Friday, September 19, 2014

"အဲ့..အတိုင်းဖြစ်လာအောင်..တကယ်လုပ်ပေးရင်ကောင်းမှာ"


ယခုရက်ပိုင်း TV မှာ...ကျေးဇူးရှင်တောင်သူလယ်သမား...ဦးကြီးအတွက်သီချင်းတပုဒ်
မကြာခဏ လွှင့်ပေးနေတာ..ကောင်းလိုက်တဲ့သီချင်းစာသား...ကောင်းလိုက်တဲ့နောက်
ခံပြကွက်..တကယ်သာဖြစ်လာရင်..အရမ်းကောင်းမှာ.တောင်သူစစ်စစ်တွေပိုင်တဲ့လယ်
ယာမြေတွေအားလုံး..ဒီလိုဖြစ်လာရင်ကောင်းမှာ...နိုင်ငံတော်က..လယ်မြေတွေအားလုံး
ကို..သီချင်းနောက်ခံပြကွက်က..လယ်တွေ အတိုင်းဖြစ်အောင်...လုပ်ပေးရင်ကောင်းမှာ

လယ်ကွင်းတွေက....ညီညာနေလိုက်တာ...ကုန်ထုတ်လမ်းတွေနဲ့ ...ရေသွင်းရေထုတ်
မြောင်းတွေနဲ့ ..လယ်တစ်ကွက်ကို..ထွန်ယက်နေတာ ထွန်စက်တွေက....အများကြီးနဲ့ 
စနစ်တကျတွေစိုက်..စက်ကြီးတွေနဲ့ ရိတ်..မျိုးကောင်းမျိုးသန့် တွေစိုက်ထားလိုက်တာ
ညီညာလှပနေလိုက်တာ..အထွက်နှုန်းတွေ ကောင်းမှာကျိန်းသေပါတယ်...
တောင်သူစစ်စစ်တွေ ကတော့..လုပ်ချင်ကြမှာပါ..ဒါပေမယ့် ဘယ်လုပ်နှိုင်ကြပါ့မလည်း
ငွေချေးပေးတယ်ထားဦး..ကုန်ကျစရိတ်တွေက..စီးပွားရေးတွက်ချေကိုက်ပါ့မလား..နိုင်
ငံတော်အနေနဲ့ ..ဆည်တွေဆောက်ပေးသလို..လယ်တွေမှာ..ကုန်ထုတ်လမ်းတွေ..ရေ
သွင်းရေထုတ်မြောင်းတွေ..လယ်မြေမျက်နှာပြင် ညီညာအောင်ပြုပြင်ပေးမှုတွေကိုလုပ်
ပေးမယ်သာဆိုရင်..သိပ်ကောင်းမှာလို့ တွေးမိလို့ ပါ.....လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်
စေရေး..တောင်သူလယ်သမားတို့  ဘ၀ အမှန်တိုးတက်စေရေး..ဆိုတဲ့...အောင်မြင်မှု
သမိုင်း..တစ်ခုကို..လက်ရှိအစိုးရ လက်ထက်မှာ..ဖြစ်တည်စေလိုပါတယ်...
ခေတ်အဆက်ဆက်က.တောင်သူဦးကြီးတွေကို.တိုးတက်စေလိုကြောင်း.ပြောလာခဲ့ကြ
တာ..ဒီတခါတော့..ပြောတဲ့အတိုင်းတကယ်လုပ်ပေးဖြစ်ပါစေလို့ ..ဆုတောင်းပါတယ်..
သီချင်းစာသားတွေကလည်းကောင်းလိုက်တာဗျာ..တောင်သူဦးကြီးတို့  အတွက် အား
တက်စရာ..မျှော်လင့်စရာ အပြည့်...အကြိုက်ဆုံးစာသားလေးကတော့...
" တို့ တောင်သူတွေ...ရွှေခေတ်ရောက်ရမည်" တဲ့.....

"ငရဲပြည် နဲ့  နတ်ပြည် ရောမွှေထားသော ဆင်းရဲတဲ့အမည်ခံတိုင်းပြည်"



ဆိုင်ကိုမရောက်ဖြစ်တာကများပါတယ်...သား.သမီးတွေကသာ ဆိုင်မှာ ဆန်ချော ရောင်း
တာလုပ်နေကြတာ...ဆန် ဆိုင်ကို သူတို့ နဲ့ ထားလို့ ရလာတော့...နားရတယ် ဆိုပေမယ့်
အချိန်တွေပို...ပျင်းလာတယ်...အခုတလော သားလုပ်သူက ဆိုင်သွားရင်...အ၀တ်ထုတ်
ကိုင်သွားတတ်တာ..တွေ့ နေရလို့ မေးကြည့်တော့မှ..ဆိုင်ရှေ့ ကဖြတ်သွားနေတဲ့ ခလေး
တွေ အကျီ င်္မပါ ကိုယ်လုံးတီးတွေ တွေ့ ရင်ပေးတာတဲ့..တခါထဲဝတ်သွားခိုင်းတာတဲ့.အိမ်
မှာ မ၀တ်တော့တာတွေပါ.သူတို့ ကိုတွေ့ ရတာသနားလို့ တဲ့..ကွယ်ရာရောက်မှ ဘာလုပ်
လုပ် မတတ်နှိုင်ဘူးပေါ့တဲ့...
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဇလွန်ကအပြန် ဆိုင်မှာဝင်ထိုင်နေတုန်း.သားက အင်္ကျီမပါ
တဲ့ ခလေးတွေကိုခေါ်ပြီ အကျီ င်္ပေးပြီး တခါတည်းဝတ်ခိုင်းတာ..အကျီ င်္ဝတ်တော့မှ သူတို့ 
ဘောင်းဘီ ခါးကြားက ရေသန့် ဘူးကို..ပိုင်းထားတဲ့ ခွက်တွေထွက်လာတယ်..ခွက်ထဲမှာ
လည်းဘာတွေမသိ...ဒါနဲ့ ကျွန်တော်က...ဟေ့ကောင်လာပြစမ်း ဆိုတော့မှ..သားကပြော
တယ်.အဖေ အဲဒါ သူတို့ ကော်ရှူတယ် ဆိုတာလေ..သားတို့ ရှေ့ ကိုယူမလာဘူးတဲ့.အခု
မှထွက်ကျလို့ တွေ့ ရတာတဲ့..သူတို့ ကိုသား မလုပ်ဖို့ အကျီ င်္ပေးတိုင်းပြောတော့..ဒီကိုဝင်
ရင် ယူမလာကြဘူးတဲ့..
ကျွန်တော်စပ်စုရပါပြီ...မင်းဘယ်မှာနေလည်း ဆိုတော့ လမ်းပေါ်မှာ..ပြစမ်းမင်းဘူး ဆိုပြီး
အနံ့ ခံကြည့်တာ..အတော်ဆိုးတဲ့အနံ့ ပါလား..တစ်ဘူးကို ၁၂၀၀ိ တောင်ပေးရတယ်ဆိုပါ
လား..ကျွန်တော်မြင်တာကတော့.စက်ဘီးတွေပေါက်ရင်ဖာတဲ့ကော်ဘူးပါ..ပစ္စည်းက ဥပ
ဒေလွတ်နေသလားတွေးမိပြန်..မင်းတို့ ကွာ ဒီလောက်နံတဲ့ အနံ့ ဘာကောင်းလိုရှူနေကြ
တာလည်းဆိုတော့...ဒါကိုရှူရင် မူးတယ်တဲ့..မူးနေရင် ဗိုက် မဆာတော့ဘူးတဲ့..သူတို့ က
ပုံမှန်စားရတာမဟုတ်ဘူးတဲ့...ရမှစားရတာတဲ့..တစ်ဘူးဆိုရင် အကြာကြီးရှူရတာတဲ့..ဒါ
ကိုရှူနေရင်း..ဘာမှ မစားရတဲ့ နေ့ တွေရှိတယ်တဲ့...ကဲ..သွားကြတော့...ဆက်ပြီးနား မ
ထောင်နှိုင်တော့လောက်အောင်ဖြစ်သွားပြီ......တွေးနေ..ငေးနေမိတယ်...
ဒီညအိပ်လို့ မပျော်တော့ဘူး....နေ့ လည်က..ကောင်လေးတွေ..သူတို့ လို..လမ်းပေါ်မှာ
ဘယ်လောက်ရှိနေကြလည်း..နွေတုန်းကလည်း နေပူထဲထွက်ရင် ဘာဖြစ်မယ်.ညာဖြစ်
မယ် TV ကမကြာခဏ ပြောနေချိန်မှာ..ဖိနပ်မပါ.နေပူထဲမှာသွားနေကြတဲ့ ကလေးတွေ
တို့ တိုင်းပြည်မှာ ငရဲ ခန်းတွေရှိနေသလိုပါလား...သူတို့ ဒီလောက်ကြမ်းတမ်းတဲ့ဘ၀မှာ
ဘာ့ကြောင့်..အသက်ရှင်နေကြတာလည်း..အတိတ်ဘ၀က ဘာတွေလုပ်ခဲ့လို့ ..ဒီလိုဘ
ဝ..ဒီလိုဒေသ..မှာလူလာဖြစ်ပြီး ခံနေရတာလား...အတွေးတွေ..ကြုံခဲ့မြင့်ခဲ့ဘူးတဲ့ ဆင်း
ရဲမှု..မွဲတွေမှုတွေက..မျက်စေ့ထဲမှာ..တစ်ခုပြီးတစ်ခုပြန်ပေါ်လာ...
အတိတ်ဘ၀က..မကောင်းခဲ့တဲ့သူတွေက...တို့ တိုင်းပြည်မှာ..ဒုက္ခတွေခံစားဖို့  လူလာ
ပြီးဖြစ်ကြရတာလား...ဒါလည်း..မမှန်သေးဘူး..တို့ တိုင်းပြည်မှာ..အတိတ်ဘ၀ က ဘာ
တွေကောင်းခဲ့တယ်မသိ...အချောင်ရ.လွယ်လွယ်ရ..ပြီးချမ်းသာကြီးပွားနေကြသူတွေရှိ
နေကြတာဘဲ..ဈေးအကြီးဆုံး.နောက်ဆုံးပေါ်ဇိမ်ခံကားကြီးတွေ..ပြိုင်ကားတွေ တို့တိုင်း
ပြည်မှာ စီးနှိုင်သူတွေရှိနေကြတယ်..အဆင့်မြင့်နိုက်ကလပ်တွေမှာ..နတ်သမီးထက်လှ
တာလေးတွေအများကြီးနဲ့  ညဆိုအပမ်းဖြေနေကြတဲ့သူတွေရှိနေတယ်..ငါးထောင်တန်
တစ်သောင်းတန် တွေကို အုပ်လိုက်ကိုင်ပြီး...နတ်သမီးလေးတွေကိုမုန့် ဘိုးပေးနှိုင်ကြ
တယ်..အကောင်းဆုံးဈေးအကြီးဆုံ..အရက်တွေသောက်နှိုင်ကြတယ်..ငါ့တစ်ဦးတည်း
အသုံးစရိတ်က..တစ်နေ့ သိန်းဘယ်လောက်ရှိတယ်...ငါ့ဇနီး..ကျန်းမာရေးလေ့ကျင့်မှု
အလှပြင်မှုအတွက်က..တစ်နေ့ သိန်းဘယ်လောက်ရှိတယ်....ပြောနေနှိုင်ကြသူတွေရှိ
နေကြတယ်....သူတို့ ကိုကြည့်ပြန်တော့လည်း တို့ တိုင်းပြည်မှာ နတ်ဘုံကနတ်တွေလို
ခံစားနေရတာတွေရှိနေပါလား လို့ တွေးမိပြန်ပါတယ်...တို့ တိုင်းပြည်က အတိတ်ဘဝ
ကောင်းခဲ့တဲ့သူတွေ..ဇိမ်ခံလို့ ရတဲ့ နေရာကောင်းပါလား..လို့ တွေးမိပြန်ပါတယ်....
တို့ တိုင်းပြည်မှာ..ဆင်းရဲမွဲတေကြသူတွေသာမက...အရမ်းချမ်းသာကြသူတွေပါ ရှိနေ
ကြပါလျှက်နဲ့ ဘာ့ကြောင့် တို့ တိုင်းပြည်ကို အဆင်းရဲဆုံး တိုင်းပြည်စာရင်းကို...ပြည်ပ
ကကောင်တွေက သတ်မှတ်ရတာလည်း....?????????????????????????????
သြော်...သူတို့ အချိုးချကြည့်တာဖြစ်မယ်ထင်ပါတယ်..ချမ်းသာတဲ့သူတွေက လူနည်း
စုဖြစ်ပြီး..ဆင်းရဲတဲ့သူတွေကများလွန်းလို့ ..ဖြစ်မယ်ထင်ရတာဘဲလေ.................။

"တရုပ်ကိုခြေသလုံးဖက်..ကုလားအသံနားစွင့်လို့ ..စက်မှုလယ်ယာပြောင်းကြပါစို့ "


တောင်သူလယ်သမားတွေ ရွှေခေတ် ရောက်ရမည်တဲ့လားဗျာ..ဘယ်ပုံ ဘယ်နည်း
နဲ့ ရောက်လာမှာတုန်း...စပါးအထွက်နှုန်းတွေ တိုးလာရုံနဲ့  ရွှေဖြစ် လာမှာလား.အ
ရည်အသွေးတွေကောင်းလာရင်ရော ရွှေဖြစ်ပြီလား...လက်မှုလယ်ယာကနေ စက်
မှုလယ်ယာကိုပြောင်းလိုက်တာနဲ့  ရွှေဖြစ်လာမှာလား...လယ်ယာမြေတွေကိုပြုပြင်
ပေးလိုက်ရင် ရွှေဖြစ်တော့မှာလား...ဒါတွေအားလုံးက လုပ်သင့်တာတွေပါ....ဒါပေ
မယ့်..ဒါတွေအားလုံးကို စိုက်ပျိုးလယ်ယာမြေတွေ အားလုံးမှာ..လုပ်နှိုင်ပြီတဲ့..စိုက်
ပျိုးထုတ်လုပ်သူတွေအားလုံး..အကျိုးအမြတ်တွေပိုရလာမယ်လို့ ပြောလို့ ရ ပြီလား
စီးပွားရေးတွက်ခြေကိုက်မှုတွေရှိလာမှလား...
ဈေးကွက်...စိုက်ပျိုးထွက်ရှိလာတဲ့..သီးနှံတွေရောင်းချရဖို့ ..ဈေးကွက်တွေတည်မြဲ
အောင် လုပ်ကြဖို့ က အဓိက မဟုတ်တော့ဘူးလား.အရည်အသွေးကောင်းတဲ့ သီး
နှံတွေ အထွက်တိုးပြီး..အထွက်ပမာတွေ အများကြီးဖြစ်လာပြီတဲ့..ဘယ်သူတွေက
ကုန်အောင်ဝယ်ပေးမှာလည်း..ထွက်ရှိလာတဲ့ပမာဏများလာလေ..ရောင်းချဖို့ ဈေး
ကွက်က လိုအပ်မှုရှိလာလေ မဟုတ်ဘူးလား..ပိုမိုထွက်ရှိလာမယ့် သီးနှံဈေးကွက်
သာကောင်း..ဈေးကွက်တည်မြဲ..စိုက်ပျိုးထုတ်လုပ်သူတို့ အကျိုးအမြတ်ပိုရလာလို့ 
စီးပွားရေးတွက်ခြေကိုက်မှုသာဖြစ်လာခဲ့ရင်..ခင်ဗျားတို့ ဖြစ်စေချင်တဲ့ စက်မှု လယ်
ယာ ဆိုတာကို အလိုလိုရောက်သွားမှာပါ...လယ်သမား ဆိုတာလည်း..လူပါဘဲဗျာ
အလုပ်လုပ်ကိုင်ရာမှာ ခေတ်နဲ့ အညီစက်ကရိယာတွေသာ သုံးချင်ကြတာပေါ့..ပင်
ပမ်းမှုသက်သာတာလုပ်ချင်ကြတာပေါ့..စက်ဘီးအစား ဆိုင်ကယ်စီးချင်ကြတာပေါ့
ဆိုင်ကယ်အစား ကားစီးချင်ကြတာပေါ့..အဲဒီ..ဖြစ်ချင်မှုတွေအတွက်က ၀င်ငွေ တိုး
လာဖို့ လိုပါတယ်..သူတို့ စိုက်ပျိုးထွက်ရှိတဲ့သီးနှံတွေဈေးကွက်ကောင်းတွေရဖို့ လို
နေပါတယ်..ဈေးကွက်တွေတည်မြဲနေဖို့ လိုပါတယ်...
ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်သူတွေကလည်းအများကြီးလိုကြပါသေးတယ်..ပ
ညာ ဗဟုသုတတွေကနည်းနေကြပါသေးတယ်..ဈေးကွက်ဆိုတာနားမလည်သလို
ဘာမှန်းကိုမသိကြသေးပါဘူး..တစ်ယောက် ဒါစိုက်ရင် အကုန်လိုက်စိုက်ကြတယ်
ကိုယ် စိုက်ပျိုးလိုက်တဲ့ သီးနှံရဲ့ စားသုံးမှု လိုအပ်ချက် သူတို့ မတွက် တတ်ကြဘူး.
ကျွန်တော်မကြာခဏတွေ့ ရတာစိတ်မကောင်းဘူး..ချဉ်ပေါင်ရွက်အပါအ၀င် ဟင်း
သီးဟင်းရွက်စိုက်ပျိုးကြသူတို့ ..ကျွန်တော်တို့ မြို့ ဈေးအနီးတာပေါ်မှာ...နေ့ လည်
လောက်စပြီး..စိုက်ပျိုးသူတွေကိုယ်တိုင်လာရောင်းကြတဲ့ ဈေးတန်းရှိတယ်...ဈေး
ကွက်မှာ..လိုအပ်ချက်ထက်ပိုနေတဲ့ ဟင်းသီးဟင်းရွက်တွေ..ဈေးလျှော့ရောင်းလို့ 
ကိုမရလို့ ဒီအတိုင်းစွန့် ပစ်ခဲ့ကြတာ..ပင်ပမ်းမှုတွေ..ငွေကြေးစိုက်ထုတ်မှုတွေ အ
လကားဖြစ်ကုန်ရတယ်..သူတို့ ဘယ်လိုပုံနဲ့  ရွှေဖြစ်လာကြပါ့မလည်း...
ပညာနည်း တဲ့ စိုက်ပျိုးထုတ်လုပ်သူတွေတော့ထားတော့..ပညာတတ် သူဌေး တို့ 
ကိုကြည့်ဦး..တစ်ယောက်ပေါင်းဆန်စက် ဆိုရင်အကုန်လုံးလိုက်ပြီးပေါင်းဆန် ဖြစ်
ကြပြန်ရော..ဈေးကွက်ရှိပြီးပြီလား..ဈေးကွက်ကခိုင်မာနေလား..ဈေးကွက်အရလို
အပ်မှုအတွက်...တန်ဘယ်လောက်ကျ ပေါင်းဆန်စက်...ဘယ်လောက်ဆိုရင် လုံ
လောက်မှုရှိပြီ...ဒါမှ ပေါင်းဆန်ရောင်းလိုအားများတာဖြစ်မလာမှာ..၀ယ်သူဆိုတာ
ရောင်းလိုအားကိုကြည့်ပြီး..သူတို့ လိုအပ်ချက်ကို ဈေးကွက် ဖန်တီးကြတာ...အခု
တော့ဗျာ..အချင်းချင်းညှိနှိုင်း လုပ်ကြရမယ့်အစား...ဈေးကွက်ကို လုနေကြတော့
လက်ရှိပေါင်းဆန်အရည်အသွေးကောင်းတွေ ရောင်းမလောက်အောင် ဖြစ်နေကြ
ပြီလား..ကျွန်တော် စေတနာနဲ့ တင်ပြနေတာပါ..ပြည်တွင်းလုပ်ငန်းရှင်အချင်းချင်း
ညှိနှိုင်းလုပ်ဆောင်မှု မရှိကြဘဲ ဈေးကွက်လုနေကြရင်...ပြည်ပ၀ယ်လိုသူတွေက
အမြဲတန်းအသာစီးရနေမှာ..ဆန်စက်ပိုင်ရှင်အသင်းကြီးကရော.ပြည်တွင်းမှာ ဆန်
စက်အမျိုးအစားအလိုက် ကြိတ်ခွဲထုတ်လုပ်နှိုင်တဲ့ ဆန်စက်တွေ ဘယ်လောက်ရှိ
နေပြီလည်း..သိထားပြီးပြီလား...ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့..စပါးပမာဏ နဲ့ 
ချိန်ဆပြီးပြီလား..ဆန်စက်အရေအတွက်..စုစုပေါင်းကြိတ်ခွဲနှိုင်တဲ့ တန် အရေအ
တွက်..ချိန်ဆခဲ့ကြလား..ဈေးကွက်စီးပွားရေးအရ..တားဆီးလို့ မရပေမယ့်..ဈေး
ကွက်နေရာလုမှုကြောင့်.အကျိုးအမြတ်မရှိလာနှိုင်ဘူးဆိုတာတွေ ပညာပေးစည်း
ရုံးတာတွေ ရှင်းလင်းပွဲတွေ မလုပ်သင့်ဘူးလား.ခင်ဗျားတို့ မလုပ်သမျှတော့ တရုပ်
က ဆန်စက်ထုတ်လုပ်တဲ့ စက်ရုံတွေအလုပ်ဖြစ်နေဦးမှာ..ဈေးကွက်စီးပွားရေးအ
ရ တောင်သူလယ်သမားတွေက ဈေးမရလို့  စပါးအတိုင်း ပြည်ပရောင်းချခွင့် ဆို
တာတောင်းဆိုလာရင်..နိုင်ငံတော်ကလည်းခွင့်ပြုမယ်ဆိုရင်..ပြည်ပ ၀ယ်လိုအား
လည်းရှိလာမယ်ဆိုရင်တော့.......အရာရာက ကြိုတင်စဉ်စားသင့်ပါတယ်......
ကျွန်တော်တို့ က...အထွက်တွေတိုးအောင်လုပ်ပေးနှိုင်လို့ ..စပါးတွေပမာဏ ပိုမို
ထွက်လာပြီတဲ့..ဘယ်မှာလည်းဈေးကွက်.ပမာဏတွေပိုလာတော့ ရောင်းလိုအား
က ပိုများလာ..ရောင်းလိုအားများလာတော့..ဈေးနှုန်းကကျ..ကဲ အထွက်တိုးလာ
ရုံနဲ့ တောင်သူတွေ ရွှေဖြစ်လာနှိုင်ပါ့မလား.....ဒီနေ့ ..ကျွန်တော်တို့ နိုင်ငံက ဆန်
ဈေးကွက်..တရုပ်ကို ခြေသလုံးဖက်ရမလို...ကုလားကမြည်လာတဲ့ အသံနောက်
လိုက်ရတော့မလို....ကျွန်တော်တို့ ဆန်စပါးဈေးကွက်ကြီးက မရေရာ လွန်းတယ်
လို့ မြင်မိပါတယ်...ဘာကြောင့်..ဈေးကွက် ဒီလိုဖြစ်နေရတာလည်း..မစဉ်းစားကြ
တော့ဘူးလားဗျာ..ကျွန်တော့်အမြင် ကျွန်တော်တို့ ဆန်စပါး ဈေးကွက်က ရောင်း
လိုအားကသာရှိနေပြီး..၀ယ်လိုအားက မမြဲဘူးဖြစ်နေတာ...ရောင်းသူ ဈေးကွက်
ရောင်းသူ ဈေးနှုန်း မဖြစ် ၀ယ်သူ အကြိုက် လိုက်ရတာကများလွန်းတယ်..တွက်
ခြေ ကိုက်တာမကိုက်တာထား..စိုက်ပျိုးထွက်လာတဲ့စပါး..၀ယ်သူရှိနေတာကိုပင်
ကျေးဇူးတင်ရမယ်...
ကျွန်တော့်အမြင်.ဆန်ဈေးကွက်ကို ဘယ်လိုမှ ဖန်တီးလို့ မရလာနှိုင်ရင် ဆန်စပါး
စိုက်ပျိုးမှု ပမာဏကိုလျှော့ချသင့်ပါတယ်..အခြားဈေးကွက်က လိုအပ်မှုရှိနေတဲ့ 
ဈေးကွက်တည်မြဲနှိုင်တဲ့ သီးနှံများကို...လယ်မြေအချို့ မှာ စိုက်ပျိုး ခွင့်ပြုပေး သင့်
ပါတယ်...စိုက်ပျိုးပြသင့်ပါတယ်...ဈေးကွက်တာဝန်ယူပေးသင့်ပါတယ်....ဒါမှသာ
ခင်ဗျားတို့ ပြောနေတဲ့ တို့ တောင်သူတွေ ရွှေ နဲ့ နီးစပ်နှိုင်မှာပါ........စက်မှုလယ်
ယာကိုပြောင်းရုံမက လို့  လယ်မြေတွေကို..ရွှေဘဲချချ..အရေးကြီးတာက စိုက်ပျိုး
ထုတ်လုပ်သူ တို့ လယ်သမားတွေ အကျိုးအမြတ် ပိုမို ရနှိုင်ဖို့ ....စီးပွားရေးတွက်
ခြေကိုက်မှု ရှိတဲ့ ဈေးကွက်ဆိုတာတည်မြဲနေဖို့ ကလည်း အဓိက ဖြစ်ပါတယ်.....
တောင်သူတွေ....စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွေက...စီးပွားရေးတွက်ခြေကိုက်
မှုရှိလာပြီ ဆိုရင်တော့.....ကိုဂျက်မြသောင်းရေ....တို့ တောင်သူတွေ ရွှေဖြစ်လာ
နှိုင်ကြောင်းပါခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

"တို့ တောင်သူတွေ လယ်ခေတ် ရောက်တော့မည်လား"


နေ့ လည်က ဂျာနယ်တစ်ခုက..ဖုန်းဆက်လာပါတယ်...မကြာခင်မှာ..လယ်ယာမြေ
ပြုပြင်မှုတွေ..လုပ်ပေးတော့မည်ကြားသိရကြောင်း..ကုမ္ပဏီတွေကို ခွဲဝေ လုပ်ကိုင်
စေမှာဖြစ်ကြောင်း....ဦး အနေနဲ့ ဒီလုပ်ငန်းရပ် အပေါ် အမြင်လေး သိချင်ပါကြောင်း
ပြောလာပါတယ်....

ဟေ...ဟုတ်လားဦးတော့ မကြားမိသေးပါဘူး..ကြားရတာတော့ ၀မ်းသာလိုက်တာ
လိုက်တာကွာ.လယ်မြေတွေက အတော်များများပြုပြင်ဖို့ လိုအပ်နေတာ..နေဦး နိုင်
ငံတော်က စိုက်ထုတ်ကျခံပြီးလုပ်ပေးမှလား...တောင်သူတွေကရောအချိုးကျ..ကျ
ခံရဦးမှာလား..ပြုပြင်ဖို့ လိုအပ်နေတဲ့ လယ်မြေဧက တွေကအများကြီး..နိုင်ငံတော်
က တပြိုင်တည်းလုပ်ပေးနှိုင်ပါ့မလား.ဦးစားပေးစနစ်နဲ့ လုပ်သွားမှရမယ်ထင်တယ်
ဦးစားပေးရင်တော့ကွာ...အင်း လုပ်ငန်းရှင်တွေနဲ့ နှစ်စဉ် ပြဿနာတက်နေတဲ့ ရေ
မြုတ်လယ်မြေတွေ ဦးစားပေးလုပ်သင့်ပါတယ်..နိုင်ငံတော်က အင်းခွန်လည်း အရ
မပျက်..တောင်သူလယ်သမားတွေလည်း..လယ်မြေတွေ..ရေမမြုတ်.တော့ဘူးပေါ့
အမှန်တကယ် ဦးစားပေးလုပ်သင့်တဲ့လယ်မြေတွေကို..အခြေအနေအရပ်ရပ်ပေါ်မူ
တည်ပြီး..ဦးစားပေးသတ်မှတ်ချက်တွေနဲ့ လုပ်သင့်တာပေါ့..တော်ကြာကွာ..လမ်း
မကြီးဘေးတွေက လူကြီးတွေသွားရလာရ လွယ်ကူတဲ့ ..မြင်သာတဲ့ နေရာတွေကို
ဦးစားပေးလုပ်နေကြမှကွာ..အဲ့ဒီလမ်းဘေးကလယ်တွေက.ကောင်းပြီးသားတွေက
များတယ်...လယ်ယာမြေပြုပြင်မှုတွေက ဘယ်လိုပုံစံလုပ်မလည်းမသိဘူး..ဦးဖြစ်
စေချင်တာကတော့ကွာ..မှန်မယ်..မမှန်မယ်တော့မသိဘူး..လယ်မြေဧက များများ
အတွက်အမြန်ဆုံးအကျိုးရှိစေနှိုင်တာကတော့...လယ်ယာမြေတွေမှာ..ကုန်ထုတ်
လမ်းတွေ..ရေသွင်းရေထုတ်မြောင်းတွေ...အရင်ဆုံးလုပ်ပေးရင်ကောင်းမှာ..ကုန်
ထုတ်လမ်းတွေ ရှိလာရင်..သွင်းအားစုတွေ..လယ်ယာသုံးကရိယာတွေ..လယ်ယာ
ထွက်ကုန်ပစ္စည်းတွေ ရာသီမရွေးသယ်ယူနှိုင်တာပေါ့..ကျေးရွာတွေအတွက်လမ်း
ပမ်းဆက်သွယ်ရေးလည်းအသုံးဝင်လာသလို..သယ်ယူစရိတ်တွေသက်သာလာလို့ 
စိုက်ပျိုးရေးမှာ..အကျိုးအမြတ်ပိုရလာနှိုင်တာပေါ့..ကုန်ထုတ်လမ်းတွေဖေါက်တော့
လမ်းဘေးကမြေတွေတူးပြီးဖြစ်လို့ ရေသွင်း..ရေထုတ်မြောင်းလည်းဖြစ်လာတာပေါ့
ရေသွင်း..ရေထုတ်မြောင်းရှိလာရင်..ရေကြီးနစ်မြုတ်မှုကသက်သာပြီး..သီးထပ်အ
တွက် ရေသိုလှောင်ထားလို့ လည်းရတာပေါ့..တချို့ လယ်သမားတွေဆို..စပါးပေါ်
ချိန် ဈေးမရသေးလို့  မရောင်းချင်ကြသေးပေမယ့်..သယ်ယူမှု..သိုလှောင်မှု အခက်
ခဲတွေကြောင့်..တလင်းထဲတင်အပြီးရောင်းကြရ..ဆန်စက်တွေမှာ..အရော့နှုန်းအ
များကြီးပေးပြီး အပ်ကြရနဲ့ ဖြစ်နေကြတာ...ဦးအနေနဲ့ ပြောရရင်တော့..ဒီ သတင်း
ကြားရတာ..အရမ်းဝမ်းသာမိပါတယ်..အမှန်တကယ်လုပ်ဖြစ်ပါစေ..အမှန်ကန်ဆုံး
လုပ်နှိုင်ကြပါစေလို့ သာဆုတောင်းပါတယ်.....လို့ တဆက်တည်း.....အားပါပါနဲ့ 
ပြောထဲ့လိုက်မိပါတယ်..တဖက်ကနားထောင်နေတဲ့..သတင်းသမားလေးတော့ နား
ပူသွားမယ်ထင်ပါတယ်...နောင်ဆိုဖုန်းတောင် ဆက်ပါဦးတော့မလားဘဲ...
စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားစစ်စစ်တွေကို..အကျိုးအမြတ်ရှိလာနှိုင်
စေဖို့ ...စီးပွားရေးတွက်ခြေကိုက်မှုတွေရှိလာစေဖို့ ..မှန်ကန်သောအဖြေများရှာပြီး
အမှန်တကယ် ပံ့ပိုးသင့်နေပါပြီ..အချိန်မှီပါသေးတယ်..ဒါပေမယ့်..7 Day Journal
မှာ..ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး)ရေးခဲ့သလို..စိုးရိမ်ရေအမှတ် မှာရောက်နေပြီ
လားတော့မသိ..ကိုဂျက်မြသောင်း.သီချင်းထဲမှာတော့.တို့ တောင်သူတွေ ရွှေခေတ်
ရောက်တော့မည်တဲ့...ကျွန်တော်တွေးမိတာကတော့..တောင်သူတွေက..မိဘအမွေ
ရွှေလေးတွေ ရောင်းစားရတဲ့ ရွှေခေတ်က ကုန်လွန်ခဲ့ပါပြီ..လွှဲပြောင်းခွင့်..ပေါင်နှံခွင့်
ရောင်းချပိုင်ခွင့်တွေရှိလာပြီ ဖြစ်တဲ့ လယ်မြေတွေကို ရောင်းတဲ့သူတွေကများလာပြီ
ဖြစ်လို့ ....တို့ တောင်သူတွေ လယ်ခေတ် ရောက်ကုန်မှာစိုးရိမ်မိကြောင်းပါ.........။

Sunday, September 14, 2014

7Day News Journal က One Man Show

၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့ ထုတ် 7Day News Journal.. မှာရေးသားခဲ့တဲ့
ဒေါက်တာထွန်းဝင်း (စိုက်ပျိုးရေး) ရဲ့  ၀မ်းမန်းရှိုးဟီးရိုးများရဲ့  စိုက်ပျိုးရေး စိုးရိမ်ရေ
မှတ်နိုင်ငံ ဆိုတဲ့ ဆောင်းပါး..တွေ့ ရတော့..လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးကို စိတ်
ဝင်စားသူ တစ်ဦးအနေဖြင့် ထပ်ခါ..ထပ်ခါ ဖတ်ဖြစ်ခဲ့ပါတယ်..
ဆရာ့ဆောင်းပါးအပေါ်.ကျွန်တော့်အမြင်ပြောရရင်တော့...မှန်လိုက်တာ ဆရာရယ်
လို့ သာ...အတိုဆုံး Comment ပေးပါရစေ...ဆရာ့ဆောင်းပါးကနေ..ကျွန်တော် မ
သိသေးတဲ့....လယ်ယာစိုက်ပျိုးရေးနဲ့ ပါတ်သက်တဲ့..အကြောင်းအရာတွေလည်းသိ
ခွင့်ရခဲ့လို့ ..ဆရာ့ကိုကျေးဇူးတင်မိပါတယ်....
ဆရာ...ရေးခဲ့တာက..ပြည့်စုံနေလို့ လယ်ယာစိုက်ပျိုးကဏ္ဍကို...အမှန်တကယ် စိတ်
ဝင်စားကြသူတို့ ..ဖတ်သင့်ကြပါတယ်..လို့ Comment ထပ်ပေးပါရစေ...ကျွန်တော်
ခံစားမိတာလေးလည်းရေးခွင့်ပြုပါ...
ဆရာ.တင်ပြခဲ့တဲ့အထဲက..မြန်မာပြည်စိုက်ပျိုး ဘတ်ဂျက် ရဲ့ ဦးစားပေးနဲ့ လက်တွေ့ 
အကျိုးအမြတ်...ဆိုတဲ့အကြောင်းပါ..၂၀၁၃/၁၄ မှာစိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ
အတွက်လျာထားငွေများထဲက...၈၆.၈၇% ရှိတဲ့ ဆည်မြောင်း တည်ဆောက်ရေးအ
တွက် လျာထားချက် ၂၀၂၁၈၀ သန်း..တနည်းအားဖြင့်.ကျပ် သိန်း ၂၀၁၂၁၈၀၀ ဆို
တဲ့အပေါ်မှာ..စဉ်းစားမိလို့ ပါဆရာ...
ဆည်တွေတည်ဆောက်ခြင်းက..ကျွန်တော်တို့ နိုင်ငံ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို
ဘယ်လောက်အကျိုးရှိစေလည်း..ကျွန်တော်မတွက်တတ်ပါဘူးဆရာ..ကျွန်တော်ခံ
စားမိတာက..သဘာဝ စိုက်ပျိုးရေ..ရရှိနေတဲ့..လယ်ယာမြေတွေမှာ မြစ်ချောင်းတွေ
ကောနေပြီဆရာ...တချို့ ချောင်းမြောင်းတွေ မြေပုံတွေမှာသာ ရှိတော့ပါတော့တယ်
ဆရာ..တချိန်က...မြန်မာပြည်ရဲ့ စပါးအိုးကြီး လို့ တင်စားခဲ့ကြတဲ့..ဧရာဝတီတိုင်းက
စိုက်ပျိုးလယ်မြေတွေ အဆင့်အတန်းတွေအရမ်းနိမ့်ကျနေပြီ ဆရာ..တောင်သူဦးကြီး
တွေရဲ့  အခေါ်အတိုင်း...အာရာ ၀မ်း..အာရာ တူး..အာရာ သရီး ဆိုတဲ့..လယ်မြေအ
ဆင့်တွေမှာ..ဒုတိယတန်းစား နဲ့  တတိယတန်းစား စိုက်ပျိုးမြေ အမျိုးအစားတွေများ
နေပြီ ဆရာ..မိုးနဲရင် ရေလိုအပ်..မိုးများရင် ရေကြီးနစ်မြုတ်..တဲ့ဒုက္ခတွေခံစားနေကြ
ရတာ..ကြာနေပါပြီ ဆရာ..လယ်မြေတွေရဲ့ မညီညာတဲ့..အနိမ့် အမြင့်တွေနဲ့ သီးထပ်
အတွက်..သဘာဝမြေအစိုဓာတ် ရရှိရေးအတွက်..သက်တမ်းမတူတဲ့ စပါးမျိုးတွေကို
သာ စိုက်နေကြရလို့ ..စပါးမျိုးတွေကလည်းဖေါင်းပွနေပြီ ဆရာ..စပါးမျိုးတွေဖောင်း
ပွနေမှုတွေက...ဆန်ရဲ့ စားသုံးမှု အရည်အသွေးတွေကို အဓိက ထိခိုက်မှုရှိပါတယ်
ဆရာ..ဒါ့ကြောင့်လည်း ခေတ်မှိစက်တွေနဲ့ ကြိတ်ခွဲပေမယ့်..အမျိုးမျိုးသောစပါးတွေ
ကြောင့်...ဆန်ရဲ့ ရုပ်လက္ခဏာ အရည်အသွေးကိုမြှင့်တင်နှိုင်ခဲ့ပေမယ့်...စားသုံးမှုအ
ရည်အသွေးတွေကျဆင်းလို့ ..FOB ဆန်ဈေးကွက်လည်းကျဆင်းနေရပါတယ် ဆရာ
ကျဆင်းမှု အားလုံးရဲ့ ဒါဏ်ကိုတော့ အဖြည့်ခံ လယ်သမားတွေ နလံမထူနှိုင်အောင်
ခံစားနေရပါတယ် ဆရာ...
ကျွန်တော်..ဧရာဝတီတိုင်းသား တစ်ဦးအနေနဲ့  ဆရာတင်ပြခဲ့တဲ့ စိုက်ပျိုးစီမံကိန်းများ
အတွက် လျာထားငွေကိုဖတ်ရတော့ ခံစားရပါတယ်..ဆည်မြောင်းတည်ဆောက်ရေး
အတွက် လျာထားခဲ့တဲ့ ကျပ်သိန်းပေါင်း ၂၀၂၁၈၀၀ ကို ဧရာဝတီတိုင်းက လယ်မြေ
တွေရဲ့ လိုအပ်ချက်ကိုသာ တနှစ်လောက်ပြုပြင်ပေးမယ်ဆိုရင် တဧကပျှမ်းမျှ ၂ သိန်း
နှုန်းနဲ့ ဆိုရင်တောင် လယ်မြေ ဧကပေါင်း ၁၀၁၀၉၀၀ ပြုပြင်လို့ ရနှိုင်ပါလားလို့ ပါ...
ကောနေပြီဖြစ်တဲ့.ချောင်းမြောင်းတွေအစား.ရေသွင်းရေထုတ်မြောင်းတွေ..ကုန်ထုတ်
လမ်းတွေလုပ်ပေးရင်ကောင်းမှာလားလို့ ပါ...နှစ်စဉ်ဖြစ်နေတဲ့..ရေကြီးနစ်မြုတ်မှုတွေ
လယ်သမားနဲ့ အင်းလုပ်ငန်းရှင်တို့ ဖြစ်နေကြတဲ့ ပြဿနာတွေလည်းမရှိနှိုင်တော့ဘဲ
နှစ်ဘက်အကျိုးရှိလာကြမှာပါလားလို့ ပါ...
ကျွန်တော်တို့ ဧရာဝတီ တိုင်းက လယ်မြေတွေက စားသုံးမှုအရည်အသွေးကောင်တဲ့
စပါးမျိုးတွေ အများဆုံးထွက်တာပါ ဆရာ..ကျွန်တော်တို့ လယ်ယာမြေတွေ ကိုပြုပြင်
ပေးဖို့ ..စိတ်ကူးမရကြဘဲ..ဘာ့ကြောင့်ဆည်တွေသာဆောက်နေကြလည်း ဆိုတာကို
တော့..ဥာဏ်မမှီတဲ့ ကျွန်တော် မဝေဖန်ဝံ့ပါခင်ဗျ..
ကျွန်တော်ကတော့.ဆရာ့ရဲ့ .၀မ်းမန်းရှိုးဟီးရိုးများရဲ့  စိုက်ပျိုးရေး စိုးရိမ်ရေအမှတ်နိုင်ငံ
ဆိုတဲ့ဆောင်းပါးကို..ထပ်ခါ ထပ်ခါ ဖတ်ဖြစ်လို့ ..ထပ်ခါ ထပ်ခါ ခံစားရပါတယ်..ဆရာ။

"ကောင်းတာများဆို...မြင်တတ်...ကြိုက်တတ်...စားတတ်တဲ့ ကောင်တွေ ရှိနေ"

ရွာကဖုန်းဆက်လာပါတယ်..အကို့ လယ်က စပါးပင်တွေ ကြွက်ကိုက်လို့ တဲ့.ဟင်
လုပ်ပြန်ပြီ..ပြောင်းတွေလည်း..ဒင်းတို့ ကိုက်လို့ ကုန်ခဲ့ပြီးပြီ..အမြန်သွားရတာပေါ့
ကျွန်တော်လယ်က..ဂျက်ကာ ( စိုက်ပျိုးရေးပညာပေးရုံး )ဘေးမှာ..စိုက်ပျိုးရေးက
တာဝန်ရှိသူက.ကြွက်ကိုက်ထားတာတွေ တွေ့ ရလို့ ..ပြောခိုင်းထားတာတဲ့.ကြွက်
တွေက..ဘာ့ကြောင့်ကျွန်တော့် စပါးမှရွေးကိုက်ရတာလည်းဗျာ...စပါးကောင်းလို့ 
တဲ့.ကောင်းဆို.ကျွန်တော်က မြေ.ပြု.ပြင်ကြည့်ချင်လို့ တစ်ဧကထဲကို သဘာဝမြေ
သြဇာ ၃၀ အိတ်တောင်...မိုးမရွာခင်ကတည်းက...တစ်ထပ်ထွန် အပြီးထည့်ထား
တာ..ကောင်းပြန်တော့လည်း...ဖျက်ဆီးမည့်ကြွက်ကအဆင်သင့်ပါလား..........။

( ၂၀၁၄..မိုးစပါး ) ၁၁.၉.၂၀၁၄