Sunday, August 17, 2014

"မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( Mrf )သို့ အကြံပြု တင်ပြခြင်း


ယနေ့ မြန်မာနိုင်ငံအနေဖြင့်...ဒီမိုကရေစီစနစ်ကို..ကျင့်သုံးအကောင်အထည်ဖေါ်လျှက်
ရှိရာ ပြည်သူတို့  အနေဖြင့်...တန်းတူအခွင့်အရေးခံစားရမှု...ပွင့်လင်းမြင်သာမှု..တို့ ကို
လိုလားလျှက်ရှိကြပါသည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ..ဆန်စက်ပိုင်ရှင်များ..ဆန်စပါးလုပ်ငန်း
ရှင်များ...တို့ ၏ဦးဆောင်အသင်းကြီးဖြစ်သော..မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေ
ဖြင့်လည်း..အသင်းသားများ၏ တန်းတူ အခွင့်အရေး ခံစားခွင့် ရရှိနှိုင်ရေး..ပွင့်လင်းမြင်
သာမှု ရှိရေးတို့ ကို ပိုမို မြှင့်တင် ဆောင်ရွက်သင့်ပြီဖြစ်ပါသည်။

သို့ ဖြစ်ပါ၍...မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်..အောက်ပါတို့ ကို ဆောင်ရွက်
သင့်ပါကြောင်း..စေတနာထား အကြံပြုတင်ပြအပ်ပါသည်။

၁။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်...လက်ရှိ Online ပေါ်မှ Socil Network
ဖြစ်သော Face Book စာမျက်နှာတွင် ဖွင့်လှစ်ထားသော....Myanmar Rice Mrf အ
ကောင့်အား..အသင်းချုပ် အနေဖြင့် တရားဝင်တာဝန်ယူ ထားသော အကောင့်ဖြစ်/ မ
ဖြစ် အတည်ပြုပေးပါရန်။

၂။တရားဝင်အကောင့်အဖြစ်ရပ်တည်သည် ဆိုပါက..ဆန်စပါးနှင့်ပါတ်သက်သော..သ
တင်းများကို..အသင်းသားများမှ တန်းတူသိရှိနှိုင် သည့်အခွင့်အရေးများ ခံစားခွင့်ရရှိရေး
အတွက် Online တွင် အချိန်နှင့်တပြေးညီဖေါ်ပြဆောင်ရွက်ပေးပါရန်။

၃။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်..အများသိရှိခွင့်ရှိသော..ညွှန်ကြားချက်များ
အကြောင်းကြားစာများ..အစည်အဝေးဆုံးဖြတ်ချက်များ..ကိုလည်း Online တွင်ဖေါ်ပြ
နှိုင်ရေးဆောင်ရွက်ပေးပါရန်။

၎။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွင် ဦးဆောင်နေသူများအနေဖြင့်..ဆန်စပါးလော
နှင့် ဆန်စပါးဈေးကွက် တို့ ၏လက်ရှိဖြစ်တည်နေသော အားနည်းချက်..အားသာချက်
များအပေါ်..ဝေဖန်..သုံးသပ်..ဆွေးနွေး.အကြံပြု ချက်များ ကို...Online ပေါ်တွင်ဖေါ်ပြ
ပေးပါရန်။

၅။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆက်သွယ်ရန်လိပ်စာ..နှင့် ဖုန်းနံပါတ်များ
ကို..သက်ဆိုင်ရာ Online အကောင့်၏ Cover Photo ပေါ်တွင်ဖေါ်ပြထားပေးပါရန်။

Friday, August 15, 2014

"မိုးရွာရင် အင်းရေတိုးမယ်..လယ်မြေတွေမှာရေမြုတ်မယ်..မခံနှိုင်ရင်ဆန္ဒပြကြမယ်


မိုးတွင်းရောက်လာလို့ ....မိုးရွာလာပြီဆိုရင်..စိုက်ပျိုးလယ်မြေတွေမှာ...ရေလိုအပ်မှုဆိုတာပျောက်လို့ 

.ရေကြီးနစ်မြုတ်မှု ဆိုတဲ့ ပြဿ နာက စလာပါတော့တယ်.တနှစ်ထဲဖြစ်တယ်မထင်နဲ့ ..နှစ်စဉ်ဖြစ်နေတာ
တရွာသားချင်း.စကားများကြ..ခိုက်ရန်ဖြစ်ကြ၀မ်းရေးထိလာတော့.လည်းဖြစ်ကြပေမှာပေါ့..တခါတရံ.
.ကြီးကျယ်တဲ့အထိတွေဖြစ်နေကြတာ..ကြားသိပြီးကြမှာပါ...အမှန်တော့ ဖြစ်လို့ သာဖြစ်နေကြတာ..
အင်းလုပ်ငန်းရှင်ရော..စိုက်ပျိုးထုတ်လုပ်သူရော..နှစ်ဘက်လုံးက မမှားကြပါဘူး..မှားနေတာက.သက်
ဆိုင်ရာ တာဝန်ရှိသူတို့ သာဖြစ်နေတာ။

အင်းလုပ်ငန်းရှင်တွေဘက်ကကြည့်ရင်.အင်းလေလံဈေးတွေက တနှစ်ထက်တနှစ်ရော့တယ်မရှိ..မှန်

မှန်တော့တက်နေတာ..သဘာဝအင်း..အိုင်ချောင်းမြောင်းတွေမှာက.သဘာဝ ငါးတွေက ရှားပါးနေပြီ
ဟိုတချိန်တုန်းက အင်းထဲ အလည်သွားရင်ဟင်းစားအတွက် ငါးလက်ဆောင်ပေးတာမျိုး.မလုပ်နှိုင်ကြ
တော့ပြီ..ငါးနုတ်ငါးဖွဲ လို့ ခေါ်တဲ့...ငါးသေးလေးတွေကိုပင်.အိပ်တဲ့ခြင်ထောင်နဲ့ ဖမ်းယူနေကြရပြီ..ဒါ
တောင် အရင်လို စီးပွားရေးတွက်ခြေက မကိုက်ကြတော့ပြီ.အင်းသူကြီး ဆိုပြီး မြို့ တက်.မသုံးနှိုင်ကြ
တော့ပြီ..လေလံကြေးမကြေလို့ .ရှိတာပေါင်နှံနေကြရ..ဒီတော့.သူတို့ ကလည်း ရနှိုင်သ၍ဖမ်းမှာဘဲ
ရေလမ်းကြောင်းတွေပိတ်မှာဘဲ...စိုက်ပျိုးထုတ်လုပ်သူတာင်သူတွေဆိုတာကလည်း..အမျိုးတွေ.တရွာ
တည်းတရေတည်းသောက်နေကြတာ..သက်သက်လုပ်တာ မဟုတ်ပေမယ့်..ငါးရ.ဖို့ ကသာ..အဓိက
ဖြစ်နေကြရတာ။

စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားတွေဘက်ကကြည့်..စိုက်စရိတ်တွေဆိုတာက ငွေပေါလွန်း

လို့ လုပ်ထားတာမဟုတ်ပါဘူး...အစိုးရချေးငွေနဲ့ မလုံလောက်လို့ အပြင်မှာက..ထပ်ယူကြရသေးတာ.
ဓာတ်မြေသြဇာ ကြွေးခံထားကြရတာ.လုပ်သားခ..စပါးပေါ်ပေးလုပ်ထားကြရတာ..လိုအပ်တာကို...
မိသားစု..ကျန်းမာရေး အတွက်စပါးပင်ထောင်..ကြိုရောင်းထားကြရတာ...ကဲ....လယ်တွေကရေမြုတ်
ကုန်တော့..အဲဒီပေးရန်တွေ..ဘယ်လိုရှင်းကြပါ့မလည်း...တနှစ်လည်းမဟုတ်...ကြာတော့ဘ၀ပျက်ဖို့ 
ဘဲရှိတော့တာ.အဲဒီတော့..သူတို့ မခံနှိုင်ကြတော့ဘူး..ဆန္ဒပြ....ပြတော့လည်းမြုတ်နေတဲ့ရေက...ပြန်
ကျ မသွား...ဆရာတော်ကြီး မေတ္တာဘာဝနာထဲကလို...ဘေးရန်ခပ်သိမ်း..ဒေါသခပ်သိမ်း..ဆင်းရဲခပ် 
သိမ်း.ဆိုတာတွေ..နှလုံးစိတ်ဝမ်းတွေ..မအေးချမ်းနှိုင်ကြရပါလား..။
 

ဖြစ်လာပြန်တော့..ဥပဒေအရပေါ့.စိတ်မထိမ်းနှိုင်သူတို့ ခံကြရပြန်ပေါ့..လယ်ရေမြုတ်လို့ ပျက်စီးဆုံးရှုံး
မှု ဖြစ်တဲ့ကြားက...ဆေးရုံရောက်သူရောက်..ထောင်ကျသူကကျ..မိသားစုတွေ..ဒုက္ခတွေ ဗျာ..ကိုယ်
ချင်းစာကြည့်ကြပါဦး.

အမှန်တော့..သဘာဝဘေးကြောင့်မဟုတ်တဲ့..ရေကြီးနစ်မြုတ်မှုတွေကို...သက်ဆိုင်ရာ...တာဝန်ရှိသူ

တွေက..ပေါင်းစပ်..အဖြေရှာ...လုပ်သင့်တာတွေလုပ်ပေးသင့်ပါပြီအင်းခွန်တွေကိုသာ...သိန်းဆယ်ဂ
ဏန်း..ရာဂဏန်း ကောက်နေကြတာ..အင်းတွေကကောပြီး..ရေမျက်နှာပြင်တွေမြင့်တက်လာနေတာ
..သတိမထားကြဘူး..ချောင်းမာင်းအချို့ က မြေပုံထဲမှာသာရှိတော့တာ...အပြင်မှာ ကောနေပြီ...လုံးဝ
ပျောက်နေကြပြီ..လယ်ယာမြေတွေ ရေကြီးနစ်မြုတ်မှု မရှိအောင် လုပ်ပေးနှိုင်လား...မလုပ်ပေးနှိုင်ရင်
လယ်ယာမြေတွေကိုရေကြီးနစ်မြုတ်စေတဲ့ အင်းတွေကို...လေလံစာရင်းက ပယ်ဖျက်ပစ်လို့ မရတော့
ဘူးလား...ဒီလိုဘဲ...နှစ်စဉ်ဖြစ်နေတာကို ဆေးမြီးတိုနဲ့ ဖြေရှင်းနေကြတော့မလား...လယ်တွေ နှစ်စဉ်
ရေကြီးနစ်မြုတ်ကြရသလို..လယ်သမားတွေလည်း..တနှစ်ထက်တနှစ်..နစ်သည်ထက်ပိုနစ်နေကြပြီ။