Thursday, July 10, 2014

"အပြော..အဟော..စာတွေ့ ..လက်တွေ့ "

"အပြော..အဟော..စာတွေ့ ..လက်တွေ့ "

ကျွန်တော့်ရဲ့ ..စံပြကွက် ဆိုတဲ့..လယ် တစ် ဧက ..ဒီနှစ် မိုးစပါး စိုက်ပျိုးမှု...သမီးဆေးရုံ
တက်ရတဲ့ကိစ္စ..ကြောင့် ကိုယ်တိုင် မလုပ်နှိုင်ခဲ့...ရင်းနှီးတဲ့..တောင်သူတစ်ဦးကို...အကူ
အညီတောင်းခဲ့ရတယ်.စနစ်တကျနည်းနဲ့ စိုက်ပျိုးပေးပါ.ကုန်ကျစရိတ်အားလုံးပေးပါ့မယ်
ဆိုလို့ ..ဆင်းသုခမျိုး..စိုက်ပျိုးထားတာပါ...ကျွန်တော် မနှစ်က ကိုယ်တိုင် စိုက်ပျိုးခဲ့တာ
စရိတ်တွေ ပိုကုန်ပြီး..ယခုလောက် စနစ်တကျ မဖြစ်ခဲ့....

ကျွန်တော်တို့ က..တောင်သူလယ်သမားတွေအပေါ်..အပြောတွေ..အဟောတွေ..လက်
တွေ့  မဟုတ်တဲ့..စာတွေ့ တွေနဲ့ ...ရှေ့ ဆောင်လမ်းပြလိုလို..ဆရာလိုလို..လုပ်ခဲ့ကြတာ
မဟုတ်သေးဘူး..ကျွန်တော့်ကိုယ် ကျွန်တော် မှားနေမှန်း..အခုမှသိလိုက်ရတယ်...ကျွန်
တော်တို့ က..အမှန်တကယ်စိုက်ပျိုးထုတ်လုပ်နေကြတဲ့...တောင်သူလယ်သမားတွေကို
လျှော့တွက်ကြတာ..ဆရာလုပ်နေကြတာ..အမှန်က..ကျွန်တော်တို့ သူတို့ ကိုဆရာလုပ်
နေစရာ မလိုဘူး..သူတို့ လိုအပ်ချက်တွေကို..တတ်နှိုင်သ၍အကူအညီသာပေးသင့်တာ

အမှန်တကယ်လက်တွေ့ နယ်ပယ်မှာ...လုပ်ကိုင်နေကြတဲ့...စိုက်ပျိုးထုတ်လုပ်နေကြတဲ့
သူတို့ က..အတွေ့ အကြုံတွေအရ..လုပ်သင့်တာတွေသိထားပြီးကြပြီ.သူတို့ အတွက်အ
ကျိုးအမြတ်..စီးပွားရေးတွက်ခြေကိုက်မှု ပေါ်မူတည်ပြီးလုပ်နေကြတာ..ဒါကိုကျွန်တော်
တို့ က.ညက်ညက်ထွန်ကြဖို့ .မျိုးကောင်းမျိုးသန့် တွေစိုက်ဖို့ .ဓါတ်မြေသြဇာလုံလောက်
အောင်သုံးကြဖို့ ...မောင်းညိုရိတ်သိမ်းကြဖို့ ...မိုးမမိအောင် ရိတ်သိမ်းချွေလှေ့ စက်တွေ
သုံးကြဖို့ ..အမိုးအကာအောက်ရောက်အောင်အမြန်ဆုံးလုပ်ကြဖို့ ..ပြောနေကြတာတွေ
သူတို့ အားလုံးက ဘာလုပ်ရမယ်ဆိုတာတွေ..သိပြီးသား.သူတို့ အတွက်ခက်နေတာက
ပိုက်ဆံ..ကျွန်တော်တို့ ကစေတနာနဲ့ ပြောပါတယ်ဆိုပေမယ့်..လုပ်ရမယ့်သူက..လေနဲ့ 
လုပ်လို့ ရတဲ့အလုပ်တွေမဟုတ်ဘူးလေ...ပိုက်ဆံလိုတယ်...ပိုက်ဆံတွေစိုက်ကုန်ကျပြီး
တော့.ဖြစ်လာမယ့်..ရလာမယ့်..စပါးဈေးနှုန်း..ဒါတွေကိုတွက်ချက်ပြီး..လုပ်သင့်မှန်းသိ
ပေမယ့်...စီးပွားရေးတွက်ခြေကိုက်မှုမရှိကြလို့ မလုပ်ကြတာ...သူတို့ ကို...မလုပ်တတ်
ကြဘူးလို့ ထင်မနေ ကြပါနဲ့ ..အပြော..အဟော..စာတွေ့ ဆရာတို့ ရေ...................။
Photo: "အပြော..အဟော..စာတွေ့ ..လက်တွေ့ "

ကျွန်တော့် အတွက် စာမူခ ဆိုပါလား

မနေ့ က..STREET VIEW Journal က မသင်းသင်းသာ( သင်းချယ်ရီ ) အိမ်ရောက်လာခဲ့
ပါတယ်..အမေ့အိမ်ပြန် ရင်းက..ဦးဆီလာခဲ့တာတဲ့..ဦးအတွက် စာမူခ လည်းပေးရင်း စကား
လည်းပြောရင်းပေါ့တဲ့...စာမူခ...ဘာစာမူခ လည်းသမီး..FB မှာ ရေးတဲ့ဦးရဲ့ှStatus တွေထဲ
က..သမီးတို့ ဂျာနယ်မှာ..သုံးခဲ့တဲ့..စာမူတွေ အတွက်ပါတဲ့..အို..မဟုတ်တာ..သမီးရယ် မယူ
ပါရစေနဲ့ ..ဦးက ဦးသိထားတာလေးတွေ သိသင့်တဲ့သူတွေ..သိနှိုင်ဖို့ ..လိုအပ်ရင်.အသုံးပြု
နှိုင်ဖို့  ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေတာပါ..သမီးတို့  ဂျာနယ်က..သုံးပေးတာ ဦးကတောင်
ကျေးဇူးတင်ရဦးမှာ..FB ကထက်ပိုပြီး..အများသိတော့..လိုအပ်သူတွေဖတ်ရလို့ ...အကျိုးရှိ
ကြရင်ပိုကောင်းတာပေါ့..ဦး စာမူခဆိုတာ..မရည်ရွယ်ပါဘူး..ဦးရဲ့ စေတနာ တစ်ခုသာပါ..မ
ဟုတ်ဘူးဦး..သမီးတို့ က..စာမူသုံးရင်..စာမူခ ဆိုတာရှိပါတယ်..ဒါဆိုရင်.ဦးရေးနေတဲ့လယ်
သမားကိစ္စ..ဆင်းရဲသားကိစ္စတွေမှာ..လှူပေးပေါ့တဲ့...ဟုတ်ပေသားဘဲ..စုထားရမှာပေါ့....။

မသင်းသင်းသာ နဲ့ စကားပြောရင်းဆွေးနွေးဖြစ်ခဲ့တာ.သမ္မတကြီးရဲ့ စံပြ ဧက၅၀၀စိုက်ကွင်း
နေပြည်တော်နယ်မြေမှာလုပ်မယ့် ဒေါ်လာ.သန်း ၉၀ စီမံကိန်း..စတဲ့..လယ်ယာစိုက်ပျိုးရေး
ကဏ္ဍအကြောင်းတွေ...

တစ်သက်လုံး..စိတ်ချမ်းသာချင်ရင်..သစ်ပင်စိုက်တဲ့...မြန်မာတို့ ရဲ့ စကား..စိုက်ပျိုးခြင်းလုပ်
ငန်းဆိုတာနဲ့ ...စား...၀တ်..နေရေး...ပြေလည်အောင်...ပင်ပမ်းဆင်းရဲခံ လုပ်နေကြရသူတို့ 
အတွက်မှာတော့..အပင်စိုက်နေလျှက်..တစ်သက်လုံး စိတ်ချမ်းသာမှု ဆိုတာ..ရမနေနှိုင်ပါ
ဘူး..ဒီစကားရပ်ကတော့..ပိုက်ဆံရှိသူတို့ အတွက်တော့ မွန်းကျပ်နေတဲ့..သူတို့ ရဲ့ လုပ်ငန်း
တွေကနေ စိတ်ထွက်ပေါက် တစ်ရပ်အနေနဲ့ တော့ မှန်ချင်မှန်ပါလိမ္မယ်.သမ္မတကြီးရဲ့ လယ်
ယာ ဧက ၅၀၀ ကလည်း..သမ္မတကြီးအတွက်..စိတ်အပမ်းဖြေစရာတစ်ခုအတွက်တော့ မှန်
ပါမယ်..ကျွန်တော် လယ် တစ်ဧက ထဲရှိတာ.စိတ်မကြည်လင်ရင်.လယ်ကိုသွားပြီး ထိုင်နေ
တတ်ပါတယ်...

ယခု လက်ရှိ...သမ္မတကြီးရဲ့ လယ်ယာမြေ ကို စံပြလယ်ယာမြေအဖြစ် စိုက်ကွင်း ဆိုရင်တဲ့
လား..မြန်မာနိုင်ငံက စိုက်ပျိုးမြေ လယ်မြေတွေသာ..သမ္မတကြီးလယ်မြေလိုဖြစ်လာနှိုင်ရင်
တော့..သိပ်ကောင်းတာပေါ့...ဒါပေမယ့် ဖြစ်မလာနှိုင်ဘူးလေ...သမ္မတကြီးလယ်မြေမှာက
ကုန်ထုတ်လမ်းတွေ..ရေသွင်း..ရေထုတ်မြောင်းတွေ...လယ်မြေမျက်နှာပြင်ညီညာမှု..စတဲ့
လယ်ယာမြေတစ်ခု...အတွက်လိုအပ်တဲ့ အနေအထားတွေကပြည့်စုံမှု ရှိနေတယ်....မျိုးနဲ့ 
ပါတ်သက်ပြီး..အကောင်းဆုံး စပါးမျိုးတွေကို စိုက်နှိုင်တယ်.စိုက်လို့ ရတဲ့မြေအနေအထား
မှာရှိနေတယ်..ထွန်ယက်မှုကို..လိုအပ်ချက်အတိုင်းအပြည့်အ၀ ထွန်ယက်နှိုင်တယ်..သွင်း
အားစုတွေကို..လိုအပ်တဲ့အတိုင်းဖြည့်ဆည်းသုံးနှိုင်တယ်..ရာသီဥတုဖောက်ပြန်မှာ...မပူရ
ဘူး..လုပ်သားရှားပါးမှုဆိုတာ မရှိဘူး..အားလုံးကပြည့်စုံမှုတွေရှိနေတာ..အထွက်နှုန်းတွေ
မကောင်းစရာ..ဘယ်ရှိပါ့မလည်း..အတိုင်းထက်အလွန်ပါ...ဒါပေမယ့်...ထွက်လာတဲ့ သီးနှံ
တန်ဘိုး..ကုန်ကျစရိတ်..လယ်ယာမြေပြုပြင်ရတဲ့.ရင်းနှီးမတည်ငွေ..တွက်ကြည့်မယ်ဆိုရင်
စီးပွားရေးတွက်ခြေကိုက်မှု...ရှိပါ့မလား..အမှန်တကယ် စား.၀တ်.နေရေး အတွက် စိုက်ပျိုး
ထုတ်လုပ်နေကြသူတို့ ဆိုတာ...စပါးအထွက်တိုး...မျိုးကောင်းမျိုးသန့် တွေထွက်နေလို့  နဲ့ 
မပြီးနှိုင်ဘူးလေ...သူတို့ အတွက် စီးပွားရေးတွက်ခြေကိုက်မှုဆိုတာ ရှိပါမှဖြစ်မှာ...သမ္မတ
ကြီးရဲ့  လယ်မြေဆိုတာ..မျိုးကောင်းမျိုးသန့် တွေထွက်ဖို့ ..အထွက်နှုန်းတွေ ကောင်းဖို့ ဆို
တဲ့..ရည်ရွယ်ချက်တစ်ခုတည်းနဲ့  ဆိုရင်တော့ စံပြ စိုက်ကွင်းပါ..စိုက်ပျိုးထုတ်လုပ်သူတို့ ရဲ့ 
စား..၀တ်..နေရေး..ပြေလည်စေဖို့ ..စီးပွားရေးတွက်ခြေ ကိုက်မှုနဲ့ ကြည့်မယ်ဆိုရင်တော့.
စံပြ စိုက်ကွင်းလို့  ပြောရခက်ပါမယ်.....

သမ္မတကြီး ကိုယ်တိုင်လည်း..သူ့ ရဲ့ လယ်မြေ ရောက်တဲ့အခါတိုင်း...နိုင်ငံအတွင်းကလယ်
မြေတွေအားလုံး..သူ့ ရဲ့ လယ်မြေတွေလို အားလုံးကိုဖြစ်စေချင်မှာပါ..အားလုံးကို...တပြိုင်
တည်းလုပ်ပေးလို့ ဘယ်ရနှိုင်ပါ့မလည်း..သူကိုယ်တိုင်..လယ်စိုက်နေတဲ့အတွက်ကြောင့်..
သူ့ ရဲ့ လယ်ကိုလည်း..အမြဲသွားတတ်တဲ့သူတစ်ဦးဖြစ်နေတာကြောင့်...လယ်ယာကဏ္ဍရဲ့ 
အဖြစ်မှန်တွေကို..သိရှိခံစားရဖို့ ..နီးစပ်ပါတယ်လို့ ဆိုရပါမယ်.....

" ပြည်ပရဲ့  ဈေးကွက်..သံသရာဝဲဂရက်..ကဘယ်တော့များမှ..လွတ်ကြပါမည်နည်း "

ဒီည.....ပေါင်းဆန်စက်တည်ဆောက်ပြီးဖြစ်တဲ့..မိတ်ဆွေတစ်ဦးထံ...ပေါင်းဆန်စက်ရဲ့ 
အားသာချက်..အားနည်းချက်..လက်ရှိအခြေအနေ...အနာဂတ်ကာလ..ဖြစ်လာနှိုင်မှု
..မီဒီယာစကားနဲ့ ပြောရရင်..ဗျူး..ခဲ့ပါတယ်...မိတ်ဆွေတစ်ဦးအနေနဲ့ သတင်းမေးခဲ့ပါ
တယ်....

လက်ရှိအခြေအနေ...ပေါင်းဆန်ဆိုတာက..ပြည်တွင်းစားသုံးမှု...မကြိုက်..ပြည်ပဈေး
ကွက်...စီးပွားရေးတွက်ခြေကိုက်မှုမရှိသေး...ငွေဈေး...ရုရှား..ဥရောပ...ဘာညာ.ဘာ
ညာ..ဈေးကွက်တွေက..လက်ရှိမှာ..ဘာတွေဖြစ်နေလို့ ပေါ့..ထုံးစံအတိုင်း...ပိုက်ဆံရှိ
တဲ့သူတွေ..လုပ်တာ..တစ်နေ့ ဖြစ်လာမယ်ပေါ့...တရုပ်က..ဆန်ဈေးက....ကောင်းနေ
လို့ သာ..လက်ရှိမကိုက်တာတဲ့...ဟင်......တရုပ်က..ကျွန်တော်တို့ ကို..ဆန်ဝယ်တာ
မပေါက်တဲ့..ဈေးနှုန်းတွေပေးနေလို့ လား..စေတနာတွေထားပြီးဈေးပိုပေးနေလို့ လား
သူတို့ ပြည်တွင်းဈေးထက်သာလို့ ..ချောင်လို့ ဝယ်နေတဲ့..ဈေးကွက်..ဈေးနှုန်း........

ကျွန်တော့်အမြင်...ကျွန်တော်က..ပေါင်းဆန်စက်တော့မပြောနဲ့ ..စကားလုံးတူတာဆို
လို့ ...ဆန်ကြမ်းကို...လျှပ်စစ် ထမင်းပေါင်းအိုးလောက်နဲ့ သာ...ချက်စားနှိုင်တဲ့အဆင့်
ကျွန်တော့်အဆင့်က....ပေါင်းဆန်စက်တွေကို..ခန့် မှန်းရေးသားတာ..မှန်ချင်မှ..မှန်ပါ
မယ်...ဒါဆို..ဘာ့ကြောင့်ရေးနေတာလည်း..ဘာကြောင့်ဝေဖန်ချင်နေရတာလည်း.မှန်
ပါတယ်...ကျွန်တော် ဖြစ်စေချင်နေတဲ့လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးကို..တနည်း
အားဖြင့်ပါတ်သက်မှုရှိလာနှိုင်လို့ ပါ...ဘယ်လိုပါတ်သက်နှိုင်လည်း..ဈေးကွက်ပါ..တ
ချိန်မှာ..တရုပ်ဈေးကြောင့်ဖြစ်နေတဲ့ဆန်ဈေးကွက်ကြောင့်..စီးပွားရေးတွက်ချေမကိုက်
ကြပါဘူးဆိုတဲ့..ပေါင်းဆန်စက်ပိုင်ရှင်တို့ .သူတို့ အကျိုးစီးပွားအတွက်..တရုပ်ဆန်ဈေး
ကွက်ကို..ဇယားနောက်လာရင်...လွယ်တယ်နော်..တရုပ်ဈေးကွက်ဆိုတာ..ကျွန်တော်
တို့ နိုင်ငံက..တရားဝင်တင်ပို့ ခွင့်ရပေမယ့်...၀ယ်ယူသူတရုပ်ဘက်က...တရားမ၀င်ဘူး
အချိန်မရွေး..ဇယားရွှေ့ လို့ လွယ်တယ်..အကျိုးဆက်က..စပါးဈေး..လက်ရှိအခြေအနေ
အောက်ကို..ကျဆင်းသွားနှိုင်လို့ ....

အကြောင်းအမျိုးမျိုးကြောင့်..တရုပ် ဆန်ဈေးကွက်..ပျက်ခဲ့သော်မှ..FOB.. 5%..10%
15%..25%..ဆိုတဲ့..ဆန်ဈေးကွက်..စီးပွားရေးတွက်ချေကိုက်မှုက...ပြန်လည်ဖြစ်လာ
တော့မှာ...ကျွန်တော်တို့ ကအမြဲနောက်က..ဂျုံဈေးကွက် ကနေ ဆန်ဈေးကွက်ဆိုတာ
ဖြစ်လာတဲ့အချိန်မှာ..ကျွန်တော်တို့ ဆန်က..အရည်အသွေးအပြောခံ.အဆိုခံတဲ့ဘ၀က
စခဲ့ရတာ...

ကျွန်တော်တို့ နိုင်ငံမှာက..ငွေကြေးတတ်နှိုင်သူတို့ ..တစ်ဦးက..ပေါင်းဆန်စက်ဆိုရင်
ကုန်လုံး..လိုက်ပြီးပေါင်းဆန်ကြတာဘဲ..နိုင်ငံမှာ.စိုက်ပျိုးထွက်ရှိနေတဲ့..စပါးအမျိုးအစား
အထွက်နှုန်း..အထွက်ပမာဏ..ပေါင်းဆန်လုပ်သင့်တဲ့..စပါးအမျိုးအစား.ပမာဏ.ဒါတွေ
ကိုတွက်ပြီး..ပြည်ပလိုအပ်ချက်အရ..တန်..မည်မျှ..ပေါင်းဆန်စက်..ဆိုရင်လုံလောက်မှု
ရှိတယ်..တွက်ကြရဲ့ လားဗျာ..ထားပါတော့...ကျွန်တော်တို့ နိုင်ငံကထွက်သမျှပေါင်းဆန်
ပြည်ပက..စီးပွားရေးတွက်ချေကိုက်အောင်..ဈေးပေးပါမယ်တဲ့..အကုန်ရောင်းမှာလား..
ပြည်တွင်းက..ဘာတွေစားနေရမှာလည်း..ကျွန်တော့်ကို..အကိုလိုခင်တဲ့..တစ်ဦးကပြော
ဘူးတယ်..မင်းတို့ စီးပွားရေးသမားတွေက..ကိုယ့်အတွက်ဘဲကြည့်ကြတာများတယ်တဲ့
အောက်ပြည်က..ကုန်ပစ္စည်း..မထွက်တဲ့..အညာကိုတင်ကြတယ်..အညာကိုတင်တာ..
များတော့..အောက်ပြည်က..ဈေးတက်လာတယ်..အညာရောက်ပြီးသားပစ္စည်းအောက်
ပြည်ကိုပြန်သယ်ရောင်းတာလုပ်ဖို့ ဝန်မလေးကြဘူးတဲ့..စားသုံးသူပြည်သူကိုမကြည့်ကြ
ဘူးတဲ့...အကိုကြီးပြောတာမှန်တယ်လို့ ပြောရင်တောင်..ကျွန်တော့်ကို စီးပွားရေးသမား
တွေက..စောက်ရူးလို့ ပြောကြမှာလို့ ပြန်ပြောလိုက်ရတယ်..အတ္တ..အကိုကြီးရေ..အတ္တ..

ကျွန်တော်..သိသလောက်ပြောရရင်...ကျွန်တော်တို့ နိုင်ငံမှာ..စိုက်ဧက..တိုးလာစရာမရှိ
အထွက်နှုန်း ရော့ကျနေပြီ..စပါးအထွက်ပမာဏ..ရော့နေပြီ..ဒါပေမယ့်..ဒီနေ့ ပေါင်းဆန်
စက်..ဘယ်လောက်တည်မလည်း..ကာလာဆော်တာ..ဘယ်လာက်လိုချင်လည်း..ခေတ်
မှိတဲ့.ဆန်စက်တွေ..ဘယ်လောက်တည်မလည်း..၀ယ်မရတာမရှိ.အဲ..အရည်အသွေးအ
လွန်ကောင်းလှပါတယ်ဆိုတဲ့..ဆန်စက်အမျိုးမျိုးရောင်းနေကြသူတို့ ...ကျွန်တော်တို့ နိုင်
ငံက..စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားတွေ.သူတို့ ထံက၀ယ်ယူတည်ဆောက်
ကြတဲ့..ဆန်စက်ပိုင်ရှင်တွေ..စီးပွားရေးတွက်ချေကိုက်မှုရှိတဲ့..ဆန်ဈေးကွက်တွေကို.ဖန်
တီးပေးခဲ့ကြသလား...သူတို့ ဆန်စက်တွေ..ကောင်းတော့ကောင်းပါလိမ္မယ်..ဒါပေမယ့်..
ကျွန်တော်တို့ ..မျက်စေ့စပ်တယ်..ဆိုတာမျိုးသာဖြစ်နေကြရတာ...

အသင်းအဖွဲ့ ဆိုတာတွေ...အောင်မြင်မှု မရှိသ၍...အချင်းချင်းနာလည်မှုမရှိသ၍...စည်း
လုံးညီညွတ်မှုဆိုတာ မရှိသ၍..ညှိနှိုင်းဆောင်ရွက်မှုဆိုတာမရှိသ၍.ကျွန်တော်တို့ ပြည်ပ
ရဲ့ ဈေးကွက်..သံသရာ..၀ဲဂရက်မှာ..ဘယ်အချိန်အထိမျောနေကြရဦးမယ်မသိပါလား...။