Friday, August 21, 2015

“စဉ်းစားချင့်ချိန်ပြီးမှ…အော်သင့်ကြောင်းပါ”


ပုသိမ်ကမိတ်ဆွေ တစ်ဦးနဲ့ ဖုံးဆက်ပြီး ဆန်စပါးကိစ္စပြောဖြစ်ခဲ့တာ…ဒီနှစ်ပုသ်မ်
မှာ ဈေးကွက်အရ..ကောက်ငယ်စပါးများထက်..ဈေးကွက်မှာ ပိုပြီးအ၀ယ်လိုက်
လာတဲ့ ပေါ်ဆန်းစပါးများ…ယမန်နှစ်ကထက်..ပိုမိုစိုက်ပျိုးလာကြတယ်လို့ ဆိုပါ
တယ်…လူချမ်းသာများသာမက...လူလတ်တန်းစားများပါ ပေါ်ဆန်း ဆန်ကိုစား
သုံးလာကြတယ်လို့ မြင်ပါတယ်….ပေါ်ဆန်း ဆန်ကိုပြည်ပတင်ပို့ ရောင်းချခွင့်ရှိ
ပေမယ့် ပြည်တွင်းဈေးနှုန်းနဲ့ မကိုက်တာကြောင့်…ပြည်ပပို့ တင်ပို့ မှုမရှိတာလို့ 
ထင်ရပါတယ်…ပေါ်ဆန်း ဆန်ကပြည်တွင်းဈေးကွက်မှာ…ဈေးကောင်းနဲ့ နေရာ
ရလာတော့….ပေါ်ဆန်းစိုက်တောင်သူတွေအတွက်ကတော့…စိတ်အေးရပြီပေါ့
ဒါပေမယ့် ပေါ်ဆန်းစပါး ဆိုတာနေရာဒေသတိုင်းမှာ…စိုက်ပျိုးလို့ ရတာ မဟုတ်
လေတော့…အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေအတွက်..စိတ်မကောင်း
ဖြစ်မိပါတယ်….
ယခုနှစ်စပါးရာသီမှာ..ရေကြီးနစ်မြုတ်အကြောင်းတွေများနေတာနဲ့ ..ကျွန်တော်
ရဲ့ အဓိက လယ်သမားတွေအကြောင်းမရေးဖြစ်ခဲ့ပါဘူး…ရေးရတာ.သာထပ်နေ
ပြီး..ဘာမှဖြစ်မလာတာလည်းပါတာပေါ့ဗျာ….ဒါပေမယ့်..ကျွန်တော်ဒီနေ့ တော့
တောင်သူလယ်သမားတွေဘက် ကနေပြီး..စားသုံးသူတို့ ကို ရှင်းပြ တောင်းပန်
လိုပါတယ်…အေးအေးဆေးဆေး..စဉ်းစားပေးကြပါ…ကိုယ်ပိုင်အသိတွေနဲ့  ဆုံး
ဖြတ်ပေးကြပါလို့ …အလေးအနက်ပြောပါရစေ….
ကျွန်တော်အနည်းငယ်ရှင်းပြပါရစေ….ယနေ့ တောင်သူလယ်သမားတွေ အနေ
ဖြင့်..လယ်ယာမြေကို မိုးစပါး နဲ့ သီးထပ်ဆိုပြီး တနှစ် နှစ်သီးသာစိုက်နှိုင်ကြတဲ့
အနေအထားမှရှိနေပါသေးတယ်….မိုးပါးမှာတော့..လယ်ယာမြေအမျိုးအစားပေါ်
မူတည်ပြီး..ပျှမ်းမျှ တစ်ဧက ၇၀ တင်းခန့် သာထွက်ရှိကြပါတယ်…ထွက်ရှိလာတဲ့
စပါး..တောင်သူလယ်သမားတို့ အခြေခံဈေးနှုန်း ၄၀၀၀၀၀ိ လောက်ရမယ်ဆိုရင်
တစ်ဧကအပေါ်မှာ တောင်သူတို့ ရဲ့ လုပ်အားခ မပါ….၁၅၀၀၀၀ိ/- အကျိုးအမြတ်
ရနှိုင်ပါတယ်…သီးထပ် က လည်း သီးနှံပေါက်ဈေးပေါ်..မူတည်လို့  တစ်ဧက အ
ကျိုးအမြတ် ၁၅၀၀၀၀ိ/- ရတယ်ထား.တနှစ်တောင်သူတို့ လယ်မြေတစ်ဧက ၀င်
ငွေက ၃၀၀၀၀၀ိ/-ဆိုတာ ပျှမ်းမှအားဖြင့်အမြင့်ဆုံးရကြမှာပါ…လယ်ယာ ၅ ဧက
လုပ်နေသူလယ်သမားအနေဖြင့် တနှစ်ဝင်ငွေ ၁၅၀၀၀၀၀ိ/-ပါ..တစ်လ ၀င်ငွေက
တော့..၁၂၅၀၀၀ိ ပါ…ကျွန်တော်တို့ နိုင်ငံအနိမ့်ဆုံးလစာ ၀င်ငွေနဲ့  နှိုင်းယှဉ် စဉ်း
စားပေးကြစေလိုပါတယ်…သို့ ပါသော်လည်း..လစာဆိုတာကျိန်းသေပေါက်တည်
မြဲနှိုင်တဲ့ ၀င်ငွေဖြစ်ပေမယ့်..တောင်သူလယ်သမားတို့ အဖို့ မှာကတော့…ရာသီဥ
တုက မျက်နှာသာပေးပါမှ..ရနှိုင်တဲ့ဝင်ငွေပါ…ရာသီဥတုဘေးကလွတ်မြောက်ပြန်
တော့လည်း…ကမ္ဘာ့ပေါက်ဈေးနှုန်း….ပြည်တွင်းပေါက်ဈေးနှုန်းတွေက မတည်မြဲ
နှိုင်ပါဘူး…ဒီကြားထဲ ဆန်ဈေး..စပါးဈေးမြင့်တက်လာရင်..ထိမ်းချုပ်မှုတွေကဖြစ်
လာကြပြန်ပါတယ်…တောင်သူတို့ နေရကနေပြီး..စဉ်းစားပေးကြပါဦး…သူတို့  န
လံထူလာ စရာ အခွင့်အရေးကဘယ်မှာလည်း….
စပါးဈေး..၄၀၀၀၀၀ိ နှုန်းတည်မြဲပါမှ…ဆန်ဈေး က..စက်ပိုင်..ကုန်သည် အကျိုး
အမြတ်ပါပြီး..ဧည့် ၂၅%.၁၀၈ ပေါင်တစ်အိတ် လက္ကားဈေးနှုန်း ၁၇၀၀၀ိ ဖြစ်မှာ
ပါ..လက်လီဈေးကွက် ဆန်တစ်အိတ် တန်ဘိုး ၁၈၀၀၀ိ..ဆန်တစ်ပြီ ဈေးနှုန်းက
၈၀၀ိ/…ဆန်နို့ ဆီဘူး တစ်လုံး ကို ၁၀၀ိ/-သာရှိပါတယ်…ယနေ့ ဖြစ်တည်နေတဲ့
အခြားသောပစ္စည်းများ တန်ဘိုးတွေနဲ့ နှိုင်းယှဉ် စဉ်းစားပေးပါ..ယနေ့ ငွေကြေး
အရ..ငွေ ၁၀၀ိ ဆိုတာ တောင်းတဲ့သူကိုပေးရင်တောင် နည်းတယ်ထင်ပြီး ကျေး
ဇူးတင်မခံ ရတဲ့ ပမာဏပါ…ကျွန်တော်တွက်ပြတာက..အခြေခံဆန်ကြမ်းပါ..ဆန်
ကောင်းရင်တော့..ကောင်းသလို ဈေးနှုန်းကွာသွားမှာပါ…ကျွန်တော်တို့ နိုင်ငံမှာ
အကောင်းဆုံး ဆိုတဲ့ ရွှေဘိုပေါ်ဆန်း ယနေ့ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တာ..၆၀၀၀၀ိ/-
ထက်မပိုပါဘူး..တစ်ပြီကို၂၅၀၀ိ/-..နို့ ဆီဘူးတစ်ဘူး ကို ၃၂၀ိ/- ခန့် ….ကမ္ဘာမှာ
အကောင်းဆုံးဆုရထားတဲ့ ဆန် အနေနဲ့ ..အခြားစားသောက်ကုန်များနဲ့ နှိုင်းယှဉ်
စဉ်းစားနှိုင်ကြဖို့ ပါ…ကျွန်တော်တို့ နိုင်ငံကစားသုံးဆန် ဈေးနှုန်းက နို့ ဆီတစ်ဘူး
အမြင့်ဆုံးမှ ၃၀၀ိ ကျော်နဲ့  အနိမ့်ဆုံး ၁၀၀ိ သာရှိနေပါတယ်….
နောက်တခုက..ကျွန်တော်တို့ စားသုံးသူတွေက..ဈေးမြင့်တယ်ဆိုပြီးအော်တဲ့ အ
ချိန်က..လယ်သမားလက်မှာ စပါးမရှိတော့ဘူး…အဲ့ဒါ ကုန်သည်တွေ လုပ်တဲ့ဈေး
ဟော..ဆန်ဈေးနှုန်းကိုထိမ်းချုပ်..စပါးလည်းပေါ်ရော.စပါးဈေးက နလံမထူတော့
ဘူး….အမှန်တော့..ဆန်ဈေးထိမ်းချုပ်တာတွေ မလုပ်ပါမှ…နောင်နှစ် စပါးပေါ်ချိန်
မှာ…ဈေးကောင်းလေးရနှိုင်ဖို့ မျှော်လင့်ချက်ရှိနေနှိုင်ပါသေးတယ်….
ကျွန်တော်တို့ နိုင်ငံက တောင်သူလယ်သမားတွေ ဆိုတာ မြန်မာတိုင်းရင်းသား..
ဗုဒ္ဓဘာသာဝင်တွေပါဗျာ..တရုပ်..ကုလားက လယ်မစိုက်ပါဘူး….ကျွန်တော်တို့ 
တယ်လီနောတွေ…အော်ရီဒူးတွေ တောင်အားပေးနေကြရသေးတာ..ကျွန်တော်
တို့ ငွေတွေ ပြည်ပကိုသယ်သွားကြမယ့်သူတွေလေ…လယ်သမားရတဲ့ ၀င်ငွေက
ပြည်တွင်းမှာသာကျန်နေရစ်မှာပါ..သူတို့ ဝင်ငွေကောင်းရင်.အခြားသောရောင်း
ဝယ်မှုတွေပါ ပိုမိုထွန်းကားလာစေတာ သိကြပြီးပါ….
ကျွန်တော်တို့  တိုင်းရင်းသား..လယ်သမားတွေကိုပြန်ကြည့်ကြပါဦးဗျာ…ဆန်ဈေး
တက်လို့ အော်ကြမယ်ဆိုရင်..တအားရမ်း မအော်ကြပါနဲ့ …အခြားခြားသောကုန်
ပစ္စည်းဈေးတွေ..ငွေဖောင်းပွမှု တွေနဲ့ နှိုင်းယှဉ်..စဉ်းစားပြီး…မှ အော် ကြပါ.အ
ခြားအခြားသော ကုန်ပစ္စည်းဈေးနှုန်များနဲ့ နှိုင်းယှဉ်ပြီးများနေတယ်ဆိုမှ အော်
ကြပါ.လို …တောင်သူလယ်သမား များကိုယ်စား..တောင်းပန်အပ်ပါတယ်ဗျာ။

“လှေနံ နှစ်ဘက်နင်းထားရတဲ့.…ဆန်စပါးအသင်းချုပ်”


မြန်မာနိုင်ငံမှာ...ဖြစ်ပွားခဲ့တဲ့..ဖြစ်ပွားနေတဲ့ရေကြီးနစ်မြုတ်မှုတွေကြောင့်.…ဆန်
ဈေးနှုန်းများထိုက်သင့်သ၍တော့ တက်လာတာအမှန်ပါ.…ယမန်နှစ် ယခုအချိန်
ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင်…၂၀၀၀ိ..မှ ၃၀၀၀ိခန့် ပိုနေပါတယ်….
ပြည်တွင်းစားသုံးဆန်ချော..အဓိကထွက်တဲ့..ပုသိမ်မြို့ ဆန်ဈေးနှုန်း(လက္ကား)ကို
ယနေ့ မေးမြန်းစုံစမ်းခဲ့ပါတယ်...ဆန်သား ၇၀%ပါ နွေဆန်၁၀၈ပေါင် တစ်အိတ်
ကို ၂၂၅၀၀ိ/-…မိုးဆန်မနောသုခ ၅%တစ်အိတ်ကို ၂၅၀၀၀ိ/-….ရွှေသွယ်လေး
၅%တစ်အိတ်ကို ၂၇၀၀၀ိ/- အထိဈေးမြင့်တက်ခဲ့ပါတယ်…ယမန်နှစ်ဈေးအနေ
ဖြင့် ဆန်သစ်ပေါ်ချိန် ဆန်ဟောင်းဖြစ်တတ်တဲ့ဈေးနှုန်းပါ...ယခုချိန်လိုကာလက
တည်းကဖြစ်နေပြီလို့ ပြောရပါတယ်…..ဆန်စပါးလက်ကျန်အနေဖြင့်…..ပျက်စီး
ဆုံးရှုံးမှု အနည်းငယ်သာရှိခဲ့ပေမယ့်…ရေကြီးနစ်မြုတ်မှုခံစားရသူများကို စေတ
နာဖြင့်လှူဒါန်းကြသူများရဲ့  ၀ယ်လိုအားတွေကြောင့်…ဈေးနှုန်းများမြင့်တက်ခဲ့ပါ
တယ်…တချိန်ကသာမန်ဘာမှမဖြစ်တဲ့အချိန်မှာတော့ပုံမှန်ကုန်သွယ်မှုအရတန်ရာ
တန်ကြေးပစ္စည်းများကို..ကုန်သည်အချင်းချင်းဖြစ်လို့ ပေးခဲ့ကြပေမယ့်…ဒီလိုအ
ချိန်မှာ….ဆန်အရည်အသွေးကိုနားမလည်တဲ့ အလှူရှင်များအပေါ် တန်ရာတန်
ကြေးပစ္စည်းများကိုမပေးဘဲ….နိမ့်ကျတဲ့ပစ္စည်းများကိုထိုးပေးခဲ့တဲ့...၀ိသမလော
ဘသားတွေကြောင့်….အရည်အသွေးမမှီတဲ့ ဆန်တောင်..ဒီလိုဈေးရတယ်ဆိုပြီး
ဈေးကွက်မှာ….တက်သင့်တာထက်ပိုမိုပြီးဈေးတက်လာခဲ့တယ်လို .သုံးသပ်မိပါ
တယ်….
ဆန်ဈေးနှုန်းတက်လာမှုနဲ့ ..ဆန်ပြတ်လပ်မှုမဖြစ်စေရေးတို့ အတွက်…MRF က
တရုပ်နယ်စပ်မှတင်ပို့ မှုကိုခေတ္တရပ်နားစေဖို့ ..သက်ဆိုင်ရာတို့ နဲ့ ညှိနှိုင်းဆောင်
ရွက်ခဲ့တယ်လို့  သိရပါတယ်…ကျွန်တော်နားမလည်တာ…တစ်ခုတော့ရှိပါတယ်
ဟိုအရင်..တရုပ်နယ်စပ်ကိုဆန်တင်ပို့ ရောင်းချခွင့်မရှိစဉ်ကာလတုန်းက.စားဆန်
တစ်အိတ်တောင်သယ်ယူခွင့်မရှိတဲ့ ၁၀၅ မိုင်စစ်ဆေးရေးဂိတ်မှ မတားဘဲ..ဘာ့
ကြောင့်မန္တလေး၁၆ မိုင်ဂိတ်ကပိတ်ရတာလည်းဆိုတာပါ….ကျွန်တော်ဆိုလိုတာ
ကအရင် ၁၀၅မိုင်ကဆန်ဖြတ်သန်းခွင့်မရှိခဲ့တဲ့ကာလတလျှောက်လုံး.ရှမ်းမြောက်
က.အဆင်ပြေနေခဲ့ကြတာပါ.သူ့ ဒေသထွက်ဆန်ရယ်..ခိုးသွားနေတဲ့ဆန်ချောရယ်
တို့ နဲ့ အဆင်ပြေနေကြတယ်ထင်ပါတယ်….
အမှန်တော့….ကျွန်တော်တို့ စားသုံးသူတို့ ဖက်ကကြည့်မယ်ဆိုရင်...ပြီးခဲ့တဲ့ရေ
ကြီးနစ်မြုတ်မှုမဖြစ်မှီ ကာလ..ဆန်ဈေးထက်..ပိုမိုတက်လာတဲ့…ဆန်ဈေးနှုန်းကို
မခံနှိုင်ကြတာပါ……မှန်ပါတယ်…မှန်ပါတယ်ဆိုတာ စားသုံးသူတို့ ဖက်ကနေပြီး
ကြည့်ရင်မှန်ပါတယ်လို့ ပြောရမှာပါ..စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမား
ဖက်ကကြည့်မယ်ဆိုရင်တော့…ရေကြီးနစ်မြုတ်မှုမဖြစ်မှီက ဆန်ဈေးနှုန်းက..သူ
တို့ စိုက်ပျိုးထုတ်လုပ်မှုမှာ..တွက်ခြေမကိုက်ခဲ့ကြလို့  ကြဲခင်းများအဖြစ်စိုက်ပျိုးနေ
ကြပါပြီ….သူတို့ ဖက်ကတော့……ဒီနှစ်ဘာ့ကြောင့်ဘဲဖြစ်ဖြစ် ဆန်ဈေးတက်ပါမှ
လာမယ့်စပါးပေါ်ရာသီ စပါးဈေးကောင်းမယ်လို့ မျှော်လင့်ကြမှာပါ……သူတို့ ကို
လောဘကြီးတယ်လို့ တော့မပြောကြပါနဲ့ ..ယခုမြင့်တက်နေတဲ့ဆန်ဈေးအတိုင်း
မြဲနေခဲ့ရင်တောင် သူတို့ မချမ်းသာနှိုင်ပါဘူး…စားရရုံတော့ဖြစ်လာကြမှာပေါ့ဗျာ
ကဲ….MRF ဘာလုပ်မလည်း….စားသုံးသူကဆန်ဈေးကြီးလာတော့….အော်ကြ
တာခံရ…အနေမတတ်..၀င်လုပ်တော့ကြိုက်တဲ့သူရှိသလို..ကိုယ့်ဂွင်နဲ့ မကိုက်တဲ့
သူတွေက..မကြိုက်ပြန်.MRFကဆန်တွေဈေးဆက်တက်ရင်အရင်းအတိုင်းရောင်း
ပေးနှိုင်ဖို့ အရန်ဆန်တွေဝယ်နေတယ်ဆိုပါလား…MRF မှာဘယ်ကငွေရှိနေလို့ 
လည်း…ဘယ်သူတွေက၀ိုင်းထည့်ကြလို့ လည်း…ထားပါတော့…ဆန်ဈေးမတက်
အောင် ၀င်ထမ်းနေတာ…လယ်သမားတွေက ကြိုက်ကြပါ့မလား….လယ်သမား
တွေဘက်ကျွန်တော်နေကြည့်မယ်.…လက်ရှိဆန်ဈေး စပါးဈေးနဲ့ တောင်နလံမ
ထူနှိုင်တဲ့ အထဲ..ဆန်ဈေးကိုထိမ်းချုပ်ဖို့ လုပ်နေကြတယ်…လယ်သမားဘက်က
ပြောလိုက်မယ်..ဆန်ဈေးကျအောင်လုပ်သူ..တို့ ရန်သူဘဲ….
ဘယ်နှယ်လည်း MRF..လယ်သမားစပါးဈေးမရလို့ ..ပူညံ..ပူညံဖြစ်လာပြန်တော့
ဈေးထိမ်းဝယ်ကြပါဦးဟ..လုပ်ကြပါဦးဟ..နဲ့ လက်ဝင်လျှို…ဘယ်သူကလိုက်နာ
ကြလို့ လည်း..အချောင်နှိုက်မယ့်သူတွေကသာများနေတာ…...ဟောဗျာ….ဆန်
တွေဈေးတွေတက်လို့ ထိမ်းကြပါဆိုတော့..လောဘသားတို့ နဲ့ စားသုံးသူအကြား
ဗျာများနေရပြီ….
ကျွန်တော့်အမြင်..MRFကဘာနဲ့တူနေသလည်းဆိုတော့ လှေနံ နှစ်ဘက်ကို နင်း
ထားရသလိုဖြစ်နေတာ.စားသုံးသူဘက်လိုက်မလား…စိုက်ပျိုးထုတ်လုပ်သူတောင်
သူဘက်လိုက်မလား…တဖက်ကို အားသာပေးလိုက်မယ်ဆိုရင်လည်းလှေမှောက်
မှာသွားမှာ…လှေနံ နှစ်ဘက်ညီနေအာင်..ဘယ်လောက်ကြာကြာ ထိမ်းထားနှိုင် မ
လည်းဆိုတာ စောင့်ကြည့်ရပါဦးမယ်…
ကျွန်တော်…အမြင်ပြောရရင်…MRF ကခေါင်းဝင်ခံနေတာ…တကယ်တော့ လှေနံ
နှစ်ဘက်ကို မျှတအောင်နင်းထားနှိုင်ဖို့  အဓိကလုပ်ရမှာက အစိုးရလေ…MRF က
အနေအထိုင်မတတ်လေတော့…လုပ်လည်းလုပ်ရသေး..အပြောလည်းခံနေရသေး
ဆိုတဲ့အဖြစ်ပါလားဗျာ……………

"ဟန်ချက်တွေက..မညီလေတော့ပြီ"


ရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်...မြန်မာနိုင်ငံအထက်ပိုင်းမှာ
မိုးရေချိန်ပိုမိုလာလို့ ...ရေကြီးနစ်မြုတ်မှုတွေ အစဦးဆုံးဖြစ်ခဲ့ပါတယ်..အဲ့ဒီရေ
တွေကျဆင်းချိန်မှာ..အလယ်ပိုင်းကမြို့ တွေဖြစ်တဲ့..မြို့ တွေမှာ ရေကြီးရေလျှံမှု
တွေဖြစ်ခဲ့ပါတယ်....အဲ့ဒီမြို့ တွေကရေကျပြန်တော့...ဧရာဝတီရဲ့ အောက်ပိုင်း
ဟင်္သာတ....ဇလွန်မြို့ တွေမှာရေကြီးနစ်မြုတ်ကြရပြန်ပါတယ်...တစ်ခါအဲ့ဒီမြို့ 
တွေက ရေကျပြန်တော့..ဧရာဝတီကခွဲထွက်သွားတဲ့ င၀န်မြစ်ရေက.ရေကြည်
ငါးသိုင်းချောင်း..အသုတ်..ကျောင်းကုန်း..သာပေါင်း စတဲ့ဒေသတွေမှာ ရေကြီး
နစ်မြုတ်မှုကိုနောက်ဆုံးခံစားနေရပါပြီ....

ဒီနှစ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေ ကိုကြည့်မယ်ဆိုရင်..ဧရာဝ
တီမြစ်သာမက..ကျန်မြစ်ချောင်းများ အားလုံးဟာ..ကောနေပြီ..မြစ်ချောင်း အ
ခြေအနေတွေပြောင်းလည်းနေပြီ ဆိုတာပေါ်လွင်နေပါတယ်...ရေစီးဆင်းမှု
များက အဟန့် အတားတွေရှိနေလို့ ..မြစ်ချောင်းတွေ ဟာ ဟန်ချက်ညီညီ စီး
ဆင်းနှိုင်တဲ့အနေအထားမှာ..မရှိတော့တာလို့ ထင်မြင်မိပါတယ်...
ယခင်တုန်းကနွေရာသီမှာ..ရေလမ်းကိုအသုံးပြုခဲ့နှိုင်တဲ့ ချောင်းများ..ယခုအခါ
မှာတော့..လုံးဝအသုံးပြုလို့ မရတော့ပါဘူး...ရေလုံးဝခန်းခြောက်နေတဲ့ချောင်း
တွေကိုလည်း တွေ့မြင်နေရပါပြီ...ဒီလိုပြောင်းလည်းလာတဲ့ဖြစ်စဉ်တွေကြောင့်
မလိုလားအပ်ဘဲ.ရေကြီးနစ်မြုတ်မှု မဖြစ်သင့်တဲ့ဒေသတွေမှာ..ရေကြီးနစ်မြုတ်
မှုဆိုတာတွေဖြစ်လာတယ်လို့ ထင်မိပါတယ်...
အတွေ့ အကြုံ တစ်ခုတင်ပြလိုပါတယ်...ကျွန်တော်လယ်မြေ၀ယ်ယူမှုမှာ..မြေ
စာရင်းမြေပုံများနဲ့  တိုက်ဆိုင်ကြည့်ခဲ့တာပါ..ကျွန်တော်ကြည့်တဲ့ လယ်မြေရဲ့ 
မြေစာရင်းပုံစံမှာ ချောင်းငယ်တစ်ခုရှိနေတာတွေရပါတယ်...မြေပုံအရလည်း
လယ်မြေသတ်မှတ်ထားတာမဟုတ်ပါဘူး..မျက်မြင်မှာတော့..ချောင်းရှိခဲ့တယ်
ဆိုတာ မယုံနှိုင်အောင်ပါဘဲ.ဒီလိုပါဘဲ..အင်းအိုင်များကလည်း..လယ်မြေ..ခြံ
မြေ အဖြစ်ပြောင်းနေတာများစွာရှိနေပါတယ်.....ဒီလိုပြောင်းလည်းလာတဲ့ အ
ခြေအနေတွေကိုဘယ်လိုထိမ်းသိမ်းခဲ့ကြလည်း...ဘယ်လိုပြန်လည်အစားထိုး
ဆောင်ရွက်ခဲ့ကြလည်း...ဖြစ်လာရင်အဆင်ပြေသလိုရှင်းတာနဲ့ သာပြီးခဲ့ကြ
တာပါ....
ယနေ့ အခြေအနေမှာတော့..မြစ်.ချောင်းတွေကို ပြုပြင်ထိမ်းသိမ်းမှု အားနည်း
တာတွေကြောင့်..ဧရာဝတီလိုမြစ်မကြီးတွေ ကနေခွဲပြီးစီးဆင်းနေတဲ့ မြစ်တွေ
ချောင်းတွေမှာ..ရေစီးဆင်းမှုတွေက ဟန်ချက်မညီတော့ပါဘူး.ဒီလိုရေစီးဆင်း
မှုတွေ ဟန်ချက်ညီညီဖြစ်မလာလို့ ..မဖြစ်သင့်တဲ့..မဖြစ်ဘူးတဲ့ဒေသတွေမှာပါ
ရေကြီးနစ်မြုတ်မှု ဆိုတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်လို့ ..ထင်မိပါတယ်...
အင်း....အခုရေကြီးနစ်မြုတ်မှုဖြစ်စဉ်တွေမှာ..မျိုးဆက်သစ်လူငယ်တွေက.စည်း
လုံးညီညွတ်စွာနဲ့ ..ရေဘေးအန္တရယ်ကျရောက်နေကြသူများကို တက်ကြွစွာကူ
ညီဆောင်ရွက်နေကြပါတယ်....ဒီလိုအချိန်မှာ..လူကြီးတွေက ရန်ဖြစ်နေကြ ပါ
တယ်...ဒါကိုလည်း...ဟန်ချက်မညီဘူးလို့ ပြောရမှာပေါ့...နော့ ..................။

"ဧရာဝတီကိုပြန်လည်ပြု ပြင်ပေးပါ"


မြန်မာနိုင်ငံမှာ..မိုးရွာသွန်းမှု..မိုးရေချိန်များလာမှုကြောင့်..ရေကြီး..လျှေံမှု
များ ဒေသအတော်များများမှာဖြစ်ပွားခဲ့ပါတယ်...ရေများပြန်လည်ကျဆင်း
သွားတဲ့အချိန်မှာတော့ မြန်မာနိုင်ငံအထက်ပိုင်းက ရေကြီးရေလျှံဖြစ်ခဲ့တဲ့
ဒေသတွေမှာ...ရွှံ့ နွံများက ၈ ပေခန့် အမြင့်အထိ တင်ကျန်ရစ်ခဲ့တယ်လို့ 
သိရပါတယ်....တို့ အတူပါ....မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးနစ်မြုတ်ရာ
ဒေသတွေမှာလည်း..ရွံ့ နွံများက..နေရာတိုင်းမှာတင်ကျန်ရစ်ခဲ့တာကိုတွေ့ 
ရပါတယ်...

ရေကြီးနစ်မြုတ်မှု..ရေလျှံမှု..ရက်ပိုင်းသာဖြစ်ခဲ့တဲ့ ကုန်းမြေတွေပေါ်မှာပင်
ယခုကဲ့သို့ ရွံ့ နွံများတင်ကျန်ခဲ့တာဖြစ်လို့ ..ဧရာဝတီမြစ်ကြမ်းပြင်မှာ ဘယ်
အတိုင်းအတာအထိ ရွံ့ နွံများအနယ်ထိုင်ကျန်ရစ်မယ်ဆိုတာ..မှန်းလို့ ရနှိုင်
ကြပါ့မယ်..နွေရာသီ မြစ်ရေအနည်းဆုံးကာလမှသာ.အဖြေသိရပါလိမ္မယ်
ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ..ယခုနှစ်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများ
ကာကွယ်နှိုင်ဖို့ ...ရေကာတာများကို အမြင့် ၅ ပေအထိ လုပ်ဆောင်သွား
မယ်လို့ လည်းကြားသိရပါတယ်...
ကျွန်တော်တို့ ဟင်္သာတခရိုင်အပါအ၀င်..ဧရာဝတီမြစ်နဘေးကဒေသများ
အနေဖြင့် လက်ရှိအခြေအနေမှာပင်..မိုးတွင်းကာလရေကြီးမြင့်ချိန်မှာ ၁၅
ပေခန့် မြင်တဲ့ရေကာတာ တွေမှာရေလျှံတဲ့အနေအထားတွေပါ...ပြည်သူ
တွေ..လယ်ယာမြေတွေဟာ...၁၅ ပေခန့် မြင်တဲ့ ရေမျက်နှာပြင်အောက်
မှာ.ရောက်နေရတာပါ..နောက်ထပ်ရေကာတာကို ၅ပေမြှင့်မယ်ဆိုရင်မြင့်
တက်လာတဲ့..ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အခြေအနေနဲ့ ဆိုပါက..ရေကြီးတဲ့
အချိန်မှာ....ရေမျက်နှာပြင်အောက် ၂၀ပေ....လောက်မှာ နေရတော့မှာကို
တော့တွေးပူမိပါတယ်..တာကျိုးတဲ့အန္တရယ်များဖြစ်ခဲ့ရင်..ဆည်ကျိုးတာလို
ဆိုးဝါးတဲ့အန္တရယ်ကျရောက်မှာကိုတွေးပူမိပါတယ်...
လေးစားစွာတင်ပြအပ်ပါတယ်...ဧရာဝတီမြစ်ရေကိုကာကွယ်ဖို့ ..တာတွေ
ကို..မြှင့်တာထက် ဧရာဝတီမြစ်ကြမ်းပြင်ကို..မြင့်တက်လာမှုမရှိအောင်ကာ
ကွယ်မှုပြုတာက ပိုပြီးသင့်တော်မလားလို့ ပါ...လက်ရှိအခြေအနေမှာဧရာ
ဝတီမြစ် ကြမ်းပြင်မြင့်တက်လာပြီး..မြစ်ကောလာတာကြောင့် နွေအခါမှာ
ကုန်စည်ပို့ ဆောင်မှုတွေလည်းအခက်အခဲတွေဖြစ်လာနေပါတယ်...အချို့ 
သောနေရာတွေမှာ..ကုန်ပစ္စည်းများကို....သင်္ဘောပေါ်မှ ကဲ့ထုတ်ပြီးဖြတ်ရ
တဲ့အခြေအနေတွေဖြစ်နေပါတယ်..ကုန်စည်များပို့ ဆောင်ရာမှာကုန်းလမ်း
တွေမှာ လမ်းတွေမပျက်စီးစေဖို့  သတ်မှတ်တန်ချိန်များအရ.....ကုန်ပစ္စည်း
များပို့ ဆောင်ရာမှာရေလမ်းကိုအားထားအသုံးပြုခြင်းက..သယ်ယူ စရိတ်
သက်သာစေတာဖြစ်လို့ .ကုန်ဈေးနှုန်းများကိုလည်းသက်သာစေနှိုင်ပါတယ်
ဧရာဝတီမြစ်ကိုပြု ပြင်ထိမ်းသိမ်းခြင်းကိုပြုလုပ်နှိုင်မည်ဆိုပါက...ရေကြီးရေ
လျှံမှုကိုကာကွယ်နှိုင်သလို..ကုန်ုစည်များသယ်ယူပို့ ဆောင်ရာတွင်ပါအဆင်
ပြေနှိုင်မည်လို့ ထင်မြင်မိပါကြောင်း..အိပ်မရတဲ့ညရဲ့ အတွေးများကို တင်ပြ
လိုက်ရပါတယ်ခင်ဗျား....

"ရေကြီးနစ်မြုတ်မှုနှင့်...ဆန်ဈေးနှုန်းအခြေအနေ"


မနေ့ ညက ရေဒီယိုကလာနေတာ...တချို့ နားထောင်ဖြစ်ခဲ့တာ..ကြက်သွန်
ကုန်သည်များနဲ့ အမေး..အဖြေအချို့ ကိုနားထောင်ခဲ့ရပါတယ်.သူတို့ လည်း
ကြက်သွန်ဈေးနှုန်း မတက်စေဖို့  ပြည်ပတင်ပို့ တာတွေ ရပ်ထားပါမယ်တဲ့
ဒီလို သိတတ်ကြရမယ်..ပိတ်မှရပ်..ပိတ်ပြန်တော့..ဘာဖြစ်တယ်..ညာဖြစ်
တယ်ဆိုတဲ့..အသံတွေက...ကျွန်တော်တို့ ဆန်လောကမှာ တော့ရှိနေပြန်
ပါတယ်...

အဲ...ပြောရပါဦးမယ်...အဲ့ကြက်သွန်အမေးအဖြေအပြီးမှာ....Announcer
ထဲကတစ်ဦးက..သူလည်းဆန်ဈေးတွေတအားတက်လို့  လျှော့စားနေရလို့ 
ပိန်တောင်သွားတယ်တဲ့..ဆန်တစ်ပြီကို၂၀၀၀ိကနေ ၂၆၀၀ိဖြစ်သွားလို့ တဲ့
နောက်တစ်ဦးကမေးတယ်..ဘာဆန်လည်းဆိုတော့ ရွှေဘိုပေါ်ဆန်း.ပါတဲ့
သြော်...ခလေးမရယ် ရွှေဘိုပေါ်ဆန်းဆိုတာ..မြန်မာ့ဆန်ထဲမှာ ဈေးအမြင့်
ဆုံး..အကောင်းဆုံးပါကွယ်..မြန်မာသာမက..ကမ္ဘာမှာပါအကောင်းဆုံး ဆု
ရထားတဲ့ ဆန်ပါကွယ်...ကမ္ဘာ့အကောင်းဆုံးဆန် စားမှတော့ ဈေးမြင့်တာ
ဆန်းသလားကွယ်..ပြည်သူတွေကို ထင်ယောင်ထင်မှားမဖြစ်စေဖို့  အဲ့ လို
နေရာမျိုးတွေကနေ..အပြောအဆိုတွေဆင်ချင်ပါလား ခလေးမရယ်...
ရေကြီးနစ်မြုတ်မှုတွေဖြစ်....ပြည်သူတို့ လက်ဝယ်ကဆန်စပါးလက်ကျန်အ
ချို့ ပျက်စီးဆုံးရှုံးမှုဖြစ်...စိုက်ပျိုးပြီးလယ်ဧက အများစု ပျက်စီးဆုံးရှုံးတာတွေ
ဖြစ်ခဲ့ပါတယ်...ရေကြီးနစ်မြုတ်မှုကို ၀ိုင်ဝန်းကူညီလှူဒါန်းသူတွေ ရဲ့ ဝယ်လို
အားကြောင့် ဆန်ဈေးနှုန်းထိုက်သင့်သ၍မြင့်တက်ခဲ့ပါတယ်..သို့ ပါသော်
လည်း..မိမိအသိစိတ်နဲ့ ..ဆန်ဈေးနှုန်းကိုတက်မရောင်းသူတွေနဲ့  ဆန်စပါး
အသင်းချုပ်ရဲ့ စီစဉ်ဆောင်ရွက်နေမှုကြောင့်..ယနေ့ အထိ ဆန်ဈေးနှုန်းကို
ထိမ်းထားနှိုင်ခဲ့ပါတယ်...အသင်းချုပ်ရဲ့ စီစဉ်ဆောင်ရွက်မှုအရ မန္တလေး၁၆
မိုင်စစ်ဆေးရေးမှ ဆန်ဖြတ်သန်းခွင့်ကို ခေတ္တရပ်နားခဲ့ပါတယ်..ဒီလိုရပ်နား
ခဲ့လို့ လည်း...ပြည်တွင်းဆန်ဈေးနှုန်းကို ယခုလိုအခြေအနေမှာထိမ်းထား
နှိုင်တာပါ...တရုပ်နယ်စပ်လမ်းကြောင်းကိုပုံမှန်သွားနေမယ်ဆိုရင်..လက်ရှိ
အခြေအနေမှာ...တရုပ်ဈေးကွက်ဈေးမြှင့်ပေးလာတဲ့အခြေအနေနဲ့  ဆိုရင်
ဆန်လက်ကျန်အခြေအနေက စိတ်မချရတဲ့အခြေအနေဖြစ်လာနှိုင်ပါတယ်
ဟောဗျာ...မန္တလေး ၁၆မိုင်က ဆန်သယ်ယူခွင့်ခေတ္တပိတ်ပြန်တော့..ရှမ်း
မြောက်မှာ....ဆန်တစ်အိတ် ၆၀၀၀၀ိ တောင်ဖြစ်နေပြန်ပါတယ် ဆိုတဲ့သ
တင်းများက ထွက်ပေါ်လာပြန်တယ်...ကျွန်တော်စဉ်းစားမိပါတယ်....ဆန်
တစ်အိတ် ၆၀၀၀၀ိ ဆိုတာ..ရွှေဘိုပေါ်ဆန်း..ဒါမှမဟုတ် ပေါ်ဆန်းဆန်တ
မျိုးမျိုး...ဒါမှမဟုတ် နာမည်ကြီး(အမည်မမှတ်လို့ ပါ) ကောက်ငယ်ဆန်.(သူ
ကလည်း ပုသိမ်ပေါ်ဆန်းထက်တောင်ဈေးမြင့်တာ..သိခဲ့ဘူးပါတယ်)ဖြစ်
မယ်လို့ ထင်မိပါတယ်...ပုံမှန် ၂၅%...၁၅%...၁၀%..၅% ဧည့်မထ ဆန်
တွေ မဖြစ်နှိုင်ပါဘူး...ဘာ့ကြောင့်လည်းဆိုတော့....၁၆ မိုင်ဂိတ်က မပိတ်
မှီမှာ...သတင်းကြားကတည်းက..တွန်းပို့ ထားတဲ့ ဆန်တွေ ရှမ်းမြောက်
မှာ..လက်ကျန်များစွာရှိနေနှိုင်လို့ ပါ...ဒါမှမဟုတ်..မရှိတော့ဘူး..တရုပ်ကို
ရောင်းလိုက်ပြီ ဆိုရင်လည်း...လူလိုမသိတဲ့ အဲ့ဆန်ကုန်သည်ကို..ဆန်စ
ပါးလုပ်ငန်းရှင်စာရင်းထဲက မောင်းသာထုတ်လိုက်ကြပါတော့ဗျာ.........။

"သစ်တောတွေပြန်လည်ဖန်တီးပေးပါ"


ရေဘေးသင့်ပြည်သူတွေ...ကျေးရွာတွေက လိုအပ်ချက် အဓိကကရေသန့် 
ဖြစ်တယ်ဆိုလို့ ...ရေသန့် တွေအဓိကပေးပို့ ကူညီနေကြပါတယ်...သို့ ပေ
မယ့်လိုအပ်ချက်က..ပိုလို့ တောင်လာပါတယ်....
ဘာ့ကြောင့်လည်း...ဆိုတာရေကြီးနစ်မြုတ်ဒေသက သူတွေကိုစပ်စုတော့
မှ....ယခုနှစ်ရေကြီးနစ်မြုတ်မှုက အရင်နှစ်များနဲ့ မတူပါဘူးတဲ့....မြစ်ရေမှာ
ရွှံ့ နှစ်ပါတာကြောင့်ရေကချွဲနေလို့ ...သောက်ရေနဲ့ တင်မလုံလောက်ပါဘူး
ထမင်းချက်ရာမှာပါအခက်အခဲရှိနေလို့ ပါတဲ့...
ဧရာဝတီမြစ်ကမ်းဘေးမှာ...တာအပြင်ကကျေးရွာတွေဆိုတာက နှစ်စဉ်ရေ
ကြီးနစ်မြုတ်မှု မိုးတွင်းမှာဖြစ်နေကြပါ....ဒီနှစ်မှာတော့ ထူးကဲတဲ့ မြစ်ရေမြင့်
တက်မှုကြောင့် နေစရာအိမ်များပါနစ်မြုတ်လို့ ရေးဘေးဒုက္ခသည်တွေ ဖြစ်
လာရတာပါ....
အပေါ်မှာတင်ပြခဲ့သလို..ဒီနှစ်ရေကြီးမှုမှာ..မြစ်ရေက..အနှစ်တွေပိုများလာ
ချွဲလာတယ်ဆိုတာပါ..နှစ်စဉ်မြစ်ရေ မြင့်တက်လာရင် ရေထဲမှာ နေထိုင်နေ
ကြဖြစ်တဲ့...ကျေးရွာကသူတွေအနေနဲ့ မြစ်ရေ ကိုအကြည်ခံ ရေနွေးကြိုကြ
ထမင်းချက်ကြတဲ့အပြင်..သောက်သုံးနေမှုများပါရှိခဲ့တာပါ....
ကျွန်တော်တို ..သတိထားရမယ့်အဆင့်ထက်ပိုလာပါပြီ...အရေးကြီးလာပါ
ပြီ..အထက်ပိုင်းမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးနစ်
မြုတ်မှုအပြီး.ရေပြန်အကျမှာ..ကျန်ရစ်ခဲ့တဲ့..နွံနှစ်..ရွှံ့ နှစ်တွေက..နောက်ဆုံး
သတိပေးချက်လိုဖြစ်နေပါပြီ...မြစ်ကြောင်းတလျှောက်ပါလာတဲ့..မြေဆီမြေ
နှစ်တွေလည်း..ဧရာဝတီအောက်ပိုင်းအထိရောက်နေပါပြီ...
ကျွန်တော်တို့ နိုင်ငံ....သစ်တောတွေပြုံးတီးမှုကြောင့်...မြေဆီလွှာတွေဆုံး
ရှုံးမှု ယခုရေကြီးနစ်မြုတ်မှုဖြစ်စဉ်မှာ..စိုးရိမ်ဖွယ်ရာဖြစ်လာနေပါပြီ...မြေဆီ
လွှာတွေ ဆုံးရှုံးမှုသာမက...ဧရာဝတီမှာ..အနည်ထိုင်ပြီး..မြစ်ကြောင်းတွေ
အောက်ခြေ မြင့်တက်လာမှုက ဘယ်အတိုင်းတာအထိဖြစ်လာဦးမယ် ဆို
တာ...နွေအခါ ရေအနည်းဆုံးအချိန်မှသာသိနှိုင်မှာပါ...ဧရာဝတီမြစ်ကြမ်း
ပြင်မြင့်တက်လာမှုဖြစ်ခဲ့ရင်..နောင်နှစ်တာကာလတွေမှာ..ရေကြီးနစ်မြုတ်
မှုဆိုတဲ့..အန္တရယ်တွေဖြစ်လာဦးမှာပါ....
သစ်တောတွေခုတ်ပြီး...ချမ်းသာကြွယ်ဝသွားကြသူများခင်ဗျား...သစ်တော
တွေမရှိတော့လို့  မြေဆီလွှာတွေဆုံးရှုံးနေရပါပြီ....မြစ်..ချောင်းတွေ ကော
နေပါပြီ..မြစ်ရေမြင့်တက်လာမှုတွေဖြစ်လာနေပါပြီ..ရေကြီးနစ်မြုတ်မှုဘေး
အန္တရယ်တွေကိုပြည်သူတွေခံစားနေကြရပါပြီ...နောင်မျိုးဆက်သစ်တွေအ
တွက် အန္တရယ်တွေများလာနေပါပြီ...ရေကြီးနစ်မြုတ်မှုတွေဖြစ်လာတာတို့ 
မှာ တာဝန်ရှိတယ်လို့ ခံယူကြပါ...ရေဘေးဒုက္ခရောက်ပါမှ..ဒုက္ခသည် တို့ 
လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင်ကိုယ်ကြ..ပေး
နေတာတွေ....အများသိအောင်လုပ်နေရုံနဲ့ မပြီးပါဘူး....မဖြစ်အောင်ကာ
ကွယ်မှု အစီအစဉ်တွေလုပ်ကြဖို့ အရေးတကြီးလိုအပ်နေပြီလို့ မြင်ပါတယ်
သစ်ပင်တွေ...ပြန်စိုက်ပေးပါ...သစ်တောတွေပြန်လည်ဖန်တီးပေးပါ...ကျွန်
တော်တို့ ပြည်သူတွေက..ခံနေကြရပေမယ့်..မဆိုင်သလိုမနေကြပါဘူး.၀ိုင်း
ကူကြပါ့မယ်..ကိုယ့်နိုင်ငံကခွာပြီး..ပြည်ပသွားမနေနှိုင်ကြတဲ့..ကျွန်တော်တို့ 
ရဲ့ မျိုးဆက်သစ်လေးတွေအတွက်...ကျွန်တော်တို့ ပြည်သူတွေ အနစ်နာခံပြီး
ဝိုင်းကူပါ့မယ်....
(အနာဂတ်ကာလ.မျိုးဆက်သစ် ခလေးတွေအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့်)

"၀ိသမလောဘသားစစ်စစ်များ"


ယနေ့ .......နေ့ လည် ၁ နာရီမှ စပြီး....တရုပ်နယ်စပ်...မူဆယ်သို့ ဆန်
သွားလာခွင့် ခေတ္တရပ်နားထားကြောင်း....မန္တလေး(၁၆)မိုင်ကုန်ပစ္စည်း
စစ်ဆေးရေးစခန်းမှ....ယနေ့ (7.8.2015)နေ့ လည် ၁.နာရီမှစပြီး ဆန်
တင်ဆောင်သောကားများမူဆယ်သို့ဆက်လက်ဖြတ်သန်းခွင့်မပြုတော့
ကြောင်းသိရပါတယ်....

အမှန်တော့..ဆန်လုပ်ငန်းရှင်များအနေဖြင့်..ပိတ်လို့ ရပ်ထားရတယ်ဆို
တာထက် ကိုယ်ပိုင်အသိစိတ်...ရှိကြဖို့ လိုပါတယ်..လက်ရှိရေဘေးဖြစ်
ပေါ်မှုမှာပင်ဆန်လိုအပ်ချက်ရှိနေပါပြီ...ဧရာဝတီ..ပဲခူး..စတဲ့တိုင်းဒေသ
ကြီးတွေမှာ..တာကြိုးလို့ ရေကြီးနစ်မြုတ်ခဲ့ရင်..ဆန်လိုအပ်ချက်အတိုင်း
အတာ ဘယ်လောက်အထိဖြစ်လာမယ်ဆိုတာ.....ဆန်စပါးလုပ်ငန်းရှင်
တိုင်း..မှန်းလို့ ရကြပါတယ်....
မူဆယ်သို့ ဆန်တင်ပို့ မှု ခေတ္တရပ်နားမယ်လို့ သတင်းများထွက်ပေါ်အပြီး
တရားဝင် မပိတ်မှီမှာ...အမြန်ဆုံးမူဆယ်သို့ ဆန်များပေးပို့ ထားကြတာ
ရှိကြောင်းနဲ့ ..ယနေ့ နေ့ လည် ၁နာရီ မှာဖြတ်သန်းခွင့်မရတော့လို့ ဆန်
ကားများ..နောက်ကြောင်းပြန်လှည့်ခဲ့ရတာတွေရှိခဲ့တယ်လို့ သိရပါတယ်
တရုပ်ကိုကြွေးရောင်းတာ...ဆုံးရှုံးမှုတွေရှိနေတယ် ဆိုပေမယ့်..သီးခံလုပ်
နေကြပြီး...မိမိနိုင်ငံက ပြည်သူတွေ အခက်အခဲမရှိကြ အောင်...ခေတ္တရပ်
ကြည့်ဦးမှ ဆိုတဲ့....စိတ်ဓာတ်မရှိသူတွေ......ခင်ဗျားတို့ လိုလူတွေကြောင့်
ကျွန်တော်တို့ ဆန်စပါးလောကသားတွေကို...၀ိသမလောဘသားတွေလို့ 
ပြည်သူတွေကမြင်တာ..ဆန်းသလားဗျာ...
ကျွန်တော်ကတော့...ကိုယ်ပိုင်အသိစိတ်မရှိ...ပိတ်မှရပ်..လွတ်အောင်ပြေး
တဲ့ ခင်ဗျားတို့ ကို ဆန်စပါးလောကရဲ့ ဝိသမလောဘ သားတွေအဖြစ် မှတ်
တမ်းတင်အပ်ပါတယ် ခင်ဗျား...

ရေကြီးနစ်မြုတ်မှု ဖြစ်စဉ်မှာ..ကျွန်တော့်တောင်းပန်စကား

ခင်မင်လေးစားရပါသော.....ဆန်စပါးလုပ်ငန်းရှင်မိတ်ဆွေများ...ခင်ဗျား
ယခုအခါ....နိုင်ငံတ၀ှမ်းတွင် ရေကြီးနစ်မြုတ်မှု များဖြစ်ပေါ်မှုများကြောင့်
စိုက်ပျိုးပြီးလယ်ယာမြေများ ရေနစ်မြုတ်ပျက်စီးခြင်း...ဆန် နှင့်စပါးလက်
ကျန်များ ထိုက်သင့်သ၍ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါတယ်...
ထို့ အပြင် ဧရာဝတိတိုင်းဒေသကြီအနေဖြင့်လည်း...ရေကြီးနစ်မြုတ်မှု
ဖြစ်ပွားခြင်း မရှိသေးသော်လည်း....လုံးဝစိတ်ချရသည့် အခြေအနေမှာ
မရှိပါဘူး ခင်ဗျား.....ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုတ်မှုများ
ဖြစ်ပေါ်လာပါက....စပါးစိုက်ပျိုးပြီး ဧကများစွာ.ပျက်စီးဆုံးရှုံး နှိုင်ပါတယ်
ကျွန်တော်တို့ ....ဆန်စပါးလုပ်ငန်းရှင်များ အနေဖြင့်...ယခုအခါ ပြည်ပ
သို့ ဆန်တင်ပို့ ရောင်းချမှု...အထူးသဖြင့် တရုပ်နယ်စပ်မှ....ဆန်တင်ပို့ 
ရောင်းချခြင်းတို့ ကို..ခေတ္တရပ်နားထားကြပြီးလျှင်....ပျက်စီးမှုမရှိစေရန်
အတွက် စီစဉ်ထားရှိနှိုင်ကြပါရန်..အနူးအညွတ်မေတ္တာရပ်ခံပါတယ်။
BBC Burmese's photo.









 ဇူလိုင် ၂၅ ရက် စနေနေ့က ရွှေဘိုမြောက်ဘက်မှာ ကားလမ်းတွေ ရေကျော်နေတဲ့ ပုံရိပ်တွေနဲ့ ရေဘေး ဒုက္ခသည်တွေကို YGW အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက စားစရာပစ္စည်းနဲ့ အဝတ်ထည် သွားပေးတဲ့ ပုံတွေကို အသျှင်နန္ဒသာရ ပေးပို့လာတာ ဖြစ်ပါတယ်။

ဇလွန်ရေကာတာ ထိန်းသိမ်းမှု အခြေအနေ.

Aye Chan Mon's photo.
Aye Chan Mon's photo.
Aye Chan Mon's photo.

ဟင်္သာတခရိုင် ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စု ဝါသလရွာအနီး ဇလွန်ရေကာတာမိုင် အမှတ် ၁၈/၀+၇၀၀ နေရာမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက သုံးပုံတစ်ပုံလောက် ပြိုကျသွားခဲ့တာကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကြီးကြပ်ပြီး တပ်မတော်သား အင်အား ၂၀၀ ကျော်နဲ့ ရေကာတာ ဆက်လက်မထိခိုက်ရေး အတွက် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိ တယ်လို့ သိရပါတယ်။

"သိသာသိစေ..မမြင်စေနဲ့  ဆိုတဲ့ဈေးကွက်နဲ့ ........ကျွန်တော်တို့  ဆန်ကုန်သည်များ"


လွယ်လွယ်လုပ်ခဲ့တဲ့ရလာဒ်တွေလို့ ဆိုရမလား...ရေရှည်အတွက်လောင်စာလိုအပ်မှုကို
ကောက်ရိုးမီးကိုသာသုံးတတ်သူတွေလို့ ပြောရမလား...ရေရှည်မတွေး..ငါ့လက်ထက်အ
ဆင်ပြေရေးစီမံလိုက်တာလား....လားပေါင်းများစွာတွေကြောင့်...ဒီလိုဖြစ်စဉ်တွေကကြုံ
တွေ့ နေရဦးမှာပါ...

ဆန်ဈေးတွေကျလို့ ..စပါေးဈေးတွေကျ..လယ်သမားမျက်နှာမကြည့်ရဲတော့..အခြားကိစ္စ
ဘာတွေလုပ်ရင်ကောင်းမယ်ဆိုတာ မစဉ်းစား...ကိုယ့်ဖက်ကပိတ်ထားတဲ့ ဆန်..တရား
ဝင်ခွင့်ပြုလိုက်တယ်..တရုပ်ကတရားဝင်လက်မခံဘူး..အဲ့အချိန်ကတည်းကညှိနှိုင်းမှုဆိုတာ မလုပ်ခဲ့ကြဘူး...တကယ်တော့..တရုပ်ကတရားမ၀င်ဆိုပေမယ့်...ဟိုးတုန်းက တ
ရားမ၀င် မှောင်ခိုဝင်တာလောက်သာ လက်ခံချင်ပုံရပါတယ်..ဒီဖက်ကတရားဝင်ခွင့်ပြု
တော့..မြန်မာ SME လေးတွေအဆင်ပြေတာပေါ့..ဖွင့်ကာစဘာသံမှမကြားရပါဘူး....
ဟောဗျ..အကြီးစားများက..Normal Trade မှာအရည်အသွေးမထိမ်းနှိုင်လို့ ..ဈေးကွက်
ပျက်တော့..SME များရဲ့ နယ်စပ်ဈေးကွက်..ပြောင်းရွှေ့ လာကြပါတယ်..အင်နဲ့ အားနဲ့ 
လုပ်ကြပါတယ်..နိုင်ငံတော်သတင်းဌာနများကလည်း..တရားဝင်လက်မခံပါဘူးလို့ ဟန်
လုပ်နေရတဲ့..တရုပ်ကို ဆန်တင်ပို့ မှု တနှစ်အတွင်းတန်ချိန် မည်မျှရှိကြောင်းဖေါ်ပြကြ
ပြန်ပါတယ်.....သူခိုးက..ကျွန်တော်မည်မျှခိုးရပါကြောင်းကြွားသလိုဖြစ်နေသလားလို့ 
မှတ်ယူမိပါတယ်...
စဉ်းစားကြည့်ကြပါဦးဗျာ..သူတို့ တောင်သူအတွက်ကာကွယ်ဖို့ ..ပြည်ပကဆန်မသွင်း
တဲ့မူနဲ့ တရုပ်က သူ့ လယ်သမားကိုထိမ်းတယ်..ဒါပေမယ့်လိုအပ်ချက်အရ..နယ်စပ်က
ခိုးဝင်တာကို မသိဟန်ဆောင်နေခဲ့တယ်...ဒါကိုကျွန်တော်တို့ ဘက်က..သိုသိုသိပ်သိပ်
လုပ်နေရာက..ရဲတင်းလာတယ်..သူ့ ဖက်က အခုလိုလုပ်တာ..မှန်တယ်လုပ်မှာဘဲ..သူ့ 
မှာလည်း..သူ့ လယ်သမား..မအော်အောင် လုပ်နေရမှာဘဲ...
အခုတော့ဗျာ...တဖက်ကတရားဝင်လက်မခံတဲ့ဈေးကွက်ကို..ဒီဖက်က..အိုးစည်..ဗုံ
မောင်းတီးပြီး...Online ပေါ်မှာဈေးကွက်တွေဖေါ်ဆောင်နေကြတာ..တချို့ ပုံတွေတင်
ထားတာ..တရုပ်ထဲမှာ..ဆန်ကားတွေ တန်းစီနေတဲ့ပုံ..တရုပ်ကမမြင်ဘဲနေမလား..
တကယ်တော့ကျွန်တော်တို့ ဖက်က တရားဝင်ဆိုပေမယ့်..တရုပ်ဖက်ကကြည့်ရင်
မြန်မာ့ဆန်က မှောင်ခို ပစ္စည်း...နိုင်ငံတခုအနေနဲ့ မှောင်ခိုပစ္စည်းဖမ်းတာ သူတို့ လုပ်
ရမယ့်တာဝန်လေ...သူတို့ လိုအပ်ချက်ရှိနေလို့  အကုန်မဖမ်းတာကျေးဇူးတင်ရမှာ...
ထိုက်သင့်တာထက်ပိုတဲ့ ခံစားခွင့်ကျွန်တော်တို့ ရခဲ့ကြတာ...
ကျွန်တော်က..အဝေးကမြင်မိတာပါ..ကိုယ်တိုင်လုပ်နေသူတို့ ..လောဘတွေရှေ့ တန်း
တင်နေရုံနဲ့ မပြီးပါဘူး...မိမိတို့ ရဲ့ အခြေအနေ..ကိုယ်လုပ်နေရတဲ့ဈေးကွက်..မိမိတို့ 
လုပ်နေတာတွေကိုပြန်လည်သုံးသပ်ကြပါဦး...သူ့ ထက်..ငါဈေးကွက်ရဖို့ တခုတည်း
ကရေရှည်အဆင်မပြေနှိုင်ပါဘူး...ရေလိုက်သင့်..ငါးလိုက်သင့်လုပ်သင့်ကြကြောင်း
စေတနာရှေ့ ထားတင်ပြအပ်ပါတယ်....

"ဓနုဖြူ က လယ်သမားတွေက...မိုက်တယ်ဆိုပါလား"


ဓနုဖြူမြို့ မှာကျင်းပပြုလုပ်တဲ့...ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် နှင့်
တောင်သူလယ်သမားများ အာမခံလယ်ယာစာချုပ်ချုပ်ဆိုပွဲ...........
မြန်မာ့ရှေ့ ဆောင်ဘဏ်မှ တောင်သူလယ်သမားများသို့  နှစ်လတ်
ချေးငွေ စတင်ပေးအပ်ခြင်း..အခမ်းအနားကို တက်ရောက်ဖို့ သွား
ရင်းက..လယ်သမားတစ်ဦးကို အတွေ့ အကြုံရစေဖို့  ၀င်ခေါ်သွား
ခဲ့ပါတယ်....
ညနေ အပြန်လမ်းမှာတော့.သူ့ ရင်ထဲကထွက်လာတဲ့ စကားလေး
တွေ နားထောင်ရင်းပြန်ခဲ့တာ...
ကျွန်တော် ဓနုဖြူက လယ်သမားခေါင်းဆောင်တွေနဲ့  ထိုင်စကား
ပြောရင်းစပ်စုခဲ့တာတဲ့.သူတို့ အာမခံလယ်ယာစာချုပ်တယ်ဆိုတာ
က ကောင်းလှပါလားအကိုရ....မျိုးကိုလည်းကြွေးပေးတယ်..တစ်
ဧက ကို စိုက်စရိတ်က တစ်သိန်း အတိုးမဲ့..ချေးပေးတယ်....ပေါ်
ထွက်မယ့်စပါးအာမခံဈေးစာချုပ်တာကပိုမိုက်တယ်တဲ့...စပါးပေါ်
ချိန်မှာ..စပါေးဈးက အာမခံဈေးထက်နိမ့်ကျနေရင်..အာမခံဈေးအ
တိုင်းဝယ်ပေးမယ်..အကယ်၍ စပါးပေါ်ချိန်မှာ စပါးဈေးက မြင့်နေ
ရင်..ကာလပေါက်ဈေးအတိုင်း ပြန်ဝယ်ပေးမယ့် စာချုပ်တဲ့..လယ်
သမားတွေဘက်က အပိုင်ဘဲတဲ့...
သူတို့ မြို့ နယ်မှာ ကုမ္ပဏီကိုပေးရန်ကြွေးကျန်တဲ့ လယ်သမားအ
ချို့ က...ပေးနှိုင်လျှက်နဲ့  လက်ကပ်နေကြတာတဲ့...ဒါကိုလယ်သ
မားအချင်းချင်းက ကြွေးဆပ်ကြဖို့ ..၀ိုင်းလုပ်နေကြပါတယ်တဲ့.အ
ခုလို တောင်သူလယ်သမားတွေ အခွင့်အရေးရနေတာ သူတို့ မြို့ 
နယ်မှာသာရှိတာတဲ့..လာရောက်ကူညီဆောင်ရွက်နေတဲ့ကုမ္ပဏီ
စိတ်ပျက်သွားလို့ မဖြစ်ဘူးလို့ ပြောတယ်တဲ့...
အကိုရာ.....လယ်သမားခြင်းအတူတူ..ဓနုဖြူက လယ်သမားတွေ
မိုက်တယ်ဗျာတဲ့.......
သူပြောတဲ့...မိုက်တယ်ဆိုတာက..ကံကောင်းတာပါတဲ့..ခင်ဗျား..။

မြန်မာ့ရှေ့ ဆောင်ဘဏ် ( MYANMA APEX BANK )

၆.၆.၁၅ဓနုဖြူမြို့ မှာကျင်းပပြုလုပ်တဲ့.ကဉ္စနကျွန်းသာ(GoldDalta)ကုမ္ပဏီလီမိတက်နှင့်
တောင်သူလယ်သမားများ အာမခံလယ်ယာစာချုပ်ချုပ်ဆိုပွဲ...
မြန်မာ့ရှေ့ ဆောင်ဘဏ် ( MYANMA APEX BANK ) မှ...တောင်သူလယ်သမားများ
သို့  နှစ်လတ်ချေးငွေစတင်ပေးအပ်ခြင်း....
ဓနုဖြူမြို့အခြေခံပညာအထက်တန်းကျောင်းများသို့  မိတ္တူကူးစက်နှင့်printer များလှူဒါန်း
ခြင်း..၂၀၁၄/၁၅ ဘက်စုံပညာထူးချွန်ဆုရကျောင်းသူ ၂ဦးအား....ဂုဏ်ပြုပစ္စည်းနှင့်ဆု
ငွေချီးမြှင့်ခြင်း...ယနေ့ အောင်စာရင်းထုတ်ပြန်ရာတွင် ၅ ဘာသာဂုဏ်ထူး ရရှိခဲ့သော
ကျောင်သူ ၂ဦး..၄ ဘာသာ..၃ ဘာသာ ဂုဏ်ထူးရရှိသူကျောင်းသား/သူ များကို ဂုဏ်
ပြုဆုချီးမြှင့်ခြင်း....အခမ်းအနားမှာ...
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင် နှင့် ကဉ္စနကျွန်းသာကုမ္ပဏီဥက္ကဌ
ဦးချစ်ခိုင် တို့ အမှာစကားပြောကြားခဲ့ကြ........

"လယ်သမား...ကုန်သည်နှင့်...စားသုံး" ( ၃ )

ကျွန်တော် ဒီ Status ကိုရေးတာ....အဓိက စားသုံးသူ တနည်းအားဖြင့် ဆန်စားသုံးသူ
တို့ ကိုတင်ပြလိုတာပါ..တင်ပြတာဆိုတာထက်...နားလည်ပေးကြဖို့ တောင်းပန်လိုတာ
ပါ...ဆန်ဆိုတာကို..ဆန်ကဖြစ်လာတဲ့ ထမင်းကို တန်ဘိုးထားစေလို လို့ ပါ.............
ကျွန်တော်တို့ ငယ်ငယ်က...သင်ဖူးခဲ့တာလေးအမှတ်ရမိပါတယ်..ထမင်းရည်ကိုစွန့် ပစ်
တာကို တိုင်းခန်းလှည့်လည်လာတဲ့ ဘုရင်ကြီးကတွေ့ လို့  ပြောခဲ့တဲ့.ဆုံးမစကားပါ..မှန်
ပါတယ်ကျွန်တော်တို့ က ပေါများနေတဲ့..ဒေသ..အခြေအနေ..အချိန်ကာလ..နဲ့ အမြဲကြုံ
နေရတော့ တန်ဘိုးထားမှု ခြင်းကတော့မတူပါဘူး.....ကျွန်တော်တို့ က ပြည်ပနိုင်ငံတွေ
ကို အထင်ကြီးပြီး ဂျုံ နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို တန်ဘိုးထားနေတဲ့ အချိန်မှာ
ပြည်ပဒေသတွေမှာတော့..ဆန် တနည်းအားဖြင့် ထမင်းကိုတန်ဘိုးထားနေကြတယ်လို့ 
မြင်မိပါတယ်...
ယနေ့ စားသုံးသူများအနေဖြင့် ဆန်ဈေးနှုန်းတက်လာလျှင်..လက်မခံချင်ကြပါဘူး..မှန်ပါ
တယ် ကုန်ဈေးနှုန်းကြီးမြှင့်မှု ကိုတော့ မည်သည့်စားသုံးသူမှ မခံချင်ကြပါဘူး..ဒါပေမယ့်
ကျွန်တော်တို့ က တန်ဘိုးဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး..အခြားကုန်ပစ္စည်းဈေး
နှုန်းတန်ဘိုးများနဲ့ နှိုင်းယှဉ်ရပါမယ်...ယနေ့ ဆန်တစ်ပြီ ကို ၁၀၀၀ိ ဆိုရင် အကောင်းစား
မဟုတ်သော်လည်း အနိမ့်ဆန်တော့မဟုတ်ပါဘူး...ယနေ့  လက္ဘက်ရည်တခွက် ၂၀၀ိ/-
အနိမ့်ဆန် တစ်ပြီတန်ဘိုးက ၇၅၀ိ/-သာ ရှိနေပါတယ်..ထားပါတော့..စားသုံးမှုမှာတော့
မိမိကြိုက်နှစ်သက်ရာကိုပိုပြီတန်ဘိုးထားတတ်လို့ ပါ...
ကျွန်တော်ဆိုလိုချင်တာက..ပြည်ပကထုတ်လုပ်ရောင်းချတဲ့ စားသုံးကုန်.လူသုံးကုန်တွေ
တန်ဘိုးနဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ..စိုက်ပျိုးထုတ်လုပ်တဲ့စပါး...စပါးက
ဖြစ်လာတဲ့ဆန် တန်ဘိုး ကိုနှိုင်းယှဉ်မယ်ဆိုရင်..စပါး..ဆန် ဆိုတာက အနှိမ်ခံထားရတဲ့
အခြေအနေမှာရှိနေပါတယ်.....လက်ရှိ တရုပ်က၀င်လာတဲ့ မိုးဘိုင်းဖုန်း ဟန်းစက် တစ်
လုံးရဲ့ တန်ဘိုးက ကျွန်တော်တို့ တိုင်းပြည်မှာ...မိသားစု တစ်စု အတွက်တနှစ်စာဝမ်းစာ
အတွက် ဆန်အလတ်စား ၀ယ်ထားလို့ ရနေပါတယ်..ဒါပေမယ့် မိမိတို့ ဘာကို ဦးစားပေး
ခဲ့ကြပါလည်း..ပြန်လည်သုံးသပ်ဖို့ လိုပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ စပါးထွက်ပေါ်ချိန်ဆိုတာ ဆန်ဈေးအနိမ့်ဆုံးကာလပါ..ဒီလိုအချိန်
မှာ..အခြားသောသုံးစွဲမှု...ဥပမာ..ဟန်းစက်..၀ယ်ယူမှုမျိုးကိုဦးစား မပေးဘဲ ဆန်ဝမ်းစာ
ဝယ်ထားမယ်ဆိုရင်....မိုးတွင်းကာလဖြစ်လာတဲ့ ဆန်ဈေးနှုန်းကြီးမြင့်မှု ဆိုတာကို ပြော
နေဖို့ လိုပါဦးမလား...အဓိက နဲ့ သာမည ဦးစားပေးတတ်ဖို့ လိုပါတယ်...ဟုတ်ပါပြီ....
ကျွန်တော်ပြောသလို လူတိုင်း ဟန်းစက်ဝယ်နေတာ မဟုတ်ပါဘူး..မရှိဆင်းရဲသားတွေ
အတွက်ကရောလို့ ဆိုရင်....လူတိုင်းမဟုတ်သော်လည်း လူအများကတော့ ဟန်းစ်တွေ
ကိုကောင်းတာမှကိုင်ချင်ကြသလို....တနှစ်တခါလောက်ပျက်တတ်တဲ့ ဟန်းစက် ကို လို
အပ်တာထက်ပိုပြီးလုပ်နေကြပါတယ်...အဲဒီလို လူတွေက..ဟန်းစက်အစား..ဆန်ဈေးမ
တက်မှီ ဆန်ဝမ်းစာဝယ်တာကို ဦးစားပေးလုပ်ခဲ့ကြရင်...ဆန်လက်ကျန်နည်းလာတဲ့ မိုး
တွင်းလို ကာလမျိုးမှာ..မရှိဆင်းရဲသားရဲ့  လက်လီဝယ်လိုအားသာရှိတော့မှဖြစ်လို့ ဝယ်
လိုအားရော့နည်းလာတာနဲ့ အမျှ..ဆန်ဈေးနှုန်း လည်းလိုအပ်တာထက်ပိုတက်လို့ မရနှိုင်
တော့ပါဘူး...
ကျွန်တော်က..ဆန်လက်လီရောင်းပါတယ်..စားသုံးသူတွေနဲ့ အမြဲထိတွေ့ နေရလို့ ..ရ
လာတဲ့အတွေ့ အကြုံအရရေးတာပါ..ကျွန်တော့်ဆိုင်မှာ..နယ်က ဆန်ဝမ်းစာလာဝယ်သူ
ပါလာတဲ့မြေးက မြို့ ရောက်တော့..ဟန်းစက်ကောင်းတာထပ်ဝယ်ပေးဖို့  ပူဆာတယ်..
လွယ်လွယ်ဘဲ ၀မ်းစာဆန် လျှော့ဝယ်ပြီး..ဟန်းစက်ဝယ်ပေးလိုက်တယ်..လိုတာမိုးတွင်း
ရေလမ်းပေါက်မှ ၀ယ်တော့မယ်တဲ့..လက်ရှိဆန် ဈေးနဲ့  မိုးတွင်းဆန်ဈေး..ဘယ်လောက်
ကွာကွာ..အရေးလုပ်ပုံ မပေါ်.."အပြိုင်အဆိုင်..ဟန်းစက်ကိုင် တဲ့ခေတ်လေ"..သူလိုလူ
တွေများလေ..မိုးတွင်းမှာ ၀ယ်လိုအားများလေ..ဆန်ဈေးတက်လေ ဆိုတာကို သူကမမှု
ဝယ်ချိန်ရောက်မှ..ဆန်ဈေးတွေကြီးတယ်အော်ကြမယ်....
ကျွန်တော် ဆိုလိုချင်တာကတော့...ယနေ့ ဆန်ဈေးနှုန်း..စပါးပေါက်ဈေးနှုန်းက..စိုက်ပျိုး
ထုတ်လုပ်သူ တောင်သူတို့ အတွက် စီးပွားရေးတွက်ခြေမကိုက်ပါဘူး..စိုက်ပျိုးစရိတ်တွေ
လျှော့ချဖို့  မဖြစ်နှိုင်တဲ့အခြေအနေမှာ..ဆန်..စပါးဈေးယခုထက်ပိုကောင်းလာဖို့  လိုအပ်
နေပါတယ်..ဆန်စပါးဈေး ကောင်းလာဖို့ မြင့်တက်လာဖို့ ကလည်း..ပြည်တွင်းစားသုံးမှု
ဈေးကွက်က အဓိက မကျပါဘူး..ပြည်ပတင်ပို့ ရောင်းချတဲ့ ဈေးကွက်ကသာ အဓိကဖြစ်
ပါတယ်.. ဖြစ်လာစေလိုတဲ့ ဈေးကွက်ကလည်း ဖန်တီးတိုင်းရနှိုင်တဲ့..အရာမဟုတ်ပါဘူး
ဒါပေမယ့် တောင်သူလယ်သမားတို့ အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်..ပြည်ပ
ဈေးကွက်မှာ ဈေနှုန်းပိုမိုရလာခဲ့ရင်..ပြည်တွင်း ဆန်စပါးဈေးကွက်မြင့်တက်လာမှာပါ..ဒီ
လိုမြင့်လာမှု ကိုစားသုံးသူတို့ ကြုံတွေ့ ရမှာ...
ဒီလိုကြုံတွေ့ လာတဲ့အချိန်မှာ..ဆန်ဈေးကြီးတယ်လို့  အော်နေကြမယ့်အစား..မိမိတို့ ဝင်
ငွေများသုံးစွဲမှုမှာ..အဓိက..သာမည ဆိုတာကိုခွဲခြားပြီး..ဦးစားပေးကြပါ..မိမိတို့ နိုင်ငံသား
တောင်သူလယ်သမားတွေ ထုတ်လုပ်တဲ့ စပါး ကို..ပြည်ပနိုင်ငံတွေက ၀င်လာတဲ့ လူသုံး
ကုန်ပစ္စည်းများနဲ့  နှိုင်းယှဉ်ခံစားပေးပါ..တန်ဘိုးခြင်းနှိုင်းယှဉ်စဉ်းစားပေးပါ..ဆန်ဈေးတက်
ပါမှ တောင်သူလယ်သမားတို့  ဘ၀ ထိုက်သင့်သလောက် တိုးတက်လာမယ်ဆိုတာ နား
လည်ပေးပါ....ကျွန်တော်တို့  နိုင်ငံ ကိုတိုးတက်စေလိုတယ် ဆိုရင်..၇၀% သောတောင်
သူလယ်သမားတို့ ကို တဖက်တလမ်းက ၀ိုင်ဝန်းကူညီစောင့်ရှောက်ပေးပါ.လို့ ပါ ခင်ဗျား။

"လယ်သမား...ကုန်သည်နှင့်...စားသုံးသူ" ( ၂ )

လယ်သမား တို့ အကြောင်း...လက်ရှိစိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားတို့ 
အကြောင်းကတော့ရေးမယ်ဆိုရင်အများကြီးပါ...ကျွန်တော်တင်ပြခဲ့တာတွေလည်း
ဖတ်ကြရလို့  ငြီးငွေ့ နေကြမှာပေါ့..လက်ရှိအခြေအနေသုံးသပ်ရမယ်ဆိုရင် စိုက်ပျိုး
ထုတ်လုပ်သူတောင်သူလယ်သမား.အများစု...တနည်းအားဖြင့် လယ်သမားစစ်စစ်
တွေကတော့..လယ်ယာစိုက်ပျိုးမှု လုပ်ငန်းက စီးပွားရေးတွက်ခြေကိုက်မှု မရှိသော်
လည်း..ဖြစ်လာနိုးနိုးနဲ့  မဖြစ်မနေလုပ်နေကြရပါတယ်...
"ကုန်သည်".........ယနေ့ ဆန်စပါးလောကမှာ ကုန်သွယ်နေကြသူများက အဆင့်
ဆင့်ရှိနေပါတယ်..လယ်ယာစိုက်ပျိုးရေးကထွက်ပေါ်လာတဲ့ စပါးများကို အဓိကအ
နေဖြင့် ဆန်စက်ပိုင်များက ၀ယ်ယူကြပါတယ်....ဆန်စက်ပိုင်ရှင်များထံကို တောင်
သူကိုယ်တိုင်ရောင်းချတာရှိသလို စပါးပွဲစားလို့ ခေါ်တဲ့ကြားခံကုန်သည်က တဆင့်
ရောင်းချတာလည်းရှိပါတယ်...ဆန်စက်ပိုင်ရှင်များအပြင်....ဆန်စပါးကုန်သည်များ
တပ်မတော်ရိက္ခာဝယ်ယူသူများကလည်း..၀ယ်ယူကြပါတယ်...ဒီနေရာမှာအားလုံး
သိနေကြတဲ့အတိုင်း....လယ်သမားစပါးရောင်းချိန်မှာတော့ စပါးဈေးတွေက နိမ့်ကျ
နေပြီး..လယ်သမားလက်ဝယ်စပါး မရှိတော့တဲ့အချိန်..ဆန်စက်ပိုင်နဲ့ ကုန်သည်တို့ 
လက်ဝယ် ရောက်ပါမှ..စပါးဈေးက မြင့်လာတယ်ဆိုတာပါ...
ဟုတ်ကဲ့ပါ....နှစ်စဉ် နီးပါးဖြစ်နေတဲ့ စပါးဈေးကွက်အခြေအနေပါ.....ဖြစ်ရပ်မှန်က
တော့..ကျွန်တော်တို့ တိုင်းပြည်ကစိုက်ပျိုးထုတ်လုပ်တဲ့ ပုံစံက သဘာကပေးတဲ့ရာ
သီဥတုကိုသာ အမှီပြုရတာဖြစ်လို့ ..စိုက်ချိန်တူပြီး စပါးထွက်ပေါ်ချိန်ကလည်းတူပါ
တယ်..စပါးပေါ်ချိန်မှာ..လယ်သမားက ငွေလိုအပ်ချက်အရ၄င်း..သိုလ်လှောင်ရန်
အခက်အခဲ အမျိုးမျိုးကြောင့်၎င်း..ရိတ်သိမ်းပြီးစပါးများကို ချက်ခြင်းရောင်းလာကြ
ပါတယ်.....ဆန်စက်ပိုင် ကုန်သည်များ အနေနဲ့ ကလည်း....အစိုဓာတ်အရသိုလ်
လှောင်ရန်အခက်အခဲ..နဲ့  ဆန်သစ်ပေါ်ချိန်ရဲ့ ဆန်ဈေးပြန်လည်နိမ့်ကျမှု အခြေအ
နေတွေကြောင့် စပါးဈေးကို နှိမ့်ချ ၀ယ်ယူခဲ့ကြပါတယ်...ကျွန်တော်တို့ နိုင်ငံ မိုးစပါး
ထွက်ပေါ်တဲ့ကာလ ကလည်း....ပြည်ပဆန်ဈေးကွက်အ၀ယ် သိပ်မရှိတဲ့ အချိန်နဲ့ 
လည်းတိုက်ဆိုင်နေတတ်ပါတယ်..အခြားပြည်ပနိုင်ငံများက စပါးပေါ်ထွက်ချိန်နဲ့ 
လည်း တိုက်ဆိုင်နေကြပါတယ်...
မှန်ပါတယ်...တောင်သူလက်ဝယ်စပါးကုန်လို့ ..လယ်ကုန်သည်..ဆန်စက်ပိုင်ရှင်
နဲ့ ဆန်စပါးကုန်သည်များလက်ဝယ်စပါးကျန်ချိန်မှာသာ..စပါေးဈးကောင်းလာတာ
ဆိုတာပါ....ဆန်ဈေးကွက်ကလည်း....ရောင်းလိုအားများနေချိန် တနည်းအားဖြင့်
လယ်သမားလက်ဝယ် စပါးရှိနေချိန်မှာ..၀ယ်လိုအားက နည်းချိန်ဖြစ်လို့  ဆန်ဈေး
မရ..စပါးဈေးမတက်ဖြစ်ခဲ့ရပါတယ်..လယ်သမားလက်ဝယ် စပါးလက်ကျန် နည်း
လာချိန်မှာတော့..ရောင်းလိုအားကျဆင်းလာပြီး..၀ယ်လိုအားက ပိုလာလို့  ဆန်
ဈေးတက်လာလို့ ..စပါးဈေးနှုန်းမြင့်တက်လာရတာပါ...
ဒါဆိုရင်...စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေကတော့ ဆင်းရဲပြီး တိုးတက်မှုမရှိ
ဘဲ..ဆန်စက်ပိုင်တွေ..ဆန်စပါးကုန်သည်တွေသာ..ချမ်းသာတိုးတက်နေကြတာ
လည်းလို့ မေးစရာရှိပါတယ်...ယနေ့ ဘဲ နယ်ကစပါးကုန်သည် တစ်ဦးနဲ့ စကား
ပြောဖြစ်ခဲ့တာ..မစိုက်ရသေးတဲ့ စပါး..ပင်ထောင်ကြိုရောင်းနေပြီ..စပါးပေါ်မှအပ်
၂၂၀၀၀၀ိ/- ဈေးပါတဲ့ဗျာ.....တောင်သူတွေကအရောင်းများလို့ ..မ၀ယ်နှိုင်ဘူးတဲ့
ဆုံးရှုံးတာတွေလည်း ရှိတယ်တဲ့..အဲဒီ ဖြစ်စဉ်တွေက..ဆန်စက်ပိုင်တွေနဲ့  ဆန်
စပါးကုန်သည်တွေကြားမှာ နှစ်စဉ်ဖြစ်နေကြအကြိုဈေးကွက်..ငွေရင်းထားနှိုင်တဲ့
သူတွေအဖို့ ..အနိမ့် ဆုံး ၃၅၀၀၀၀ိ/-အောက်မရော့နှိုင်တဲ့ စပါေးဈး...စပါး ၁၀၀
တင်းကို..အနည်းဆုံး ၁၃၀၀၀၀ိ/-မြတ်နေပါပြီ...နောက်တစ်ခုက...ဆန်ဈေးကွက်
ကောင်းလာချိန်...၀ယ်လိုအားများလာချိန်မှာ...လယ်သမားလက်ဝယ်စပါးမရှိ.ငွေ
ရင်းနှိုင်တဲ့ ဆန်စက်ပိုင်...ကုန်သည်တို့ .လက်ဝယ်မှာသာ...စပါးကိုင်ထားနှိုင်လို့ 
သူတို့ သာ အကျိုးအမြတ်ရှိနေကြတာပါ....
အကယ်၍များ....လယ်သမားတွေမှာ သိုလ်လှောင်ရုံတွေရှိနေမယ်..ငွေအတွက်
အရေးတကြီးရောင်းစရာမလိုဘူး..စိုက်ပျိုးချိန်မှာ ပင်ထောင်ကြိုရောင်းဖို့ မလိုအပ်
ဘူး ဆိုခဲ့ရင်...ဈေးကွက်စီးဆင်းမှု မှန်ကန်နေမယ်ဆိုရင်..ယခုအချိန်အခါမှာ.စိုက်
ပျိုးထုတ်လုပ်သူများက ပိုမို အကျိုးရရှိလာနှိုင်ပါတယ်...ဘာ့ကြောင့်လည်းဆိုတော့
ပွင့်လင်းလာတဲ့ဈေးကွက်..မှာ ဆန်စက်အရေအတွက်တွေကလည်း...များလာပါ
တယ်..ဆန်စပါးလုပ်ကိုင်ကြတဲ့ ကုန်သည်တွေလည်းများလာပါတယ်..ဆိုလိုတာ
ကတော့..စပါးဝယ်လိုအားများလာတဲ့အခြေအနေ..လယ်သမားကသာ ကိုင်ထား
နှိုင်ရင်..သူ့ ထက်ငါ..အကျိုးအမြတ်လျှော့ချပြီး....ဈေးနှုန်းအပြိုင်ပိုပေးရမယ့် စပါး
ဈေးကွက် ကိုရောက်လာနှိုင်ပါတယ်...
ဒါပေမယ့်...ဒါပေမယ့်ပေါ့ဗျာ..လက်ရှိအခြေအနေမှာတော့...စိုက်ပျိုးထုတ်လုပ်
သူ လယ်သမားတွေက..ဆန်စက်ပိုင်..ဆန်စပါးကုန်သည်တွေလောက် အကျိုး
ရှိနှိုင်တဲ့ အခြေအနေတွေကို မဖန်တီးသေးနှိုင်လို့ ..ဆန်စက်ပိုင်ရှင်..ဆန်စပါး
ကုန်သည်များကသာ..အကျိုးအမြတ်များခံစားနေကြရကြောင်းပါ..ခင်ဗျား.......
( ဆက်လက်ရေးသားဖေါ်ပြပါမည် )

"လယ်သမား...ကုန်သည်နှင့်...စားသုံးသူ"( ၁ )

ကျွန်တော် ဒီ Status ကိုရေးဖြစ်တာ....MRF စီခန့် ပြန်လည်ရွေးချယ်ပွဲ post
တစ်ခုမှာ...မန့် ထားတာလေးဖတ်လိုက်ရလို့ ပါ..ဆန်စပါးလောကတိုးတက်ဖို့ 
ဘဲ လုပ်မနေကြပါနဲ့ ..စားသုံးသူကိုလည်း ပြန်ကြည့်ပါဦး..ဆိုတာပါ......မှန်ပါ
တယ်..စားသုံးသူဆိုတာကတော့ ဆန်ဈေးနှုန်းသာမကပါဘူး..စားသုံးကုန်ဈေး
နှုန်းများ.မြင့်တက်မှု ကိုမခံနှိုင်ကြပါဘူး...ထုတ်လုပ်သူ..ကုန်သွယ်သူနဲ့ စားသုံး
သူတို့ အကြား..အဆင်ပြေချောမွေ့ စေဖို့ ..ဘာလုပ်ကြမလည်း..ဘယ်သူတွေ
ကလုပ်ကြမှာလည်း..ဘယ်သူတွေမှာ တာဝန်ရှိနေလည်း ဆိုတာ သုံးသပ်ကြ
ရအောင်ပါ...
"လယ်သမား".........ယနေ့ လယ်သမားအခြေအနေကိုကြည့်ရင်.အမြင်အမျိုး
မျိုးရှိနေကြပါတယ်..လယ်သမားတိုင်း မဆင်းရဲပါဘူးလို့ မြင်တဲ့သူလည်း.ရှိနေ
ကြပါတယ်..မှန်ပါတယ်.....လယ်သမားလောကမှာ လူတန်စားအမျိုးမျိုးရှိနေပါ
တယ်..သမ္မတကြီးကိုယ်တိုင် လယ်ဧက ၅၀၀ စိုက်ပျိုးနေလို့ ..သူလည်းလယ်
သမားပါ..နောက် ပိုက်ဆံရှိလို့ လယ်စိုက်တဲ့ လယ်သမား..သူတို့ ကလည်းရှေ့ 
ရေးကိုမျှော်တွေး..နေရာကောင်းလယ်မြေတွေ ၀ယ်ယူပြီးလယ်စိုက်နေကြတာ
ပါ..သူတို့ ကလယ်စိုက်တာနဲ့ စား.၀တ်.နေရေး ဖြေရှင်း..နေကြရသူများမဟုတ်
ပါဘူး...
ပြီးတော့....လယ်သမားတွေထဲက..လယ်ကုန်သည်ပါ..ကိုယ်တိုင်လည်းလယ်
စိုက်ပါတယ်..ငွေပိုလျှံရှိသူဖြစ်တော့..လယ်သမားအချင်းချင်းကိုငွေထုတ်ချေးပါ
တယ်..သီးနှံပင်ထောင်ဈေးနဲ့ ကြိုဝယ်ပါတယ်..ဓာတ်မြေသြဇာက စလို့ လယ်
ယာသုံးပစ္စည်း..လူသုံးကုန်ပစ္စည်း..ဆေးဝါး..စားသောက်ကုန်များကို ဈေးနှုန်း
တင်ပြီး..စပါးပေါ်ပေး..ကြွေးရောင်းပါတယ်..လယ်သမားကုန်သည်လို့ ခေါ်ရ
မှာပေါ့..သူတို့ ကိုကြည့်ရင်တော့..လယ်သမားဆင်းရဲတယ်ဆိုတာလွဲမှာပါ..
လယ်သမားစစ်စစ်..သူတို့ ကမျိုးရိုးစဉ်ဆက်လယ်သမား..လက်ရှိလယ်သမား
တစ်ဦးကိုကြည့်ပါ..သူ့ အဖိုးအဖွားက လယ်ဧက ၅၀ ပိုင်ခဲ့ပေမယ့်..သူ့ အဖေ
အမေ လက်ထက်မှာ မောင်နှမ ၅ ဦးရတဲ့အမွေက တစ်ဦးကို ၁၀ ဧကသာ..
လက်ရှိလယ်သမားမောင်နှမ ၅ ဦးသာဆိုရင် သူတို့ ရလိုက်တဲ့ အမွေက ၂
ဧကသာဖြစ်ပါတယ်..မျိုးရိုးစဉ်ဆက်လယ်သမားစစ်စစ်တွေဆိုတာက..ရှိခဲ့တဲ့
လယ်ဧက တိုးလာစရာမရှိကြောင်း..ပြီးခဲ့တဲ့ခေတ်စနစ်တွေက...သက်သေပြ
ခဲ့ပါပြီး..ပိုင်ဆိုင်မှုလယ်ဧကရော့လာခဲ့ကြရတဲ့....အဖြစ်တွေကသာများတာပါ
လယ်သမားစစ်စစ်တွေမှာ..ယနေ့ စပါးပေါက်ဈေး..ရလာမယ့်ဝင်ငွေ..ယနေ့ 
စိုက်ပျိုးစရိတ်.....သူတို့ လုပ်ခကို ထည့်မတွက် ပါမှ..အကျိုးအမြတ်ဆိုတာ ရှိ
ရုံသာဖြစ်နေတာပါ...ရရှိလာတဲ့အကျိုးအမြတ်က..လယ်တစ်ဧက မှာသီးထပ်
ပါ စိုက်ပါမှ..တစ်ဧက တစ်သိန်းထက်ပိုမရနှိုင်သေးပါဘူး..ထားတော့ ၅ဧက
ဆိုတော့ တနှစ်ဝင်ငွေ က ၅သိန်းပေါ့..တစ်လ၀င်ငွေဆိုရင်..၄၁၆၆၇ိ/-..ထား
တော့..တစ်ဝင်ငွေ ၅၀၀၀၀ိ/-..တနေ့ ဝင်ငွေ ၁၆၆၇ိ/-.....ကဲ..အနိမ့်ဆုံးလုပ်
ခ၀င်ငွေ..ထက်နဲနေသေးတာတွေ့ ကြရမှာ..ဒါတောင်မှ အခြားဝင်ငွေတွေလို
ခိုင်မြဲမှုက မသေချာလှပါဘူး..ရာသီဥတုဖေါက်ပြန်မှုဆိုတာနဲ့ ကြုံ ခဲ့ကြရင် အ
ရင်းပါ ပြုတ်ရပြန်ပါတယ်...၅ ဧကအောက်သာပိုင်ဆိုင်တဲ့ လယ်သမား ဆိုရင်
တွက်သာကြည့်ကြပေတော့...
ဒီတော့..သူတို့ မျိုးဆက်သားသမီးတွေ..စီးပွားရေးတွက်ခြေ မကိုက်တဲ့ လယ်
ယာလုပ်ငန်းမှာ ၀င်ရောက် မလုပ်နှိုင်ကြတော့ပါဘူး..အနိမ့် ဆုံးလုပ်ခလစာ
နေရာတွေမှာသွားရောက်လုပ်ကိုင်နေကြရပါတယ်..သူတို့ လယ်ယာစိုက်ပျိုး
ရေးကရတဲ့ ၀င်ငွေထက်တော့ သာနေသေးလို့ ပါ...
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိလာဖို့  အ
တွက် စိုက်ပျိုးစရိတ်တွေ..လျှော့ချလို့ ရမလား..လက်ရှိအခြေအနေအရ.က
တော့ လျှော့ချဖို့ ထက်..တက်လာနေပါတယ်..ဒါဆိုရင် သီးနှံဈေး ပိုရလာနှိုင်
တဲ့ ဈေးကွက်တွေ ဖန်တီးပေးနှိုင်မလား..လက်ရှိမှာတော့..ပြည်ပဈေးကွက်
အပေါ်မူတည်နေတာမဖြစ်လို့  ဈေးကွက်ကိုလည်းဖန်တီးပေးနှိုင်တဲ့သူ..အ
ဖွဲ့ အစည်းဆိုတာ ရှိမလာသေးပါဘူး...
ဒီလို အခြေအနေမှာ..စားသုံးသူတို့ ဘက်ကလည်း..လက်ရှိဆန်ဈေးနှုန်းကို
များတယ်လို့ ဆိုနေကြပြန်ပါတယ်..လယ်သမားတို့ ဘက်က ဘယ်လိုလုပ်
ကြမှာလည်း..ယခုထက်ပိုပြီး..တွက်ခြေမကိုက်လာရင်..ဖြစ်သလိုစိုက်ကြပါ
တော့မယ်..အထွက်နှုန်းတွေ..အရည်အသွေးတွေကျဆင်းကုန်ပါတော့မယ်
သူတို့ အဲ့လိုဖြစ်လာရင်..အကျိုးဆက်က စားသုံးသူတို့ ကပိုပြီးခံစားလာရနှိုင်
ပါတယ်....
( ဆက်လက်ရေးသားတင်ပြပါမည်)