နေတဲ့ချောင်း
တွေကိုလည်း တွေ့မြင်နေရပါပြီ...ဒီလိုပြောင်းလည်းလာတဲ့ဖြစ်စဉ်တွေကြောင့်
မလိုလားအပ်ဘဲ.ရေကြီးနစ်မြုတ်မှု မဖြစ်သင့်တဲ့ဒေသတွေမှာ..ရေကြီးနစ်မြုတ်
မှုဆိုတာတွေဖြစ်လာတယ်လို့ ထင်မိပါတယ်...
အတွေ့ အကြုံ တစ်ခုတင်ပြလိုပါတယ်...ကျွန်တော်လယ်မြေ၀ယ်ယူမှုမှာ..မြေ
စာရင်းမြေပုံများနဲ့  တိုက်ဆိုင်ကြည့်ခဲ့တာပါ..ကျွန်တော်ကြည့်တဲ့ လယ်မြေရဲ့ 
မြေစာရင်းပုံစံမှာ ချောင်းငယ်တစ်ခုရှိနေတာတွေရပါတယ်...မြေပုံအရလည်း
လယ်မြေသတ်မှတ်ထားတာမဟုတ်ပါဘူး..မျက်မြင်မှာတော့..ချောင်းရှိခဲ့တယ်
ဆိုတာ မယုံနှိုင်အောင်ပါဘဲ.ဒီလိုပါဘဲ..အင်းအိုင်များကလည်း..လယ်မြေ..ခြံ
မြေ အဖြစ်ပြောင်းနေတာများစွာရှိနေပါတယ်.....ဒီလိုပြောင်းလည်းလာတဲ့ အ
ခြေအနေတွေကိုဘယ်လိုထိမ်းသိမ်းခဲ့ကြလည်း...ဘယ်လိုပြန်လည်အစားထိုး
ဆောင်ရွက်ခဲ့ကြလည်း...ဖြစ်လာရင်အဆင်ပြေသလိုရှင်းတာနဲ့ သာပြီးခဲ့ကြ
တာပါ....
ယနေ့ အခြေအနေမှာတော့..မြစ်.ချောင်းတွေကို ပြုပြင်ထိမ်းသိမ်းမှု အားနည်း
တာတွေကြောင့်..ဧရာဝတီလိုမြစ်မကြီးတွေ ကနေခွဲပြီးစီးဆင်းနေတဲ့ မြစ်တွေ
ချောင်းတွေမှာ..ရေစီးဆင်းမှုတွေက ဟန်ချက်မညီတော့ပါဘူး.ဒီလိုရေစီးဆင်း
မှုတွေ ဟန်ချက်ညီညီဖြစ်မလာလို့ ..မဖြစ်သင့်တဲ့..မဖြစ်ဘူးတဲ့ဒေသတွေမှာပါ
ရေကြီးနစ်မြုတ်မှု ဆိုတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်လို့ ..ထင်မိပါတယ်...
အင်း....အခုရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေမှာ..မျိုးဆက်သစ်လူငယ်တွေက.စည်း
လုံးညီညွတ်စွာနဲ့ ..ရေဘေးအန္တရယ်ကျရောက်နေကြသူများကို တက်ကြွစွာကူ
ညီဆောင်ရွက်နေကြပါတယ်....ဒီလိုအချိန်မှာ..လူကြီးတွေက ရန်ဖြစ်နေကြ ပါ
တယ်...ဒါကိုလည်း...ဟန်ချက်မညီဘူးလို့ ပြောရမှာပေါ့...နော့ ..................။

"ဧရာဝတီကိုပြန်လည်ပြု ပြင်ပေးပါ"


မြန်မာနိုင်ငံမှာ..မိုးရွာသွန်းမှု..မိုးရေချိန်များလာမှုကြောင့်..ရေကြီး..လျှေံမှု
များ ဒေသအတော်များများမှာဖြစ်ပွားခဲ့ပါတယ်...ရေများပြန်လည်ကျဆင်း
သွားတဲ့အချိန်မှာတော့ မြန်မာနိုင်ငံအထက်ပိုင်းက ရေကြီးရေလျှံဖြစ်ခဲ့တဲ့
ဒေသတွေမှာ...ရွှံ့ နွံများက ၈ ပေခန့် အမြင့်အထိ တင်ကျန်ရစ်ခဲ့တယ်လို့ 
သိရပါတယ်....တို့ အတူပါ....မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးနစ်မြုတ်ရာ
ဒေသတွေမှာလည်း..ရွံ့ နွံများက..နေရာတိုင်းမှာတင်ကျန်ရစ်ခဲ့တာကိုတွေ့ 
ရပါတယ်...

ရေကြီးနစ်မြုတ်မှု..ရေလျှံမှု..ရက်ပိုင်းသာဖြစ်ခဲ့တဲ့ ကုန်းမြေတွေပေါ်မှာပင်
ယခုကဲ့သို့ ရွံ့ နွံများတင်ကျန်ခဲ့တာဖြစ်လို့ ..ဧရာဝတီမြစ်ကြမ်းပြင်မှာ ဘယ်
အတိုင်းအတာအထိ ရွံ့ နွံများအနယ်ထိုင်ကျန်ရစ်မယ်ဆိုတာ..မှန်းလို့ ရနှိုင်
ကြပါ့မယ်..နွေရာသီ မြစ်ရေအနည်းဆုံးကာလမှသာ.အဖြေသိရပါလိမ္မယ်
ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ..ယခုနှစ်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများ
ကာကွယ်နှိုင်ဖို့ ...ရေကာတာများကို အမြင့် ၅ ပေအထိ လုပ်ဆောင်သွား
မယ်လို့ လည်းကြားသိရပါတယ်...
ကျွန်တော်တို့ ဟင်္သာတခရိုင်အပါအ၀င်..ဧရာဝတီမြစ်နဘေးကဒေသများ
အနေဖြင့် လက်ရှိအခြေအနေမှာပင်..မိုးတွင်းကာလရေကြီးမြင့်ချိန်မှာ ၁၅
ပေခန့် မြင်တဲ့ရေကာတာ တွေမှာရေလျှံတဲ့အနေအထားတွေပါ...ပြည်သူ
တွေ..လယ်ယာမြေတွေဟာ...၁၅ ပေခန့် မြင်တဲ့ ရေမျက်နှာပြင်အောက်
မှာ.ရောက်နေရတာပါ..နောက်ထပ်ရေကာတာကို ၅ပေမြှင့်မယ်ဆိုရင်မြင့်
တက်လာတဲ့..ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အခြေအနေနဲ့ ဆိုပါက..ရေကြီးတဲ့
အချိန်မှာ....ရေမျက်နှာပြင်အောက် ၂၀ပေ....လောက်မှာ နေရတော့မှာကို
တော့တွေးပူမိပါတယ်..တာကျိုးတဲ့အန္တရယ်များဖြစ်ခဲ့ရင်..ဆည်ကျိုးတာလို
ဆိုးဝါးတဲ့အန္တရယ်ကျရောက်မှာကိုတွေးပူမိပါတယ်...
လေးစားစွာတင်ပြအပ်ပါတယ်...ဧရာဝတီမြစ်ရေကိုကာကွယ်ဖို့ ..တာတွေ
ကို..မြှင့်တာထက် ဧရာဝတီမြစ်ကြမ်းပြင်ကို..မြင့်တက်လာမှုမရှိအောင်ကာ
ကွယ်မှုပြုတာက ပိုပြီးသင့်တော်မလားလို့ ပါ...လက်ရှိအခြေအနေမှာဧရာ
ဝတီမြစ် ကြမ်းပြင်မြင့်တက်လာပြီး..မြစ်ကောလာတာကြောင့် နွေအခါမှာ
ကုန်စည်ပို့ ဆောင်မှုတွေလည်းအခက်အခဲတွေဖြစ်လာနေပါတယ်...အချို့ 
သောနေရာတွေမှာ..ကုန်ပစ္စည်းများကို....သင်္ဘောပေါ်မှ ကဲ့ထုတ်ပြီးဖြတ်ရ
တဲ့အခြေအနေတွေဖြစ်နေပါတယ်..ကုန်စည်များပို့ ဆောင်ရာမှာကုန်းလမ်း
တွေမှာ လမ်းတွေမပျက်စီးစေဖို့  သတ်မှတ်တန်ချိန်များအရ.....ကုန်ပစ္စည်း
များပို့ ဆောင်ရာမှာရေလမ်းကိုအားထားအသုံးပြုခြင်းက..သယ်ယူ စရိတ်
သက်သာစေတာဖြစ်လို့ .ကုန်ဈေးနှုန်းများကိုလည်းသက်သာစေနှိုင်ပါတယ်
ဧရာဝတီမြစ်ကိုပြု ပြင်ထိမ်းသိမ်းခြင်းကိုပြုလုပ်နှိုင်မည်ဆိုပါက...ရေကြီးရေ
လျှံမှုကိုကာကွယ်နှိုင်သလို..ကုန်ုစည်များသယ်ယူပို့ ဆောင်ရာတွင်ပါအဆင်
ပြေနှိုင်မည်လို့ ထင်မြင်မိပါကြောင်း..အိပ်မရတဲ့ညရဲ့ အတွေးများကို တင်ပြ
လိုက်ရပါတယ်ခင်ဗျား....

"ရေကြီးနစ်မြုတ်မှုနှင့်...ဆန်ဈေးနှုန်းအခြေအနေ"


မနေ့ ညက ရေဒီယိုကလာနေတာ...တချို့ နားထောင်ဖြစ်ခဲ့တာ..ကြက်သွန်
ကုန်သည်များနဲ့ အမေး..အဖြေအချို့ ကိုနားထောင်ခဲ့ရပါတယ်.သူတို့ လည်း
ကြက်သွန်ဈေးနှုန်း မတက်စေဖို့  ပြည်ပတင်ပို့ တာတွေ ရပ်ထားပါမယ်တဲ့
ဒီလို သိတတ်ကြရမယ်..ပိတ်မှရပ်..ပိတ်ပြန်တော့..ဘာဖြစ်တယ်..ညာဖြစ်
တယ်ဆိုတဲ့..အသံတွေက...ကျွန်တော်တို့ ဆန်လောကမှာ တော့ရှိနေပြန်
ပါတယ်...

အဲ...ပြောရပါဦးမယ်...အဲ့ကြက်သွန်အမေးအဖြေအပြီးမှာ....Announcer
ထဲကတစ်ဦးက..သူလည်းဆန်ဈေးတွေတအားတက်လို့  လျှော့စားနေရလို့ 
ပိန်တောင်သွားတယ်တဲ့..ဆန်တစ်ပြီကို၂၀၀၀ိကနေ ၂၆၀၀ိဖြစ်သွားလို့ တဲ့
နောက်တစ်ဦးကမေးတယ်..ဘာဆန်လည်းဆိုတော့ ရွှေဘိုပေါ်ဆန်း.ပါတဲ့
သြော်...ခလေးမရယ် ရွှေဘိုပေါ်ဆန်းဆိုတာ..မြန်မာ့ဆန်ထဲမှာ ဈေးအမြင့်
ဆုံး..အကောင်းဆုံးပါကွယ်..မြန်မာသာမက..ကမ္ဘာမှာပါအကောင်းဆုံး ဆု
ရထားတဲ့ ဆန်ပါကွယ်...ကမ္ဘာ့အကောင်းဆုံးဆန် စားမှတော့ ဈေးမြင့်တာ
ဆန်းသလားကွယ်..ပြည်သူတွေကို ထင်ယောင်ထင်မှားမဖြစ်စေဖို့  အဲ့ လို
နေရာမျိုးတွေကနေ..အပြောအဆိုတွေဆင်ချင်ပါလား ခလေးမရယ်...
ရေကြီးနစ်မြုတ်မှုတွေဖြစ်....ပြည်သူတို့ လက်ဝယ်ကဆန်စပါးလက်ကျန်အ
ချို့ ပျက်စီးဆုံးရှုံးမှုဖြစ်...စိုက်ပျိုးပြီးလယ်ဧက အများစု ပျက်စီးဆုံးရှုံးတာတွေ
ဖြစ်ခဲ့ပါတယ်...ရေကြီးနစ်မြုတ်မှုကို ၀ိုင်ဝန်းကူညီလှူဒါန်းသူတွေ ရဲ့ ဝယ်လို
အားကြောင့် ဆန်ဈေးနှုန်းထိုက်သင့်သ၍မြင့်တက်ခဲ့ပါတယ်..သို့ ပါသော်
လည်း..မိမိအသိစိတ်နဲ့ ..ဆန်ဈေးနှုန်းကိုတက်မရောင်းသူတွေနဲ့  ဆန်စပါး
အသင်းချုပ်ရဲ့ စီစဉ်ဆောင်ရွက်နေမှုကြောင့်..ယနေ့ အထိ ဆန်ဈေးနှုန်းကို
ထိမ်းထားနှိုင်ခဲ့ပါတယ်...အသင်းချုပ်ရဲ့ စီစဉ်ဆောင်ရွက်မှုအရ မန္တလေး၁၆
မိုင်စစ်ဆေးရေးမှ ဆန်ဖြတ်သန်းခွင့်ကို ခေတ္တရပ်နားခဲ့ပါတယ်..ဒီလိုရပ်နား
ခဲ့လို့ လည်း...ပြည်တွင်းဆန်ဈေးနှုန်းကို ယခုလိုအခြေအနေမှာထိမ်းထား
နှိုင်တာပါ...တရုပ်နယ်စပ်လမ်းကြောင်းကိုပုံမှန်သွားနေမယ်ဆိုရင်..လက်ရှိ
အခြေအနေမှာ...တရုပ်ဈေးကွက်ဈေးမြှင့်ပေးလာတဲ့အခြေအနေနဲ့  ဆိုရင်
ဆန်လက်ကျန်အခြေအနေက စိတ်မချရတဲ့အခြေအနေဖြစ်လာနှိုင်ပါတယ်
ဟောဗျာ...မန္တလေး ၁၆မိုင်က ဆန်သယ်ယူခွင့်ခေတ္တပိတ်ပြန်တော့..ရှမ်း
မြောက်မှာ....ဆန်တစ်အိတ် ၆၀၀၀၀ိ တောင်ဖြစ်နေပြန်ပါတယ် ဆိုတဲ့သ
တင်းများက ထွက်ပေါ်လာပြန်တယ်...ကျွန်တော်စဉ်းစားမိပါတယ်....ဆန်
တစ်အိတ် ၆၀၀၀၀ိ ဆိုတာ..ရွှေဘိုပေါ်ဆန်း..ဒါမှမဟုတ် ပေါ်ဆန်းဆန်တ
မျိုးမျိုး...ဒါမှမဟုတ် နာမည်ကြီး(အမည်မမှတ်လို့ ပါ) ကောက်ငယ်ဆန်.(သူ
ကလည်း ပုသိမ်ပေါ်ဆန်းထက်တောင်ဈေးမြင့်တာ..သိခဲ့ဘူးပါတယ်)ဖြစ်
မယ်လို့ ထင်မိပါတယ်...ပုံမှန် ၂၅%...၁၅%...၁၀%..၅% ဧည့်မထ ဆန်
တွေ မဖြစ်နှိုင်ပါဘူး...ဘာ့ကြောင့်လည်းဆိုတော့....၁၆ မိုင်ဂိတ်က မပိတ်
မှီမှာ...သတင်းကြားကတည်းက..တွန်းပို့ ထားတဲ့ ဆန်တွေ ရှမ်းမြောက်
မှာ..လက်ကျန်များစွာရှိနေနှိုင်လို့ ပါ...ဒါမှမဟုတ်..မရှိတော့ဘူး..တရုပ်ကို
ရောင်းလိုက်ပြီ ဆိုရင်လည်း...လူလိုမသိတဲ့ အဲ့ဆန်ကုန်သည်ကို..ဆန်စ
ပါးလုပ်ငန်းရှင်စာရင်းထဲက မောင်းသာထုတ်လိုက်ကြပါတော့ဗျာ.........။

"သစ်တောတွေပြန်လည်ဖန်တီးပေးပါ"


ရေဘေးသင့်ပြည်သူတွေ...ကျေးရွာတွေက လိုအပ်ချက် အဓိကကရေသန့် 
ဖြစ်တယ်ဆိုလို့ ...ရေသန့် တွေအဓိကပေးပို့ ကူညီနေကြပါတယ်...သို့ ပေ
မယ့်လိုအပ်ချက်က..ပိုလို့ တောင်လာပါတယ်....
ဘာ့ကြောင့်လည်း...ဆိုတာရေကြီးနစ်မြုတ်ဒေသက သူတွေကိုစပ်စုတော့
မှ....ယခုနှစ်ရေကြီးနစ်မြုတ်မှုက အရင်နှစ်များနဲ့ မတူပါဘူးတဲ့....မြစ်ရေမှာ
ရွှံ့ နှစ်ပါတာကြောင့်ရေကချွဲနေလို့ ...သောက်ရေနဲ့ တင်မလုံလောက်ပါဘူး
ထမင်းချက်ရာမှာပါအခက်အခဲရှိနေလို့ ပါတဲ့...
ဧရာဝတီမြစ်ကမ်းဘေးမှာ...တာအပြင်ကကျေးရွာတွေဆိုတာက နှစ်စဉ်ရေ
ကြီးနစ်မြုတ်မှု မိုးတွင်းမှာဖြစ်နေကြပါ....ဒီနှစ်မှာတော့ ထူးကဲတဲ့ မြစ်ရေမြင့်
တက်မှုကြောင့် နေစရာအိမ်များပါနစ်မြုတ်လို့ ရေးဘေးဒုက္ခသည်တွေ ဖြစ်
လာရတာပါ....
အပေါ်မှာတင်ပြခဲ့သလို..ဒီနှစ်ရေကြီးမှုမှာ..မြစ်ရေက..အနှစ်တွေပိုများလာ
ချွဲလာတယ်ဆိုတာပါ..နှစ်စဉ်မြစ်ရေ မြင့်တက်လာရင် ရေထဲမှာ နေထိုင်နေ
ကြဖြစ်တဲ့...ကျေးရွာကသူတွေအနေနဲ့ မြစ်ရေ ကိုအကြည်ခံ ရေနွေးကြိုကြ
ထမင်းချက်ကြတဲ့အပြင်..သောက်သုံးနေမှုများပါရှိခဲ့တာပါ....
ကျွန်တော်တို ..သတိထားရမယ့်အဆင့်ထက်ပိုလာပါပြီ...အရေးကြီးလာပါ
ပြီ..အထက်ပိုင်းမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးနစ်
မြုတ်မှုအပြီး.ရေပြန်အကျမှာ..ကျန်ရစ်ခဲ့တဲ့..နွံနှစ်..ရွှံ့ နှစ်တွေက..နောက်ဆုံး
သတိပေးချက်လိုဖြစ်နေပါပြီ...မြစ်ကြောင်းတလျှောက်ပါလာတဲ့..မြေဆီမြေ
နှစ်တွေလည်း..ဧရာဝတီအောက်ပိုင်းအထိရောက်နေပါပြီ...
ကျွန်တော်တို့ နိုင်ငံ....သစ်တောတွေပြုံးတီးမှုကြောင့်...မြေဆီလွှာတွေဆုံး
ရှုံးမှု ယခုရေကြီးနစ်မြုတ်မှုဖြစ်စဉ်မှာ..စိုးရိမ်ဖွယ်ရာဖြစ်လာနေပါပြီ...မြေဆီ
လွှာတွေ ဆုံးရှုံးမှုသာမက...ဧရာဝတီမှာ..အနည်ထိုင်ပြီး..မြစ်ကြောင်းတွေ
အောက်ခြေ မြင့်တက်လာမှုက ဘယ်အတိုင်းတာအထိဖြစ်လာဦးမယ် ဆို
တာ...နွေအခါ ရေအနည်းဆုံးအချိန်မှသာသိနှိုင်မှာပါ...ဧရာဝတီမြစ်ကြမ်း
ပြင်မြင့်တက်လာမှုဖြစ်ခဲ့ရင်..နောင်နှစ်တာကာလတွေမှာ..ရေကြီးနစ်မြုတ်
မှုဆိုတဲ့..အန္တရယ်တွေဖြစ်လာဦးမှာပါ....
သစ်တောတွေခုတ်ပြီး...ချမ်းသာကြွယ်ဝသွားကြသူများခင်ဗျား...သစ်တော
တွေမရှိတော့လို့  မြေဆီလွှာတွေဆုံးရှုံးနေရပါပြီ....မြစ်..ချောင်းတွေ ကော
နေပါပြီ..မြစ်ရေမြင့်တက်လာမှုတွေဖြစ်လာနေပါပြီ..ရေကြီးနစ်မြုတ်မှုဘေး
အန္တရယ်တွေကိုပြည်သူတွေခံစားနေကြရပါပြီ...နောင်မျိုးဆက်သစ်တွေအ
တွက် အန္တရယ်တွေများလာနေပါပြီ...ရေကြီးနစ်မြုတ်မှုတွေဖြစ်လာတာတို့ 
မှာ တာဝန်ရှိတယ်လို့ ခံယူကြပါ...ရေဘေးဒုက္ခရောက်ပါမှ..ဒုက္ခသည် တို့ 
လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင်ကိုယ်ကြ..ပေး
နေတာတွေ....အများသိအောင်လုပ်နေရုံနဲ့ မပြီးပါဘူး....မဖြစ်အောင်ကာ
ကွယ်မှု အစီအစဉ်တွေလုပ်ကြဖို့ အရေးတကြီးလိုအပ်နေပြီလို့ မြင်ပါတယ်
သစ်ပင်တွေ...ပြန်စိုက်ပေးပါ...သစ်တောတွေပြန်လည်ဖန်တီးပေးပါ...ကျွန်
တော်တို့ ပြည်သူတွေက..ခံနေကြရပေမယ့်..မဆိုင်သလိုမနေကြပါဘူး.၀ိုင်း
ကူကြပါ့မယ်..ကိုယ့်နိုင်ငံကခွာပြီး..ပြည်ပသွားမနေနှိုင်ကြတဲ့..ကျွန်တော်တို့ 
ရဲ့ မျိုးဆက်သစ်လေးတွေအတွက်...ကျွန်တော်တို့ ပြည်သူတွေ အနစ်နာခံပြီး
ဝိုင်းကူပါ့မယ်....
(အနာဂတ်ကာလ.မျိုးဆက်သစ် ခလေးတွေအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့်)

"၀ိသမလောဘသားစစ်စစ်များ"


ယနေ့ .......နေ့ လည် ၁ နာရီမှ စပြီး....တရုပ်နယ်စပ်...မူဆယ်သို့ ဆန်
သွားလာခွင့် ခေတ္တရပ်နားထားကြောင်း....မန္တလေး(၁၆)မိုင်ကုန်ပစ္စည်း
စစ်ဆေးရေးစခန်းမှ....ယနေ့ (7.8.2015)နေ့ လည် ၁.နာရီမှစပြီး ဆန်
တင်ဆောင်သောကားများမူဆယ်သို့ဆက်လက်ဖြတ်သန်းခွင့်မပြုတော့
ကြောင်းသိရပါတယ်....

အမှန်တော့..ဆန်လုပ်ငန်းရှင်များအနေဖြင့်..ပိတ်လို့ ရပ်ထားရတယ်ဆို
တာထက် ကိုယ်ပိုင်အသိစိတ်...ရှိကြဖို့ လိုပါတယ်..လက်ရှိရေဘေးဖြစ်
ပေါ်မှုမှာပင်ဆန်လိုအပ်ချက်ရှိနေပါပြီ...ဧရာဝတီ..ပဲခူး..စတဲ့တိုင်းဒေသ
ကြီးတွေမှာ..တာကြိုးလို့ ရေကြီးနစ်မြုတ်ခဲ့ရင်..ဆန်လိုအပ်ချက်အတိုင်း
အတာ ဘယ်လောက်အထိဖြစ်လာမယ်ဆိုတာ.....ဆန်စပါးလုပ်ငန်းရှင်
တိုင်း..မှန်းလို့ ရကြပါတယ်....
မူဆယ်သို့ ဆန်တင်ပို့ မှု ခေတ္တရပ်နားမယ်လို့ သတင်းများထွက်ပေါ်အပြီး
တရားဝင် မပိတ်မှီမှာ...အမြန်ဆုံးမူဆယ်သို့ ဆန်များပေးပို့ ထားကြတာ
ရှိကြောင်းနဲ့ ..ယနေ့ နေ့ လည် ၁နာရီ မှာဖြတ်သန်းခွင့်မရတော့လို့ ဆန်
ကားများ..နောက်ကြောင်းပြန်လှည့်ခဲ့ရတာတွေရှိခဲ့တယ်လို့ သိရပါတယ်
တရုပ်ကိုကြွေးရောင်းတာ...ဆုံးရှုံးမှုတွေရှိနေတယ် ဆိုပေမယ့်..သီးခံလုပ်
နေကြပြီး...မိမိနိုင်ငံက ပြည်သူတွေ အခက်အခဲမရှိကြ အောင်...ခေတ္တရပ်
ကြည့်ဦးမှ ဆိုတဲ့....စိတ်ဓာတ်မရှိသူတွေ......ခင်ဗျားတို့ လိုလူတွေကြောင့်
ကျွန်တော်တို့ ဆန်စပါးလောကသားတွေကို...၀ိသမလောဘသားတွေလို့ 
ပြည်သူတွေကမြင်တာ..ဆန်းသလားဗျာ...
ကျွန်တော်ကတော့...ကိုယ်ပိုင်အသိစိတ်မရှိ...ပိတ်မှရပ်..လွတ်အောင်ပြေး
တဲ့ ခင်ဗျားတို့ ကို ဆန်စပါးလောကရဲ့ ဝိသမလောဘ သားတွေအဖြစ် မှတ်
တမ်းတင်အပ်ပါတယ် ခင်ဗျား...

ရေကြီးနစ်မြုတ်မှု ဖြစ်စဉ်မှာ..ကျွန်တော့်တောင်းပန်စကား

ခင်မင်လေးစားရပါသော.....ဆန်စပါးလုပ်ငန်းရှင်မိတ်ဆွေများ...ခင်ဗျား
ယခုအခါ....နိုင်ငံတ၀ှမ်းတွင် ရေကြီးနစ်မြုတ်မှု များဖြစ်ပေါ်မှုများကြောင့်
စိုက်ပျိုးပြီးလယ်ယာမြေများ ရေနစ်မြုတ်ပျက်စီးခြင်း...ဆန် နှင့်စပါးလက်
ကျန်များ ထိုက်သင့်သ၍ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါတယ်...
ထို့ အပြင် ဧရာဝတိတိုင်းဒေသကြီအနေဖြင့်လည်း...ရေကြီးနစ်မြုတ်မှု
ဖြစ်ပွားခြင်း မရှိသေးသော်လည်း....လုံးဝစိတ်ချရသည့် အခြေအနေမှာ
မရှိပါဘူး ခင်ဗျား.....ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုတ်မှုများ
ဖြစ်ပေါ်လာပါက....စပါးစိုက်ပျိုးပြီး ဧကများစွာ.ပျက်စီးဆုံးရှုံး နှိုင်ပါတယ်
ကျွန်တော်တို့ ....ဆန်စပါးလုပ်ငန်းရှင်များ အနေဖြင့်...ယခုအခါ ပြည်ပ
သို့ ဆန်တင်ပို့ ရောင်းချမှု...အထူးသဖြင့် တရုပ်နယ်စပ်မှ....ဆန်တင်ပို့ 
ရောင်းချခြင်းတို့ ကို..ခေတ္တရပ်နားထားကြပြီးလျှင်....ပျက်စီးမှုမရှိစေရန်
အတွက် စီစဉ်ထားရှိနှိုင်ကြပါရန်..အနူးအညွတ်မေတ္တာရပ်ခံပါတယ်။
BBC Burmese's photo.









 ဇူလိုင် ၂၅ ရက် စနေနေ့က ရွှေဘိုမြောက်ဘက်မှာ ကားလမ်းတွေ ရေကျော်နေတဲ့ ပုံရိပ်တွေနဲ့ ရေဘေး ဒုက္ခသည်တွေကို YGW အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက စားစရာပစ္စည်းနဲ့ အဝတ်ထည် သွားပေးတဲ့ ပုံတွေကို အသျှင်နန္ဒသာရ ပေးပို့လာတာ ဖြစ်ပါတယ်။

ဇလွန်ရေကာတာ ထိန်းသိမ်းမှု အခြေအနေ.

Aye Chan Mon's photo.
Aye Chan Mon's photo.
Aye Chan Mon's photo.

ဟင်္သာတခရိုင် ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စု ဝါသလရွာအနီး ဇလွန်ရေကာတာမိုင် အမှတ် ၁၈/၀+၇၀၀ နေရာမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက သုံးပုံတစ်ပုံလောက် ပြိုကျသွားခဲ့တာကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကြီးကြပ်ပြီး တပ်မတော်သား အင်အား ၂၀၀ ကျော်နဲ့ ရေကာတာ ဆက်လက်မထိခိုက်ရေး အတွက် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိ တယ်လို့ သိရပါတယ်။

"သိသာသိစေ..မမြင်စေနဲ့  ဆိုတဲ့ဈေးကွက်နဲ့ ........ကျွန်တော်တို့  ဆန်ကုန်သည်များ"


လွယ်လွယ်လုပ်ခဲ့တဲ့ရလာဒ်တွေလို့ ဆိုရမလား...ရေရှည်အတွက်လောင်စာလိုအပ်မှုကို
ကောက်ရိုးမီးကိုသာသုံးတတ်သူတွေလို့ ပြောရမလား...ရေရှည်မတွေး..ငါ့လက်ထက်အ
ဆင်ပြေရေးစီမံလိုက်တာလား....လားပေါင်းများစွာတွေကြောင့်...ဒီလိုဖြစ်စဉ်တွေကကြုံ
တွေ့ နေရဦးမှာပါ...

ဆန်ဈေးတွေကျလို့ ..စပါေးဈေးတွေကျ..လယ်သမားမျက်နှာမကြည့်ရဲတော့..အခြားကိစ္စ
ဘာတွေလုပ်ရင်ကောင်းမယ်ဆိုတာ မစဉ်းစား...ကိုယ့်ဖက်ကပိတ်ထားတဲ့ ဆန်..တရား
ဝင်ခွင့်ပြုလိုက်တယ်..တရုပ်ကတရားဝင်လက်မခံဘူး..အဲ့အချိန်ကတည်းကညှိနှိုင်းမှုဆိုတာ မလုပ်ခဲ့ကြဘူး...တကယ်တော့..တရုပ်ကတရားမ၀င်ဆိုပေမယ့်...ဟိုးတုန်းက တ
ရားမ၀င် မှောင်ခိုဝင်တာလောက်သာ လက်ခံချင်ပုံရပါတယ်..ဒီဖက်ကတရားဝင်ခွင့်ပြု
တော့..မြန်မာ SME လေးတွေအဆင်ပြေတာပေါ့..ဖွင့်ကာစဘာသံမှမကြားရပါဘူး....
ဟောဗျ..အကြီးစားများက..Normal Trade မှာအရည်အသွေးမထိမ်းနှိုင်လို့ ..ဈေးကွက်
ပျက်တော့..SME များရဲ့ နယ်စပ်ဈေးကွက်..ပြောင်းရွှေ့ လာကြပါတယ်..အင်နဲ့ အားနဲ့ 
လုပ်ကြပါတယ်..နိုင်ငံတော်သတင်းဌာနများကလည်း..တရားဝင်လက်မခံပါဘူးလို့ ဟန်
လုပ်နေရတဲ့..တရုပ်ကို ဆန်တင်ပို့ မှု တနှစ်အတွင်းတန်ချိန် မည်မျှရှိကြောင်းဖေါ်ပြကြ
ပြန်ပါတယ်.....သူခိုးက..ကျွန်တော်မည်မျှခိုးရပါကြောင်းကြွားသလိုဖြစ်နေသလားလို့ 
မှတ်ယူမိပါတယ်...
စဉ်းစားကြည့်ကြပါဦးဗျာ..သူတို့ တောင်သူအတွက်ကာကွယ်ဖို့ ..ပြည်ပကဆန်မသွင်း
တဲ့မူနဲ့ တရုပ်က သူ့ လယ်သမားကိုထိမ်းတယ်..ဒါပေမယ့်လိုအပ်ချက်အရ..နယ်စပ်က
ခိုးဝင်တာကို မသိဟန်ဆောင်နေခဲ့တယ်...ဒါကိုကျွန်တော်တို့ ဘက်က..သိုသိုသိပ်သိပ်
လုပ်နေရာက..ရဲတင်းလာတယ်..သူ့ ဖက်က အခုလိုလုပ်တာ..မှန်တယ်လုပ်မှာဘဲ..သူ့ 
မှာလည်း..သူ့ လယ်သမား..မအော်အောင် လုပ်နေရမှာဘဲ...
အခုတော့ဗျာ...တဖက်ကတရားဝင်လက်မခံတဲ့ဈေးကွက်ကို..ဒီဖက်က..အိုးစည်..ဗုံ
မောင်းတီးပြီး...Online ပေါ်မှာဈေးကွက်တွေဖေါ်ဆောင်နေကြတာ..တချို့ ပုံတွေတင်
ထားတာ..တရုပ်ထဲမှာ..ဆန်ကားတွေ တန်းစီနေတဲ့ပုံ..တရုပ်ကမမြင်ဘဲနေမလား..
တကယ်တော့ကျွန်တော်တို့ ဖက်က တရားဝင်ဆိုပေမယ့်..တရုပ်ဖက်ကကြည့်ရင်
မြန်မာ့ဆန်က မှောင်ခို ပစ္စည်း...နိုင်ငံတခုအနေနဲ့ မှောင်ခိုပစ္စည်းဖမ်းတာ သူတို့ လုပ်
ရမယ့်တာဝန်လေ...သူတို့ လိုအပ်ချက်ရှိနေလို့  အကုန်မဖမ်းတာကျေးဇူးတင်ရမှာ...
ထိုက်သင့်တာထက်ပိုတဲ့ ခံစားခွင့်ကျွန်တော်တို့ ရခဲ့ကြတာ...
ကျွန်တော်က..အဝေးကမြင်မိတာပါ..ကိုယ်တိုင်လုပ်နေသူတို့ ..လောဘတွေရှေ့ တန်း
တင်နေရုံနဲ့ မပြီးပါဘူး...မိမိတို့ ရဲ့ အခြေအနေ..ကိုယ်လုပ်နေရတဲ့ဈေးကွက်..မိမိတို့ 
လုပ်နေတာတွေကိုပြန်လည်သုံးသပ်ကြပါဦး...သူ့ ထက်..ငါဈေးကွက်ရဖို့ တခုတည်း
ကရေရှည်အဆင်မပြေနှိုင်ပါဘူး...ရေလိုက်သင့်..ငါးလိုက်သင့်လုပ်သင့်ကြကြောင်း
စေတနာရှေ့ ထားတင်ပြအပ်ပါတယ်....

"ဓနုဖြူ က လယ်သမားတွေက...မိုက်တယ်ဆိုပါလား"


ဓနုဖြူမြို့ မှာကျင်းပပြုလုပ်တဲ့...ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် နှင့်
တောင်သူလယ်သမားများ အာမခံလယ်ယာစာချုပ်ချုပ်ဆိုပွဲ...........
မြန်မာ့ရှေ့ ဆောင်ဘဏ်မှ တောင်သူလယ်သမားများသို့  နှစ်လတ်
ချေးငွေ စတင်ပေးအပ်ခြင်း..အခမ်းအနားကို တက်ရောက်ဖို့ သွား
ရင်းက..လယ်သမားတစ်ဦးကို အတွေ့ အကြုံရစေဖို့  ၀င်ခေါ်သွား
ခဲ့ပါတယ်....
ညနေ အပြန်လမ်းမှာတော့.သူ့ ရင်ထဲကထွက်လာတဲ့ စကားလေး
တွေ နားထောင်ရင်းပြန်ခဲ့တာ...
ကျွန်တော် ဓနုဖြူက လယ်သမားခေါင်းဆောင်တွေနဲ့  ထိုင်စကား
ပြောရင်းစပ်စုခဲ့တာတဲ့.သူတို့ အာမခံလယ်ယာစာချုပ်တယ်ဆိုတာ
က ကောင်းလှပါလားအကိုရ....မျိုးကိုလည်းကြွေးပေးတယ်..တစ်
ဧက ကို စိုက်စရိတ်က တစ်သိန်း အတိုးမဲ့..ချေးပေးတယ်....ပေါ်
ထွက်မယ့်စပါးအာမခံဈေးစာချုပ်တာကပိုမိုက်တယ်တဲ့...စပါးပေါ်
ချိန်မှာ..စပါေးဈးက အာမခံဈေးထက်နိမ့်ကျနေရင်..အာမခံဈေးအ
တိုင်းဝယ်ပေးမယ်..အကယ်၍ စပါးပေါ်ချိန်မှာ စပါးဈေးက မြင့်နေ
ရင်..ကာလပေါက်ဈေးအတိုင်း ပြန်ဝယ်ပေးမယ့် စာချုပ်တဲ့..လယ်
သမားတွေဘက်က အပိုင်ဘဲတဲ့...
သူတို့ မြို့ နယ်မှာ ကုမ္ပဏီကိုပေးရန်ကြွေးကျန်တဲ့ လယ်သမားအ
ချို့ က...ပေးနှိုင်လျှက်နဲ့  လက်ကပ်နေကြတာတဲ့...ဒါကိုလယ်သ
မားအချင်းချင်းက ကြွေးဆပ်ကြဖို့ ..၀ိုင်းလုပ်နေကြပါတယ်တဲ့.အ
ခုလို တောင်သူလယ်သမားတွေ အခွင့်အရေးရနေတာ သူတို့ မြို့ 
နယ်မှာသာရှိတာတဲ့..လာရောက်ကူညီဆောင်ရွက်နေတဲ့ကုမ္ပဏီ
စိတ်ပျက်သွားလို့ မဖြစ်ဘူးလို့ ပြောတယ်တဲ့...
အကိုရာ.....လယ်သမားခြင်းအတူတူ..ဓနုဖြူက လယ်သမားတွေ
မိုက်တယ်ဗျာတဲ့.......
သူပြောတဲ့...မိုက်တယ်ဆိုတာက..ကံကောင်းတာပါတဲ့..ခင်ဗျား..။

မြန်မာ့ရှေ့ ဆောင်ဘဏ် ( MYANMA APEX BANK )

၆.၆.၁၅ဓနုဖြူမြို့ မှာကျင်းပပြုလုပ်တဲ့.ကဉ္စနကျွန်းသာ(GoldDalta)ကုမ္ပဏီလီမိတက်နှင့်
တောင်သူလယ်သမားများ အာမခံလယ်ယာစာချုပ်ချုပ်ဆိုပွဲ...
မြန်မာ့ရှေ့ ဆောင်ဘဏ် ( MYANMA APEX BANK ) မှ...တောင်သူလယ်သမားများ
သို့  နှစ်လတ်ချေးငွေစတင်ပေးအပ်ခြင်း....
ဓနုဖြူမြို့အခြေခံပညာအထက်တန်းကျောင်းများသို့  မိတ္တူကူးစက်နှင့်printer များလှူဒါန်း
ခြင်း..၂၀၁၄/၁၅ ဘက်စုံပညာထူးချွန်ဆုရကျောင်းသူ ၂ဦးအား....ဂုဏ်ပြုပစ္စည်းနှင့်ဆု
ငွေချီးမြှင့်ခြင်း...ယနေ့ အောင်စာရင်းထုတ်ပြန်ရာတွင် ၅ ဘာသာဂုဏ်ထူး ရရှိခဲ့သော
ကျောင်သူ ၂ဦး..၄ ဘာသာ..၃ ဘာသာ ဂုဏ်ထူးရရှိသူကျောင်းသား/သူ များကို ဂုဏ်
ပြုဆုချီးမြှင့်ခြင်း....အခမ်းအနားမှာ...
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင် နှင့် ကဉ္စနကျွန်းသာကုမ္ပဏီဥက္ကဌ
ဦးချစ်ခိုင် တို့ အမှာစကားပြောကြားခဲ့ကြ........

"လယ်သမား...ကုန်သည်နှင့်...စားသုံး" ( ၃ )

ကျွန်တော် ဒီ Status ကိုရေးတာ....အဓိက စားသုံးသူ တနည်းအားဖြင့် ဆန်စားသုံးသူ
တို့ ကိုတင်ပြလိုတာပါ..တင်ပြတာဆိုတာထက်...နားလည်ပေးကြဖို့ တောင်းပန်လိုတာ
ပါ...ဆန်ဆိုတာကို..ဆန်ကဖြစ်လာတဲ့ ထမင်းကို တန်ဘိုးထားစေလို လို့ ပါ.............
ကျွန်တော်တို့ ငယ်ငယ်က...သင်ဖူးခဲ့တာလေးအမှတ်ရမိပါတယ်..ထမင်းရည်ကိုစွန့် ပစ်
တာကို တိုင်းခန်းလှည့်လည်လာတဲ့ ဘုရင်ကြီးကတွေ့ လို့  ပြောခဲ့တဲ့.ဆုံးမစကားပါ..မှန်
ပါတယ်ကျွန်တော်တို့ က ပေါများနေတဲ့..ဒေသ..အခြေအနေ..အချိန်ကာလ..နဲ့ အမြဲကြုံ
နေရတော့ တန်ဘိုးထားမှု ခြင်းကတော့မတူပါဘူး.....ကျွန်တော်တို့ က ပြည်ပနိုင်ငံတွေ
ကို အထင်ကြီးပြီး ဂျုံ နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို တန်ဘိုးထားနေတဲ့ အချိန်မှာ
ပြည်ပဒေသတွေမှာတော့..ဆန် တနည်းအားဖြင့် ထမင်းကိုတန်ဘိုးထားနေကြတယ်လို့ 
မြင်မိပါတယ်...
ယနေ့ စားသုံးသူများအနေဖြင့် ဆန်ဈေးနှုန်းတက်လာလျှင်..လက်မခံချင်ကြပါဘူး..မှန်ပါ
တယ် ကုန်ဈေးနှုန်းကြီးမြှင့်မှု ကိုတော့ မည်သည့်စားသုံးသူမှ မခံချင်ကြပါဘူး..ဒါပေမယ့်
ကျွန်တော်တို့ က တန်ဘိုးဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး..အခြားကုန်ပစ္စည်းဈေး
နှုန်းတန်ဘိုးများနဲ့ နှိုင်းယှဉ်ရပါမယ်...ယနေ့ ဆန်တစ်ပြီ ကို ၁၀၀၀ိ ဆိုရင် အကောင်းစား
မဟုတ်သော်လည်း အနိမ့်ဆန်တော့မဟုတ်ပါဘူး...ယနေ့  လက္ဘက်ရည်တခွက် ၂၀၀ိ/-
အနိမ့်ဆန် တစ်ပြီတန်ဘိုးက ၇၅၀ိ/-သာ ရှိနေပါတယ်..ထားပါတော့..စားသုံးမှုမှာတော့
မိမိကြိုက်နှစ်သက်ရာကိုပိုပြီတန်ဘိုးထားတတ်လို့ ပါ...
ကျွန်တော်ဆိုလိုချင်တာက..ပြည်ပကထုတ်လုပ်ရောင်းချတဲ့ စားသုံးကုန်.လူသုံးကုန်တွေ
တန်ဘိုးနဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ..စိုက်ပျိုးထုတ်လုပ်တဲ့စပါး...စပါးက
ဖြစ်လာတဲ့ဆန် တန်ဘိုး ကိုနှိုင်းယှဉ်မယ်ဆိုရင်..စပါး..ဆန် ဆိုတာက အနှိမ်ခံထားရတဲ့
အခြေအနေမှာရှိနေပါတယ်.....လက်ရှိ တရုပ်က၀င်လာတဲ့ မိုးဘိုင်းဖုန်း ဟန်းစက် တစ်
လုံးရဲ့ တန်ဘိုးက ကျွန်တော်တို့ တိုင်းပြည်မှာ...မိသားစု တစ်စု အတွက်တနှစ်စာဝမ်းစာ
အတွက် ဆန်အလတ်စား ၀ယ်ထားလို့ ရနေပါတယ်..ဒါပေမယ့် မိမိတို့ ဘာကို ဦးစားပေး
ခဲ့ကြပါလည်း..ပြန်လည်သုံးသပ်ဖို့ လိုပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ စပါးထွက်ပေါ်ချိန်ဆိုတာ ဆန်ဈေးအနိမ့်ဆုံးကာလပါ..ဒီလိုအချိန်
မှာ..အခြားသောသုံးစွဲမှု...ဥပမာ..ဟန်းစက်..၀ယ်ယူမှုမျိုးကိုဦးစား မပေးဘဲ ဆန်ဝမ်းစာ
ဝယ်ထားမယ်ဆိုရင်....မိုးတွင်းကာလဖြစ်လာတဲ့ ဆန်ဈေးနှုန်းကြီးမြင့်မှု ဆိုတာကို ပြော
နေဖို့ လိုပါဦးမလား...အဓိက နဲ့ သာမည ဦးစားပေးတတ်ဖို့ လိုပါတယ်...ဟုတ်ပါပြီ....
ကျွန်တော်ပြောသလို လူတိုင်း ဟန်းစက်ဝယ်နေတာ မဟုတ်ပါဘူး..မရှိဆင်းရဲသားတွေ
အတွက်ကရောလို့ ဆိုရင်....လူတိုင်းမဟုတ်သော်လည်း လူအများကတော့ ဟန်းစ်တွေ
ကိုကောင်းတာမှကိုင်ချင်ကြသလို....တနှစ်တခါလောက်ပျက်တတ်တဲ့ ဟန်းစက် ကို လို
အပ်တာထက်ပိုပြီးလုပ်နေကြပါတယ်...အဲဒီလို လူတွေက..ဟန်းစက်အစား..ဆန်ဈေးမ
တက်မှီ ဆန်ဝမ်းစာဝယ်တာကို ဦးစားပေးလုပ်ခဲ့ကြရင်...ဆန်လက်ကျန်နည်းလာတဲ့ မိုး
တွင်းလို ကာလမျိုးမှာ..မရှိဆင်းရဲသားရဲ့  လက်လီဝယ်လိုအားသာရှိတော့မှဖြစ်လို့ ဝယ်
လိုအားရော့နည်းလာတာနဲ့ အမျှ..ဆန်ဈေးနှုန်း လည်းလိုအပ်တာထက်ပိုတက်လို့ မရနှိုင်
တော့ပါဘူး...
ကျွန်တော်က..ဆန်လက်လီရောင်းပါတယ်..စားသုံးသူတွေနဲ့ အမြဲထိတွေ့ နေရလို့ ..ရ
လာတဲ့အတွေ့ အကြုံအရရေးတာပါ..ကျွန်တော့်ဆိုင်မှာ..နယ်က ဆန်ဝမ်းစာလာဝယ်သူ
ပါလာတဲ့မြေးက မြို့ ရောက်တော့..ဟန်းစက်ကောင်းတာထပ်ဝယ်ပေးဖို့  ပူဆာတယ်..
လွယ်လွယ်ဘဲ ၀မ်းစာဆန် လျှော့ဝယ်ပြီး..ဟန်းစက်ဝယ်ပေးလိုက်တယ်..လိုတာမိုးတွင်း
ရေလမ်းပေါက်မှ ၀ယ်တော့မယ်တဲ့..လက်ရှိဆန် ဈေးနဲ့  မိုးတွင်းဆန်ဈေး..ဘယ်လောက်
ကွာကွာ..အရေးလုပ်ပုံ မပေါ်.."အပြိုင်အဆိုင်..ဟန်းစက်ကိုင် တဲ့ခေတ်လေ"..သူလိုလူ
တွေများလေ..မိုးတွင်းမှာ ၀ယ်လိုအားများလေ..ဆန်ဈေးတက်လေ ဆိုတာကို သူကမမှု
ဝယ်ချိန်ရောက်မှ..ဆန်ဈေးတွေကြီးတယ်အော်ကြမယ်....
ကျွန်တော် ဆိုလိုချင်တာကတော့...ယနေ့ ဆန်ဈေးနှုန်း..စပါးပေါက်ဈေးနှုန်းက..စိုက်ပျိုး
ထုတ်လုပ်သူ တောင်သူတို့ အတွက် စီးပွားရေးတွက်ခြေမကိုက်ပါဘူး..စိုက်ပျိုးစရိတ်တွေ
လျှော့ချဖို့  မဖြစ်နှိုင်တဲ့အခြေအနေမှာ..ဆန်..စပါးဈေးယခုထက်ပိုကောင်းလာဖို့  လိုအပ်
နေပါတယ်..ဆန်စပါးဈေး ကောင်းလာဖို့ မြင့်တက်လာဖို့ ကလည်း..ပြည်တွင်းစားသုံးမှု
ဈေးကွက်က အဓိက မကျပါဘူး..ပြည်ပတင်ပို့ ရောင်းချတဲ့ ဈေးကွက်ကသာ အဓိကဖြစ်
ပါတယ်.. ဖြစ်လာစေလိုတဲ့ ဈေးကွက်ကလည်း ဖန်တီးတိုင်းရနှိုင်တဲ့..အရာမဟုတ်ပါဘူး
ဒါပေမယ့် တောင်သူလယ်သမားတို့ အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်..ပြည်ပ
ဈေးကွက်မှာ ဈေနှုန်းပိုမိုရလာခဲ့ရင်..ပြည်တွင်း ဆန်စပါးဈေးကွက်မြင့်တက်လာမှာပါ..ဒီ
လိုမြင့်လာမှု ကိုစားသုံးသူတို့ ကြုံတွေ့ ရမှာ...
ဒီလိုကြုံတွေ့ လာတဲ့အချိန်မှာ..ဆန်ဈေးကြီးတယ်လို့  အော်နေကြမယ့်အစား..မိမိတို့ ဝင်
ငွေများသုံးစွဲမှုမှာ..အဓိက..သာမည ဆိုတာကိုခွဲခြားပြီး..ဦးစားပေးကြပါ..မိမိတို့ နိုင်ငံသား
တောင်သူလယ်သမားတွေ ထုတ်လုပ်တဲ့ စပါး ကို..ပြည်ပနိုင်ငံတွေက ၀င်လာတဲ့ လူသုံး
ကုန်ပစ္စည်းများနဲ့  နှိုင်းယှဉ်ခံစားပေးပါ..တန်ဘိုးခြင်းနှိုင်းယှဉ်စဉ်းစားပေးပါ..ဆန်ဈေးတက်
ပါမှ တောင်သူလယ်သမားတို့  ဘ၀ ထိုက်သင့်သလောက် တိုးတက်လာမယ်ဆိုတာ နား
လည်ပေးပါ....ကျွန်တော်တို့  နိုင်ငံ ကိုတိုးတက်စေလိုတယ် ဆိုရင်..၇၀% သောတောင်
သူလယ်သမားတို့ ကို တဖက်တလမ်းက ၀ိုင်ဝန်းကူညီစောင့်ရှောက်ပေးပါ.လို့ ပါ ခင်ဗျား။

"လယ်သမား...ကုန်သည်နှင့်...စားသုံးသူ" ( ၂ )

လယ်သမား တို့ အကြောင်း...လက်ရှိစိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားတို့ 
အကြောင်းကတော့ရေးမယ်ဆိုရင်အများကြီးပါ...ကျွန်တော်တင်ပြခဲ့တာတွေလည်း
ဖတ်ကြရလို့  ငြီးငွေ့ နေကြမှာပေါ့..လက်ရှိအခြေအနေသုံးသပ်ရမယ်ဆိုရင် စိုက်ပျိုး
ထုတ်လုပ်သူတောင်သူလယ်သမား.အများစု...တနည်းအားဖြင့် လယ်သမားစစ်စစ်
တွေကတော့..လယ်ယာစိုက်ပျိုးမှု လုပ်ငန်းက စီးပွားရေးတွက်ခြေကိုက်မှု မရှိသော်
လည်း..ဖြစ်လာနိုးနိုးနဲ့  မဖြစ်မနေလုပ်နေကြရပါတယ်...
"ကုန်သည်".........ယနေ့ ဆန်စပါးလောကမှာ ကုန်သွယ်နေကြသူများက အဆင့်
ဆင့်ရှိနေပါတယ်..လယ်ယာစိုက်ပျိုးရေးကထွက်ပေါ်လာတဲ့ စပါးများကို အဓိကအ
နေဖြင့် ဆန်စက်ပိုင်များက ၀ယ်ယူကြပါတယ်....ဆန်စက်ပိုင်ရှင်များထံကို တောင်
သူကိုယ်တိုင်ရောင်းချတာရှိသလို စပါးပွဲစားလို့ ခေါ်တဲ့ကြားခံကုန်သည်က တဆင့်
ရောင်းချတာလည်းရှိပါတယ်...ဆန်စက်ပိုင်ရှင်များအပြင်....ဆန်စပါးကုန်သည်များ
တပ်မတော်ရိက္ခာဝယ်ယူသူများကလည်း..၀ယ်ယူကြပါတယ်...ဒီနေရာမှာအားလုံး
သိနေကြတဲ့အတိုင်း....လယ်သမားစပါးရောင်းချိန်မှာတော့ စပါးဈေးတွေက နိမ့်ကျ
နေပြီး..လယ်သမားလက်ဝယ်စပါး မရှိတော့တဲ့အချိန်..ဆန်စက်ပိုင်နဲ့ ကုန်သည်တို့ 
လက်ဝယ် ရောက်ပါမှ..စပါးဈေးက မြင့်လာတယ်ဆိုတာပါ...
ဟုတ်ကဲ့ပါ....နှစ်စဉ် နီးပါးဖြစ်နေတဲ့ စပါးဈေးကွက်အခြေအနေပါ.....ဖြစ်ရပ်မှန်က
တော့..ကျွန်တော်တို့ တိုင်းပြည်ကစိုက်ပျိုးထုတ်လုပ်တဲ့ ပုံစံက သဘာကပေးတဲ့ရာ
သီဥတုကိုသာ အမှီပြုရတာဖြစ်လို့ ..စိုက်ချိန်တူပြီး စပါးထွက်ပေါ်ချိန်ကလည်းတူပါ
တယ်..စပါးပေါ်ချိန်မှာ..လယ်သမားက ငွေလိုအပ်ချက်အရ၄င်း..သိုလ်လှောင်ရန်
အခက်အခဲ အမျိုးမျိုးကြောင့်၎င်း..ရိတ်သိမ်းပြီးစပါးများကို ချက်ခြင်းရောင်းလာကြ
ပါတယ်.....ဆန်စက်ပိုင် ကုန်သည်များ အနေနဲ့ ကလည်း....အစိုဓာတ်အရသိုလ်
လှောင်ရန်အခက်အခဲ..နဲ့  ဆန်သစ်ပေါ်ချိန်ရဲ့ ဆန်ဈေးပြန်လည်နိမ့်ကျမှု အခြေအ
နေတွေကြောင့် စပါးဈေးကို နှိမ့်ချ ၀ယ်ယူခဲ့ကြပါတယ်...ကျွန်တော်တို့ နိုင်ငံ မိုးစပါး
ထွက်ပေါ်တဲ့ကာလ ကလည်း....ပြည်ပဆန်ဈေးကွက်အ၀ယ် သိပ်မရှိတဲ့ အချိန်နဲ့ 
လည်းတိုက်ဆိုင်နေတတ်ပါတယ်..အခြားပြည်ပနိုင်ငံများက စပါးပေါ်ထွက်ချိန်နဲ့ 
လည်း တိုက်ဆိုင်နေကြပါတယ်...
မှန်ပါတယ်...တောင်သူလက်ဝယ်စပါးကုန်လို့ ..လယ်ကုန်သည်..ဆန်စက်ပိုင်ရှင်
နဲ့ ဆန်စပါးကုန်သည်များလက်ဝယ်စပါးကျန်ချိန်မှာသာ..စပါေးဈးကောင်းလာတာ
ဆိုတာပါ....ဆန်ဈေးကွက်ကလည်း....ရောင်းလိုအားများနေချိန် တနည်းအားဖြင့်
လယ်သမားလက်ဝယ် စပါးရှိနေချိန်မှာ..၀ယ်လိုအားက နည်းချိန်ဖြစ်လို့  ဆန်ဈေး
မရ..စပါးဈေးမတက်ဖြစ်ခဲ့ရပါတယ်..လယ်သမားလက်ဝယ် စပါးလက်ကျန် နည်း
လာချိန်မှာတော့..ရောင်းလိုအားကျဆင်းလာပြီး..၀ယ်လိုအားက ပိုလာလို့  ဆန်
ဈေးတက်လာလို့ ..စပါးဈေးနှုန်းမြင့်တက်လာရတာပါ...
ဒါဆိုရင်...စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေကတော့ ဆင်းရဲပြီး တိုးတက်မှုမရှိ
ဘဲ..ဆန်စက်ပိုင်တွေ..ဆန်စပါးကုန်သည်တွေသာ..ချမ်းသာတိုးတက်နေကြတာ
လည်းလို့ မေးစရာရှိပါတယ်...ယနေ့ ဘဲ နယ်ကစပါးကုန်သည် တစ်ဦးနဲ့ စကား
ပြောဖြစ်ခဲ့တာ..မစိုက်ရသေးတဲ့ စပါး..ပင်ထောင်ကြိုရောင်းနေပြီ..စပါးပေါ်မှအပ်
၂၂၀၀၀၀ိ/- ဈေးပါတဲ့ဗျာ.....တောင်သူတွေကအရောင်းများလို့ ..မ၀ယ်နှိုင်ဘူးတဲ့
ဆုံးရှုံးတာတွေလည်း ရှိတယ်တဲ့..အဲဒီ ဖြစ်စဉ်တွေက..ဆန်စက်ပိုင်တွေနဲ့  ဆန်
စပါးကုန်သည်တွေကြားမှာ နှစ်စဉ်ဖြစ်နေကြအကြိုဈေးကွက်..ငွေရင်းထားနှိုင်တဲ့
သူတွေအဖို့ ..အနိမ့် ဆုံး ၃၅၀၀၀၀ိ/-အောက်မရော့နှိုင်တဲ့ စပါေးဈး...စပါး ၁၀၀
တင်းကို..အနည်းဆုံး ၁၃၀၀၀၀ိ/-မြတ်နေပါပြီ...နောက်တစ်ခုက...ဆန်ဈေးကွက်
ကောင်းလာချိန်...၀ယ်လိုအားများလာချိန်မှာ...လယ်သမားလက်ဝယ်စပါးမရှိ.ငွေ
ရင်းနှိုင်တဲ့ ဆန်စက်ပိုင်...ကုန်သည်တို့ .လက်ဝယ်မှာသာ...စပါးကိုင်ထားနှိုင်လို့ 
သူတို့ သာ အကျိုးအမြတ်ရှိနေကြတာပါ....
အကယ်၍များ....လယ်သမားတွေမှာ သိုလ်လှောင်ရုံတွေရှိနေမယ်..ငွေအတွက်
အရေးတကြီးရောင်းစရာမလိုဘူး..စိုက်ပျိုးချိန်မှာ ပင်ထောင်ကြိုရောင်းဖို့ မလိုအပ်
ဘူး ဆိုခဲ့ရင်...ဈေးကွက်စီးဆင်းမှု မှန်ကန်နေမယ်ဆိုရင်..ယခုအချိန်အခါမှာ.စိုက်
ပျိုးထုတ်လုပ်သူများက ပိုမို အကျိုးရရှိလာနှိုင်ပါတယ်...ဘာ့ကြောင့်လည်းဆိုတော့
ပွင့်လင်းလာတဲ့ဈေးကွက်..မှာ ဆန်စက်အရေအတွက်တွေကလည်း...များလာပါ
တယ်..ဆန်စပါးလုပ်ကိုင်ကြတဲ့ ကုန်သည်တွေလည်းများလာပါတယ်..ဆိုလိုတာ
ကတော့..စပါးဝယ်လိုအားများလာတဲ့အခြေအနေ..လယ်သမားကသာ ကိုင်ထား
နှိုင်ရင်..သူ့ ထက်ငါ..အကျိုးအမြတ်လျှော့ချပြီး....ဈေးနှုန်းအပြိုင်ပိုပေးရမယ့် စပါး
ဈေးကွက် ကိုရောက်လာနှိုင်ပါတယ်...
ဒါပေမယ့်...ဒါပေမယ့်ပေါ့ဗျာ..လက်ရှိအခြေအနေမှာတော့...စိုက်ပျိုးထုတ်လုပ်
သူ လယ်သမားတွေက..ဆန်စက်ပိုင်..ဆန်စပါးကုန်သည်တွေလောက် အကျိုး
ရှိနှိုင်တဲ့ အခြေအနေတွေကို မဖန်တီးသေးနှိုင်လို့ ..ဆန်စက်ပိုင်ရှင်..ဆန်စပါး
ကုန်သည်များကသာ..အကျိုးအမြတ်များခံစားနေကြရကြောင်းပါ..ခင်ဗျား.......
( ဆက်လက်ရေးသားဖေါ်ပြပါမည် )

"လယ်သမား...ကုန်သည်နှင့်...စားသုံးသူ"( ၁ )

ကျွန်တော် ဒီ Status ကိုရေးဖြစ်တာ....MRF စီခန့် ပြန်လည်ရွေးချယ်ပွဲ post
တစ်ခုမှာ...မန့် ထားတာလေးဖတ်လိုက်ရလို့ ပါ..ဆန်စပါးလောကတိုးတက်ဖို့ 
ဘဲ လုပ်မနေကြပါနဲ့ ..စားသုံးသူကိုလည်း ပြန်ကြည့်ပါဦး..ဆိုတာပါ......မှန်ပါ
တယ်..စားသုံးသူဆိုတာကတော့ ဆန်ဈေးနှုန်းသာမကပါဘူး..စားသုံးကုန်ဈေး
နှုန်းများ.မြင့်တက်မှု ကိုမခံနှိုင်ကြပါဘူး...ထုတ်လုပ်သူ..ကုန်သွယ်သူနဲ့ စားသုံး
သူတို့ အကြား..အဆင်ပြေချောမွေ့ စေဖို့ ..ဘာလုပ်ကြမလည်း..ဘယ်သူတွေ
ကလုပ်ကြမှာလည်း..ဘယ်သူတွေမှာ တာဝန်ရှိနေလည်း ဆိုတာ သုံးသပ်ကြ
ရအောင်ပါ...
"လယ်သမား".........ယနေ့ လယ်သမားအခြေအနေကိုကြည့်ရင်.အမြင်အမျိုး
မျိုးရှိနေကြပါတယ်..လယ်သမားတိုင်း မဆင်းရဲပါဘူးလို့ မြင်တဲ့သူလည်း.ရှိနေ
ကြပါတယ်..မှန်ပါတယ်.....လယ်သမားလောကမှာ လူတန်စားအမျိုးမျိုးရှိနေပါ
တယ်..သမ္မတကြီးကိုယ်တိုင် လယ်ဧက ၅၀၀ စိုက်ပျိုးနေလို့ ..သူလည်းလယ်
သမားပါ..နောက် ပိုက်ဆံရှိလို့ လယ်စိုက်တဲ့ လယ်သမား..သူတို့ ကလည်းရှေ့ 
ရေးကိုမျှော်တွေး..နေရာကောင်းလယ်မြေတွေ ၀ယ်ယူပြီးလယ်စိုက်နေကြတာ
ပါ..သူတို့ ကလယ်စိုက်တာနဲ့ စား.၀တ်.နေရေး ဖြေရှင်း..နေကြရသူများမဟုတ်
ပါဘူး...
ပြီးတော့....လယ်သမားတွေထဲက..လယ်ကုန်သည်ပါ..ကိုယ်တိုင်လည်းလယ်
စိုက်ပါတယ်..ငွေပိုလျှံရှိသူဖြစ်တော့..လယ်သမားအချင်းချင်းကိုငွေထုတ်ချေးပါ
တယ်..သီးနှံပင်ထောင်ဈေးနဲ့ ကြိုဝယ်ပါတယ်..ဓာတ်မြေသြဇာက စလို့ လယ်
ယာသုံးပစ္စည်း..လူသုံးကုန်ပစ္စည်း..ဆေးဝါး..စားသောက်ကုန်များကို ဈေးနှုန်း
တင်ပြီး..စပါးပေါ်ပေး..ကြွေးရောင်းပါတယ်..လယ်သမားကုန်သည်လို့ ခေါ်ရ
မှာပေါ့..သူတို့ ကိုကြည့်ရင်တော့..လယ်သမားဆင်းရဲတယ်ဆိုတာလွဲမှာပါ..
လယ်သမားစစ်စစ်..သူတို့ ကမျိုးရိုးစဉ်ဆက်လယ်သမား..လက်ရှိလယ်သမား
တစ်ဦးကိုကြည့်ပါ..သူ့ အဖိုးအဖွားက လယ်ဧက ၅၀ ပိုင်ခဲ့ပေမယ့်..သူ့ အဖေ
အမေ လက်ထက်မှာ မောင်နှမ ၅ ဦးရတဲ့အမွေက တစ်ဦးကို ၁၀ ဧကသာ..
လက်ရှိလယ်သမားမောင်နှမ ၅ ဦးသာဆိုရင် သူတို့ ရလိုက်တဲ့ အမွေက ၂
ဧကသာဖြစ်ပါတယ်..မျိုးရိုးစဉ်ဆက်လယ်သမားစစ်စစ်တွေဆိုတာက..ရှိခဲ့တဲ့
လယ်ဧက တိုးလာစရာမရှိကြောင်း..ပြီးခဲ့တဲ့ခေတ်စနစ်တွေက...သက်သေပြ
ခဲ့ပါပြီး..ပိုင်ဆိုင်မှုလယ်ဧကရော့လာခဲ့ကြရတဲ့....အဖြစ်တွေကသာများတာပါ
လယ်သမားစစ်စစ်တွေမှာ..ယနေ့ စပါးပေါက်ဈေး..ရလာမယ့်ဝင်ငွေ..ယနေ့ 
စိုက်ပျိုးစရိတ်.....သူတို့ လုပ်ခကို ထည့်မတွက် ပါမှ..အကျိုးအမြတ်ဆိုတာ ရှိ
ရုံသာဖြစ်နေတာပါ...ရရှိလာတဲ့အကျိုးအမြတ်က..လယ်တစ်ဧက မှာသီးထပ်
ပါ စိုက်ပါမှ..တစ်ဧက တစ်သိန်းထက်ပိုမရနှိုင်သေးပါဘူး..ထားတော့ ၅ဧက
ဆိုတော့ တနှစ်ဝင်ငွေ က ၅သိန်းပေါ့..တစ်လ၀င်ငွေဆိုရင်..၄၁၆၆၇ိ/-..ထား
တော့..တစ်ဝင်ငွေ ၅၀၀၀၀ိ/-..တနေ့ ဝင်ငွေ ၁၆၆၇ိ/-.....ကဲ..အနိမ့်ဆုံးလုပ်
ခ၀င်ငွေ..ထက်နဲနေသေးတာတွေ့ ကြရမှာ..ဒါတောင်မှ အခြားဝင်ငွေတွေလို
ခိုင်မြဲမှုက မသေချာလှပါဘူး..ရာသီဥတုဖေါက်ပြန်မှုဆိုတာနဲ့ ကြုံ ခဲ့ကြရင် အ
ရင်းပါ ပြုတ်ရပြန်ပါတယ်...၅ ဧကအောက်သာပိုင်ဆိုင်တဲ့ လယ်သမား ဆိုရင်
တွက်သာကြည့်ကြပေတော့...
ဒီတော့..သူတို့ မျိုးဆက်သားသမီးတွေ..စီးပွားရေးတွက်ခြေ မကိုက်တဲ့ လယ်
ယာလုပ်ငန်းမှာ ၀င်ရောက် မလုပ်နှိုင်ကြတော့ပါဘူး..အနိမ့် ဆုံးလုပ်ခလစာ
နေရာတွေမှာသွားရောက်လုပ်ကိုင်နေကြရပါတယ်..သူတို့ လယ်ယာစိုက်ပျိုး
ရေးကရတဲ့ ၀င်ငွေထက်တော့ သာနေသေးလို့ ပါ...
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိလာဖို့  အ
တွက် စိုက်ပျိုးစရိတ်တွေ..လျှော့ချလို့ ရမလား..လက်ရှိအခြေအနေအရ.က
တော့ လျှော့ချဖို့ ထက်..တက်လာနေပါတယ်..ဒါဆိုရင် သီးနှံဈေး ပိုရလာနှိုင်
တဲ့ ဈေးကွက်တွေ ဖန်တီးပေးနှိုင်မလား..လက်ရှိမှာတော့..ပြည်ပဈေးကွက်
အပေါ်မူတည်နေတာမဖြစ်လို့  ဈေးကွက်ကိုလည်းဖန်တီးပေးနှိုင်တဲ့သူ..အ
ဖွဲ့ အစည်းဆိုတာ ရှိမလာသေးပါဘူး...
ဒီလို အခြေအနေမှာ..စားသုံးသူတို့ ဘက်ကလည်း..လက်ရှိဆန်ဈေးနှုန်းကို
များတယ်လို့ ဆိုနေကြပြန်ပါတယ်..လယ်သမားတို့ ဘက်က ဘယ်လိုလုပ်
ကြမှာလည်း..ယခုထက်ပိုပြီး..တွက်ခြေမကိုက်လာရင်..ဖြစ်သလိုစိုက်ကြပါ
တော့မယ်..အထွက်နှုန်းတွေ..အရည်အသွေးတွေကျဆင်းကုန်ပါတော့မယ်
သူတို့ အဲ့လိုဖြစ်လာရင်..အကျိုးဆက်က စားသုံးသူတို့ ကပိုပြီးခံစားလာရနှိုင်
ပါတယ်....
( ဆက်လက်ရေးသားတင်ပြပါမည်)

Wednesday, April 8, 2015

"မတူညီသော မျိုးဆက်သစ်...အမွေ"

သြော်...ခေတ်အဆက်ဆက် လယ်သမားသူဌေးဆိုတာ မရှိခဲ့ပါလား...ဒါပေမယ့်
လယ်သမားတို့ စိုက်ပျိုးထုတ်လုပ်တဲ့ စပါးတွေကို အမှီပြုကြတဲ့....ဆန်စက်ပိုင်ဆို
တာ..ဆန်စပါးကုန်သည်တွေဆိုတာက သူဌေးတွေဖြစ်ခဲ့ကြတယ်...
လယ်သမားဘ၀ မျိုးဆက်သစ်တွေ အမွေပေးခဲ့နှိုင်တာ လယ်ဧက..အဖိုးအဖွားတို့ 
ပိုင်တဲ့ လယ်ဧက ၅၀ က..အဖေတို့ မောင်နှမ ၅ ဦးကို အမွေပေးခဲ့တာ အဖေက
၁၀ ဧက ရလိုက်တယ်တဲ့...အဖေက အခု တို့ မောင်နှမ ၅ဦး ကို အမွေပေးလို့ ရ
တဲ့ လယ် ၂.ဧကနဲ့  တို့ မိသားစုရုံးကန်နေရတာ..ငါ့အလှည့်ကျ သားသမီး ၃ ဦး
ကို အမွေဘယ်လိုခွဲရပါ့မလည်း.....ပညာအမွေပေးချင်ပြန်တော့...လယ် ၂ ဧက
လုပ်လို့ ရတဲ့ ၀င်ငွေနဲ့ ..ဒီနေ့ ပညာရေး ကို ၀ယ်မပေးနှိုင်..မလေးရှားဆိုတာ ပို့ 
ချင်ပြန်တော့..အရင်ဆုံးကုန်ရမယ့်ငွေကမတတ်နှိုင်..မတတ်နှိုင်ဘူးသားရယ်.မင်း
ကိုအဖေ ပေးနှိုင်တဲ့ အမွေကတော့..လယ်စာရင်းငှား အလုပ်ပေါ့..သမီးကိုအဖေ
ပေးနှိုင်တဲ့ အမွေကတော့ ကောက်စိုက်သမ ပေါ့...သားတို့ သမီးတို့ အဖိုးအဖွား
လက်ထက်က လယ် ဧက ၅၀ လုပ်ခဲ့တယ်ဆိုတာကို..မြေးတို့ ကို ပုံပြင်အဖြစ်နဲ့ 
သာပြောကြပေတော့...
သြော်...တို့ စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ စပါး တွေကို အမှီပြုလို့ ..သူတို့  သားစဉ်မြေး
ဆက်...မျိုးဆက်သစ်တွေကို..ဆန်စက်ပိုင်ရှင်တွေဖြစ်အောင် အမွေပေးနှိုင်ခဲ့ကြ
တယ်..တိုက်ကြီးကြီးတွေ..ကားကောင်းကောင်းတွေ အမွေပေးနှိုင်ခဲ့ကြတယ်..
သူတို့ မျိုးဆက်သစ်တွေက.. အဆင့်ဆင့်ပိုပြီးတိုးတက်လာကြတယ်..
တီဗွီမှာကြော်ငြာလာတာလေးမြင်ရတော့.နားလည်ရခက်ပါလား..ကျောင်းဆရာ
ဘ၀.ကနေ..ဘဏ်တစ်ခုနဲ့ ချိတ်ဆက်ပြီး ဆန်စက်ပိုင် သူဌေးဖြစ်လာတာတဲ့.အ
ဖေ့သူငယ်ချင်း ကျောင်းဆရာတစ်ဦး..ပင်စင်ယူပြီး..သူ့ မိဘလယ်ကို ဦးစီးလုပ်ခဲ့
တာ..ယနေ့ အချိန်မှာတော့..အဖေ တို့ ဘ၀မျိုးကမတက်သေးပါဘူးကွာ...
အဖေပညာ မတတ်ပေမယ့်..ရှိတဲ့အသိလေးနဲ့ ပြောရရင်..အဖေတို့ စိုက်ပျိုးထုတ်
လုပ်တဲ့ လယ်သမားတွေက အကျိုးအမြတ်မရှိကြပေမယ့်..အဖေတို့  စိုက်ပျိုးထုတ်
လုပ်တဲ့..စပါးတွေကို ကြိတ်ခွဲ..ကုန်သွယ်ကြသူတွေက အကျိုးအမြတ် များများ
ရနေကြလို့ ပေါ့ကွာ...
အဖေပေးနှိုင်တဲ့ အမွေကတော့.ဆုတောင်း.မေတ္တာစကားသာရှိပါတော့တယ်..
သားတို့ ..သမီးတို့  နောင်ဘ၀ ဆက်တိုင်း တောင်သူလယ်သမား သားသမီး
မဖြစ်ကြရပါစေနဲ့ ..လို့ ပါ...........................................။

Monday, April 6, 2015

ဆန်စပါးလောကဖွံ့ ဖြိုးတိုးတက်ရေးအတွက် သိုလ်လှောင်ရုံလိုအပ်ချက် နှင့် ချေးငွေလိုအပ်မှု



   
ဆန်စပါးလောက မှာ သိုလ်လှောင်ရုံလိုအပ်ချက် ကြောင့်ဖြစ်ပေါ်နေတဲ့ အကြောင်း အရပ် ၂ ခု ကိုဆွေးနွေး
တင်ပြလိုပါတယ်…
သိုလ်လှောင်ရုံလိုအပ်ချက်ကြောင့်..ဆန်စပါးများကို အမိုးအကာအောက်မှာလုံခြုံအောင်မထား နှိုင်ကြ
လို့  ဆန်စပါးများရဲ့ အရည်အသွေးတွေကို ပျက်စီးစေပါတယ်..ယခင် ဆိုရှယ်လစ်စနစ်အချိန်ခါက ဆန်အ
ရည်အသွေးဟာ ယနေ့ ခေတ်လို့ ခေတ်မှိ ဆန်စက်များ မရှိသော်လည်း အရည်အသွေးကောင်းမွန်ခဲ့ကြပါ
တယ်..အဲ့ဒီခေတ်အခါက ကုန်သွယ်ယာမှာ နိုင်ငံတော်ငွေ..ပြည်ပအကူအညီငွေများနဲ့ ဆောက်လုပ်ထား
ခဲ့တဲ့ သိုလ်လှောင်ရုံတွေများစွာရှိခဲ့ပါတယ်…အဲဒီအချိန်အခါက အချိန်အခါမဲ့မိုးရွာမယ်လို့  မိုးလေ၀သက
သတိပေးကြေငြာတာနဲ့ ..သိုလ်လှောင်ရုံများသာမက..နီးစပ်ရာ ဘုန်တော်ကြီးကျောင်းက တန်ဆောင်း
များ..မြို့တော်ခန်းမလိုနေရာမျိုးတွေကိုရွှေ့ ပြောင်းပြီးအမိုးအကာအောက် ရောက်ရှိရေးဆိုတာကို အဓိက
ထားဆောင်ရွက်ခဲ့ကြပါတယ်…တနည်းအားဖြင့် ဆန်စပါးအရည်အသွေးမပျက်စီးရေး ဆိုတာကို အလေး
ထားဆောင်ရွက်ခဲ့ပါတယ်…
ဆန်စပါးလုပ်ငန်းကိုနိုင်ငံတော်က လုပ်ကိုင်ခြင်းမရှိတော့တဲ့ နောက်ပိုင်းမှာတော့..ယခင်က/သလယ်ယာ
နိုင်ငံတော်ပိုင် သိုလ်လှောင်ရုံများအနေဖြင့်..တပ်မတော်ရိက္ခာသိုလ်လှောင်မှုကိုလွှဲပြောင်းပေးခြင်း..ပုဂ္ဂလိ
ကပိုင်ပြုလုပ်ရေးမှ လေလံတင်ရောင်းချခြင်း..ပျက်စီးကုန်ခြင်းတို့ ကြောင့် မရှိသလောက်ဖြစ်နေပါပြီ…

ယနေ့ အချိန်အခါမှာတော့..ပုဂ္ဂလိက လုပ်ငန်းရှင်များ ဆန်စက်ပိုင်ရှင်များမှ ခေတ်မှီသိုလှောင်ရုံများကို
ဆောက်လုပ်လာကြသော်လည်း..လုံလောက်မှုမရှိနှိုင်သေးပါဘူး…စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်
သမားအများစုအနေဖြင့်လည်း..ယနေ့ ဖြစ်တည်နေတဲ့ သစ်ဈေး..၀ါးဈေးများကြောင့်..စပါးကျီလို့ ခေါ်တဲ့
တနိုင်တပိုင် စပါးသိုလ်လှောင်ရုံတွေ မဆောက်နှိုင်ကြတော့ပါဘူး…အချိန်အခါမဲ့ မိုးရွာသွန်းမှုရှိနေသော်
လည်း..ကန်သင်းရိုးပေါ်မှာပုံပြီး စင်းခံနေရတဲ့အခြေအနေဖြစ်နေပါပြီ..အမိုးအကာအောက်ရောက်အောင်
သယ်ယူဖို့ ရာကလည်း..လယ်တွေမှာက ကုန်ထုတ်လမ်းတွေမရှိတာကြောင့်..သယ်ယူရန်အခက်အခဲရှိ
ပါတယ်..နောက်တစ်ခုက လုပ်သားရှားပါးမှု နဲ့ ကုန်ကျစရိတ်ပါ..အမိုးအကာအောက်ရောက်ရန် သယ်ယူ
ဖို့ က..အများသူငါ တပြိုင်တည်းဖြစ်ကြတာဖြစ်လို့  လုပ်သားရှာရမလွယ်ပါဘူး…သယ်ယူကြရတဲ့ ကုန်ကျ
စရိတ်ကသာ ပိုလာပြီး..နွားထီး ၅ကျပ် ..နွားမ ၅ကျပ် ဆိုသလို စပါးဈေးက ပိုရမလာနှိုင်လို့ ..တွက်ခြေ
ကိုက်မှု မရှိကြလို့  မထူးပါဘူးဆိုပြီး မိုးရေထဲပြစ်ထားကြရတာလည်းရှိနေကြပါတယ်…

နောက် ဆန်စပါးလုပ်ငန်းရှင်များ..ဆန်စက်ပိုင်ရှင်များ..အပိုင်းဖြစ်ပါတယ်..ကျွန်တော်တို့ နိုင်ငံမှာမိုးစပါး
ဟာ..စပါးစိုက်ပျိုးရာ ဒေသတိုင်းမှာ တပြိုင်တည် ထွက်ပေါ်လာတာပါ..သဘာဝကပေးတဲ့ ရာသီဥတုကို
သာ မှီခိုစိုက်ပျိုးနေကြရတာဖြစ်လို့  စပါးပေါ်ထွက်ချိန်ဟာ ကာလတူဖြစ်နေတာပါ…တပြိုင်တည်းပေါ်
လာတဲ့ စပါးများကို သိုလ်လှောင်ရန်အခက်ခဲရှိကြတာကြောင့် ဆန်စက်များသို့  ရောင်းချခြင်း..အပ်နှံ
ခြင်းများကို တောင်သူများကပြုလုပ်ကြရပါတယ်..အဲဒီလိုတပြိုင်တည်းလုပ်ဆောင်မှုတွေကြောင့် ဆန်
စက်များမှာလည်း….သိုလ်လှောင်ရုံများ မလုံလောက်တော့ဘဲ...သိုလ်လှောင်ရုံပြင်ပ မှာပုံထားရတဲ့အ
ခြေအနေတွေဖြစ်လာပါတယ်….နေပူထဲမှာကာလကြာကြာပုံ ထားရခြင်း..အချိန်အခါမဲ့ မို့း ကြောင့် မိုး
မိခြင်းတို့ က ဆန်စပါး အရည်အသွေးကိုပျက်စီးစေပါတယ်…...နောက်ဆက်တွဲအားဖြင့် ဈေးကွက်ကို
ပျက်စေပါတယ်….…ယနေ့  ကျွန်တော်တို့ အားထားနေရတဲ့ တရုပ်ဈေးကွက် မူဆယ်မှာ..အချိန်အခါ
မဲ့မိုးရွားသွန်းမှုကြောင့် ဆန် များပျက်စီးခဲ့ကြရတာ အားလုံးသိပြီးဖြစ်မှာပါ…...ယခင်က နယ်စပ်ဈေး
ကွက်က လိုအပ်ချက်….၀ယ်လိုအားကသာနေပြီး ရောင်းလိုအားနဲ့ မျှတ နေချိန်မှာတော့ ကားပေါ်မှာ
သာ…အရောင်းအ၀ယ်ဖြစ်ကြလို့  သိုလ်လှောင်ရုံဆိုတာ လိုအပ်တယ်လို့ မထင်ခဲ့ကြပါဘူး…..ဖြစ်နေ
တဲ့ ဈေးကွက်ကလည်း တည်မြဲမှု ခိုင်မာမှုကာလ ခန့်  မှန်းရခက်တော့....သိုလ်လှောင်ရုံဆောက်လုပ်
ကြခြင်းမရှိတာလို့ သုံးသပ်ရပါတယ်….ဒါပေမယ့် ယနေ့ အချိန်မှာတော့ တစ်ခုတည်းသောအားထားရ
တဲ့ ဈေးကွက်ဆိုတာဖြစ်လာတော့…...မူဆယ်ဈေးကွက်မှာ ၀ယ်လိုအားထက် ရောင်းလိုအားများတဲ့
အခြေအနေဖြစ်လာပြန်ပါတယ်…..မရောင်းရတဲ့ဆန်တွေ ကွင်းတွေထဲမှ…..ာပုံထားရတဲ့ အဖြစ်တွေ
ဖြစ်လာပါတယ်....အဲဒီမှာ အချိန်အခါမဲ့ မိုးကြောင့် ဆန်များ…..ရေစို..ရေမြုတ် လို့ အရည်အသွေး
ကျဆင်းမှုတွေဖြစ်ခဲ့ရပါတယ်..…၀ယ်လိုအားသာနေမှုကို ဟန်မဆောင်နှိုင်တော့ဘဲရောင်းလိုအား
များ ရတဲ့အခြေအနေရောက်ရတာ..သိုလ်လှောင်မှုအခက်အခဲတွေကြောင့်လည်းပါဝင်ပါတယ်……

ဆန်စပါးလောကဖွံ့ ဖြိုးတိုးတက်လာစေဖို့ ..အရေးအကြီးဆုံးက ပြည်တွင်း..ပြည်ပဈေးကွက် ကောင်း
မွန်ပြီး..ဈေးကွက်ခိုင်မာနေဖို့ လိုအပ်ပါတယ်…ဈေးကွက်ခိုင်မာစေဖို့  အဓိကအရေးအကြီးဆုံးကလည်း
ဆန်စပါး အရည်အသွေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်…ဆန်စပါးအရည်အသွေးကိုအဓိက ကျဆင်း
စေတာကလည်း..ရာသီဥတု ဖေါက်ပြန်မှုပါ..သို့ အတွက်ဆန်စပါးလောကဖွံ့ ဖြိုးတိုးတက်ရေးအတွက်
သိုလ်လှောင်ရုံလိုအပ်ချက်က လည်းအရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်…

ချေးငွေလိုအပ်မှု…..
ချေးငွေလိုအပ်မှုကို ..(၁) စိုက်ပျိုးထုတ်လုပ်သူကဏ္ဍ (၂) ဆန်စက်ပိုင်ရှင်များ..ဆန်စပါလုပ်ငန်းရှင်များ
ကဏ္ဍ အနနေဲ့  နှစ်ပိုင်ခွဲပြီးတင်ပြလိုပါတယ်….
စိုက်ပျိုးထုတ်လုပ်သူတောင်သူတို့ အနေဖြင့် ချေးငွေလိုအပ်ချက် ဆိုတာ အမြဲရှိနေမှာပါ..သူတို့ စိုက်ပျိုး
ထုတ်လုပ်တဲ့ လုပ်ငန်းမှ သင့်တင့်မျှတတဲ့..အကျိုးအမြတ်.မရရှိခြင်း..တနည်းအားဖြင့်စိုက်ပျိုးထုတ်လုပ်
တဲ့လုပ်ငန်းအပေါ်စီးပွားရေးတွက်ခြေကိုက်မှုမရှိခြင်းတို့ ကြောင့်ဖြစ်ပါတယ်..ယနေ့ တောင်သူလယ်သ
များဟာ..လယ်ယာစိုက်ပျိုးထုတ်မှုကရတဲ့ဝင်ငွေနဲ့ မိသားစုများရဲ့  စား..၀တ်..နေရေး..ပညာရေး..ကျန်း
မာရေး..စတဲ့စရိတ်များက လုံလောက်မှုမရှိနှိုင်ကြသေးပါဘူး…စိုက်ပျိုးထုတ်လုပ်မှုမှာလည်းစပါးဈေးနှုန်း
ဆန်ဈေးနှုန်းများက တိုးတက်လာခြင်းမရှိဘဲ..စိုက်ပျိုးစရိတ်များကသာတက်လာနေပါတယ်..အခြားကုန်
ပစ္စည်းဈေးနှုန်းများကသာ..တက်လာနေပါတယ်..ကျွန်တော် မှတ်စုစာအုပ်အဟောင်းလေးပြန်တွေ့ လို့ 
..၂၀၀၇ ခုနှစ် မှာဆန် ဧည့်မထ ၂၅% ကို ဆန်ဈေးကြီးမြင့်မှုမရှိအောင် ၁၀၈ ပေါင် တစ်အိတ်ကိုသတ်
မှတ်တဲ့ဈေးက ၁၄၀၀၀ိ ပါ..ယနေ့ ၈ နှစ်တာကာလ ၁၁၀ ပေါင်တစ်အိတ်ကို ၁၄၀၀၀ိ သာရှိနေသေးပါ
တယ်…..၈နှစ်တာကာလမှာ ရွှေ..သစ်..အခြားကုန်ပစ္စည်းဈေးနှုန်းတွေ ဘယ်လောက်တက်ကုန်ကြပြီ
လည်း..လုပ်သားခတွေ လစာတွေ ဘယ်လောက်ပြောင်းကုန်ပြီလည်း..ကျန်းမာရေး..ပညာရေးတွေ မှာ
စရိတ်တွေ ဘယ်လောက်တက်ကုန်ကြပြီလည်း…ဒါတွေကိုပြန်လည်သုံးသပ်ရင် စိုက်ပျိုးထုတ်လုပ်သူ
တို့ မှာ ချေးငွေလိုအပ်ချက် လွတ်ပါဦးမလား..နိုင်ငံတော်ချေးငွေဆပ်ဖို့ ရာ..ပုဂ္ဂလိကများထံကယူလိုက်
နိုင်ငံတော်ချေးငွေရတော့ပြန်ဆပ်လိုက်..စပါးရောင်းရတာလေးတွေနဲ့ ဆပ်လိုက်လိုက်ကြ စိုက်ပျိုး
ချိန်မှာ အစိုးရချေးငွေနဲ့ မလောက်လို့ အပြင်ကချေးရနဲ့ လုံးလည်လိုက်နေကြတာပါ….သူတို့ တွေကို
ချေးငွေထုတ်ချေးလိုက် ပြန်တောင်းလိုက်လုပ်နေလို့ တိုးတက်လာပါ့မလား..စိုက်ပျိုးထုတ်လုပ်တဲ့လုပ်
ငန်းက စီးပွားရေးတွက်ခြေကိုက်စေတဲ့ လုပ်ငန်းဖြစ်လာခဲ့ရင်..တောင်သူလယ်သမားတွေ ချေးငွေဆို
တာလိုအပ်ချက်မရှိခဲ့ပါမှ လယ်ယာကဏ္ဍဖွံ့ ဖြိုး စပြုလာပြီလို့ ပြောလို့ ရမှာပါ..စဉ်းစားကြည့်ကြပါဦး
စိုက်ပျိုးစရိတ်တွေကို ချေးငွေတွေနဲ့ အပြည့်အ၀သုံးပြီးမှ ထွက်ပေါ်လာတဲ့ သီးနှံက ဈေးကောင်းမရ
ခဲ့ရင် တနည်းအားဖြင့် စီးပွားရေးတွက်ခြေကိုက်မှုမရှိခဲ့ရင်..ချေးငွေ ဆိုတာ ၀န်ထုတ် ၀န်ပိုး ဖြစ်
လာတာသာ အဖတ်တင်ကြရမှာ..…ဒီတော့ စိုက်ပျိုးစရိတ်တွေကို အပြည့်အ၀သုံး အထွက်တိုး
အောင် စိုက်ခိုင်းကြသလို သီးနှံဈေးနှုန်းကို အာမခံ ၀ယ်ယူပေးကြဖို့ လည်းလိုအပ်ပါမယ်....သို့ 
မှသာ နိုင်ငံတော်က စိုက်ပျိုးစရိတ်ထုတ်ချေးပေးငွေ ဆိုတာ ..အရာရောက်တန်ဘိုးရှိလာမှာပါ..
သီးနှံဈေးကောင်းရလာဖို မှာ့..ပြည်ပတင်ပို့ သူဆန်စပါးလုပ်ငန်းရှင်များမှလည်း တာဝန်ရှိပါတယ်
သူတို့ ပြည်ပတင်ပို့ မှုမှာ မိမိကိုယ်ကျိုးရှေ့ တန်းတင်ပြီး..သတ်မှတ်အရည်အသွေးအတိုင်းတင်
ပို့ မှု မရှိခြင်းကလည်း..မြန်မာ့ဆန် ပြည်ပဈေးကွက်မှာ..ဈေးကွက်ခိုင်မာမှုကိုထိခိုက်စေပါတယ်
တနည်းအားဖြင့် တောင်သူလယ်သမားလူတန်းစားနဲ့ ..လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ကို
အဟန့် အတားဖြစ်စေပါတယ်..ဒါကြောင့် ပြည်ပတင်ပို့ သူ ဆန်စပါးလုပ်ငန်းရှင်များကိုလည်း
ပြည်ပတင်ပို့ ရာမှာ သတ်မှတ်အရည်အသွေးပြည့်မှီမှု..ရှိ/မရှိ ဆိုတာကို နိုင်ငံတော်အပိုင်းက
ဝင်ရောက်ထိမ်းသိမ်းပေးဖို့ လိုအပ်နေပါပြီ…လို့ ..ဆက်နွယ်တင်ပြအပ်ပါတယ်….

ဆန်စက်ပိုင်ရှင်များနဲ့ ..ဆန်စပါးလုပ်ငန်းရှင်များတို့ ချေးငွေလိုအပ်ချက်….ယနေ့ ဆန်စက်ပိုင်ရှင်
များကြုံတွေ့ နေရတာကတော့..လုပ်သားရှားပါးမှု အခက်အခဲပါ…ယခင်က ၀ယ်ယူထားသော..
အပ်နှံမှုလက်ခံသော စပါးများကို သိုလ်လှောင်ရုံ လုံလောက်မှုမရှိတဲ့အတွက် ပြင်ပမှာထားရှိ
ပြီးမှ..တဆင့်ပြန်လည်သယ်ယူလုပ်ကိုင်ခဲ့ကြတာပါ..ယနေ့ အချိန်မှာတော့ လုပ်သားရှားပါးလာ
မှုကြောင့် ၀ယ်ယူစပါးများ အမိုးအကာအောက်ရောက်ရှိရေး..အတွက် လုပ်ငနးအဆင့်လျှော့ချ
လိုပါသော်လည်း..သိုလ်လှောင်ရုံတည်ဆောက်ရင်နှီးနှိုင်မှု အခက်အခဲများရှိနေပါတယ်……
သိုလ်လှောင်ရန်အခက်အခဲကြောင့် ကြိတ်ခွဲခြင်းမပြုမှီ စပါး များနဲ့ ..ကြီတ်ခွဲထွက်ရှိတဲ့ ဆန် နဲ့ 
ဆန်ထွက်ပစ္စည်းများ အရည်အသွေးကျဆင်းခဲ့ရပါတယ်….ဆန်စက်ပိုရှင်များ…ဆန်စပါးလုပ်
ငန်းရှင်များ ရဲ့ သိုလ်လှောင်မှု..အခက်အခဲများကိုဖြေရှင်းနှိုင်ဖို့ …နှစ်ချင်း ဆပ်ချးငွေနဲ့ အဆင်
မပြေပါဘူး..နှစ်ရှည်ချေးငွေများထုတ်ချေးပေးဖို့ လိုအပ်ပါတယ်…..

ကျွန်တော်…တင်ပြခဲ့တဲ့အခြေအနေများပေါ်မှာ..အကြံပြုတင်ပြပါရစေ….ဆန်စပါးလောကဖွံ့ ဖြိုး
တိုးတက်စေရေးအတွက် သီးနှံများအရည်အသွေး ကျဆင်းမှု မဖြစ်စေရေးအတွက် စိုက်ပျိုးထုတ်
လုပ်သူ…..တောင်သူလယ်သမားများ…ဆန်စက်ပိုရှင်များ..ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့်
သိုလ်လှောင်ရုံများလိုအပ်ပါတယ်…တောင်သူလယ်သမားတို့ ရဲ့ ကိုယ်ပိုင်မြေပေါ်မှာ..တန်ဘိုး
နည်း တနိုင်တပိုင် သိုလ်လှောင်ရုံများကို ဆောက်လုပ်ပေးပြီး…၄င်းသိုလ်လှောင်ရုံများကိုအာ
မခံပြန်လည်ထားရှိ၍ ချေးငွေအဖြစ်သတ်မှတ်….နှစ်အလိုက်သီးနှံပေါ်ချိန်မှာ…ပြန်လည်ပေးဆပ်
စေတဲ့နည်းလမ်းများလုပ်ဆောင်ခြင်း..သို့ မဟုတ်ပါက…နယ်မြေဒေသအလိုက်လိုအပ်ချက်ပေါ်
မူတည်ပြီး..သီးနှံသိုလှောင်မှု ၀န်ဆောင်မှုလုပ်ငန်းလုပ်ဆောင်လိုသူများကို သိုလှောင်ရုံ အ
ဆောက်အဦး..အား အာမခံဖြင့်နိုင်ငံတော်မှ နှစ်ရှည်ချေးငွေ ထုတ်ပေးခြင်း တို့ ကိုစီမံချက်တ
ရပ်အနေဖြင့်ဆောင်ရွက်သင့်ပါတယ်…ဆန်စက်ပိုင်ရှင်များ..ဆန်စပါးလုပ်ငန်းရှင်များတို့ ၏
သိုလ်လှောင်ရုံလိုအပ်ချက်အတွက်လည်း..လုပ်ငန်းရှင်များ ပိုင်ဆိုင်သောမြေပိုင်ဆိုင်မှုအပေါ်
မှာ လိုအပ်ချက်အလိုက် သိုလ်လှောင်ရုံများဆောက်လုပ်ပေးပြီး…၄င်းသိုလ်ရှောင်ရုံများကို
အာမခံရယူပြီး နှစ်လတ်ချေးငွေ ဥပမာ ၃ နှစ်ဆပ်အနေဖြင့် နိုင်ငံတော်ပိုင်ဘဏ်..ပုဂ္ဂလိက
ဘဏ်များမှ ထုတ်ချေးပေးမယ်ဆိုရင်..ဆန်စပါလောကဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လို
အပ်သော သိုလ်လှောင်လိုအပ်ချက်..ချေးငွေလိုအပ်ချက်တို့ မှာ အရာရောက် လာမည်ဖြစ်
ပါကြောင်းတင်ပြအပ်ပါတယ်………..