Saturday, May 10, 2014

" တော်သေးတာပေါ့ တစ်ဧကထဲစိုက်မိလို့ "

ကျွန်တော် လယ်မြေမှာ သီးထပ် အစေ့ထုတ်ပြောင်း စမ်းသပ်စိုက်ပျိုးမှု အခြေအနေ
ပါ...လယ်မြေမှာ စိုက်ပျိုးမှုက ကိုင်းမြေလိုအဆင်မပြေတာတွေ...မမျှော်မှန်းထားတဲ့
အခက်အခဲတွေ များစွာကြုံ တွေ့ ခဲ့ရပါတယ်...ကိုင်းမြေမှာစိုက်ပျိုးတာက မြစ်ရေကျ
လို့ မြေပေါ်တဲ့အချိန်မှာစိုက်ကြတာပါ..နုံးတင်ထားတဲ့မြေသားဖြစ်လို့ ..စိုက်ပျိုးမြေအ
နေအထားကသာပါတယ်..ရေ သွင်းရတာ မြစ်ချောင်းနဲ့ နီးလို့ အဆင်ပြေပါတယ်..စ
ရိတ်သက်သာပါတယ်.စောစိုက်တဲ့အတွက် နေပူဒဏ်ခံရမှုနည်းပါတယ်.ပြောင်းစိုက်
တဲ့ စိုက်ပျိုးဧကများပြီး..စိုက်ပျိုးကြတဲ့ကာလ အတွေ့ အကြုံများကြပါတယ်..ပြောင်း
များခြွေလှေ့ ဖို့ အတွက်ခြွေလှေ့ စက်များရှိပြီးဖြစ်ပါတယ်...တနှစ်လုံးမှာတစ်သီးသာ
စိုက်တဲ့အတွက်၎င်း..နုံးတင်မှုရှိတဲံ့အတွက်၎င်း..သဘာဝမြေဆီ အပြည့်ရပါတယ်..

လယ်မြေမှာ စိုက်ပျိုးတာ တချို့ သောနေရာတွေမှာ ယခင်ကရှိခဲ့ပါတယ်. တစ်က ၆၀
တင်းခန့် ထွက်ခဲ့ကြောင်းသိရပါတယ်..ရေသွင်းရန်လွယ်ကူသော..မြေသားစေး မှုမရှိ
သော..နေရာများဖြစ်တာတွေ့ ရပါတယ်.ကျွန်တော် စမ်းသပ်စိုက်တဲ့လယ်မြေကစပါး
အနေနဲ့ ဆိုရင် ပထမတန်းဝင်တဲ့ .ဧကကွက်ဖေါ်ပြီးလယ်မြေပါ.ဒါပေမယ့်မြေက စေး
ပါတယ်..ရေခြောက်တာနဲ့ ပတ်ကြားအက်က များပါတယ်.ကျွန်တော်ဖြစ်အောင်စိုက်
ကြည့်မယ်ဆိုပြီး စမ်းခဲ့တာပါ..ရေ သွင်းတဲ့နေရာမှာ..ပတ်ကြားအက်ကြောင့်..လိုအပ်
တာထက်ပိုသွင်းရပါတယ်.သီးထပ်ဖြစ်လို့  အစာပိုထည့်ရပါတယ်.စပါးပြီးမှစိုက်ရတာ
ဖြစ်လို့ ..ဒီနှစ်မှာပိုပြီးပူလာတဲ့ နေပူဒဏ်ကိုပိုခံရပါတယ်..စိုက်တဲ့မျိုးကလည်းအမှန်တ
ကယ်နှစ်ဖူးအောင်ပါတယ်...ဖြစ်အောင်လုပ်တဲ့အတွက်...အဖူးများကြီး လာတဲ့အထိ
တော့ အောင်မြင်မှုရှိပါတယ်..ဒါပေမယ့် မမျှော်မှန်းထားတဲ့အခက်အခဲက..ပတ်ကြား
အက်များမှ လာတဲ့ကြွက်များ ကနှိမ်နင်းလို့ ကိုမရပါဘူး..ပတ်ဝန်းကျင်လယ်မြေများ
မှာက မတ်ပဲတွေသာစိုက်တာဖြစ်လို့ ပူပြင်းတဲ့ နေကြောင့်လားမသိပါ..ရေသွင်းထား
တာရယ် အပင်ရိပ်ရှိတာရယ်ကြောင့် အပူသက်သာတဲ့ ပြောင်းခင်းတွေမှာကြွက်တွေ
ကခိုပြီး ကိုက်ကြတော့တာပါဘဲ...ကြွက်မစားနှိုင်လို့  ကျန်တဲ့အဖူးလောက်သာ ရပါ
တော့တယ်.ရလာတဲ့ပြောင်းဖူးတွေကို ခြွေလှေ့ ဖို့ ကအခက်ခဲနဲ့ ရင်ဆိုင်ရပြန်ပါတယ်
ပြောင်းဖူး ခြွေလှေ့ စက်က ကိုင်းတွေဖက်မှာသာ ရှိတာ..သယ်လာဖို့ ကလည်းကိုယ့်
ပြောင်းဖူးကဘာမှရှိတာမဟုတ်...နောက်ဆုံးတော့ ပြောင်းဖူးတွေကို ခြွေလှေ့ စက်ရှိ
ရာ ကိုင်းဖက်ပို့ ပြီးခြွေတာ..နေလှမ်းတာလုပ်လိုက်ရပါတယ်..စရိတ်တွေအများကြီး
ပိုကုန်တာပေါ့ဗျာ..တစ်ဧက စိုက်တာ နှစ်သိန်းကျော်လောက်ရှုံးသွားတယ်.လူလည်း
အတော်ပင်ပန်းခဲ့ရပါတယ်...

ကျွန်တော်...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားလို့  အားနည်းချက်
အားသာချက်များကို အများကြီးရေးခဲ့ပါတယ်..ကိုယ်တိုင် လုပ်ကြည့်တော့မှ မမျှော်
နှိုင်တဲ့ အခက်အခဲတွေ ဆိုတာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ အများကြီးရှိ
နေတာကို ကြုံတွေ့ ခဲ့ရပါတယ်..

ကျွန်တော်တို့ တစ်တွေက...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်စေလို တဲ့စေတနာတွေ
နဲ့ ..မျိုးကောင်းမျိုးသန့် တွေပြောင်းလည်းစိုက်ကြပါ.ဈေးကွက်ကောင်းတဲ့ သီးနှံတွေ
ပြောင်းလည်းစိုက်ပျိုးကြပါ..စက်မှုလယ်ယာဖြစ်အောင်ပြောင်းလည်းလုပ်ကြပါ.စမ်း
သပ်စိုက်ကွင်းတွေမှာ အောင်မြင်ပြီးသားပါ..အလုပ်ရုံဆွေးနွေးပွဲတွေမှာအဖြေရှာပြီး
သားပါ..စိုက်ပျိုးရေးပညာရှင်ကြီးတွေကိုယ်တိုင်ပြောတာပါ.လို့ ဆိုတဲ့အပြောတွေကို
သူတို့  မယုံကြည်ကြလို့ မဟုတ်ပါဘူး..ပြောတဲ့အတိုင်း အထွက်နှုန်းတွေ တိုးလာပါ
ပြီတဲ့..အရည်အသွေးတွေ ပိုပြီးကောင်းလာပြီတဲ့..သူတို့ အတွက်က စီးပွားရေးတွက်
ခြေကိုက်မှုက ရှိပါဦးမှ.အရင်းအနှီးကလည်းအများကြီးစိုက်ထုတ်နှိုင်ကြတာမဟုတ်
ဘူးလေ....

ပြောတဲ့အတိုင်းသာလိုက်နာလုပ်ဆောင်ပါ..အထွက်နှုန်းတွေတိုးလာဖို့ ..အရည်အ
သွေးတွေ တိုးလာဖို့ တာဝန်ယူတဲ့ ဆိုတဲ့သူတွေသာရှိတာ..တောင်သူတွေအနေနဲ့ 
စီးပွားရေးတွက်ခြေကိုက်စေရပါမယ်.အကျိုးအမြတ်ပိုရှိစေရပါမယ်..ဈေးကွက်.ဈေး
နှုန်းအတွက် တာဝန်ယူပါတယ် လို့ ဆိုတဲ့သူ ယနေ့ အထိမရှိသေးပါဘူး...

တောင်သူလယ်သမားတွေ ဆိုတာကလည်း..ခင်ဗျားတို့ ကျွန်တော်တို့ လို လူထဲက
လူတွေပါဘဲ..သူတို့ အတွက်စီးပွားရေးတွက်ချေကိုက်မှုရှိမယ်ဆိုရင်.အကျိုးအမြတ်
တွေပိုရလာမယ်သာ ဆိုရင် ဘာမဆိုလုပ်ကြမှာပါ..ခင်ဗျားတို့ ကနည်းပညာတွေမ
ပေးလည်း..အတင်းလိုက်ပြီးတောင်းခံ လာကြမှာပါ..

အခုတော့ဗျာ..ခေတ်အဆက်ဆက်က.စိုက်ပျိုးရေးပညာရှင်ကြီးတွေ ပြောခဲ့တာတွေ
ကလည်း မနည်းတော့ဘူး..အလုပ်ရုံဆွေးနွေးပွဲတွေဆိုတာကလည်းမရေမတွက်နှိုင်
..အသင်းအဖွဲ့ တွေဆိုတာကလည်း..ခေတ်အဆက်ဆက်ရှိခဲ့..မစိုက်မနေရ..မလုပ်
မနေရ ဆိုတဲ့လုပ်ပိုင်ခွင့်အာဏာတွေနဲ့ လည်းလုပ်ခဲ့ကြပြီးပြီ..ဘာ့ကြောင့်အောင်မြင်
မှုမရှိသေးတာလည်း..သိလား...

ခင်ဗျားတို့ ပြောတာတွေက..သူတို့ တွေအတွက် စီးပွားရေးတွက်ခြေကိုက်မှု မရှိလို့ 
..အကျိုးအမြတ်ပိုမရကြလို့  ပေါ့ဗျာ........။
2Like · ·