Wednesday, December 2, 2015

"ဆုတောင်း...မျှော်လင့်လျှက်ပါ "


ယခုနှစ် မိုးစပါး...ရေကြီးနစ်မြုတ်မှု လွတ်ကင်းသော လယ်များမှာ
စပါးအထွက်နှုန်း ကောင်းလာသည်ဟု....ကောက်စောထွက် ရှိမှု
အခြေအနေကိုမှန်းဆရပါသည်၊ပြီးခဲ့သည့်..မိုးစပါးစိုက်ပျိုးမှု မှာအ
ထူးဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ...ပုံမှန်စိုက်ပျိုးသည့်အခြေ
အနေမှာသာဖြစ်ကြောင်းသိရပါသည်....ရာသီဥတုက စပါးများကို
ရှင်သန်အားကိုကောင်းစေခဲ့သည်လား..စနစ်တကျအတန်းလိုက်
စိုက်ပျိုးခြင်းက စပါးအထွက်တိုးစေပေမယ့်....ကြဲခင်းများမှာတော့
စပါးများသိပ်သီးစွာသန်မြန်ပေါက်ခဲ့ခြင်း..မြက်များကအပင်သန်ပြီး
ထူထပ်စွာပေါက်ခဲ့ခြင်းကြောင့်..အချို့ သောရိတ်သိမ်းခြွေလှေ့စက်
များက ရိတ်သိမ်းပေးရန် ငြင်းဆိုမှုများရှိခဲ့ကြောင်း သိရပါတယ်...
ယခုနှစ် မိုးစပါးအနေဖြင့် ကြဲပက်စိုက်ပျိုးမှု နဲ့ .. စနစ်တကျစိုက်ပျိုး
သည့်လယ်များနှင့်နှိုင်းယှဉ်လျှင်...အထွက်နှုန်းမှာ....ယခင်နှစ်များ
ထက်ပိုမို ကွာဟတယ်လို့ သိရပါတယ်...ယခုနှစ်မိုးရာသီ မှာရေ
ကြီးနစ်မြုတ်မှုမရှိတဲ့ လယ်များအနေဖြင့် ရာသီဥတုက စပါးကြိုက်
ရာသီဥတုလို့ ထင်မှတ်ရပါတယ်...
သို့ ပါသော်လည်းပြောင်းလည်းလာတဲ့...ရာသီဥတုကြောင့်လား
လယ်မြေများဟာ များသောအားဖြင့် မြေအစိုဓာတ် ထိမ်းထားနှိုင်
ခြင်းမရှိဘဲ..စောလျှင်စွာ ပတ်ကြားအက်များဖြစ်လာတာကိုတွေ့ 
နေရပါတယ်...ကျွန်တော်တို့ ဒေသဟာ မိုးစပါးပြီးချိန်မှာ..သဘာ
ဝမြေ အစိုဓာတ်ကို အချိန်မှီ အားကိုးလို့  မတ်ပဲ ကို သီးထပ်စိုက်
ပျိုးကြရတာပါ..ရေသွင်းရမယ်ဆိုရင် ကုန်ကျစရိတ်များအပြင် ရေ
ရရှိမှု အခက်အခဲများကလည်းရှိနေပါတယ်....မြေအစိုဓာတ်အမှီ
မတ်ပဲပြန်လည်စိုက်ပျိုးနှိုင်ကြဖို့  ရင့်မှဲ့ ပြီဖြစ်တဲ့စပါးများကို အမြန်
ဆုံး ရိတ်သိမ်း လိုကြပါတယ်...
ဒါပေမယ့်..လိုအပ်နေတာက ရိတ်သိမ်းခြွေလှေ့စက်ပါ....တောင်
သူလယ်သမားတို့ လိုအပ်ချက်အတွက် ရိတ်သိမ်းခြွေလှေ့ စက်
ဝန်ဆောင်မှု လုပ်ငန်းများက မဖြည့်ပေးနှိုင်တာကိုတွေ့ ရပါတယ်
ပုဂ္ဂလိက ၀န်ဆောင်မှုလုပ်ငန်းရှင်များဖက်က ကြည့်မယ် ဆိုရင်
လည်း...တနှစ်မှာ မိုးစပါး...နွေစပါးရာသီလောက်သာ အလုပ်ရှိ
တဲ့..ရိတ်သိမ်းခြွေလှေ့ စက်လုပ်ငန်းကို ရင်းနှီးမတည်ထားကြရ
ဖို့ ခက်ပါတယ်...အချိန်တူကာလတူ...တပြိုင်တည်းရိတ်သိမ်းမှု
ကိုပြု ကြတာဖြစ်လို့ ..ကာလရှည်လုပ်ကိုင်လို့ မရပါဘူး....
တောင်သူလယ်သမားတို့ အတွက်..နိုင်ငံတော်က ဘယ်လို ကူ
ညီပေးနှိုင်မလည်းဆိုတာ စဉ်းစားရမှာပါ....သီးထပ်စိုက်ပျိုးမှု အ
တွက်လိုအပ်တဲ့...သဘာဝမြေအစိုဓာတ် ကိုမှီအောင် ရိတ်သိမ်း
ခြွေလှေ့ စက်များကို လုံလောက်မှုရှိအောင် ကူညီပံ့ပိုးပေးနှိုင် မ
လား..ဒါမှမဟုတ် သီးထပ်စိုက်ပျိုး ရေ လိုအပ်မှုအတွက် ကုန်ကျ
စရိတ် အသက်သာဆုံးဖြစ်စေမယ် ရေ ရရှိမှုကိုဖန်တီးပေးမလား
ဆိုတာပါ...
ဒီနေရာမှာ...ထုတ်လုပ်သူနဲ့ စားသုံးသူအကြား အဆင်ပြေစေနှိုင်
တဲ့ အတွေးတစ်ခုဝင်ခဲ့ပါတယ်...တောင်သူလယ်သမားများအနေ
ဖြင့် စပါးဈေးမကောင်းသော်လည်း သီးထပ် မတ်ပဲဈေးကောင်းရ
ခဲ့ရင် ရပ်တည်နှိုင်တဲ့အခြေအနေမှာရှိခဲ့တာကို တွေ့ နေရပါတယ်
ပြီးခဲ့တဲ့ မတ်ပဲဈေးနှုန်း ဆိုရင်တကြိမ်တစ်ခါမှ..မဖြစ်ဘူးခဲ့တဲ့ ဈေး
နှုန်းဖြစ်ခဲ့ပါတယ်..ပိသာ ၂၀ တစ်တင်းကို ၇၀၀၀၀ိ/-ကျော်အထိ
ဖြစ်ခဲ့တာပါ..ဈေးကွက်မှာ ဈေးကစားလို့ ဖြစ်လာတဲ့ ဈေးနှုန်း...မ
ဟုတ်ပါဘူး..ပြည်ပဈေးကွက်လိုအပ်ချက်အရ ဖြစ်လာတဲ့ ဈေးနှုန်း
ပါ...မတ်ပဲ ဆိုတာ ဈေနှုန်းကြိုက်သလောက်တက်...စိုက်ပျိုးထုတ်
လုပ်သူတောင်သူတို့ အတွက်အကျိုးရှိစေပြီး....ပြည်တွင်း စားသုံး
မှု မရှိတာကြောင့် ပြည်သူတို့ စားသုံးမှုကို မထိခိုက်စေပါဘူး....
ဒါဆိုရင် ကျွန်တော်တို့ ...စဉ်းစားရပါမယ်....ပြည်တွင်းစားသုံးမှု
အဆင်ပြေရေးအတွက် စပါးသီးနှံကို စိုက်ပျိုးထုတ်လုပ်သူတောင်
သူလယ်သမားတို့ အတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်း စားသုံးသူ
တို့ ခံနှိုင်တဲ့ ဈေးနှုန်းလောက်ဖြစ်လာရင်ရပြီ..တောင်သူလယ်တိုး
တက်ဖို့ အတွက် ပြည်ပဈေးကွက်မှာလိုအပ်ချက်ရှိနေတဲ့..သီးထပ်
မတ်ပဲ..ပဲတီစိမ်း တို့ ကို အထွက်နှုန်းပိုလာအောင်..ဈေးကွက်မြဲ
နေအောင်..စိုက်ပျိုးထုတ်လုပ်လုပ်ရာမှာ အခက်အခဲတွေ မရှိလေ
အောင် ကူညီဖို့ လိုလာပါမယ်...
ဘယ်သူတွေက လုပ်ပေးကြမလည်း..နိုင်ငံတော်အပိုင်းက ရော
လုပ်ပေးနှိုင်မလား..ကိုယ်တို င်လုပ်မပေးနှိုင်ခဲ့ရင်..အမှန်စေတနာ
ထားလုပ်မယ်လို့ ယုံကြည်ရတဲ့..အဖွဲ့ အစည်းတွေကို ပံ့ပိုးပေးနှိုင်
မလား...ပံ့ပိုးပေးတယ်ဆိုတဲ့ နေရာမှာလည်း..ဘယ်လောက်အထိ
ပြတ်ပြတ်သားသားလုပ်နှိုင်မလည်း...ဆိုလိုတာက နိုင်ငံတော် က
ပံ့ပိုးပေးပါလျှက် ကိုယ်ကျိုးကိုသာလုပ်ခဲ့ရင် ပြတ်ပြတ်သားသားအ
ရေးယူမှာလား ဆိုတာပါ..အဲ့ဒီလို မပြတ်သားရင်တော့...မအောင်
မြင်နှိုင်ဘူးဆိုတာ....နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကို သာပြန်
လည်သုံးသပ် ဖို့ လိုပါမယ်..နိုင်ငံတော်အနေနဲ့ ..လူနည်းစု ၀ိသမ
သားတို့ နဲ့ တွဲဖက်လုပ်....အောင်မြင်မှုမရှိတာတွေကို ပြတ်သားတဲ့
အရေးယူမှု မလုပ်နှိုင်..မျက်နှာနာနေကြမယ်ဆိုရင်တော့...အများစု
သော ပြည်သူတို့ ရဲ့ ငြို ငြင်မှုကိုခံစားကြရမှာ...သတိပြုကြဖို့ လို ပါ
တယ်လို့ တင်ပြပါရစေ....
ကျွန်တော် အရောင်မရှိပါဘူး...လယ်ယာကဏ္ဍတိုးတက်စေလိုပါ
တယ်..တောင်သူလယ်သမားတို့ ကို ဆင်းရဲတွင်းကလွတ်စေလိုပါ
နိုင်ငံတော်ကို အဆင်းရဲဆုံးနိုင်ငံစာရင်းထဲက လွတ်မြောက်စေလို
ပါတယ်.လာမည့်အစိုးရမှာ..အဲ့ဒါတွေကို အမှန်တကယ်စိတ်ဝင်စား
ပြီး လုပ်ကိုင်နှိုင်မည့်...လုပ်ကိုင်မည့် ပုဂ္ဂိုလ်ကြီးများ ပါဝင်လာပါစေ
လို့ ဆုတောင်းရင်း...မျှော့်လင့်လျှက်..............( Nay La

No comments:

Post a Comment