Saturday, March 24, 2018

တချိန်က JICA က ကိုဂျပန်တို့ က ဒေသ
လယ်ယာကဏ္ဍကိုဆွေးနွေးလိုပါတယ်ဆို
လို့ ..သူတို့ အဖွဲ့ နဲ့ တစ်ဦးတည်းဆွေးနွေး
ခဲ့တာ....
ဘာထူးလာလည်း....ကျွန်တော် မသိဘူး
ကျွန်တော်...လုပ်နှိုင်သမျှတွေ လုပ်ခဲ့တာ
လုပ်နေတာ..လုပ်သွားမှာ.....အုပ်တစ်ချပ်
မဟုတ်တောင် သဲတစ်ပွင့်ပေါ့ဗျာ..........

Sunday, June 12, 2016

မျိုးကောင်းမျိုးသန့်စပါး.....မတည်ငြိမ်တဲ့ ဆန်စပါးဈေးကွက်.... Jicaက ကိုဂျပန် တို့နဲ့......ကျွန်တော်...

ဒီနေ့မနက်...အင်းဓဝယ် စိုက်ပျိုးရေးပညာပေးစခန်းရုံးမှာJicaက
ကိုဂျပန်တို့က ဆွေးနွေးလိုလို့ဖိတ်တာနဲ့ရောက်ဖြစ်ခဲ့ပါတယ်..သူ
တို့သိချင်တဲ့..ဒေသဆိုင်ရာ.ဆန်စပါးကြိတ်ခွဲရောင်းချမှုအခြေအ
နေပေါ့...အဓိကသူတို့လုပ်နေတဲ့ စပါးမျိုးထုတ်လုပ်မှုပြန့်ပွားစေ
လိုတာပေါ့....ကိုဂျပန်တို့ကနှစ်ဦး..ပရောဂျက်မန်နေဂျာဆိုသူက
စကားပြန်ပေါ့..နောက်မြန်မာဝန်ထမ်းတစ်ဦး...သူတို့လေးဦး နဲ့
ကျွန်တော် တစ်ဦးတည်း ဗျင်းခဲ့ကြတာပေါ့....

သူတို့က..မျိုးကောင်းမျိုးသန့်တွေထုတ်လုပ်...ဖြန့်ဖြူး..စပါးအ
ရည်အသွေးတွေကောင်း..လယ်သမားကဝင်ငွေပိုရ...စက်ပိုင်က
မျိုးကောင်းတာကြိတ်ခွဲရလို့..အောက်တန်းတွေကိုက်.ကုန်သည်
ကအရည်အသွေးကောင်းတဲ့ဆန်တွေရောင်းရလို့..အကျိုးပိုရှိပေါ့
လွယ်လိုက်တဲ့...ပရောဂျက်....
သူတို့သိလိုသမျှ..မေးသမျှကို...စိတ်ရှည်စွာဖြေပေးခဲ့ပါတယ်.သူ
တို့ကျေနပ်ပြီးတဲ့နောက်....ကျွန်တော်ပြန်မေးလို့ရမလားလို့..ရပါ
တယ်တဲ့...အခုလိုလုပ်နေတဲ့မျိုးထုတ်လုပ်ဖြန်းဖြူးမှု လုပ်နေတာ
ဘယ်လောက်ကြာပြီလည်းဆိုတော့ ၅ နှစ်ရှိပြီတဲ့...ဘာကြောင့်
၅ နှစ်ကာလအထိ...အောင်မြင်မှု.မရှိနေသးတာလည်းဆိုတော့
မဖြေဘူး...
ကျွန်တော်တို့ကိုမျိုးကောင်းမျိုးသန့်တွေဖြစ်အောင် လာကူညီနေ
တာကို..လယ်သမားများကိုယ်စားကျေးဇူးတင်ပါတယ်...အဲ့မျိုး
ကောင်းမျိုးသန့်တွေကို...ခင်ဗျားတို့စိတ်ကြိုက်နည်းစနစ်တွေနဲ့
စိုက်ပေးပါ့မယ်...ခင်ဗျားတို့ စိတ်ကြိုက် ဆန်အရည်အသွေးရဖို့
ကြိတ်ခွဲပေးပါ့မယ်...အဲ့ဆန်ကို ကိုဂျပန်တို့..ဝယ်ပေးပါလားဗျာ
ဒါမှမဟုတ်..ပုံမှန်ဈေးကွက် တည်မြဲနှိုင်တဲ့...ဆန်လိုနိုင်ငံ တို့နဲ့
ဈေးကွက်ဖန်တီးပေးဖို့ကူညီပါလားဗျာ..ကိုဂျပန်တို့ ကူညီဖန်တီး
ထုတ်လုပ်ပေးထားတဲ့..မျိုးကောင်းမျိုးသန့်တွေဆိုရင် ကျွန်တော်
တို့...အရည်အသွေးအာမခံချက်ရှိတာပေါ့....
ကိုဂျပန်တို့အသံမထွက်...စကားပြန်ထံကလည်း..စကားပြန်မ
လာတော့ပြီ....
သြော်.......လယ်ယာသုံးစက်ကရိယာတွေ..ကူညီချင်ကြတဲ့သူ
တွေအများကြီးရှိနေကြတယ်.....ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးရေး
ဆေးဖြန့်ဖြူးကူညီချင်ကြတဲ့သူတွေအများကြီးရှိနေကြတယ်...
နည်းပညာဖြန့်ဖြူးကူညီပေးချင်ကြသူတို့အများကြီးရှိနေတယ်
...ခေတ်မှီဆန်စက်ကြီးတွေ ကူညီချင်ကြတဲ့သူတွေအများကြီး
ရှနေကြတယ်....ဒါပေမယ့်...ဆန်စပါးဈေးကွက် တည်မြဲခိုင်မာ
အောင် ကူညီချင်ပါတယ်ဆိုတဲ့...နိုင်ငံ..အဖွဲ့အစည်းဆိုတာ မရှိ
ခဲ့ကြပါဘူး....မရှိသေးပါဘူး...ရှိလာနှိုင်ဦးမှာလား...ဗျာ.........
Comment

Wednesday, December 2, 2015

" ကြို တင်ပြင်ဆင်သင့်ပါပြီ "


ယနေ့ နိုင်ငံတော်အဆင့် ပြု ပြင်ပြောင်းလည်းမှု အခြေအနေကို အများ
သိကြပြီးဖြစ်ပါတယ်...ပြောင်းလည်းဖြစ်ပေါ်လာမယ့် အခြေအနေအရ
စီးပွားရေးအသင်းအဖွဲ့ များလည်း..ပြု ပြင်ပြောင်းလည်းသွားကြဖို့  အဓိ
ကလိုအပ်တယ်လို့ မြင်မိပါတယ်...နိုင်ငံတော်ရဲ့ ....စီးပွားရေးကဏ္ဍတိုး
တက်ရန်အတွက် နိုင်ငံတော်အစိုးရတခုတည်းနဲ့ လုပ်လို့ မရပါဘူး..ပုဂ္ဂ
လိက စီးပွားရေးကဏ္ဍ တိုးတက်ဖို့ လည်းလိုပါတယ်....ပြီးခဲ့တဲ့ ကာလ
ကိုပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင်..ပုဂ္ဂလိက စီးပွားရေးကဏ္ဍ..တိုး
တက်မှုမရှိဘူးလို့ ပြောလို့ ..မရပါဘူး...တိုးတက်သူများက အဆမတန်
တိုးတက်ခဲ့ကြပြီး..လုပ်ပိုင်ခွင့်များကိုအသုံးချ..နိုင်ငံတော်ကယုံကြည်စွာ
တာဝန်ပေးထားမှုကို အခွင့်ကောင်းယူတတ်တဲ့သူများရဲ့ ...တိုးတက်မှု
များကတော့..အတိုင်းထက်အလွန်လို့ မြင်မိပါတယ်...
နိုင်ငံတော်မှာ..ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုးတက်တဲ့နေရာမှာ...မညီမျှ
မှုတွေကြောင့်.....ပြီးခဲ့တဲ့ အဖြေတရပ်..ပေါ်ထွက်လာရတာလို့ မြင်မိပါ
တယ်...ပုဂ္ဂလိကပိုင်စီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ စီးပွားရေးအသင်း
အဖွဲ့ များရဲ့ မှန်ကန်သောအောင်မြင်မှု မရှိတာကလည်း..ပုဂ္ဂလိကပိုင်စီး
ပွားရေးကဏ္ဍကို များစွာထိခိုက်ခဲ့ကြောင်းမြင်တွေ့ ရပါတယ်...ပုဂ္ဂလိက
စီးပွားရေးအသင်းအဖွဲ့ များက နိုင်ငံတော်ရဲ့  စီးပွားရေးကဏ္ဍ တိုးတက်
ရေးကို အထောက်အကူမပြုခဲ့ကြဘဲ...အသင်းအဖွဲ့ များကိုဦးဆောင်နေ
ကြသူတို့ ရဲ့  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ အဓိကအနေဖြင့်အ
ထောက်အကူ ဖြစ်ခဲ့တယ်လို့ လည်း သုံးသပ်မိပါတယ်...
ထားတော့..ကျွန်တော်တို့  သဘောထားကြီးစွာ..ခ၀ါချ လိုက်ကြတာပေါ့
ယနေ့ အခြေအနေမှာတော့...ကျွန်တော်တို့ ..နောက်တစ်ကြိမ် ခ၀ါချ ရ
တဲ့..အခြေအနေမျိုးကိုတော့ အရောက်မခံနှိုင်တော့ပါဘူး...စီးပွားရေးအ
သင်းအဖွဲ့ များ..အသင်းကို အသင်းနဲ့ တူအောင် လုပ်ကြဖို့ လိုလာပါပြီ..
အသင်းတရပ်မှာ..အဓိကကျ တဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းများကို ခေတ်နဲ့  ညီ
ညွတ်မျှ တအောင်.. ပြောင်းလည်းရေးဆွဲကြရပါမယ်..အသင်းသာအား
လုံးရဲ့  သဘောတူညီမှု ဆန္ဒကို ရယူပြီး အတည်ပြုကြရပါမယ်...အခြေ
ခံကစပြီး..အဆင့်ဆင့်ကို အသင်းသားများရဲ့ အများဆန္ဒနဲ့ ရွေးချယ်တင်
မြှောက်စေတဲ့စနစ်ကို ပီပြင်အောင် အကောင်အထည်ဖေါ်ရပါ့မယ်......
ကျွန်တော်တို့  ဆန်စပါးအသင်းအဖွဲ့ တွေမှာဆိုရင်..အတော်ပုံမကျဘူး
လို့ သုံးသပ်ရပါတယ်...ဆန်စပါးလုပ်ငန်းတစ်ခုတည်အနေဖြင့်......ဆန်
စက်ပိုင်ရှင်များအသင်း...ဆန်စပါးကုန်သည်များအသင်း...စိုက်ပျိုးထုတ်
လုပ်သူများအသင်း...တွေရယ်လို့  နေရာတစ်ခုကို ဦးဆောင်ကြဖို့ အဓိ
ကထားလုပ်ခဲ့ကြလို့ ..ပုဂ္ဂလိကပိုင် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်များ
အနေဖြင့် စည်းလုံးမှု မရှိခဲ့ကြတဲ့အပြင် သွေးကွဲမှုကိုဖေါ်ဆောင်ခဲ့ကြပြီး
အုပ်စုဖွဲ့ ကာ.အခွင့်ထူးခံခဲ့ကြတာတွေလည်းရှိခဲ့တယ်လို့ မြင်မိပါတယ်..
ညီနောင်အသင်းများလို့ .အမည်တပ်ထားကြတဲ့...ဆန်စပါးအသင်းတွေ
အနေဖြင့်......အသင်းရဲ့ ဖွဲ့ စည်းပုံစည်းမျဉ်းပါ အတည်ပြုချက်များနှင့် လုံး
ဝကိုက်ညီမှုမရှိခဲ့ကြဘူးလို့ မြင်မိပါတယ်.....မှန်ကန်သော အသင်းသား
စာရင်းမရှိ......ကျွန်တော့်အမြင်တင်ပြရမယ်ဆိုရင်..အသင်းသားအဖြစ်
ရပ်တည်လို့ ရတာ မရှိဘူးလို့ ဆိုချင်ပါတယ်...အသင်းအဖွဲ့ တရပ်မှာ အ
သင်းသားကစလို့ ...အဆင့်ဆင့်သောတာဝန်ရှိသူတို့ ရဲ့..တာဝန်နဲ့ ..၀တ္တ
ရား..လုပ်ပိုင်ခွင့် စတဲ့သတ်မှတ်ချက်တွေအနက်..အသင်းသားတစ်ဦး အ
နေဖြင့် လိုက်နာရမည့် အနိမ့်ဆုံးတာဝန်ဖြစ်တဲ့..အသင်းဝင်ကြေး..နှစ်စဉ်
ကြေး..များကို သတ်မှတ်ကာလအတွင်း ထည့်ဝင်ရမည် ဆိုတာကို မျက်
ကွယ်ပြုခဲ့ကြပါတယ်...အသင်းကိုဦးဆောင်နေကြသူများအနေဖြင့်..မသိ
ဟန်ဆောင်နေကြတာလား...အသင်းအဖွဲ့ တွေမှာ မရှိမဖြစ်လိုအပ်တဲ့ စီ
မံရေးရာ စရိတ်တွေကိုဘယ်ကရတဲ့ငွေတွေနဲ့ သုံးနေကြတာလည်း.. ဒါ
ဆိုရင်..အသင်းရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ရလာတဲ့ကိုယ်ကျိုးငွေတွေ ရှိ
နေလို့  စိုက်ထုတ်သုံးစွဲလုပ်နေနှိုင်တာလား...ဒါမှမဟုတ် မှန်ကန်တိကျ
တဲ့ အသင်းသားစာရင်းကို..မရှိတာလား...ရှိနေတယ်ဆိုရင်လည်း အသံ
တွေကို ကြောက်လို့  မကောက်ခံရဲတာလား...လားပေါင်းများစွာမေးစရာ
တွေက ရှိနေပါသေးတယ်...
အသင်းကိုဦးဆောင်နေသူများအနေဖြင့်...မိမိကိုယ်တိုင်က အသင်းသား
ဖြစ်နေရမယ်ဆိုတာသိကြလား...အသင်းသားများကိုယ်စားဦးဆောင်သူ
တွေအနေနဲ့ ..အသင်းသားတစ်ဦးအနေဖြင့် အနိမ့်ဆုံးလိုက်နာရမည့်တာ
ဝန် တစ်ရပ်ကိုပင် မစွမ်းဆောင်နှိုင်ခဲ့ကြတယ်ဆိုတာကိုရော..မိမိကိုယ်မိ
မိ..သုံးသပ်ခဲ့ကြဘူးရဲ့ လား....အနိမ့်ဆုံးလိုက်နာရမယ့်တာဝန်ကိုပင် အ
မှန်ဖြစ်အောင် မဆောင်ရွက်နှို င်ခဲ့တဲ့..ဦးဆောင်သူတို့ ..အခြားအခြား
သောတာဝန်များကို လုပ်နှိုင်တယ်ဆိုတာကို ကျွန်တော်တို့ ကလက်ခံနေ
ရဦးမှာလား....
စာရှည်သွားပြီဗျာ..ပြောချင်တာတွေကအများကြီးပါ...ကျွန်တော်တို့  ပြီးခဲ့
တာတွေကို ခ၀ါချနှိုင်ပါတယ်..ရှေ့ ဆက်ပြီး ပြောင်းလည်းမှု မရှိခဲ့ရင်တော့
လက်မခံတော့ဘူးဆိုတာ...ကိုတော့ သိနှိုင်ကြပါစေ..........................။

" MRF ...လည်းပြောင်းလည်းမှ ဖြစ်တော့မည် "


ယနေ့ ...ကျွန်တော်တို့ တိုင်းပြည်..ပြည်သူတို့ ဆန္ဒအတိုင်း စတင်ပြောင်း
လည်းနေပါပြီ...ပြောင်းလည်းခွင့်ကို ရရှိအောင် ခွင့်ပြုပေးသူတို့ ကလည်း
ခွင့်ပြုခဲ့ပါပြီ....ပြောင်းလည်ခွင့်ရရှိအောင် အနစ်နာခံခဲ့ကြသူတို့ ကလည်း
ပြည်သူတို့ ဆန္ဒကိုပေါ်လွင်အောင်ဖေါ်ထုတ်ပေးနှိုင်ခဲ့ကြပါပြီ...ကျွန်တော်
တို့  စည်းလုံးညီညွတ်ကြဖို့ ...၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ...ဥပဒေကို
လေးစားလိုက်နာကြဖို့ ...ကာလ..ဒေသ..အခြေအနေ..အချိန်အခါပေါ် မူ
တည်ပြီး.....ထုတ်ပြန်တဲ့ စည်းကမ်းများကို...လိုက်နာကြဖို့ ....ဆိုတာက
တော့ ပြည်သူတရပ်လုံးရဲ့  ထာဝရ တာဝန် လို့ ခံယူကြရမှာပါ.....

ကျွန်တော် နိုင်ငံရေးကို မကျွမ်းကျင်လို့ ဒီမျှသာ....ကျွန်တော် ရေးလိုတာ
က လယ်ယာကဏ္ဍ..ဆန်စပါးလုင်ငန်းရှင်များကဏ္ဍ..စားသုံးသူတို့ ကဏ္ဍ
.အဲဒီကဏ္ဍတွေရဲ့ အချုပ်ဖြစ်တဲ့ MRF မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်....
MRF...ကိုပြောင်းလည်းဖို့ လိုပြီလို့ ပြောရ..ရေးရ မယ့်အချိန်အခါ မဟုတ်
တော့ပါဘူး...ပြောင်း ကို ပြောင်းလည်းရတော့မှာပါ...တိကျတဲ့မူဝါဒတွေ
ချမှတ်ဖို့ လိုနေပါပြီ...၀ိတ်တွေသုံး..နေရာယူပြီး ကိုယ်ကျိုးရှာလို့ မဖြစ် နှိုင်
တော့တဲ့ အချိန်အခါကို ရောက်တော့မှာပါ.....ညီနောင်အသင်းများဆိုတဲ့
အသင်းများအနေနဲ့ လည်း...အုပ်စုဖွဲ့ နေရာယူ...ကိုယ်ကျိုးကလွဲပြီး..စိုက်
ပျိုးထုတ်လုပ်သူ...ကြိတ်ခွဲကုန်သွယ်ကြသူ..စားသုံးသူတို့ အကျိုး ကိုဘာ
မှ လုပ်မပေးနှိုင်ဘဲ ရပ်တည်နေမှုကို..ကျွန်တော်တို့ လက်မခံနှိုင်တော့ပါ
ဘူး...အခြေခံက စလို့ .....ကိုယ့်ဒေသတစ်ခုကို အခြေခံပြီး..အဆင့်ဆင့်
ရွေးချယ်တင်မြှောက်တဲ့ စနစ်ဖြစ်လာဖို့  ကျွန်တော်တို့ ဆောင်ရွက်ကြရ
ပါတော့မယ်...နှစ်ပေါင်းများစွာ..နေရာယူလာပြီး ဘာရုပ်မှ မပေါက်ခဲ့တာ
ကိုလည်း...ကိုယ့်..ကို ကိုယ်ပြန်လည်ဆန်းစစ်ကြဖို့ လိုပါမယ်...
MRF ဆိုတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဟာ...ပြည်ပ က လေးစား
ယုံကြည်မှု အပြည့်အ၀ ကိုခံရဖို့ လိုလာပါပြီ...နိုင်ငံတော်အစိုးရက လယ်
ယာကဏ္ဍတိုးတက်ရေး...ပြည်ပတင်ပို့ နှိုင်ရေးနဲ့ ..စားသုံးသူတို့ အတွက်
ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခြင်း..လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်
ထားခြင်းခံရဖို့ လိုလာပါပြီ..ယနေ့ နိုင်ငံတော်မှာ..အဓိက မရှိမဖြစ်လိုအပ်
တဲ့ နိုင်ငံတော် အရန်ဆန်ဝယ်ယူထားရှိဖို့ အခက်အခဲဖြစ်နေပါတယ်.တာ
ဝန်ပေးဆောင်ရွက်စေဖို့  အခက်အခဲဖြစ်နေပါတယ်...ကျွန်တော်တို့ ဆန်
စပါးအသင်းအဖွဲ့ တွေ နိုင်ငံတော်အရန်ဆန် ၀ယ်ယူမှု ကို အောင်မြင် မှု
ရှိအောင် မဆောင်ရွက်နှိုင်ခဲ့တာ အလွန်ရှက်ဖို့ ကောင်းလှပါတယ်..ကိုယ်
ကျိုးတွေရှေ့ တန်းတင်ခဲ့ခြင်းကြောင့် အောင်မြင်မှု မရရှိခဲ့ခြင်းပါ....
ကဲ...MRF နဲ့ ညီနောင်အသင်းများအားလုံးအသင်းကိုအသင်းနဲ့ တူအောင်
အသင်းတွေရဲ့ ...ဖွဲ့ စည်းပုံစည်းမျဉ်းပါ...စည်းကမ်းသတ်မှတ်ချက်များ အ
တိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြအောင်...နိုင်ငံတော်က ယုံကြည်
အားထားရတဲ့ အသင်းအဖွဲ့ တွေအဖြစ် ရပ်တည်နှိုင်အောင် ပြုပြင်ပြောင်း
လည်းကြဖို့ ..ယခုဘဲ စလိုက်ကြပါစို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ပြောင်းလည်းဖို့ အချိန်တန်နေပြီ......ဆိုကြပါသော်လည်း"


ရေချိုးမလို့ လုပ်နေတာ...သမီးတို့ က..အဖေ...အဖေနဲ့ သိတဲ့ဟိုလူကြီး
ဆန်စပါးအကြောင်းဗျူးနေတာ...mn tv မှာလာနေတယ်တဲ့.....ဘူ..များ
လည်းလို့ ...သူပြောတာတော့...မမှီလိုက်ပါဘူး.....သတင်းတော့ဆက်
ပြီး နားထောင်ဖြစ်ခဲ့....ပြည်ပကတရားမ၀င် ဆန်တွေဝင်တဲ့အကြောင်း
ပြည်တွင်းက ဆန် ဟုတ်/မဟုတ်...MRF နဲ့ စီးပွားကူးသန်းကို ဆန်နမူ
နာပို့ ထားကြောင်း..ဆန်တွေကို ခေတ္တတားထားကြောင်း..အကောက်
ခွန်.....စားသုံးရန်သင့်/မသင့်စတဲ့အကြောင်းတွေနဲ့ ပေါ့...ပြည်တွင်းက
စိုက်ပျိုးထုတ်လုပ်သူတို့  အကာအကွယ်စတာတွေပေါ့...ပြောတာကြား
လိုက်ရတာတွေက....

ခက်ပြီ.....ပြည်ပဆန် ဟုတ်/မဟုတ် MRF ကိုပို့ ပြီး..မေးထားတယ်တဲ့
လား...ပိုင်ရှင်ကရော..ဘူတုန်း..ပြည်ပက သွင်းတဲ့...ဆန် ဆိုရင်တော့
သွင်းတဲ့သူက...လက်လီဆန်သမားတော့ မဖြစ်နှိုင်....ဆန်လုပ်ငန်းရှင်
ကြီးကြီးတွေကဖြစ်နှိုင်...MRF မှာတောင်.သူက ဘာတာဝန်ရှိနေသေး
တယ်မသိနှိုင်...EC လား...CEC လား...စီ/ခန့် လား....
ကျွန်တော်..အံ့သြမိတာလေး တခုတော့..ဖြစ်မိသား....ကိုယ့်ဆီကို ခိုး
သွင်းတဲ့ဆန် ကိုတော့..MRF တို့ ..စီးပွားကူးသန်းတို့  နမူနာပို့  ရ ပါ
သတဲ့...ကိုယ့်က မှောင်ခိုလုပ်နေတဲ့ တရုပ်ဈေးကွက်...တရားဝင်ပို့ တဲ့
အာဖရိက ဈေးကွက် ပို့ နေကြတဲ့ဆန်တွေ အရည်အသွေး မမှီလို့ ဈေး
ကွက်တွေပျက်..ဈေးကွက်ပျက်တော့..ဆန်ဈေး မရ..ဆန်ဈေးမရတော့
စိုက်ပျိုး ထုတ်လုပ်သူတွေထိခိုက်..အချိန်တွနည်းသလား...ပြည်ပပို့ တဲ့
ဆန် အရည်အသွေးမမှီလို့ ဖြစ်ခဲ့တဲ့ ပြတ်သနာတွေကမနည်း ဖြစ်ခဲ့ပြီး
ပြီ...ဘယ်သူက ဘယ်အဖွဲ့ အစည်း...ဘယ်ဌာနကို နမူနာပို့  စစ်ခိုင်းခဲ့
ကြလည်း...ဘယ်သူက နမူနာ စစ်ပြီး အရေးယူခဲ့ကြဘူးလို့ တုန်း....
ရေကြီးနစ်မြုတ်မှု ဖြစ်တော့...အလှူဆန်တွေ ရောင်းကြတယ်..အရည်
သွေးညံ့တာတွေ ရောင်းကြလို့ ..အသံတွေက ဆိုရှယ်မီဒီယာပေါ် မှာ
ဒီလောက်ဆူညံခဲ့တာ...MRF နဲ့  စီးပွားကူးသန်းကို ဆန် နမူနာပို့  စစ်
ခိုင်းတယ်မကြားမိပါလား....
ခက်တယ်..TV ကလာသမျှ..ဆန်စပါးသတင်းတွေ ရာနှုန်းပြည့် အမှန်
လို့ ထင်တဲ့..အိမ်သားတွေကြောင့် အေးရတဲ့ကြားထဲ..ရေချိုးနောက်ကျ
ရပြန်ပါပြီ...ကိုယ်ကလည်းချက်ခြင်းရေးလိုက်ရမှ....အင်း..စောင့်ကြည့်
ရမှာပေါ့....MRF နဲ့  စီးပွားကူးသန်း ကထွက်လာမယ့်အဖြေ...........
အဲ...အဲ.....ကျွန်တော်ကတော့ ဆန်ကို မကြည့်တော့ပါဘူးဗျာ...အဖြေ
မှန် ဖေါ်ထုတ်ချင်ရင်....ဆန်လာတဲ့လမ်းကြောင်း ခင်ဗျားတို့ သိပြီးသား
ပါ...မြန်မာနိုင်ငံမှာ..ဘယ်ဒေသက ဆန်စပါးစိုက်ပျိုးတဲ့ ဒေသ..ယခု အ
ချိန်အခါမှာ..ကောက်စောက ဘယ်ဒေသတွေကထွက်တယ်...ဟိုတုန်း
က နယ်စပ်ဒေသတွေက ဆန်ဈေးအကြီးဆုံး ဖြစ်ပါလျှက်....ပြည်တွင်း
နယ်စပ်ဒေသ ကဆန် လမ်းကြောင်းပြောင်းပြန်သယ် လာတယ် ဆိုက
တည်းက..သိသိကြီးနဲ့  ဗျာ....

"ဆုတောင်း...မျှော်လင့်လျှက်ပါ "


ယခုနှစ် မိုးစပါး...ရေကြီးနစ်မြုတ်မှု လွတ်ကင်းသော လယ်များမှာ
စပါးအထွက်နှုန်း ကောင်းလာသည်ဟု....ကောက်စောထွက် ရှိမှု
အခြေအနေကိုမှန်းဆရပါသည်၊ပြီးခဲ့သည့်..မိုးစပါးစိုက်ပျိုးမှု မှာအ
ထူးဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ...ပုံမှန်စိုက်ပျိုးသည့်အခြေ
အနေမှာသာဖြစ်ကြောင်းသိရပါသည်....ရာသီဥတုက စပါးများကို
ရှင်သန်အားကိုကောင်းစေခဲ့သည်လား..စနစ်တကျအတန်းလိုက်
စိုက်ပျိုးခြင်းက စပါးအထွက်တိုးစေပေမယ့်....ကြဲခင်းများမှာတော့
စပါးများသိပ်သီးစွာသန်မြန်ပေါက်ခဲ့ခြင်း..မြက်များကအပင်သန်ပြီး
ထူထပ်စွာပေါက်ခဲ့ခြင်းကြောင့်..အချို့ သောရိတ်သိမ်းခြွေလှေ့စက်
များက ရိတ်သိမ်းပေးရန် ငြင်းဆိုမှုများရှိခဲ့ကြောင်း သိရပါတယ်...
ယခုနှစ် မိုးစပါးအနေဖြင့် ကြဲပက်စိုက်ပျိုးမှု နဲ့ .. စနစ်တကျစိုက်ပျိုး
သည့်လယ်များနှင့်နှိုင်းယှဉ်လျှင်...အထွက်နှုန်းမှာ....ယခင်နှစ်များ
ထက်ပိုမို ကွာဟတယ်လို့ သိရပါတယ်...ယခုနှစ်မိုးရာသီ မှာရေ
ကြီးနစ်မြုတ်မှုမရှိတဲ့ လယ်များအနေဖြင့် ရာသီဥတုက စပါးကြိုက်
ရာသီဥတုလို့ ထင်မှတ်ရပါတယ်...
သို့ ပါသော်လည်းပြောင်းလည်းလာတဲ့...ရာသီဥတုကြောင့်လား
လယ်မြေများဟာ များသောအားဖြင့် မြေအစိုဓာတ် ထိမ်းထားနှိုင်
ခြင်းမရှိဘဲ..စောလျှင်စွာ ပတ်ကြားအက်များဖြစ်လာတာကိုတွေ့ 
နေရပါတယ်...ကျွန်တော်တို့ ဒေသဟာ မိုးစပါးပြီးချိန်မှာ..သဘာ
ဝမြေ အစိုဓာတ်ကို အချိန်မှီ အားကိုးလို့  မတ်ပဲ ကို သီးထပ်စိုက်
ပျိုးကြရတာပါ..ရေသွင်းရမယ်ဆိုရင် ကုန်ကျစရိတ်များအပြင် ရေ
ရရှိမှု အခက်အခဲများကလည်းရှိနေပါတယ်....မြေအစိုဓာတ်အမှီ
မတ်ပဲပြန်လည်စိုက်ပျိုးနှိုင်ကြဖို့  ရင့်မှဲ့ ပြီဖြစ်တဲ့စပါးများကို အမြန်
ဆုံး ရိတ်သိမ်း လိုကြပါတယ်...
ဒါပေမယ့်..လိုအပ်နေတာက ရိတ်သိမ်းခြွေလှေ့စက်ပါ....တောင်
သူလယ်သမားတို့ လိုအပ်ချက်အတွက် ရိတ်သိမ်းခြွေလှေ့ စက်
ဝန်ဆောင်မှု လုပ်ငန်းများက မဖြည့်ပေးနှိုင်တာကိုတွေ့ ရပါတယ်
ပုဂ္ဂလိက ၀န်ဆောင်မှုလုပ်ငန်းရှင်များဖက်က ကြည့်မယ် ဆိုရင်
လည်း...တနှစ်မှာ မိုးစပါး...နွေစပါးရာသီလောက်သာ အလုပ်ရှိ
တဲ့..ရိတ်သိမ်းခြွေလှေ့ စက်လုပ်ငန်းကို ရင်းနှီးမတည်ထားကြရ
ဖို့ ခက်ပါတယ်...အချိန်တူကာလတူ...တပြိုင်တည်းရိတ်သိမ်းမှု
ကိုပြု ကြတာဖြစ်လို့ ..ကာလရှည်လုပ်ကိုင်လို့ မရပါဘူး....
တောင်သူလယ်သမားတို့ အတွက်..နိုင်ငံတော်က ဘယ်လို ကူ
ညီပေးနှိုင်မလည်းဆိုတာ စဉ်းစားရမှာပါ....သီးထပ်စိုက်ပျိုးမှု အ
တွက်လိုအပ်တဲ့...သဘာဝမြေအစိုဓာတ် ကိုမှီအောင် ရိတ်သိမ်း
ခြွေလှေ့ စက်များကို လုံလောက်မှုရှိအောင် ကူညီပံ့ပိုးပေးနှိုင် မ
လား..ဒါမှမဟုတ် သီးထပ်စိုက်ပျိုး ရေ လိုအပ်မှုအတွက် ကုန်ကျ
စရိတ် အသက်သာဆုံးဖြစ်စေမယ် ရေ ရရှိမှုကိုဖန်တီးပေးမလား
ဆိုတာပါ...
ဒီနေရာမှာ...ထုတ်လုပ်သူနဲ့ စားသုံးသူအကြား အဆင်ပြေစေနှိုင်
တဲ့ အတွေးတစ်ခုဝင်ခဲ့ပါတယ်...တောင်သူလယ်သမားများအနေ
ဖြင့် စပါးဈေးမကောင်းသော်လည်း သီးထပ် မတ်ပဲဈေးကောင်းရ
ခဲ့ရင် ရပ်တည်နှိုင်တဲ့အခြေအနေမှာရှိခဲ့တာကို တွေ့ နေရပါတယ်
ပြီးခဲ့တဲ့ မတ်ပဲဈေးနှုန်း ဆိုရင်တကြိမ်တစ်ခါမှ..မဖြစ်ဘူးခဲ့တဲ့ ဈေး
နှုန်းဖြစ်ခဲ့ပါတယ်..ပိသာ ၂၀ တစ်တင်းကို ၇၀၀၀၀ိ/-ကျော်အထိ
ဖြစ်ခဲ့တာပါ..ဈေးကွက်မှာ ဈေးကစားလို့ ဖြစ်လာတဲ့ ဈေးနှုန်း...မ
ဟုတ်ပါဘူး..ပြည်ပဈေးကွက်လိုအပ်ချက်အရ ဖြစ်လာတဲ့ ဈေးနှုန်း
ပါ...မတ်ပဲ ဆိုတာ ဈေနှုန်းကြိုက်သလောက်တက်...စိုက်ပျိုးထုတ်
လုပ်သူတောင်သူတို့ အတွက်အကျိုးရှိစေပြီး....ပြည်တွင်း စားသုံး
မှု မရှိတာကြောင့် ပြည်သူတို့ စားသုံးမှုကို မထိခိုက်စေပါဘူး....
ဒါဆိုရင် ကျွန်တော်တို့ ...စဉ်းစားရပါမယ်....ပြည်တွင်းစားသုံးမှု
အဆင်ပြေရေးအတွက် စပါးသီးနှံကို စိုက်ပျိုးထုတ်လုပ်သူတောင်
သူလယ်သမားတို့ အတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်း စားသုံးသူ
တို့ ခံနှိုင်တဲ့ ဈေးနှုန်းလောက်ဖြစ်လာရင်ရပြီ..တောင်သူလယ်တိုး
တက်ဖို့ အတွက် ပြည်ပဈေးကွက်မှာလိုအပ်ချက်ရှိနေတဲ့..သီးထပ်
မတ်ပဲ..ပဲတီစိမ်း တို့ ကို အထွက်နှုန်းပိုလာအောင်..ဈေးကွက်မြဲ
နေအောင်..စိုက်ပျိုးထုတ်လုပ်လုပ်ရာမှာ အခက်အခဲတွေ မရှိလေ
အောင် ကူညီဖို့ လိုလာပါမယ်...
ဘယ်သူတွေက လုပ်ပေးကြမလည်း..နိုင်ငံတော်အပိုင်းက ရော
လုပ်ပေးနှိုင်မလား..ကိုယ်တို င်လုပ်မပေးနှိုင်ခဲ့ရင်..အမှန်စေတနာ
ထားလုပ်မယ်လို့ ယုံကြည်ရတဲ့..အဖွဲ့ အစည်းတွေကို ပံ့ပိုးပေးနှိုင်
မလား...ပံ့ပိုးပေးတယ်ဆိုတဲ့ နေရာမှာလည်း..ဘယ်လောက်အထိ
ပြတ်ပြတ်သားသားလုပ်နှိုင်မလည်း...ဆိုလိုတာက နိုင်ငံတော် က
ပံ့ပိုးပေးပါလျှက် ကိုယ်ကျိုးကိုသာလုပ်ခဲ့ရင် ပြတ်ပြတ်သားသားအ
ရေးယူမှာလား ဆိုတာပါ..အဲ့ဒီလို မပြတ်သားရင်တော့...မအောင်
မြင်နှိုင်ဘူးဆိုတာ....နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကို သာပြန်
လည်သုံးသပ် ဖို့ လိုပါမယ်..နိုင်ငံတော်အနေနဲ့ ..လူနည်းစု ၀ိသမ
သားတို့ နဲ့ တွဲဖက်လုပ်....အောင်မြင်မှုမရှိတာတွေကို ပြတ်သားတဲ့
အရေးယူမှု မလုပ်နှိုင်..မျက်နှာနာနေကြမယ်ဆိုရင်တော့...အများစု
သော ပြည်သူတို့ ရဲ့ ငြို ငြင်မှုကိုခံစားကြရမှာ...သတိပြုကြဖို့ လို ပါ
တယ်လို့ တင်ပြပါရစေ....
ကျွန်တော် အရောင်မရှိပါဘူး...လယ်ယာကဏ္ဍတိုးတက်စေလိုပါ
တယ်..တောင်သူလယ်သမားတို့ ကို ဆင်းရဲတွင်းကလွတ်စေလိုပါ
နိုင်ငံတော်ကို အဆင်းရဲဆုံးနိုင်ငံစာရင်းထဲက လွတ်မြောက်စေလို
ပါတယ်.လာမည့်အစိုးရမှာ..အဲ့ဒါတွေကို အမှန်တကယ်စိတ်ဝင်စား
ပြီး လုပ်ကိုင်နှိုင်မည့်...လုပ်ကိုင်မည့် ပုဂ္ဂိုလ်ကြီးများ ပါဝင်လာပါစေ
လို့ ဆုတောင်းရင်း...မျှော့်လင့်လျှက်..............( Nay La

မိုးစပါး


မိုးစပါးများစတင်ထွက်ရှိနေပြီဖြစ်လို့ ..ဆန်ပြတ်လပ်မှုဆိုတာမဖြစ်နှိုင်
ဆန်သစ်များဈေးကွက်အတွင်းဝင်ရောက်နေသလို...ဆန်ဟောင်းများ
ကလည်းဈေးကွက်အတွင်းမှာရှိနေပါသေးတယ်....
ကောက်စောအနေဖြင့်ကတော့..အသွယ်စပါးများသာဦးစွာထွက်ပေါ်
လာတာဖြစ်လို့ ...စပါးတင် ၁၀၀ ကို ဒေသပေါ်မူတည်ပြီး ၅၂၀၀၀၀ိ-
ခန့် ဈေးဖြစ်နေပါတယ်..အစိုဓာတ်ပေါ်မူတည်ပြီးတစ်တင်းလျှင်၅၀lb
ပါတ်ဝန်းကျင်ဖြင့်ဝယ်ယူနေကြပါတယ်...ဆန်ဈေးကွက်အနေဖြင့် တ
ရုပ် ၀ယ်လက်များ...ဆန်သစ်များဝယ်ယူနေပါပြီ...ဈေးကွက်စမ်းသပ်
မှု နမူနာအနေဖြင့်လား..ဈေးကွက်ကိုက ကိုက်ညီမှုရှိနေတာလားလို့ 
တော့ မမှန်းတတ်ပါ...သေချာတာကတော့...တရုပ်အနေဖြင့်ရာသီဥ
တု ကြောင့် ယခုနှစ် ဆန်လိုအပ်ချက်ရှိနေမယ်လို့ မှန်းဆရပါတယ်...
တရုပ်အနေဖြင့်လိုအပ်ချက်ရှိလာနှိုင်တဲ့ဆန်ကို...ယခင်လို..မူဆယ်
ဈေးကွက်ကဘဲ တရားမ၀င် တင်သွင်းမှုကို မသိဟန်ဆောင်ပြီးဝယ်
ယူမလား...မြန်မာ့ဆန်ကို နယ်စပ်ကနေ...တရားဝင်ဝယ်ယူလက်ခံ
မှာလား...မြန်မာ့ဆန်ကုန်သည်ကြီးများကရော....ဘယ်လိုဈေးကွက်
တွေဖန်တီးသွားကြမယ်ဆိုတာကတော့ မှန်းရခက်တာဖြစ်လို့  ပိတ်
ကားပေါ်မှာသာ စောင့်ကြည့်ရမှာပါ....
ယခုအချိန်မှာ ရိတ်သိမ်းထွက်ရှိမှုက ပမာဏမများသေးလို့ ဈေးကွက်
မှာစပါးဝယ်လိုအားက.များနေပါတယ်..ကြိတ်ခွဲထွက်ရှိလာတဲ့ ဆန်
သစ်အနေဖြင့်ဈေးကောင်းနေသေးလို့  ကြိတ်ခွဲကြသူများ အနေဖြင့်
လည်းအကျိုးအမြတ် ပိုရနေကြပါတယ်..လယ်သမားလည်းစပါးဈေး
ရ...စက်ပိုင်နဲ့ ကုန်သည်တို့ လည်း အကျိုးအမြတ်ရကြတဲ့ အခြေအ
နေလို့ ဆိုရပါမယ်.....ဒီလိုအခြေအနေမျိုးကမြဲနှိုင်သလား...မြဲနှိုင်ရင်
တော့အကောင်းဆုံးပါ....
ယခုအချိန်အခါမှာ.စပါးအစိုဓာတ်ရှိနေတာကြောင့် စပါးအခြောက်ခံ
ရတဲ့ကာလရှိနေတာကြောင့် ဈေးကွက်မှာစပါးဝယ်လိုအားရှိကောင်း
နေပါတယ်...စပါးအခြောက်ခံစက် လုံလောက်မှု မရှိသေးတာက တ
ကြောင်း..တောင်သူတို့ အနေဖြင့်လုပ်သားအခက်အခဲ သယ်ယူမှုစ
ရိတ်..နေရာအခက်အခဲတွေကြောင့်..နီးစပ်ရာ ကားလမ်းမတွေပေါ်
မှာ နေလှမ်းနေကြရတာ ကိုမြင်တွေ့ နေကြရမှာပါ...
တောင်သူလယ်သမားတို့ ..အနေဖြင့် ဈေးကောင်းလေးမှီဖို့  ကြိုးစား
နေကြရတဲ့ကာလပါ...ကားလမ်းပေါ်ခရီးသွားလာကြသူတွေအနေနဲ့ 
အထူးသဖြင့်သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်တွေမှာခရီးသွား
သူတွေများလာပြီဖြစ်လို့ ....မိမိတို့ သွားရာကားလမ်းတလျှောက် မှာ
စပါးနေလှမ်းထားမှုများနဲ့ ကြုံတွေ့ ရမှာပါ....အဲ့ဒီလိုကြုံတွေ့ တဲ့အခါ
စိတ်မညစ်..စိတ်မပျက်ကြပါနဲ့ .....မိမိတို့ လည်းအန္တရယ်မရှိအောင်
သတိထားမောင်းနှင်ကြခြင်းဖြင့်......လယ်သမားတို့ ကို တဖက်တ
လမ်းမှ..အထောက်အကူပြုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်
ခံအပ်ပါတယ်...။