Thursday, April 24, 2014

" မျက်နှာကို သနပ်ခါးလိမ်းပေးရုံနဲ့ မပြီး..ပေါင်ကသေးကြောင်းလည်းပျောက်ဖို့ လို"


ယခင်က..တောင်သူလယ်သမားဆိုတာ..ဆိုရှယ်လစ်ရဲ့ သားကောင်...လယ်လုပ်သူ
သာ လယ်လုပ်ပိုင်ခွင့်ရှိရမည် ဆိုတဲ့...မူဝါဒနဲ့ အတူ...လယ်ယာမြေလုပ်ပိုင်ခွင့်တန်း
စီ..ဇယားအတိုင်း..သတ်မှတ်စည်းကမ်းအတိုင်းမလုပ်နှိုင်ရင်ဖယ်...လုပ်နှိုင်တဲ့သူကို
လယ်လုပ်ခွင့်ပေးခဲ့တဲ့ခေတ်..သတ်မှတ်စည်းကမ်းဆိုတာဘာလည်း..စိုက်ခိုင်းတဲ့မျိုး
ကိုသာ စိုက်..မှန်ကန်မှုမရှိတဲ့..လူကြီးကြိုက်..စံကွက်ရိတ်သိမ်းပွဲကထွက်လာတဲ့.အ
ထွက်နှုန်းအတိုင်း..မျိုး..၀မ်းစာ..အလေအလွင့်..နှုတ် ကျန်တဲ့စပါးအားလုံးကိုတာဝန်
ကျေ စပါး..သတ်မှတ်ဈေးမရောင်းမနေရ..မရောင်းနှိုင်ရင်လယ်ပြန်အပ်..ဟိုအထဲမှာ
ခဏသွားနေလိုက်...မိသားစုဆွေမျိုးတွေက မနေနှိုင်ရင်..အပြင်ကစပါးလိုက်ဝယ်ပြီး
တာဝန်ကျေရောင်းလိုက်မှအိမ်ပြန်လို့ ရ..မလုပ်နှိုင်သူဖယ်.လုပ်နှိုင်တယ်ဆိုတဲ့သူကို
တန်းစီ ထားပြီးသား....

အဲဒီတုန်းက..ခင်ဗျားတို့ ..လယ်ယာမြေပိုင်ဆိုင်ခွင့်ဆိုတာ..ရှိခဲ့လား..ပြောရဲလား...
စပါးကိုကြိုက်ဈေးရမှရောင်းမယ်လုပ်လို့ ရလား....စားစရာဝမ်းစာတောင်မကျန်ခဲ့ပေ
မယ့်..အော်ရဲခဲ့ကြလား..အဲဒီလောက်...လယ်သမားဆိုတာ..ခံသမားဖြစ်နေရတဲ့အ
ချိန်မှာတောင်..မှန်ကန်မှုမရှိတဲ့စံကွက်ရိတ်တာကိုလက်ခံ...မဖြစ်နှိုင်တဲ့အထွက်နှုန်း
နဲ့ တာဝန်ကျေစပါးအတွက် လိုတာကိုပြင်ပက၀ယ်ချ....နိုင်ငံတော်ကပေးတဲ့...မဖြစ်
နှိုင်တဲ့..အထွက်နှုန်းဆုတွေတက်ယူ...သူကိုယ်တိုင်လည်းမဖြစ်နှိုင်တဲ့ အထွက်နှုန်း
ကြောင့်..သွပ်မိုးအိမ်ကနေ ဓနိမိုးခဲ့ရ...သစ်အိမ်ကနေ ၀ါးအိမ်ဖြစ်ခဲ့ရ...သူ့ ကြောင့်.
ကျန်တဲ့အနီးနားက...လယ်သမားတွေပါ မတတ်နှိုင်တော့လို့ လယ်ပြန်အပ်ခဲ့ကြရ.
အဲဒီလို..လယ်သမားမျိုးတွေလည်း..ခင်ဗျားတို့ လယ်သမားတွေထဲမှာ ရှိခဲ့တယ်ဆို
တာ..ခင်ဗျားတို့ အသိ....အဲဒီအချိန်က ခင်ဗျားတို့ ကိုမြှောက်စားခဲ့ကြတာတော့ရှိခဲ
ပါတယ်...ကျေးဇူးရှင်တောင်သူဦးကြီးများ တဲ့.မှန်ပါတယ်ခင်ဗျားတို့  ကသာခံရတာ
စားသုံးသူတွေကတော့...ဆန်တစ်ပြီ ၁ိ/၂၅ါး နဲ့ စားခဲ့ရပါတယ်..ဆန်မကောင်းတာ
ကောင်းတာတွေ..အဲဒါတွေရေးနေလို့ ကတော့..တစ်ထောင့်တစ်ည ကြာသွားမယ်
ကျွန်တော့်ရေးသားတင်ပြတဲ့ ရည်ရွယ်ချက်လွဲသွားမှာစိုးလို့ ပါ...

ဆိုရှယ်လစ်ရဲ့ နောက်ပိုင်း..ဆန်စပါးရောင်းဝယ်မှု လွတ်လပ်ခွင့်တွေရလာခဲ့ပါတယ်
ပုဂ္ဂလိကလုပ်ငန်းရှင်များကို ပြည်ပသို့ ဆန်တင်ပို့ ရောင်းချ ခွင့်ပြုခဲ့တဲ့အတွက်..စပါး
ဈေးနှုန်းလည်း ယခင်ထက်ကောင်းလာခဲ့ပါတယ်..တောင်သူလယ်သမားများကိုကူ
ညီထောက်ပံ့နှိုင်ဖို့ တဲ့.အထူးပြု ကုမ္မဏီများဆိုတာကိုဖွဲ့ စည်းစေခဲ့ပါတယ်..ရည်ရွယ်
ချက်အတိုင်း..အမှန်လယ်ယာကဏ္ဍအတွက်..တောင်သူအတွက်လုပ်တဲ့ကုမ္မဏီ ဆို
တာက..ကုမ္မဏီပေါင်း လေးဆယ်ကျော်မှာ.လက်ဆယ်ချောင်းတော့မပြောနဲ့ .လက်
ငါးချောင်းထောင်ပြလောက်အောင်မရှိခဲ့ပါဘူး..မိမိတို့ တင်သွင်းတဲ့စက်ကရိယာ.သွင်း
အားစုရောင်းရရေးနဲ့ ..နိုင်ငံတော်ကပံ့ပိုးပေးတဲ့ ဓါတ်မြေသြဇာများကိုပြင်ပရောင်းစား
အမြတ်ရှာကြတဲ့..ကုမ္မဏီတွေကသာများပါတယ်..အဲဒီလို..မမှန်ကန်တဲ့..လုပ်ရပ်များ
ကြောင့်..တောင်သူလယ်သမားတွေဟာ..နိုင်ငံတော်ရဲ့..အပြောတွေပေါ်မှာ..ရနိုးနိုး
နဲ့ ...အမှန်တကယ်ထိရောက်တဲ့ထောက်ပံ့မှုတွေမရကြဘဲ...ကိုယ့်အားကိုယ်ကိုးချင်
စိတ်တွေ ရော့နည်းလာမှုကသာ အဖတ်တင်ကျန်ခဲ့ပါတယ်...လိုအပ်မှုတွေကိုတောင်း
ဆိုတာတွေကသာများလာနေပါတယ်...

ယနေ့ အခြေအနေ...လယ်ယာမြေပိုင်ဆိုင်ခွင့်တွေရနေပြီ...လိုအပ်ရင်ပေါင်နှံခြင်း..
ရောင်းချခြင်းဆိုတာတွေကိုတရားဝင်လုပ်လို့ ရပြီ..အမွေဆက်ခံပိုင်ခွင့်တွေရနေပြီ..
ကိုယ့်အတွက်စီးပွားရေးတွက်ခြေကိုက်မယ့်..မျိုးတွေ စိုက်ချင်တာစိုက်လို့ ရနေပြီ..
လိုအပ်ရင်..သီးနှံပြောင်းလည်းစိုက်ပျိုးခွင့်တွေရတော့မယ်...ကိုယ့်လယ်..ကိုယ်လုပ်
ကိုယ့်စီးပွားကိုယ်ရှာတာ..လွတ်လပ်စွာလုပ်လို့ ရနေပြီ..ဒါပေမယ့် တောင်းဆိုမှုတွေ
က..မရော့ကြသေးဘူး..တစ်ခါလာလည်းငွေချေးပေးဖို့ ..ဟုတ်ပါပြီ ချေးပေးတဲ့ငွေ
တွေကို ခင်ဗျားတို့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာထည့်သုံးရင်..အကျိုးအမြတ်ပိုရှိမယ်.
မရှိဘူးဆို တွက်ပြီးမှချေးယူကြတာလား..တွက်ချေမကိုက်မှန်းသိလည်းရသ၍ယူနေ
ကြတာဘဲ..ဆိုင်ကယ်ဝယ်စီး..ဓါတ်ဆီဖိုး..ပြင်ဆင်ခ..နောက်ကလိုက်ကုန်..ဖုံးဝယ်
ဟန်းစက်ဘိုးနဲ့ ..ငွေကဒ်ဖိုးက..နောက်ကလိုက်လာတယ်..မြို့ ရောက်ရင်စည်ဘီ
ယာလေးကလည်း..ရေငတ်ပြေဖို့ ...EVD..DVD ..ဒါလေးတွေနဲ့ မှမြန်မာကားလေး
တွေကြည့်..ဒါလောက်တော့အပမ်းဖြေချင်တာပေါ့..လျှပ်စစ်မီးမရှိတော့..ဘက္ထရီအိုး
ဘိုး..လယ်ယာသုံးအင်ဂျင်လေးတွေကရှိနေတာ့..မီးစက်မောင်း..ဆီဘိုးကနောက်က
လိုက်လာ..မိန်းမက..ကင်ဆာတဲ့..ကျန်းမာရေးမဖြစ်မနေစရိတ်..သားသမီးတွေက
ဆယ်တန်းအောင်တော့..တက္ကသိုလ်က တက်ချင်တော့..ကုန်ကျမယ့်စရိတ်တွေက
မနည်း....ပြည့်စုံစေချင်ပါတယ်..ခင်ဗျားတို့ ကို..အမှန်တကယ်ပြည့်စုံစေချင်ပါတယ်
ဒါပေမယ့်..ဒီလိုမပြည့်စုံမှုတွေကတော့..ခင်ဗျားတို့ လယ်သမားလူတန်းစားတင်မ
ထင်ပါနဲ့ ..အများကြီးရှိနေကြပါတယ်..ဒါတွေကိုပြည့်စုံစေချင်လို့ ဆိုပြီးတောင်းဆိုနေ
လို့ တော့ဘယ်ဖြစ်ပါ့မလည်း...ခင်ဗျားတို့ လည်း..ကိုယ့်လယ်ယာမြေပိုင်ဆိုင်မှုတွေ
နဲ့ ကိုယ့်စီးပွားကိုယ်ရှာကြတဲ့ခေတ်ရောက်နေပြီလေ..ကိုယ်ကြိုက်ဈေးရမှရောင်းလို့ 
ရနေကြပြီလေ...ကြိုးစားလုပ်ကြဖို့ လိုအပ်လာပြီလေ....

ဒါပေမယ်ဗျာ..ခင်ဗျားတို့ တောင်းဆိုသင့်တာတွေရှိနေပါတယ်...နိုင်ငံတော်ကလည်း
လုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်...လယ်ယာမြေတွေမှာ..ကုန်ထုတ်လမ်း...
ရေးသွင်းရေထုတ် မြောင်းတွေလုပ်ပေးဖို့ ပါ.ကုန်ထုတ်လမ်းတွေဖေါ်ထုတ်ရင်.လမ်း
ဘေးက..ရေမြောင်းတူးပြီးသားဖြစ်လာပါမယ်..ကုန်ထုတ်လမ်းတွေကြောင့်..ခင်ဗျား
တို့ လယ်ထဲကို..သွင်းအားစုပစ္စည်းတွေ..သယ်ဆောင်ရတာ..ကုန်ချောတွေပြန်ထုတ်
ရတာ..စရိတ်တွေအများကြီးသက်သာသွားပါမယ်..လယ်တွေမှာ..ရေလိုအပ်မှုရှိတာ
တွေရေကြီးနစ်မြုတ်တာတွေ..သက်သာသွားမယ်..ခင်ဗျားတို့ ကိုငွေတွေချေး..အဲဒီ
ငွေတွေနဲ့ ..လုပ်လို့ တော့ဘယ်ဖြစ်မလည်း...ခင်ဗျားတို့ တစ်သက်လုံးတောင်နလံ
ထူမှာ မဟုတ်ဘူး...နောက်တစ်ခု...ခင်ဗျားတို့ စိုက်ပျိုးထွက်ရှိတဲ့ သီးနှံများနဲ့ စီပွားရှာ
နေကြတဲ့ စီးပွားဖက်တွေ..ခင်ဗျားတို့ ကို..လယ်ယာသုံးပစ္စည်းတွေ..သွင်းအားစုတွေ
ရောင်းချ..စီးပွားရှာနေကြသူတွေ..သူတို့ ကိုလည်းခင်ဗျားတို့ တောင်းဆိုကြရမယ်..
သူတို့ ရောင်းချလာတဲ့ပစ္စည်းတွေကို..ခင်ဗျားတို့ လုပ်ငန်းတွေမှာသုံးရင်..စီးပွားရေး
တွက်ချေကိုက်မှု ရှိပါမယ်ဆိုတဲ့..အာမခံချက်တွေ..ထွက်လာတဲ့သီးနှံကိုဈေးသတ်
မှတ်ဝယ်ယူပေးပါမယ်ဆိုတဲ့အာမခံချက်တွေ..အဲ့ဒီအာမခံချက်တွေကိုခိုင်မာအောင်
တာဝန်ယူပေးဖို့ ဆိုတာတွေတောင်းဆိုကြရမယ်..ခင်ဗျားတို့ က..ချေးငွေရရင်ပြီးရော
ကြွေးရရင်ပြီးရော..ရသမျှယူ..အကျိုးအမြတ်ရှိမလာတော့မှ..အော်ကြ..ခင်ဗျားတို့ 
ဘက်ကလည်း ပြင်ရမှာတွေအများကြီးရှိနေတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်

ကျွန်တော်..တောင်သူလယ်သမားဖက်က..အဓိကနေပြီး..လယ်ယာကဏ္ဍဖွံ့ ဖြိုးလာ
စေဖို့ ..တောင်သူလယ်သမားတို့ ဘ၀တိုးတက်လာစေဖို့ ဆိုတာကို..ကျွန်တော့်အ
တွေ့ အကြုံ..ကျွန်တော့်အမြင်များနဲ့ တင်ပြနေတာပါ..မကြိုက်ရင်လည်းမတတ်နှိုင်
ဘူး..မရေးရုံဘဲ..လက်ညောင်းသက်သာ..ခေါင်းပူတာတောင်သက်သာသေးတယ်
ကျွန်တော်အနေနဲ့ ..ခင်ဗျားတို့ အကုန်မှန်နေပါတယ်လို့ တော့မရေးနှိုင်ပါ..ခင်ဗျား
တို့ ကိုဖင်မရေးပြီး..မဲဆွယ်..နေရာယူမယ့်သူလည်းမဟုတ်ပါ..အမှန်ကိုတော့အ
မှန်အတိုင်းသားရေးသားတင်ပြသွားမည်ဖြစ်ကြောင်းပါ.....


"ဂျာအေးကိုသူ့ အမေရိုက်..မုံ့ လုံးစက္ကူကပ်..ပလ္လင်ပေါ်ကမျောက်ကဆင်းလိုက် တက်လိုက်"


ယခုရက်ပိုင်း....ဆန်စပါးလုပ်ငန်းရှင်တွေ...ဆန်စက်ပိုင်တွေ...လယ်ယာလုပ်ငန်းရှင်တွေ
စီးပွားရေးလုပ်ငန်းရှင်တွေ....နဲ့ စကားပြောဖြစ်တဲ့အခါတိုင်း....လုပ်သားရှားပါးလာမှုတွေ
က..မပါမဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်လာနေပါတယ်...သူ့ တို့ ရဲ့ လုပ်ငန်းအသီးသီး
တွေမှာ...တွေ့ ကြုံနေရတဲ့...လုပ်သားရှားပါးလာရတဲ့..အကြောင်းအမျိုးမျိုးတွေလည်း..သိ
ခွင့်ရခဲ့ပါတယ်....

မိမိနေထိုင်ရာအရပ်ဒေသတွေမှာ...ရတဲ့လုပ်ခတွေထက်သာတဲ့..ပြည်တွင်းက..နေရာဒေ
သတွေ..ပြည်ပနိုင်ငံတွေကို..သွားရောက်လုပ်ကိုင်ကြတဲ့သူကများ လာတာကြောင့်ဆိုတဲ့
အဖြေတခုတော့...စဉ်းစားမိလိုက်ပါတယ်...မိမိအရပ်ဒေသမှာ...သူတို့ လုပ်ကိုင်နှိုင်ကြဖို့ 
ဘာလိုနေလည်းဆိုတော့...ဒေသအသီသီးက..လယ်ယာကဏ္ဍအပါအ၀င်လုပ်ငန်းရှင်တို့ 
အနေနဲ့ ...ကလည်း..လုပ်သားများကို...တနှစ်ပါတ်လည်အလုပ်ပေးထားနှိုင်ခြင်းမရှိတာပါ
ဆန် နဲ့ ပဲအမျိုးမျိုး ရောင်းဝယ်နေကြတဲ့ပွဲရုံများ...လုပ်ငန်းရှင်များအနေဖြင့်..ရာသီချိန်.သီးနှံ
ပေါ်ချိန်မှာသာ အဓိကအရောင်းအ၀ယ်ဖြစ်ကြလို့ လုပ်သားများများလိုအပ်ကြသလို..လုပ်
သားများအနေဖြင့်လည်း ပင်ပမ်းကြပေမယ့်..၀င်ငွေကောင်းခဲ့ကြပါတယ်..ယခင်ကတော့
လုပ်သားများအနေနဲ့ ...ရာသီချိန်မှာရခဲ့တဲ့ဝင်ငွေက...အလုပ်ပါးချိန်မှာ လုံလောက်ခဲ့ကြပါ
တယ်...လယ်ယာစိုက်ပျိုးရေးအချိန်မှာလည်း ၀င်ရောက်လုပ်ကိုင်နှိုင်ခဲ့ကြပါတယ်..ယခုအ
ခါမှာတော့...ဖြစ်ပေါ်လာတဲ့ကုန်းဈေးနှုန်း..ယခင်ကမရှိခဲ့သောစရိတ်များ( ဥပမာ..ကျန်းမာ
ရေး..၁၅၀၀ိ တန်ဖုံး ငွေကဒ်စသည် ) ကလည်း...၀င်ငွေနှင့်မကာမိသော သုံးငွေများဖြစ်
လာခဲ့ပါတယ်...လုပ်ငန်းတိုင်းမှာတော့...ရာသီချိန်အလုပ်ကောင်းချိန်ကလွဲပြီး...လုပ်သား
များအတွက်....လုံလောက်တဲ့ငွေကြေးမပေးနှိုင်ကြတဲ့အတွက်...လုပ်သားများကိုရေရှည်
ထိမ်း မထားနှိုင်ကြတော့ပါဘူး.....

ယခုလ ဆိုရင်နိုင်ငံတော်ဝန်ထမ်းများကို...လစာတိုးပေးလိုက်ပြီ..ပုဂ္ဂလိကလုပ်ငန်းရှင်တွေ
စက်ရုံအလုပ်ရုံပိုင်ရှင်တွေကရောဘာလုပ်ကြမှလည်း..လျှပ်စစ်မီတာခတက်...၀န်ထမ်းလ
စာတိုးပေး..အခွန်တွေကရှောင်လွှဲလို့ မရတော့...ကုန်ပစ္စည်းထုတ်လုပ်မှုကုန်ကျ စရိတ်က
တိုး.ဈေးတင်ရောင်း...ကုန်ဈေးနှုန်းတွေတက်...ဈေးနှုန်းတင်ရောင်းလို့ မရတော့..လုပ်ငန်း
တွေလျှော့..အလုပ်လက်မဲ့တွေထပ်ဖြစ်..နောက်ဆုံး...ပြည်ပမှာ အိမ်ဖေါ်တွေ..အလုပ်သ
မားတွေအဖြစ်နဲ့ သာ.....

အဓိက.....လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ...လယ်ယာလုပ်သားရှားပါးလာမှုပါ...ယခင်က
လယ်ယာလုပ်သားတစ်ဦးဟာ.....လယ်ယာစတင်ချိန်ကစလို့ ....လယ်ယာရိတ်သိမ်းပြီး
တဲ့အချိန်အထိ..စပါး တင်း ၅၀ ရပါတယ်....ယနေ့ စပါးဈေး ၃ သိန်းနဲ့  တွက်ရင်တော့
စပါးရာသီတစ်ခုကို ၁၅၀၀၀၀ိ/-ပေါ့ဗျာ....ဒါပေမယ့်စာရင်းငှားလို့ ခေါ်တဲ့ လယ်ယာလုပ်
သားတွေအနေနဲ့ ..မိုးတွင်းမှာသုံးနှိုင်ဖို့ ကြိုရောင်းရင်..နှစ်သိန်းဈေးနဲ့ ဆိုတော့.တစ်သိန်း
သာရတာပေါ့ဗျာ..ဘယ်လောက်မလည်း..မလောက်တော့..ပိုရနှိုင်တဲ့နေရာတွေကိုသွား
ပြီးအလုပ်..လုပ်ကြတာပေါ့...

လယ်ယာလုပ်သားရှားပါးလာမှုကြောင့် ....စက်မှုလယ်ယာဖြစ်ဖို့ လိုတယ်ဆိုတဲ့ အပြော
တွေကရော...ပြောနေရုံနဲ့ ပြီးပါ့မလား...လယ်ယာလုပ်ငန်းဆိုတာ...အထွက်တွေတိုး...
စက်မှုလယ်ယာကြီးဖြစ်လာဖို့ လွယ်ပါ့မလား...စီးပွားရေးတွက်ချေကိုက်ဖို့ ကလည်းလိုပါ
တယ်..စရိတ်အများကြီးကျခံပြီးစီးပွားရေး.တွက်ချေကိုက်မယ်သာဆိုရင်...လယ်ယာလုပ်
သားတွေလုံလောက်နှိုင်တဲ့လုပ်ခတွေသာပေးလိုက်ပါ..လယ်ယာလုပ်သားဆိုတာတခြား
တနေရာကိုဘယ်သွားပြီးလုပ်ပါ့မလည်း..မျိုးကောင်းမျိုးသန့် တွေပြောင်းစိုက်လို့ ..ခေတ်
မှီနည်းနစ်တွေနဲ့ စိုက်လို့ ..တိုးထွက်လာမယ့်အထွက်နှုန်းတွေက..ပိုပြီးကုန်ကျလာမယ့်
စရိတ်တွေကို..ကာမိလာမှာလားဆိုတာ..အမှန်တကယ်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင်
ကတောင်သူလယ်သမားတွေနဲ့  အဖြေရှာပြီးကြပြီလား..အကျိုးအမြတ်ပိုရလာနှိုင်မယ်
ဆိုတဲ့..အာမခံချက်တွေပေးနှိုင်ကြပြီလား...

ယနေ့ လယ်ယာကဏ္ဍမှာ စရိတ်လျှော့ချလုပ်နေရတဲ့အတွက်..ထွန်ယက်သင့်သလောက်
မထွန်ကြတော့ဘူး..ရေလိုအပ်မှု..ရေနစ်မြုတ်မှုတွေအတွက်..မလုပ်နှိုင်ကြဘူး..ရာသီဥတု
ကပေးတဲ့အခွင့်အရေးပေါ်မူတည်လုပ်နေကြရတယ်..ရာသီဥတုကလည်းအရင်လိုမမှန်
တော့ဘူး..ကောက်စိုက်လုပ်သားရှားပါးမှု..လုပ်ခမြင့်တက်မှုကြောင့် ကြဲပက်စိုက်ပျိုးတာ
တွေများလာနေပြီ..အထွက်တွေတိုးလာဖို့ ထား..လျော့ကျနေပြီ...အခြေအနေမှန်တွေကို
မြင်အောင်မကြည့်...ငွေချေးတာတစ်ခုဘဲလုပ်နေကြ...စီးပွားရေးတွက်ခြေကိုက်မှု မရှိမှ
တော့..ချေးထားတဲ့ငွေဘယ်လိုပြန်ဆပ်ကြမှာလည်း..

ပြောသာပြောရ..ရေးသာရေးရ...တောင်သူတွေဘက်က မမှန်တာတွေကလည်းအများ
ကြီးရှိနေပါတယ်...သူတို့ ဘက်က လိုအပ်နေမှုတွေကိုလည်းရေးရပါဦးမယ်.....

ကျွန်တော့်မှာလည်း..လယ်ယာကဏ္ဍနဲ့ ပါတ်သက်ပြီး..ရေးရတာ..စာရိုက်ရတာ..လက်
တွေတောင် တိုကုန်တော့မယ်.....ရေးရတာလည်း..." ဂျာအေး သူ့ အမေရိုက်...မုံ့ လုံး
စက္ကူ ကပ်".ဖြစ်နေပြီ..အဲ..ပလ္လင်ပေါ်ကိုဆင်းလိုက် တက်လိုက် ကတော့ကျွန်တော်နဲ့ မ
ဆိုင်ကြောင်းပါခင်ဗျား........။



Saturday, April 19, 2014

မိသားစုသုံး...ဆီကြိတ်စက်






















မိသားစုအတွက် ဆီကြိတ်စက်
တိုးတက်လာသော ခေတ်ကြီးတွင် တနေ့တခြား ရောဂါဘယများ ပေါများလာသည်မှာ အလွန်ပင်စိုးရိမ်စရာ ဖြစ်ပါသည်။
၎င်းတို့ထဲမှ လူကြီးမင်းတို့ နေ့စဉ်စားသုံးနေသော စားသုံးဆီများထဲတွင် စားအုံးဆီ မြောင်းဆီ အကြော်ခံဆီ ပြည့်ဝဆီ ဓါတုဗေဒရောနှောထားသောဆီစသည့်ီ များကြောင့် ရောဂါမျိုးစုံ ဖြစ်ပွားနေကြောင်းကို သတင်းစာများ ရုပ်မြင်သံကြားများတွင် နေ့စဉ်မြင်နေ ကြားသိနေရပါသည်။
၎င်းပြသနာများအတွက် အကောင်းဆုံ်း ဖြေရှင်းနည်းမှာ မိမိစားသုံးမည့်ဆီကို ဈေးသက်သာဆုံး နည်းလမ်းဖြင့် ကိုယ်တိုင်ထုတ်ယူ သုံးစွဲခြင်း ဖြစ်ပါသည်။
လူကြီးမင်းတို့ရာနူံးပြည့် ယုံကြည်စိတ်ချရသော ဆီကိုကိုယ်တိုင် ထုတ်ယူသုံးစွဲနိုင်ရန် ကျွန်တော်များ(PPT Group) မှ တင်သွင်းဖြန့်ချီသော (Best Oil Machine) ဆီကြိတ်စက်ကို အသက်သာဆုံးဈေးဖြင့် ဖြန့်ချီလိုက်ပါသည်။
ဆီကြိတ်စက်မှာ Model နှစ်မျိုးရှိပြီး တမျိုးမှာ Digital အမျိုးအစားဖြစ်ပါသည်။
ဆက်သွယ်စုံစမ်းရန် လိပ်စာ
ဦးဝင်းအောင် ၀၉-၄၀၀၄၃၂၉၉၃
၀၉-၂၅၉၁၁၄၇၅၅
ဦးအောင်ကို ၀၉-၄၀၂၆၂၄၉၀၅






Sunday, April 13, 2014

မြန်မာ့လယ်ယာကဏ္ဍ နှင့် မျိုးဆက်သစ် တောင်သူလယ်သမားကဏ္ဍ

ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမား များ၏ မျိုးဆက်သစ်များ
အခြေအနေကို တင်ပြလိုပါ၏။
ယခုခေတ်တွင် မိဘများအနေဖြင့် သားသမီးများ၏ ပညာရေးကို ဦးစားပေး
လုပ်ဆောင်လာကြ၏။အလွန်ကောင်းမွန်ပါ၏။ကျေးလက်နေတောင်သူလယ်
သမားမိဘများ..မိမိတို့ သားသမီးများကို လယ်ယာလုပ်ငန်း၏ပင်ပမ်းဆင်းရဲ
မှုမှ လွတ်မြောက်ရန် ပညာရေးကို ဦးစားပေးသင်ကြားစေ၏။ယခင်ကကျေး
လက်ဒေသများ.. တရွာတွင် ဘွဲ့ ရပညာတတ် မရှိသလောက်ရှား၏။ယခုဘွဲ့ 
ရပညာတတ်များ..ပေါများလာ၏။ယခင်က ဆယ်တန်းမအောင်လျှင် မိဘ
လယ်ယာလုပ်ငန်းခွင်တွင်..မိရိုးဖလာအလုပ်ကိုလုပ်ကြ၏။ယခုကျေးရွာများ
တွင် ဘွဲ့ ရသူများက..မိန်းကလေးများ ကျောင်းဆရာမလုပ်ကြ၏။ယောက်ျား
လေးများ.အစိုးရဌာနများ..ကုမ္ပဏီများတွင်လုပ်ကြ၏။ပြည်ပသွားရောက်လုပ် ကြ၏။လယ်ယာလုပ်သားများ..ရွာအခေါ်စာရင်းငှားလုပ်သူများဝင်ငွေပိုကောင်င်းသော မလေးရှားသို့ သွားရောက်အလုပ်လုပ်ကြ၏။ကောက်စိုက်သမများ
ပြည်ပသို့  အိမ်ဖေါ်သွားရောက် လုပ်ကိုင်နေကြပြီဖြစ်၏။ပြည်တွင်းစက်ရုံအ
လုပ်ရုံများတွင်သွားရောက်လုပ်ကိုင်နေကြ၏။လူငယ်များအနေဖြင့် ခေတ်မှီ
ဖွံ့ ဖြိုးတိုးတက်မှုကို ကြိုက်နှစ်သက်ကြ၏။တိုးတက်မှုမရှိသောကျေးလက်ဒေ
သများတွင်..နေထိုင်လုပ်ကိုင်လိုခြင်းမရှိကြ.. မြို့ ကြီးများတွင်သာနေထိုင်လုပ်
ကိုင်လိုကြ၏။ကျေးလက်ဒေသဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် လုပ်သား..
အင်အား..ခေတ်မှီလယ်သမားများလိုအပ်နေ၏။
ဘွဲ့ ရ ပညာတတ်များ..လယ်ယာလုပ်သားများ..ကျေးလက်လယ်ယာစိုက်ပျိုး
ရေး လုပ်ငန်များတွင် စိတ်ဝင်စားလာစေရန်..လုပ်ချင်လာစေရန်..စီမံဆောင်
ရွက်ပေးကြရန်လိုအပ်နေပြီဖြစ်၏။ကျေးလက်ဒေသများ ဖွံ့ ဖြိုးတိုးတက်ရေး
ကိုအမြန်ဆုံးဆောင်ရွက်သင့်၏။လမ်းပန်းဆက်သွယ်ရေးကိုအဓိကထားပြု
လုပ်ပေးသင့်၏။လျှပ်စစ်မီးသုံးစွဲနှိင်အောင်စီစဉ်ပေးသင့်၏။မြို့ နေလူတန်းစား
များ ကဲ့သို့ အခွင့်အရေးခံစားရအောင် လုပ်ပေးသင့်၏။စက်မှုလယ်ယာစနစ်
သို့ ရောက်ရှိအောင်အမြန်ဆုံးဆောင်ရွက်သင့်၏။စိုက်ပျိုးထုတ်လုပ်သူတောင်
သူလယ်သမားများ၏သားသမီးများအား..ဆန်စပါးဈေးကွက်သို့ လက်တွဲခေါ်
ဆောင်သင့်၏။စိုက်ပျိုးထုတ်လုပ်သူများ..ပြည်ပသို့ တိုက်ရိုက်တင်ပို့ ရောင်း
ချနှိုင်ရေး..စီစဉ်ဆောင်ရွက်ပေးသင့်၏။သို့ မှသာ လယ်ယာမျိုးဆက်သစ်များ
လယ်ယာလုပ်ငန်များတွင် စိတ်ပါဝင်စားလာကြမည်ဖြစ်၏။ကျေးလက်တွင်နေ
ထိုင်လုပ်ကိုင်ကြရသည်ကို ပျော်ရွှင်လာကြမည်ဖြစ်၏။ဘွဲ့ ရ ပညာတတ်လူ
ငယ်များ လယ်ယာလုပ်ငန်းများတွင်အများအပြားဝင်ရောက် လုပ်ကိုင်လာပါ
က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလည်း ခေတ်မှီဖွံ့ ဖြိုးတိုးတက်လာမည်ဖြစ်၏။

" တောင်သူလယ်သမားတို့ ၏..သားသမီးများ..သို့ "

လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်စေဖို့ နဲ့ ...တောင်သူလယ်သမားတို့ ဘ၀ မြင့်မားလာ
ရေး...ဆိုတာတွေကိုလုပ်ဆောင်ကြတဲ့အခါမှာ..မျိုးဆက်သစ်လူငယ်တွေ..အထူးသ
ဖြင့်..တောင်သူလယ်သမားများရဲ့  သားသမီးတွေ..ပါဝင်လာဖို့ လိုအပ်နေပါပြီ..ကျွန်
တော်တို့ ..သူတို့ လေးတွေကို..လယ်ယာကဏ္ဍမှာစိတ်ဝင်စားလာအောင်စည်းရုံးကြ
ဖို့ လိုပါမယ်...

တောင်သူလယ်သမားတို့ ရဲ့ သားသမီးများဖြစ်တဲ့..သားတို့ .သမီးတို့ ကို ဦး အနေနဲ့ 
တင်ပြပါရစေ...ယခုလက်ရှိအခြေအနေမှာ..လယ်ယာလုပ်ငန်းဆိုတာ..ပြီးခဲ့တဲ့ခေတ်
အဆက်ဆက်နဲ့ မတူတော့ပါဘူး...မင်းတို့ တစ်တွေရဲ့  အဘိုး.အဖွား..မိဘများလက်
ထက်က..လယ်ယာမြေကိုပိုင်ဆိုင်ခွင့်ဆိုတာ..မရခဲ့ကြပါဘူး..လယ်လုပ်သူက.လယ်
လုပ်ပိုင်ခွင့်ရှိရမည် ဆိုပြီး..သတ်မှတ်သီးနှံကိုသာစိုက်ပျိုးခွင့်ရခဲ့တာ..မရောင်းမနေ
သတ်မှတ်ဈေးတွေနဲ့ ရောင်းခဲ့ရတာ..မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုလို့ ပြောရဖို့ 
တောင် ခက်ပါတယ်..လွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်တွေမရခဲ့ပါဘူး...

ယနေ့ အချိန်အခါမှာ..လယ်ယာမြေဆိုတာတွေပိုင်ဆိုင်ခွင့်တွေရပြီ..လိုအပ်ရင်ပေါင်
နှံလို့ ရပြီ...တရားဝင်ရောင်းချပိုင်ခွင့်တွေ...လွှဲပြောင်းပေးအပ်တာတွေလုပ်လို့ ရလာ
ပါပြီ..မိမိတို့ အတွက်..စီးပွားရေးတွက်ခြေကိုက်မယ့် သီးနှံများကိုလည်းလွတ်လပ်စွာ
ပြောင်းလည်းစိုက်ပျိုးလို့ ရတော့မှာ..ဒါဆိုရင်..မင်းတို့ လက်ထက်မှာ.ကိုယ်ပိုင်လယ်
ယာမြေတွေနဲ့ ..လွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ.မင်းတို့ လေးတွေ
လုပ်ငန်းရှင်တွေ ဖြစ်လာကြတော့မှာ.ပညာတွေသင်ပြီးလို့ အလုပ်လက်မဲ့တွေဖြစ်နေ
ကြလို့ တဲ့လား.ကုမ္မဏီတွေမှာ.ပြည်ပတွေမှာ.အလုပ် လုပ်ချင်ကြတာတဲ့လား.ကိုယ်
ပိုင် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တစ်ဦး အဖြစ်မရပ်တည်ချင်ကြဘူးလား.လယ်
လုပ်စားရတာ..မမိုက်ဘူးတဲ့လား..ဘိုးဘွား..မိဘတွေလုပ်လာတာ..ဘာမှဖြစ်မလာ
ဘူးတဲ့လား..မတူဘူး..လုံးဝမတူဘူး..သူတို့ လက်ထက်တွေမှာက..ပညာကနည်းရ
တဲ့ အထဲ..ကိုယ့်လယ်နဲ့ ကိုယ် သူများခိုင်းတာလုပ်ခဲ့ရတာ..သူများညာတာတွေခံခဲ့
ရတာ..ကြာလာတော့..ဘယ်တိုးတက်ပါတော့မလည်း...မင်းတို့ လေးတွေက ပညာ
တတ်တွေလေ...အမြင်ပိုရှိတယ်..သူတို့ ထက်တော့သာအောင်လုပ်နှိုင်တယ်..လုပ်
ချင်စိတ်ရှိဖို့ သာလိုတာ...မင်းတို့ ခေတ်မှာ..ခေတ်မှီလယ်ယာသုံးစက်ကရိယာတွေ.
ခေတ်မှီလူသုံးပစ္စည်းတွေ..ခေတ်မှီဆက်သွယ်ရေးပစ္စည်းတွေ..သုံးနေရပြီ..မင်းတို့ 
တွေက..သူတို့ တွေထက်..အခွင့်အများကြီးသာပါတယ်...

သားတို့ ..သမီးတို့ လို..ပညာတတ်လူငယ်တွေက..လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်
တွေ များများ..ဖြစ်လာမှ..စက်မှုလယ်ယာဆိုတာ...လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ဖို့ 
ဆိုတာတွေ..ဖြစ်လာမှာ...

ခေတ်မှီ..လူသုံးရုပ်ဝတ္ထုပစ္စည်းဆိုတာ.ကထုတ်လုပ်တာလွယ်ပါတယ်.မော်တော်ကား
လိုပစ္စည်းမျိုးတွေကိုတောင်..နာရီပိုင်း..မီးနစ်ပိုင်းအတွင်းမှာ..မရေတွက်နှိုင် ထုတ်လုပ်
နေကြတာ..မရတာကတော့..စားနပ်ရိက္ခာပါ..သီးနှံတစ်ခုကို..အခုစိုက်ပြီး..အခုစားသုံး
လို့ ရအောင်..လုပ်လို့ မရပါဘူး..ကမ္ဘာပေါ်မှာ တိုးလာတဲ့ လူဦးရေ..ဆုတ်ယုတ်လာတဲ့
စားနပ်ရိက္ခာ.ဒါတွေကိုကြည့်ရင်..စားသုံးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဆိုတာလုပ်
သင့်တဲ့..စီးပွားရေးလုပ်ငန်းဖြစ်သလို..ကုသိုလ်လည်းရ..၀မ်းလည်းဝတဲ့ လုပ်ငန်းတစ်
ရပ်ဖြစ်လာမှာလို့ ထင်ပါတယ်...

ကဲ...ဒါကတော့ ဦးရဲ့ အမြင်ပါ...သားတို့ ..သမီးတို့ ကတော့.လယ်ယာလုပ်ငန်းဆိုတာ
ဦးထက်ပိုပြီး..နီးစပ်ခဲ့ကြတာပါ..ဦးအနေနဲ့ ..သားတို့ သမီးတို့ .စဉ်းစားနှိုင်အောင်သာ
တင်ပြလိုက်ရတာပါ....အားလုံးကိုကျေးဇူးတင်ပါတယ်....................။

လိုအပ်မှုဆိုတာမဆုံးနှိုင်တဲ့..လယ်ယာကဏ္ဍ ။

ကျွန်တော်...ခင်မင်နေတဲ့မိတ်ဆွေတစ်ဦးကတဆင့် အကူအညီတောင်းလာလို့ 
ကုမ္မဏီတစ်ခုက ရောင်းတဲ့ သဘာဝမြေသြဇာ..နဲ့  အပင်အားဆေးတွေ..ကိုယ်
စားလှယ်လုပ်ခဲ့ဘူးပါတယ်..သိပ်ကြာကြာမခံလိုက်ပါဘူး..ကျေးရွာတွေဆင်းပြီး
ပစ္စည်းကြော်ငြာတဲ့ပွဲတွေ..ကျွန်တော်တောင်သူတွေ ဖိတ်ပြီး နေရာတော်တော်
များများ မှာစီစဉ်ပေးခဲ့ပါတယ်..

စိုက်ပျိုးရေးက...အငြိမ်းစား ပညာရှင်ကြီးတွေ..ကုမ္မဏီကမန်နေဂျာအဆင့်ဆင့်
တွေ..ပရိုဂျက်တာနဲ့ .သူတို့ ပစ္စည်းများသုံးလို့  အောင်မြင်နေကြတဲ့.လယ်သမား
ကြီးတွေနဲ့ တွေ့ ဆုံခန်းတွေလည်းပါတယ်ဗျ..ထုံးစံအတိုင်းပေါ့..ပြလည်းပြ.ပြော
လည်းပြောကြတာ..ကျွန်တော့်ကို ဒီမြို့ ကကိုယ်စားလှယ်အနေနဲ့ ပြောပါတဲ့..အဲ
ဒီကစပြီးမိတ်ပျက်တာ....

ကျွန်တော် တောင်သူတွေကို ဆန်စပါး ဈေးကွက်တွေအကြောင်း..ရလာနှိုင်တဲ့
စပါးဈေးကွက်..အပေါ်မူတည်ပြီး..သွင်းအားစုများကိုသုံးရန်လိုကြောင်း..ပစ္စည်း
များကောင်းတာမှန်ပေမယ့်..မိမိ တို့ စိုက်ပျိုးမှုမှာစီးပွားရေးတွက်ချေကိုက်ဖို့ က
သာ အဓိကဖြစ်ကြောင်း..ချင့်ချိန်သုံးစွဲကြရန်လိုကြောင်းပြောခဲ့ပါတယ်..ကုမ္မဏီ
ကတော့ ဘယ်ကြိုက်မလည်း..မကြိုက်လည်းနေ..ကြွေးတောင်းမရတော့ကိုယ့်
တာဝန်..သုံးတဲ့ပစ္စည်းတန်ဘိုးတွေ..ကုန်ကျစရိတ်တွေနဲ့ ...တွက်ချေမကိုက်ရင်
ဘယ်သူကဆပ်မှာလည်း...ဒါတောင် ထိုက်သင့်သလောက်တော့ခံလိုက်ရသေး
တယ်..

ကျွန်တော်က..သူတို့ ကိုပြောပြပါတယ်..ကိုယ့်ပစ္စည်းတွေကလည်းကောင်းနေ
တာ မှန်နေတာဘဲ..ကျေးရွာအုပ်စုတွေမှာ...စံပြစိုက်ကွင်းတွေလုပ်ပြဖို့ ..ကိုယ့်
ပစ္စည်း ကိုသုံးလို့  အထွက်တွေတိုးမယ်..၀င်ငွေတွေတိုးမယ်...ဆိုရင်ကြော်ငြာ
ခတွေ.. ဗီနိုင်းဘိုးတွေ...အခြားကုန်ကျစရိတ်တွေတောင် ကုန်စရာမလိုဘူး.အ
တင်းတောင် လိုက်ဝယ်ကြဦးမှဆိုတော့..အင်းမလုပ်..အဲမလုပ်.................

သဘာဝမြေသြဇာ..ကျွန်တော့်လယ်မှာ တစ်ဧကတည်းကို အိတ် ၂၀ တောင်
သုံးကြည့်ဘူးတယ်..မြေသြဇာမကောင်းတာမဟုတ်ဘူး..လယ်တွေကမြေတွေ
အတော်ပျက်နေပြီ.ဘာမှပိုထူးမလာဘူး.အပင်တွေကသိပ်မရှိတော့..သစ်ရွက
မှိုက်ကမရ..ပလပ်စတစ်အမှိုက်ကသာ တိုးလာနေတာ.နွားချေး ဆိုတာတော့
မပြောနဲ့ ..နွားတောင်သိပ်မတွေ့ ရတော့ဘူး.သဘာဝမြေသြဇာလိုသလောက်
သုံးပါပြီတဲ့.အထွက်တွေကလည်းတိုးလာပြီတဲ့..ပိုကုန်တာနဲ့ .ပိုရတာက.ကိုက်
ပါဦးမှ...တောင်သူတစ်ဦးကပြောဘူးတယ်..သူ့ လယ်မှာဓါတ်မြေသြဇာ လိုသ
လောက်မသုံးနှိုင်ဘူးတဲ့..ပိုသုံးရင်ပိုထွက်မှန်းသိပါတယ်တဲ့..ကိုယ့်အတွက်ပိုမ
ထူးတော့လည်းသုံးမနေတော့တာတဲ့...

ယနေ့ ..မြေသြဇာကုမ္မဏီတွေ..အပြိုင်တင်သွင်းရောင်းချလာကြတော့.ပစ္စည်း
တွေက..ကောင်းလာပါတယ်..မှန်လာပါတယ်..ဒါပေမယ့်..ကျွန်တော်တို့ နိုင်ငံ
ကမြေတွေက ပျက်စီးနေတာ များတော့..မြေသြဇာ အရည်အသွေးက.မလိုက်
နှိုင်ဘူးဖြစ်နေတာ..ဒါပေမယ့်လုပ်ရမှာ..မလုပ်လေ.ပိုဆိုးလေဖြစ်မှာစိုးပါတယ်.
တောင်သူလယ်သမားတွေလည်း စီးပွားရေးတွက်ချေကိုက်အောင်.မသုံးမဖြစ်
သုံးသင့်တဲ့ သဘာဝမြေသြဇာတွေလည်း..သုံးဖြစ်လာအောင်..လုပ်ကြပါဦးဗျာ။

လက်တွေ့ လုပ်နေကြသူတို့ တော့..ဘယ်လိုရင်ဆိုင်နေကြရတယ်ဆိုတာမသိပါ
ရေးနေတဲ့..ကျွန်တော်တော့..လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဆိုတာကိုစိတ်
ဝင်စားမိတာ..မှားနေပြီလားမသိ..ပိုသိလာလေ..ပိုပြီးစိတ်ပျက်စရာကောင်းလေ
ဖြစ်နေပါလားဗျာ..........။

အန်ကယ် ပိုးသတ်ဆေး..ပေါင်းသတ်ဆေးတွေအကြောင်းရေးပါဦးတဲ့။

" အန်ကယ် ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေ တဲ့လား "

ကျွန်တော်သိတာတွေ တင်ပြချင်ပါတယ် လယ်ယာကဏ္ဍနဲ့ ပါတ်သက်လာရင်ပေါ့
ကျွန်တော်က တင်ပြတယ် ..ကျွန်တော့်ကိုယ်တွေ့ ..အမှန်အတွေ့ အကြုံ..ဒါကိုတ
ချို့ က " ပုံပြင်လို့ မှတ်ရမှာပေါ့ "တဲ့လားဗျာ..ကျွန်တော်က..မလုပ်ရင်နေ လုပ်ခဲ့ရင်
ဘယ်တော့မှ မမေ့ ပျောက်ဘူး.ကျွန်တော်တစ်ခုပြောပြရဦးမယ်.မိတ်ဆွေတစ်ဦးနဲ့ 
ကိစ္စရပ်တစ်ခုဆွေးနွေးကြတယ်..ပြောကြတယ်..သူကမေးတယ်..ဘယ်ကသိတာ
လည်းတဲ့..သြော်..ဒုက္ခ ကျွန်တော်က သူ့ ဆီက ငှားဖတ်တဲ့စာအုပ်ထဲကသိတာ..။

ပိုးသတ်ဆေး..ပေါင်းသတ်ဆေး..အပင်အားဆေး..အသီးအားဆေး..အရွက်အား
ဆေး..ဆိုတာတွေက လွန်ခဲ့တဲ့ ခေတ်..ပြီးခဲ့တဲ့ ခေတ်မှာပိုပြီးခေတ်စားခဲ့တာပါ...
တင်သွင်းကြတဲ့စနစ်...အစ္စရေးလို စိုက်ပျိုးဆေးနဲ့ အားဆေးများ နာမည်ကြီးနိုင်ငံ
တွေက ပစ္စည်းတွေကို တရားဝင်..နိုင်ငံတော်ကိုတင်ပြ..ကျသင့်အခွန်များ.ဆောင်
ပြီး..တင်သွင်းမှုပြုခဲ့ကြပါတယ်..ဒါပေမယ့်..တင်သွင်းမှုကတော့ ၁၀% ခန့် ထက်
မပိုခဲ့ကြပါဘူး..ကျန် ၉၀% ကတော့..ပြည်ပနိုင်ငံတချို့ က..အဆိပ်ပြင်းလို့ ရောင်း
ချခွင့်မပြုလို့ ..စွန့်ပစ်ရန်ခက်ခဲနေတဲ့..စိုက်ပျိုးရေးသုံးဆေးဝါးများပါ..အောက်လမ်း
လို့ ခေါ်တဲ့..တရားမ၀င်နည်းလမ်းများနဲ့ တင်သွင်းခဲ့တာပါ..တရားဝင်သွင်းခဲ့တဲ့၁၀
% သော..ကျသင့်ငွေများအပေါ်မှာ..တောင်သူတို့ အတွက်..ရောင်းဈေးသတ်မှတ်
ခဲ့ကြတာပါ..ဒါဆိုရင် ၉၀% သောပစ္စည်များအတွက် ကုမ္မဏီတို့ ဘယ်လောက်အ
ကျိုးအမြတ် ရှိကြသလည်းဆိုရင်..မြို့ နယ် အရောင်းကိုယ်စားလှယ်တစ်ဦးဟာ...
ရောင်းချရငွေရဲ့  ၂၅% ကော်မရှင်ခံစားခွင့်ရပါတယ်..ဒါတင်မက..ကြွေးမှန်အောင်
ဆပ်နှိုင်ရင်..ဥရောပ ၄ နိုင်ငံအပါအ၀င်..ပြည်ပခရီးစဉ်များပို့ ပေးခြင်း..နဲ့ အခြားခံ
စားခွင့်များပါရခဲ့ကြတာပါ...သိကြမှာပါ..ကိုယ်စားလှယ်များဂုဏ်ပြုပွဲဆိုတဲ့ပွဲတွေ
TRADER HOTAL လောက်မှာလုပ်ကြတာ...ဒီတော့ နယ်ကိုယ်စားလှယ်တွေကြွေး
ရရေး..ဘာတွေလုပ်ခဲ့ကြသလည်း..ကြွေးမဆပ်နှိုင်တဲ့တောင်သူလယ်သမားတွေ
ရဲ့ ..ခိုင်းနွား..လယ်မြေနဲ့ ..အိမ်များကိုသိမ်းယူတဲ့အထိ လုပ်ခဲ့ကြပါတယ်..လုပ်ပိုင်
ခွင့်ရှိသူတို့ ကို ကြွေးတောင်းရာမှာ..သတ်မှတ်% ပေးပြီးလုပ်ခဲ့ကြတာ..ကျေးလက်
က..မအူမလည်တွေကို..ကိုယ်စားလှယ်ခန့် ..ဘီယာဆိုင်မျိုးမှာ တွေ့ ဆုံပွဲတွေလုပ်
မအူမလည်ထက်..နုံတဲ့..တောင်သူလယ်သမားတွေကို..နည်အမျိုးမျိုးမဲဆွယ်ရောင်း

အထူးပြုကုမ္မဏီ တဲ့..ပေါ်လာပြန်တယ်..ပြောတာတော့..တောင်သူလယ်သမားအ
ကျိုးပြုဖို့ တဲ့..ဦးဆောင်ကုမ္မဏီနဲ့ မှဖွဲ့ လို့ ရသတဲ့..ဦးဆောင်ကြတာဘယ်သူတို့ တုန်း
ဝမ်း ဘီလီယံ လို့ ခေါ်တဲ့ ကျပ်သိန်းပေါင်း တစ်သောင်းအနည်းဆုံးမတည်နှိုင်မှ တဲ့
ဂွင်..တကယ့်ဂွင်..ဦးဆောင်ကုမ္မဏီဆိုတဲ့နေရာမှာ..စိုက်ပျိုးရေးသုံးဆေးနဲ့ မြေသြ
ဇာ တင်သွင်းရောင်းချနေတဲ့..ကုမ္မဏီတွေက ထိပ်ဆုံးက၀င်လာတယ်..သက်ဆိုင်ရာ
ဌာန နဲ့ ပေါင်း..တောင်သူလယ်သမားတွေကိုဘာတွေပံ့ပိုးနေပါတယ်ဆိုတဲ့..စာရင်း
တွေလိမ်ပြ..တောင်သူကို..အထူးပြုကငွေချေးရမယ်ဆိုတော့..ချေးပါတယ်..သူတို့ 
ကုမ္မဏီက ပစ္စည်းဝယ်မှချေးတယ်.ဈေးပိုတင်လိုက်တယ်.၂ိ/-တိုးထပ်ယူတယ်တွက်
သာကြည့်ကြပါတော့ဗျာ...အထူးပြုကုမ္မဏီဆိုတော့ကြွေးတောင်းရတာလည်းအဆင်
ပြေတာပေါ့..ချပေးလိုက်တဲ့မူကတော့..ဒေသခံတွေနဲ့ ပေါင်းစပ်ဖွဲ့ စည်းရမှာတဲ့..ဟုတ်
ကဲ့ ဒေသခံတော့ထည့်ပါတယ်..ကုမ္မဏီက အရောင်းကိုယ်စားလှယ်များသာ....

ကဲ...တောင်သူလယ်သမားတို့ ..အပေါ်လုပ်စားသွားခဲ့ကြသူတွေက..ဘယ်သူတွေ
လည်း...လုပ်စားပါ..စီးပွားရေးလုပ်တာ..လုတာမှ မဟုတ်တာ..နုံသူခံပေါ့..ဒါပေမယ့်
ဗျ..စိုက်ပျိုးဆေးဝါးတွေ ကြော်ငြာကြတဲ့အခါ...ဆေးသုံးလို့ ဖြစ်လာနှိုင်တဲ့ အကျိုးတွေ
ကိုသာ..လိုအပ်တာထက်ပိုကြော်ငြာ..ဆေးဝါးတွေကို..သတိထားဖို့ ..အန္တရယ်ကာ
ကွယ်ကြဖို့ ..အသေးစိတ်စေတနာနဲ့ ကြော်ငြာခဲ့ကြသလား...

ကျွန်တော်တို့ နိုင်ငံက..သူတပါးတိုင်းပြည်က No Smoking ..တို့ Smoking Kills တို့ 
တော့..လိုက်လုပ်ကြပါရဲ့ ..သူများနိုင်ငံတွေက လုပ်နေကြတဲ့ ဓါတုဆေးဝါးစိုက်ပျိုးရေး
ဆေးတွေကို..ထိမ်းချုပ်မှုမျိုးတွေတော့မလုပ်ကြသေးပါဘူး....

စာရေးရတာသိပ်ရှည်နေပြီ...ပိုးသတ်ဆေး..ပေါင်းသတ်ဆေး..တွေစနစ်တကျမသုံးလို့ 
ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပြောပြလိုက်ပါမယ်..ကျေးရွာတစ်ခုက ကုန်စုံဆိုင်မှာ..လူသုံးဆေး
ရော..စိုက်ပျိုးရေးသုံးဆေးပါ ရောင်းတယ်..ဆေးလာဝယ်တယ် လူသုံးဆေး..ရောင်းတဲ့
သူက ပဲဆေးပြား လို့ နားကြားလွဲပြီးရောင်းလိုက်တယ်..အိမ်ရောက်တော့ ဝေဒနာရှင်
ကဘာမှန်းမသိဘူး..သောက်ချလိုက်တယ်..ကိစ္စပြတ်ရော..တကယ့်အဖြစ်........ကျန်တဲ့အတွေ့ အကြုံတွေလည်း.. နေရာတော်တော်များများမှာရှိမှာပါ...ရေးရင်အများကြီး..

တော်ပြီဗျာ.............။

FB ကမိတ်ဆွေတစ်ဦးရဲ့ ..အမြင်။

FM Radio တွေမှာတော့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းအားဆေး ဘာအားဆေး ညာအားဆေး ကြေငြာတွေ ပလူပြန်နေပါရော။ နယ်တွေမှာလဲ သစ်ပင်တွေမှာ အဲ့ဒီ ကြေငြာတွေချည်းပဲ။ ကြီးမားတဲ့ဈေးကွက်ကြီး မဟုတ်လား။ တောသူတောင်သားတွေလဲ ဒီဆေးတွေကို အတော်ကြီးမှီခိုနေရတဲ့ အနေအထားဖြစ်နေပြီ။ ဒီပုံက အညာဒေသက ယာမြေတစ်ခုမှာ စွန့််ပြစ်ထားတဲ့ ပိုးသတ်ဆေး ဗူးခွံလေးပါ။ ကျုပ်တို့လယ်ယာမြေတွေမှာ အဆိပ်တွေနဲ့ ပြည့်နေပြီလား။ Na
Photo: FM Radio တွေမှာတော့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းအားဆေး ဘာအားဆေး ညာအားဆေး ကြေငြာတွေ ပလူပြန်နေပါရော။ နယ်တွေမှာလဲ သစ်ပင်တွေမှာ အဲ့ဒီ ကြေငြာတွေချည်းပဲ။ ကြီးမားတဲ့ဈေးကွက်ကြီး မဟုတ်လား။ တောသူတောင်သားတွေလဲ ဒီဆေးတွေကို အတော်ကြီးမှီခိုနေရတဲ့ အနေအထားဖြစ်နေပြီ။  ဒီပုံက အညာဒေသက ယာမြေတစ်ခုမှာ စွန့််ပြစ်ထားတဲ့ ပိုးသတ်ဆေး ဗူးခွံလေးပါ။ ကျုပ်တို့လယ်ယာမြေတွေမှာ အဆိပ်တွေနဲ့ ပြည့်နေပြီလား။ Nay La