Sunday, June 12, 2016

မျိုးကောင်းမျိုးသန့်စပါး.....မတည်ငြိမ်တဲ့ ဆန်စပါးဈေးကွက်.... Jicaက ကိုဂျပန် တို့နဲ့......ကျွန်တော်...

ဒီနေ့မနက်...အင်းဓဝယ် စိုက်ပျိုးရေးပညာပေးစခန်းရုံးမှာJicaက
ကိုဂျပန်တို့က ဆွေးနွေးလိုလို့ဖိတ်တာနဲ့ရောက်ဖြစ်ခဲ့ပါတယ်..သူ
တို့သိချင်တဲ့..ဒေသဆိုင်ရာ.ဆန်စပါးကြိတ်ခွဲရောင်းချမှုအခြေအ
နေပေါ့...အဓိကသူတို့လုပ်နေတဲ့ စပါးမျိုးထုတ်လုပ်မှုပြန့်ပွားစေ
လိုတာပေါ့....ကိုဂျပန်တို့ကနှစ်ဦး..ပရောဂျက်မန်နေဂျာဆိုသူက
စကားပြန်ပေါ့..နောက်မြန်မာဝန်ထမ်းတစ်ဦး...သူတို့လေးဦး နဲ့
ကျွန်တော် တစ်ဦးတည်း ဗျင်းခဲ့ကြတာပေါ့....

သူတို့က..မျိုးကောင်းမျိုးသန့်တွေထုတ်လုပ်...ဖြန့်ဖြူး..စပါးအ
ရည်အသွေးတွေကောင်း..လယ်သမားကဝင်ငွေပိုရ...စက်ပိုင်က
မျိုးကောင်းတာကြိတ်ခွဲရလို့..အောက်တန်းတွေကိုက်.ကုန်သည်
ကအရည်အသွေးကောင်းတဲ့ဆန်တွေရောင်းရလို့..အကျိုးပိုရှိပေါ့
လွယ်လိုက်တဲ့...ပရောဂျက်....
သူတို့သိလိုသမျှ..မေးသမျှကို...စိတ်ရှည်စွာဖြေပေးခဲ့ပါတယ်.သူ
တို့ကျေနပ်ပြီးတဲ့နောက်....ကျွန်တော်ပြန်မေးလို့ရမလားလို့..ရပါ
တယ်တဲ့...အခုလိုလုပ်နေတဲ့မျိုးထုတ်လုပ်ဖြန်းဖြူးမှု လုပ်နေတာ
ဘယ်လောက်ကြာပြီလည်းဆိုတော့ ၅ နှစ်ရှိပြီတဲ့...ဘာကြောင့်
၅ နှစ်ကာလအထိ...အောင်မြင်မှု.မရှိနေသးတာလည်းဆိုတော့
မဖြေဘူး...
ကျွန်တော်တို့ကိုမျိုးကောင်းမျိုးသန့်တွေဖြစ်အောင် လာကူညီနေ
တာကို..လယ်သမားများကိုယ်စားကျေးဇူးတင်ပါတယ်...အဲ့မျိုး
ကောင်းမျိုးသန့်တွေကို...ခင်ဗျားတို့စိတ်ကြိုက်နည်းစနစ်တွေနဲ့
စိုက်ပေးပါ့မယ်...ခင်ဗျားတို့ စိတ်ကြိုက် ဆန်အရည်အသွေးရဖို့
ကြိတ်ခွဲပေးပါ့မယ်...အဲ့ဆန်ကို ကိုဂျပန်တို့..ဝယ်ပေးပါလားဗျာ
ဒါမှမဟုတ်..ပုံမှန်ဈေးကွက် တည်မြဲနှိုင်တဲ့...ဆန်လိုနိုင်ငံ တို့နဲ့
ဈေးကွက်ဖန်တီးပေးဖို့ကူညီပါလားဗျာ..ကိုဂျပန်တို့ ကူညီဖန်တီး
ထုတ်လုပ်ပေးထားတဲ့..မျိုးကောင်းမျိုးသန့်တွေဆိုရင် ကျွန်တော်
တို့...အရည်အသွေးအာမခံချက်ရှိတာပေါ့....
ကိုဂျပန်တို့အသံမထွက်...စကားပြန်ထံကလည်း..စကားပြန်မ
လာတော့ပြီ....
သြော်.......လယ်ယာသုံးစက်ကရိယာတွေ..ကူညီချင်ကြတဲ့သူ
တွေအများကြီးရှိနေကြတယ်.....ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးရေး
ဆေးဖြန့်ဖြူးကူညီချင်ကြတဲ့သူတွေအများကြီးရှိနေကြတယ်...
နည်းပညာဖြန့်ဖြူးကူညီပေးချင်ကြသူတို့အများကြီးရှိနေတယ်
...ခေတ်မှီဆန်စက်ကြီးတွေ ကူညီချင်ကြတဲ့သူတွေအများကြီး
ရှနေကြတယ်....ဒါပေမယ့်...ဆန်စပါးဈေးကွက် တည်မြဲခိုင်မာ
အောင် ကူညီချင်ပါတယ်ဆိုတဲ့...နိုင်ငံ..အဖွဲ့အစည်းဆိုတာ မရှိ
ခဲ့ကြပါဘူး....မရှိသေးပါဘူး...ရှိလာနှိုင်ဦးမှာလား...ဗျာ.........
Comment

No comments:

Post a Comment